News @ M-Media
Author: M-Media
  • တက္ကသိုလ်ဝင်တန်းများ အတွက် ပညာသင်ဒါနကျောင်း ဖွင့်လှစ်
    တက္ကသိုလ်ဝင်တန်းများ အတွက် ပညာသင်ဒါနကျောင်း ဖွင့်လှစ်
    သြဂုတ် ၁၃၊ ၂၀၁၅
    M-Media
    မိုးစက်
    ရန်ကုန်။    ။ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်တွင် ကျူလီယာ မွတ်စလင်သာသနာ့ ရန်ပုံငွေအဖွဲ့ မှ လူမျိုးဘာသာမရွေး သင်ကြားနိုင်သော ၂၀၁၅-၂၀၁၆ ပညာသင်နှစ် အတွက် တက္ကသိုလ်ဝင်တန်းကျောင်းသား ကျောင်းသူများအား ပညာဒါန အခမဲ့ သင်တန်းတစ်ရပ်ကို စက်တင်ဘာလ (၁) ရက်နေ့တွင် စတင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
    အဆိုပါသင်တန်းကို ဘာသာရပ်တစ်ခုချင်းဆီမှ ဝါရင့်ဆရာ/ ဆရာမကြီးများကိုယ်တိုင် လာရောက်သင်ကြားပေးမည်ဖြစ်ကြောင်းလည်း သိရသည်။ သင်တန်းကာလမှာ ခြောက်လဖြစ်ပြီး တစ်ပတ်လျှင် ခြောက်ရက် တက်ရောက် သင်ကြားရမည်ဖြစ်သည်။
    နေ့လည် (၁) နာရီမှ ညနေ (၆) နာရီမှ သင်တန်းသားများ တက်ရောက် သင်ကြားရမည်ဖြစ်သည်။ ယနေ့မှစတင်ကာ သင်တန်းဝင်ခွင့်များကို လက်ခံနေပြီဖြစ်ကြောင်းလည်း သိရသည်။
    ယင်းသင်တန်းအား ကျိုလီယာ မွတ်စလင်မ် သာသနာ့ရန်ပုံငွေ အဖွဲ့မှ ဦးစီးသော အဖွားများသုခရိပ်သာ အမှတ်(၁) သုခလမ်း၊ ခ ရပ်ကွက် သင်္ဃကျွန်းမြို့နယ် ရန်ကုန်မြို့တွင် လူမျိုးဘာသာမရွေး တက်ရောက် သင်ကြားနိုင်သည်။
    အဆိုပါအဖွဲ့မှဦးစီးပြီး အခြားသော စက်ချုပ်သင်တန်း၊ ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ် စကားပြော သင်တန်းများကိုလည်း လူမျိုးဘာသာမရွေး သုံးလတစ်ကြိမ် ဖွင့်လှစ်လျှက်ရှိသည်။
  • ခရစ်ယာန်ချာ့ခ်ျ ဘုရားကျောင်းများကို မီးတိုက်ရန် အစ္စရေး အစွန်းရောက်ခေါင်းဆောင် လှုံ့ဆော်
    ခရစ်ယာန်ချာ့ခ်ျ ဘုရားကျောင်းများကို မီးတိုက်ရန် အစ္စရေး အစွန်းရောက်ခေါင်းဆောင် လှုံ့ဆော်
    သြဂုတ် ၉ ၊ ၂၀၁၅
    M-Media
    988451891
    ဂျေရုဆလင်။    ။ သဟဇာတဖြစ်မှု ဆန့်ကျင်ရေး အစွန်းရောက်အုပ်စု Lehava ၏ ခေါင်းဆောင် ဘင်ဇီ ဂေါ့ဗ်စတိန်း(Benzi Gopstein) သည် ဂျူးဘာသာရေး ကျောင်းသားများနှင့် တွေ့ဆုံမှု တစ်ရပ်၌ ခရစ်ယာန်ဝတ်ပြုကျောင်းများကို ဖျက်ဆီးပစ်ရမည်ဟု ပြောကြားခဲ့သည်။
    ယင်းဟောပြောပွဲသို့ တက်ရောက်လာသည့် ဂျူး ဘုန်းတော်ကြီး မိုရှေးကလိန်း Moshe Klein က ဂေါ့ဗ်စတိန်း၏ ရပ်တည်ချက်ကို မေးခွန်း ထုတ်လိုက်ပြီး အဆိုပါခြေလှမ်းမျိုးအား လက်ရှိ ကမ္ဘာက ဆန့်ကျင်ဖို့လိုအပ်ကြောင်း အချေအတင် ပြောဆိုလိုက်သလို၊ ဘင်ဇီဂေါ့ဗ်စတိန်း၏ပြောကြားမှုအပေါ် တုန်လှုပ်မိကြောင်း ဂျာနယ်လစ် ဘင်နီ ရာဗင်နိုဗိခ်ျ Beny Ravinovich ကလည်း ဆိုခဲ့သည်။
    စကားအချေအတင်လွန်ဆွဲမှုပြီးသည့်နောက်ဝယ် ဂေါ့ဗ်စတိန်းက မိမိသည် အကြမ်းဖက်မှုလှုံ့ဆော်ရန် ပြောဆိုခြင်းမဟုတ်၊ စပိန်နွယ် ဂျူးလူမျိုးဖြစ်သော ဘုန်းတော်ကြီး Rambam Maimonides ၏ အတွေးအမြင်ကို ရှင်းလင်းတင်ပြခြင်းသာဖြစ်သည်ဟု ဆိုသည်။
    လီဟာဗာ Lehava သည် ဂျူးနှင့် ဂျူး မဟုတ်သူများအကြား သဟဇာတဖြစ်ရေးအပေါ် ဆန့်ကျင်သည့် အတွေးအမြင်များကို ဖြန့်ဖြူးနေပြီး၊ လိင်တူဆက်ဆံမှုကို ပြစ်တင်ရှုတ်ချနေသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။
    ထိုအချက်နှင့်ပတ်သက်၍ ခေတ်သစ် ဂျူးဝါဒနှင့်ပြန်လည်ပြုပြင်ရေးဆိုင်ရာ တရားဝင် အဖွဲ့အစည်းဖြစ်သော အစ္စရေး ဘာသာရေးစင်တာ IRAC – Israel Movement for Reform and Progressive Judaism မှ ဂေါ့ဗ်စတိန်း၏ မှတ်ချက်များအပေါ် စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောကြားသည်။ IRAC သည် သူ၏အငြင်းပွားဖွယ် အမြင်ရှုထောင့်များအား အာဏာပိုင်များ၏ခေါ်ယူမေးမြန်းမှုခံယူရန် ကနဦးကပင် တောင်းဆိုထားခဲ့သည်။
    ဂေါ့ဗ်စတိန်း၏ စကားရပ်များအတွက် ချက်ခြင်း အရေးယူမှု မပြုပါက ဥပဒေစနစ်မှာ သွေးထိုးလှုံ့ဆော်မှု၊ လူမျိုးခွဲခြားမှုနှင့် အကြမ်းဖက်မှုများကို ခွင့်ပြုထားသည်ဟု အစ္စရေး လူ့အဖွဲ့အစည်းအပေါ် အများမှ သတ်မှတ်လိမ့်မည်ဖြစ်ကြောင်း IRAC ခေါင်းဆောင် ဘုန်းတော်ကြီး ဂီလာ့ဒ် ကာရိဗ် Gilad Kariv က ပြောဆိုလိုက်သည်ဟု ကြာသပတေးနေ့ထုတ် Haaretz နေ့စဉ် သတင်းစာ၌ ရေးသားဖော်ပြခဲ့သည်။
    –IANS/EFE
    ဓါတ်ပုံအညွှန်း- ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ အတွင်း တရားရုံမှာ အမှုရင်ဆိုင်နေရသည့် ဘင်ဇီ ဂေါ့ဗ်စတိန်း
  • မတရားသင်းဆက်သွယ်မှု ပုဒ်မ မရှိသင့်တော့ဘူးလို့ မင်းကိုနိုင် ပြော
    မတရားသင်းဆက်သွယ်မှု ပုဒ်မ မရှိသင့်တော့ဘူးလို့ မင်းကိုနိုင် ပြော
    သြဂုတ်- ၉ ၊ ၂၀၁၅
    RFA (မြန်မာပိုင်း) မှ ကူးယူဖော်ပြသည်။
    Min Ko Naing
    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးတရားစွဲရာမှာ သုံးတဲ့ ပုဒ်မ ၁၇ (၁) မရှိသင့်တော့ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။
    ရန်ကုန်မြို့ ပါရမီလမ်းရှိ ပါရမီ ဟိုတယ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်း လူ့အဖွဲ့ အစည်း ခေါင်းဆောင်တွေ ဒီနေ့ ဆွေးနွေးပွဲအပြီးမှာ ကိုမင်းကိုနိုင်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေပြီ ဖြစ်တဲ့ အတွက် မတရားသင်းဆက်သွယ်မှု ပုဒ်မဆိုတာ မရှိသင့်တော့ကြောင်း ပြောခဲ့တာပါ။
    .
    “အစိုးရကနေပြီးတော့ လက်နက်ကိုင်တော်လှန်တဲ့ခေါင်းဆောင်တွေကိုခေါ်ပြီးတော့ ထမင်းစားကြမယ်၊ စကားပြော ကြမယ် ဆိုတော့ ဂုဏ်တောင် ယူသေးတယ်၊ အဝတ် အစားတွေတောင်လဲဝတ်သေးတယ်၊ ကိုယ်လုပ်ရင်တော့ ဒီဥပဒေကလွတ်တယ်၊ တခြားလူ ဆိုရင်တော့ ပုဒ်မ ၁၇ ( ၁ )တို့ ဘာတို့နဲ့ တစ်သက်တစ်ကျွန်းကျတာတွေ အများကြီးဘဲ ဥပဒေဟာ လိုသလိုစွဲသုံးလို့ရတာတော့မဟုတ်ဘူး၊ ဒီအချိန် ဒီပုဒ်မတွေ ရှိကိုမရှိသင့်ဘူး”
    .
    ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ် ဇွန်လက ကေအိုင်အေ ထိန်းချုပ်နယ်မြေ စစ်ဘေးဒုက္ခသည် စခန်းတွေမှာ ပစ္စည်းတွေ သွားရောက် လှူ ဒါန်းခဲ့တာကြောင့် မန္တလေးမြို့က သင့်မြတ်လိုသူများအဖွဲ့ဝင် သုံးဦးကို မတရားသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့ ဖမ်းဆီး စစ်ဆေးခံရတာနဲ့  ပတ်သက်ပြီး RFA ကမေးမြန်းရာမှာ ကိုမင်းကိုနိုင် က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
    .
    ၈၈ အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေဟာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ၊ ဖက်ဒရယ်ပြည်ထောင်စု အရေးနဲ့ ဒီမိုကရေစီ အရေး ဆက်စပ်နေတဲ့ အကြောင်းကို ဆွေးနွေးခဲ့ကြတာလို့ သိရပါတယ်။
    .
    ဒီနေ့ဆွေးနွေးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေဖြစ်တဲ့ ပဒိုနော်စီဖိုးရာစိန်၊ ပဒိုစောကွယ်ထူးဝင်း၊ ဆလိုင်း လျံမုန်းဆာခေါင်း၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာ စတဲ့ ခေါင်းဆောင်တွေတက်ရောက်ခဲ့ပြီး ၈၈ မျိုးဆက်ကျောင်း သား ခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုမြအေး၊ ကိုကိုကြီး (စမ်းချောင်း) တို့ တက်ရောက်ခဲ့ကြပါတယ်။
    .
    ဓါတ်ပုံ အညွှန်း- ရန်ကုန်မြို့ ပါရမီလမ်းရှိ ပါရမီဟိုတယ်မှာ သြဂုတ်လ ၉ ရက်နေ့က ကျင်းပတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်တွေနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင်တွေ ဆွေးနွေးပွဲမှ ကိုမင်းကိုနိုင်ကို တွေ့ရစဉ်
    Photo: Aung Min Htike/ RFA
    .
    http://www.rfa.org/burmese/news/article-abolished-minkonaing-08092015100954.html
    ဆက်စပ်သတင်းများ ဖတ်ရန်။
    ——————————
    http://www.m-mediagroup.com/news/tag/zzl
  • ၂။  မီဂါဝတီ ဆူကာနိုပူထရီ – အင်ဒိုနီးရှားသမ္မတ (၂၀၀၁-၂၀၀၄) (တိုင်းပြည်ခေါင်းဆောင် မွတ်စ်လင်မ် အမျိုးသမီး ၉ ဦး)
    ၂။ မီဂါဝတီ ဆူကာနိုပူထရီ – အင်ဒိုနီးရှားသမ္မတ (၂၀၀၁-၂၀၀၄) (တိုင်းပြည်ခေါင်းဆောင် မွတ်စ်လင်မ် အမျိုးသမီး ၉ ဦး)
    သြဂုတ် ၉ ၊ ၂၀၁၅
    M-Media
    မင်းထွဋ်ခေါင် စုစည်းတင်ဆက်သည်။
    အင်ဒိုနီးရှားနိုင်ငံရေးသမား မီဂါဝတီ ဆက်သျှဝတီ ဆူကာနိုပူထရီသည် ၁၉၄၇ ခုနှစ် ဇန်န၀ါရီလ ၂၃ ရက်တွင် မွေးဖွားခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ၏ သမ္မတရာထူး၌ ၂၀၀၁ ဇူလိုင် ၂၃ ရက်မှ ၂၀၀၄ အောက်တိုဘာ ၂၀ ရက်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
    သူမသည် အင်ဒိုနီးရှား၏ အကြီးမားဆုံးနိုင်ငံရေး ပါတီတစ်ခုဖြစ်သော Indonesian Democratic Party of Struggle ၏ ခေါင်းဆောင်၊ ၎င်းပြင် အင်ဒိုနီးရှား၏ ပထမဆုံးသမ္မတ ဆူကာနို၏ သမီးလည်းဖြစ်သည်။
    မီဂါဝတီမှာ လွတ်လပ်ရေးပြီးနောက် အင်ဒိုနီးရှားနိုင်ငံ၏ ပထမဆုံး တစ်ဦးတည်းသော အမျိုးသမီးသမ္မတဖြစ်လာခဲ့ပြီး၊ မွတ်စ်လင်မ် အများစု တိုင်းပြည်အား ရှေ့ဆောင်ရှေ့ရွက်ပြုပေးသည့် စတုတ္ထမြောက် အမျိုးသမီးအဖြစ် စာရင်းဝင်ခဲ့သည်။ အဘ်ဒုရ်ရဟ်မာန်း ၀ါဟစ်အတွက် ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် ၂၀၀၁ ခုနှစ်တွင် အဘ်ဒုရ်ရဟ်မာန်း ရာထူးမှဖယ်ရှားခံရသောအခါ သမ္မတနေရာသို့ သူမ ရောက်လာသည်။ ၂၀၀၄ ခုနှစ်ရွေးကောက်ပွဲ၌ သမ္မတနေရာကို ထပ်မံယှဉ်ပြိုင်အရွေးခံသော်လည်း စူစီလို ဘမ်ဘန်း ယူဒိုးယိုနိုအား ရှုံးနိမ့်သွားခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ထပ်မံဝင်ရောက်ယှဉ်ပြိုင်သောအခါ ယူဒိုးယိုနိုကို ထပ်မံ ရှုံးနိမ့်ပြန်ပါသည်။
    ဆက်စပ်ခေါင်းစဉ်များ ဖတ်ရန်
    ၁။ Tansu Çiller – တူရကီဝန်ကြီးချုပ်(၁၉၉၃-၁၉၉၆) (တိုင်းပြည်ခေါင်းဆောင် မွတ်စ်လင်မ် အမျိုးသမီး ၉ ဦး)
    000_APH2001030540202
    000_APH2001090859158
    000_SAHK981206401620
    000_SAHK990225482130
    000_SAHK991006678710
    000_SAHK991029704510
    000_SAPA990730799840
  • အီးဒ်ပွဲတော်တွင် မပျော်ရွှင်နိုင်ခဲ့တဲ့ ဆီးရီးယား ဒုက္ခသည်များ
    အီးဒ်ပွဲတော်တွင် မပျော်ရွှင်နိုင်ခဲ့တဲ့ ဆီးရီးယား ဒုက္ခသည်များ
    သြဂုတ် ၉ ၊ ၂၀၁၅
    M-Media
    Dim Eid for Syrian Refugees
    – ဇာတိမြေနှင့် မိုင်များစွာဝေးကွာသောနေသော တူရကီရှိ ဆီးရီးယားဒုက္ခသည်စခန်းများ၌ တစ်ကွဲတစ်ပြားဖြစ်နေသော မိသားစုများ ဆင်နွှဲရန် ကြိုးစားနေကြသည့် အီဒွလ်ဖိသီရ် ၀ါကျွတ်အီးဒ်ပွဲတော်မှာ အခြားသော နေရာများနှင့် တူမည်မဟုတ်ချေ။
    “အိမ်ရဲ့အဝေးမှာ ပထမဆုံးအဖြစ် အီဒွလ်ဖိသီရ်ကို ကျွန်တော်တို့ ကုန်ဆုံးရတော့မှာပါတယ်။ ဒါဟာ နောက်ဆုံး အကြိမ်ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေကတော့ နေ့စဉ်နဲ့အမျှ ယုတ်လျော့လာပါတယ်။ ကျွန်တော်တို့ ထိခိုက်ခံစားရတာထက်စာရင် ဒီမှတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် အဖေ့ဆီက သတင်းမကြားရဘူး၊ သူ သေသလား၊ ရှင်သလားဆိုတာလဲ မသိပါဘူး။ တစ်ကယ်လို့ သေသွားတယ်ဆိုရင်တော့ အဖေ့ရဲ့မြေပုံ ဘယ်နေရာရှိလဲဆိုတာ သိချင်ပါတယ်” ဟု ဒုက္ခသည် တစ်ဦးဖြစ်သော ဘီကီရ် ရှေဟိုက Anadolu Agency သတင်းဌာနသို့ ဇူလိုင်လ ၁၆ ရက်နေ့တွင် ပြောကြားခဲ့သည်။
    “ကျွန်တော်တို့ ဒီမှာရတဲ့ အခွင့်အရေးတွေထဲကနေ အီးဒ်အတွက် ပြင်ဆင်နေပါတယ်။ အစ္စလာမ်ကမ္ဘာမှာ အခု လတ်တလော ဖြစ်ပျက်နေတာတွေဟာ မကြာခင်ပြီးဆုံးသွားမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”
    ဆီးရီးယားဒုက္ခသည်များမှာ လွန်ခဲ့သည့် ၅ နှစ်လုံးလုံး တူရကီ သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ် စီမံခန့်ခွဲရေးအေဂျင်စီ AFAD မှ စီစဉ်ပေးထားသော တဲများနှင့် ကွန်တိန်နာများတွင် နေထိုင်ခဲ့ကြရသည်။
    တူရကီရှိ ဒုက္ခသည်စခန်းများတွင် လုံခြုံမှုရှိနေသော်လည်း ချစ်ခင်နှစ်သက်ရသူများ၏ အဝေးတွင် ဒုက္ခသည်များမှာ မပျော်နိုင်ကြ။
    အက်ကာကာလီ ခရိုင် ဆန်လာဖာရ်ဒေသရှိ ဆူလေမန်ရှားဟ် ဒုက္ခသည်စခန်းတွင် နေထိုင်နေရသည့် ဟူစိန်အဘ်ဒူလာက ၎င်းမှာ သားလေးဦးနှင့် သားမက်တစ်ဦးတို့ကို စစ်ပွဲတွင် ဆုံးရှုံးခဲ့ရပြီး မိမိအနေဖြင့် နိုင်ငံအား စွန့်ခွာလာရသည်မှာ ၄ နှစ် ရှိခဲ့ပြီဟု ပြောကြား ခဲ့သည်။
    ထိုကဲ့သို့ ကံမကောင်းအကြောင်းမလှခဲ့သော်လည်း အီးဒ်ပွဲတော်ကိုမူ ၎င်းတို့က တူရကီတွင် ဆင်နွှဲခဲ့ကြသည်။
    “လက်ရှိဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်က ဆီးရီးယားမှာ ရှိနေတဲ့သူတွေနဲ့ ဒုက္ခသည်တွေကို အီဒွလ်ဖိသီရ်ပွဲတော် ကောင်းကောင်းမွန်မွန် ကျင်းပဖို့ အတားဆီးဖြစ်စေပါတယ်။ တူရကီကတော့ ကျွန်တော်တို့အတွက် အားလုံးကို စီစဉ်ပေးပါတယ်။ ဒါပေမယ့် ဇာတိမြေနဲ့တော့ မတူဘူးပေါ့ဗျာ။ တူရကီမှာ ကျွန်တော်တို့လုံခြုံပါတယ်။ ဒါက အီးဒ်ပွဲတော်လောက်ကို ကျွန်တော်တို့အတွက် အရေးကြီးပါတယ်” ဟု ၎င်းကဆိုပြီး IS အဖွဲ့နှင့် လေကြောင်းမှ တိုက်ခိုက်မှုများကို ကြောက်ရွံ့သော်လည်း သားများ၏ မြေပုံများကို ကြည့်ချင်သည်ဟု အဘ်ဒူလာက ပြောကြားခဲ့သည်။
    “စစ်ပွဲပြီးသွားရင် အိမ်ပြန်နိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ပြီးတော့ သားတွေရဲ့ မြေပုံတွေကို ကြည့်နိုင်မှာပါ။ ဒီအီးဒ်နေ့ကတော့ ကျွန်တော့်အတွက် တကယ့်အီးဒ် ဖြစ်မှာပါပဲ”
    အီဒွလ်ဖိသီရ်မှာ အစ္စလာမ်၏ အဓိက အီးဒ်ပွဲတော် ၂ ခုအနက်မှ တစ်ခုလည်းဖြစ်သည်။ နံနက်စောစောတွင် ၀တ်ပြု ဆုတောင်းမှုများ ပြုလုပ်ပြီးနောက် မုန့်များတည့်ခင်းဧည့်ခံခြင်း၊ ဝေငှခြင်း၊ ဆွေမျိုးမိတ်သင်္ဂဟများ၏ အိမ်များသို့ သွားရောက် လည်ပတ်ခြင်းတို့ဖြင့် အီးဒ်နေ့ကို အစ္စလာမ်ဘာသာဝင်မျာက ဆင်နွှဲလေ့ရှိကြသည်။
    ————
    အီးဒ်နေ့ပျော်ရွှင်မှုက ဒုက္ခသည်များစိတ်တွင်း၌ရှိသော စစ်၏ အနိဌာရုံများကို ဖယ်ရှားနိုင်မည် မဟုတ်ချေ။
    လွန်ခဲ့သည့် ၂ နှစ်လုံးလုံး တူရကီတွင် ဒုက္ခသည် တစ်ဦးအဖြစ် နေထိုင်လာခဲ့ရသည့် ဆဘီဟာ အဟ်မတ်က နိုင်ငံမှာ စစ်ပွဲနှင့် ဆက်လက် လုံးပမ်းနေရသောကြောင့် လာမည့် အီးဒ်နေ့ အားလပ်ရက်က ၎င်းတို့အတွက် ၀မ်းနည်းပူဆွေးမှု အတိဖြစ်သည်ဟု ဆိုသည်။
    “အိမ်၊ အမေ၊ အဖေနဲ့ မောင်လေးတွေ၊ ချစ်ရသူတွေရဲ့ အဝေးမှာဖြစ်နေတဲ့ ဒီအီးဒ်နေ့ကို အားလပ်ရပ် အဖြစ် ကျွန်မ သတ်မှတ်လို့မရပါဘူး။ သူတို့နဲ့အတူ ရှိမနေဘူးဆိုရင် အီးဒ်နေ့ဟာလည်း ကျွန်မအတွက် ဘာမှ အဓိပ္ပါယ်မရှိပါဘူး” ဟု သူမက ပြောကြားခဲ့သည်။
    တူရကီရှိ ခရာမန်မာရက်စ် ဒုက္ခသည်စခန်းတွင် လေးနှစ်လုံးလုံး နေထိုင်လာခဲ့ရသည့် အဘီရ် ယတင်မ် ကလည်း ထိုကဲ့သို့ ၀မ်းနည်းပူဆွေးမှုကို ဖွင့်ဟခဲ့သည်။
    “အမေနဲ့ အဖေကို ကျွန်မ ဒီမှာရှိစေချင်တာပါ။ အီးဒ်နေ့ကို သာမန်နေ့တစ်နေ့ပဲလို့ ကျွန်မ ထင်ပါတယ်။ ကျွန်မအတွက်တော့ ဘာမှအဓိပ္ပါယ် မရှိပါဘူး။ သူတို့ ကျွန်မတို့ အတွက် အားလုံးလုပ်ပေးပါတယ်။ သူတို့ရဲ့ ထောက်ပံ့ပေးမှုအတွက် ကျွန်မ ကျေးဇူးတင် ပါတယ်။ ဒါပေမယ့် ရွှေလှောင်အိမ်ထဲရောက်နေတဲ့ တေးသီငှက် အိမ်ပြန်ဖို့ ညည်းညူတဲ့ စကားပုံအတိုင်းပါပဲ။ ဒီမှာ နေလို့ရပေမယ့် ကျွန်မ အိမ်ပြန်ချင်ပါတယ်” ဟု ယတင်မ်က ပြောကြားခဲ့သည်။
    “ကျွန်မရဲ့မိသားစု၊ ကျွန်မရဲ့တိုင်းပြည်ကို စွန့်ခွာပြီး ဒီကိုရောက်လာတာပါ။ ဒါဟာ နက်ရှိုင်းတဲ့ ဒဏ်ရာပါပဲ။ ဒီတဲတွေက ကျွန်မရဲ့ အိမ်တွေဖြစ်လာပါတယ်”
    ဒုက္ခသည်အဖြစ် နှစ်ပေါင်းများစွာ ကုန်ဆုံးခဲ့ပြီးနောက် ဆီးရီးယားနိုင်ငံသားအချို့မှာ တစ်နေ့တွင် အိမ်ပြန်နိုင်မည်ဟု မျှော်လင့်နေသည်။
    “အခုအချိန်မှာ ကျွန်တော်တို့ဟာ ဆွေမျိုးတွေ၊ မိတ်ဆွေတွေရဲ့အဝေးမှာ ရှိနေပါတယ်။ ကျွန်တော်တို့ မပျော်ပါဘူး။ စစ်ကြီးပြီးသွားတဲ့အခါ အိမ်ပြန်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော့်မှာ ဒီမျှော်လင့်ချက် ရှိနေတုန်းပါပဲ” ဟု လွန်ခဲ့သည့် ၃ နှစ်ကတည်းက ဒုက္ခသည် စခန်းတွင် နေထိုင်နေရသည့် အမီရန် ဟူရာဘီက ပြောကြားခဲ့သည်။
    ဟူရာဘီ၏ ဇနီးဖြစ်သူ ရက်ဂ်ဒီကလည်း အစ်ဒ်လစ်ဘ်ရှိ ဆွေမျိုးများကို လွမ်းဆွတ်သတိရသည်ဟု ဆိုသည်။
    “တစ်နေ့မှာတော့ ကျွန်မ အိမ်ပြန်မှာပါ”
    Ref: Onislam