News @ M-Media

lAl-Tabin စစ်ရှောင်စခန်းက အစ္စရေး၏ အကြမ်းဖက် လူသတ်ပွဲ

သြဂုတ် ၁၀၊ ၂၀၂၄
M-Media

-ဂါဇာကမ်းမြှောင် အလယ်ပိုင်း ဂါဇာစီးတီးမြို့က စစ်ရှောင် ဒုက္ခသည်တွေ နေထိုင်တဲ့ Al-Tabin စာသင်ကျောင်းကို သြဂုတ်လ ၁၀ ရက်နေ့မှာ အစ္စရေးက အကြမ်းဖက်တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ခိုက်မှုကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ပြီး အများစုက အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ အစ္စရေးက အဲဒီစာသင်ကျောင်းဟာ ဟားမက်စ်အဖွဲ့ရဲ့ ဌာနချုပ်ဖြစ်တယ်လို့ ပြောပါတယ်။ ခိုင်မာတိကျတဲ့ အထောက်အထားမျိုးကို အစ္စရေးဖက်က မပြနိုင်ပါဘူး။ အစ္စရေးဟာ ဂါဇာမှာရှိတဲ့ ဆေးရုံတွေ၊ စစ်ဘေးရှောင်စခန်းတွေကို ဟားမက်စ်ဌာနချုပ်ဖြစ်တယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ အကြမ်းဖက်တိုက်ခိုက်မှုပေါင်း များစွာ ပြုလုပ်ထားပါတယ်။

Al-Tabin အကြမ်းဖက်တိုက်ခိုက်မှုကို ကုလသမဂ္ဂအပါအ၀င် ကမ္ဘာတစ်၀ှမ်းက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

အစ္စရေးဟာ ပါလက်စတိုင်းတွေကို လူမျိုးတုန်းသတ်ဖြတ်နေတာဖြစ်ပြီး၊ နိုင်ငံတကာ ဥပဒေတွေ၊ လူသားချင်းစာနာထောက်ထားမှု စည်းမျဥ်းတွေကို လုံး၀ လစ်လျူရှု တိုက်ခိုက်သတ်ဖြတ်နေတယ်လို့ နိုင်ငံတကာအသိုင်းအ၀ိုင်းက ထောက်ပြပြောဆိုခဲ့ပါတယ်။

Ref: Aljazeera

(ဓာတ်ပုံ – တိုက်ခိုက်မှုအပြီး မြင်ကွင်းများ)