News @ M-Media

ပါလက်စတိုင်းကို ကမ္ဘာ့ဘယ်နှစ်နိုင်ငံက အသိအမှတ်ပြုထားလဲ

မေ ၂၃၊ ၂၀၂၄

M-Media 


-ပါလက်စတိုင်းကို အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြုတဲ့ နိုင်ငံပေါင်းဟာ စုစုပေါင်း ၁၄၆ နိုင်ငံ ရှိလာပြီ ဖြစ်ပါတယ်။ 

လတ်တလော အသိအမှတ်ပြုထားတဲ့ နိုင်ငံတွေက စပိန်၊ နော်၀ေနဲ့ အိုင်ယာလန်တို့ ဖြစ်ပါတယ်။ အစ္စရေးကို မျက်လုံးမှိတ် ထောက်ခံအားပေးတဲ့ ဥပရောရဲ့ ကာလရှည် မူ၀ါဒကနေ ခွဲထွက်လာတာလည်း ဖြစ်ပါတယ်။ 

ဒုတိယကမ္ဘာစစ်အတွင်း နာဇီရန်ကြောင့် ဥရောပကနေ ပါလက်စတိုင်းထဲ ထွက်ပြေးလာတဲ့ ဂျူးတွေဟာ လက်နက်ကိုင်ကာ ပါလက်စတိုင်းတွေကို သတ်ဖြတ်မောင်းထုတ် နယ်မြေလုပြီး ၁၉၄၈ ခုနှစ်မှာ အစ္စရေးနိုင်ငံအဖြစ် ထူထောင်ခဲ့ပါတယ်။ 

ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ကုလသမဂ္ဂကအဖွဲ့ဟာ သမိုင်း၀င် ပါလက်စတိုင်းဒေသကို နှစ်ပိုင်းပိုင်းကာ ၆၀ ရာခိုင်နှုန်းကျော်ကို အစ္စရေးလို့ခေါ်တဲ့ ဂျူးနိုင်ငံ၊ ၃၀ ရာခိုင်နှုန်းကျော်ကို ပါလက်စတိုင်းနိုင်ငံအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ 

အစ္စရေးဟာ ဒီဆုံးဖြတ်ချက်ကို လက်ခံခဲ့ပေမယ့် ပါလက်စတိုင်းနိုင်ငံအဖြစ် ရပ်တည်ခွင့်မပေးဘဲ ယနေ့အချိန်အထိ ပါလက်စတိုင်းတွေကို အကြမ်းဖက်သတ်ဖြတ် နယ်မြေသိမ်းပိုက်နေဆဲ ဖြစ်ပါတယ်။ 

၂၀၂၄ ခုနှစ်အတွင်း ပါလက်စတိုင်းကို အချုပ်အခြာအာဏာပိုင်အဖြစ် အသိအမှတ်ပြုတဲ့ နိုင်ငံပေါင်း ၇ နိုင်ငံအထိ ရှိလာပြီဖြစ်ပါတယ်။ 

အစ္စရေးရဲ့ အပေါင်းအပါတွေဖြစ်ကြတဲ့ အမေရိကန်နဲ့ ဥပရောပနိုင်ငံတစ်ချို့၊ အာဖရိကနဲ့ အာရှက နိုင်ငံတချို့ကတော့ ပါလက်စတိုင်းကို အသိအမှတ်မပြုသေးပါဘူး။

Ref: Aljazeera