News @ M-Media

ဂါဇာပြည်သူများအတွက် ပထမဆုံးအကူအညီများ ရောက်ရှိ

အောက်တိုဘာ ၂၂၊ ၂၀၂၃

M-Media 


-အစ္စရေးရဲ့ တိုက်ခိုက်သတ်ဖြတ်မှုကို ၂ ပတ်ကျော် ခံစားနေရတဲ့ ဂါဇာပြည်သူတွေအတွက် ပထမဆုံးအသုတ် အကူအညီတွေ အောက်တိုဘာ ၂၁ ရက်နေ့မှာ စတင် ရောက်ရှိလာပါတယ်။

ဆေး၀ါး၊ ဆေးဖက်ဆိုင်ရာပစ္စည်းနဲ့ စားနပ်ရိက္ခာတွေ တင်ဆောင်လာတဲ့ ထရပ်ကား အစီး ၂၀ ဟာ အီဂျစ်-ဂါဇာ နယ်စပ်ဖြစ်တဲ့ ရာဖာကနေ ၀င်ရောက်လာခဲ့တာဖြစ်ပါတယ်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့  WHO က အီဂျစ်အစိုးရ၊ ကြက်ခြေနီအဖွဲ့တွေနဲ့ ပူးပေါင်းကာ အခုလို အကူအညီတွေ ပေးပို့တာဖြစ်ပါတယ်။ 

ထရပ်ကားတွေဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကတည်းက အီဂျစ်ပိုင် ဆိုင်းနိုင်းကျွန်းဆွယ်ကို ရောက်ရှိခဲ့ပေမယ့် အီဂျစ်အစိုးရက ရာဖာနယ်စပ်ဂိတ်ကို ဖွင့်မပေးသေးတာကြောင့် ကြန့်ကြာခဲ့တာ ဖြစ်ပါတယ်။ 

ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ WFP ကလည်း စားနပ်ရိက္ခာ နောက်ထပ် ၉၃၀ ဂါဇာကို ပေးပို့ဖို့ အဆင်သင့်ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

အစ္စရေးရဲ့ သတ်ဖြတ်မှုကြောင့် ဂါဇာမှာ သေဆုံးသူ အရေအတွက်ဟာ ၄၂၀၀ ကျော်လာခဲ့ပြီး၊ ၇၀ ရာခိုင်နှုန်းက အမျိုးသမီးတွေနဲ့ ကလေးတွေ ဖြစ်ပါတယ်။ ဒဏ်ရာရသူအရေအတွက်က ၁၃၀၀၀ ကျော် ရှိနေပါတယ်။ 

Ref: Arab 

(ဓာတ်ပုံ- ဂါဇာကို၀င်မည့် အကူအညီပေးရေး ထရပ်ကားများ)