News @ M-Media

ဂါဇာမှ အစ္စရေး၏ တစ်ကျော့ပြန်လူသတ်ပွဲ အသတ်ခံရသူ ၃၂၀၀၀ ကျော်ပြီ

မတ် ၂၅၊ ၂၀၂၄
M-Media

-၅ လကျော် ကြာမြင့်နေပြီဖြစ်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲမှာ အသတ်ခံရသူအရေအတွက်ဟာ ၃၂၃၃၃ ဦး ရှိလာပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အစ္စရေးဟာ ပါလက်စတိုင်း ၁၀၇ ဦးကို သတ်ဖြတ်ခဲ့ပြီး ဒဏ်ရာရသူအရေအတွက်က ၁၇၆ ဦး ရှိပါတယ်။

လတ်တလောမှာ အစ္စရေးဟာ ဂါဇာက ဆေးရုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာပါ။ ဂါဇာကမ်းမြှောင်က အကြီးဆုံး အလ်ရှီဖာဆေးရုံ အပါအ၀င် ဆေးရုံ အနည်းဆုံး ၃ ခု တိုက်ခိုက်ခံနေရပါတယ်။

အစွန်းရောက် အစ္စရေး

ဂျော်ဒန်နိုင်ငံခြားရေး၀န်ကြီး အေမန် ဆာဖာဒီက နိုင်ငံတကာက တားဆီးဟန့်တားတာမျိုး မရှိတဲ့အတွက် အစ္စရေးအစိုးရဟာ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်နေတယ်လို့ ၀ေဖန်ခဲ့ပါတယ်။

“လူမျိုးရေးအစွန်းရောက် လူသွမ်းတွေ အစ္စရေးအစိုးရကို ဦးဆောင်နေပါတယ်။ ဒေသတစ်ခုလုံး အခြေအနေ ပိုဆိုးသွားစေမှာမျိုး ကျွန်တော်တို့ ဆက်ပြီး ခွင့်ပြုထားလို့ မရတော့ပါဘူး”

Ref: Aljazeera