News @ M-Media

အသင်း၏တားဆီးမှုကို အာခံကာ ပါလက်စတိုင်းကို စာနာကြောင်း ပြခဲ့ကြသည့် ဆဲလ်တစ် ပရိတ်သတ်များ

အောက်တိုဘာ ၂၆၊ ၂၀၂၃


M-Media 

-ဗုဒ္ဓဟူးနေ့ညက ကစားခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ်နဲ့ ချန်ပီယံလိဂ်ပွဲစဥ်မှာ စကော့တလန်ကလပ် ဆဲလ်တစ်ပရိတ်သတ်တွေဟာ ပါလက်စတိုင်းပြည်သူတွေကို စာနာကြောင်း ပြသခဲ့ကြပါတယ်။

တစ်ပွဲလုံး ပါလက်စတိုင်းအလံတွေကို လွှင့်ထူကာ၊ ပါလက်စတိုင်းတွေကို စာနာကြောင်း ကျွေးကြော်သံတွေကို ပရိတ်သတ်တွေက သံပြိုင် ဟစ်အော်ခဲ့ကြပါတယ်။ 

ဆဲလ်တစ်အသင်း တာ၀န်ရှိသူတွေက အစ္စရေးက ဂါဇာကို တိုက်ခိုက်နေမှုနဲ့ပတ်သက်ပြီး ဘယ်လို အမှတ်အသားမျိုးကိုမှ ကွင်းအတွင်း မယူလာဖို့ အမိန့်ထုတ်ထားတာပါ။ 

ဒါပေမယ့် ဆဲလ်တစ်အသင်းရဲ့ အမာခံပရိတ်သတ်အဖွဲ့က အသင်းရဲ့ တားမြစ်မှုကို အာခံဖို့ ဆိုရှယ်မီဒီယာကနေ ဆော်သြခဲ့ပြီး ပရိတ်သတ်တွေကလည်း ပါလက်စတိုင်းတွေကို စာနာကြောင်း ပြသခဲ့ကြပါတယ်။ 

အောက်တိုဘာ ၇ ရက်နေ့က အစ္စရေးက ဂါဇာကို စတင်တိုက်ခိုက်ခဲ့ပြီးကတည်းက ဆဲလ်တစ်ပရိတ်သတ်တွေဟာ အသင်းပွဲတိုင်းမှာ ပါလက်စတိုင်းတွေကို စာနာကြောင်း ထုတ်ဖော်ပြသခဲ့ကြတာ ဖြစ်ပါတယ်။ 

Ref: Aljazeera