သြဂုတ် ၆ ၊ ၂၀၁၅
RFA မြန်မာပိုင်းမှ ကူးယူဖော်ပြသည်။
.
ရခိုင်ပြည်နယ် ရေဘေးဒုက္ခသည်တွေကို လူမျိုးဘာသာမခွဲခြားဘဲ လူသားအချင်းချင်း ကူညီရမယ်ဆိုတဲ့ စိတ်ထားနဲ့ ဝိုင်းဝန်းကူညီကြဖို့ လိုအပ်တယ်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ ပြောပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ဒေသခံတွေနဲ့ တွေ့ဆုံစဉ်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အခုလိုပြောခဲ့တာပါ။
.
“ဒုက္ခရောက်နေတဲ့လူတွေကို ကူညီစောင့်ရှောက်ရမယ်ဆိုတဲ့ဟာက တာဝန်မဟုတ်သော်လည်းပဲ လူသားချင်းစာနာထောက်ထားတဲ့ စိတ်ဓါတ်၊ ဒီအချိန်မှာတော့ ဖြူတာတွေ မဲတာတွေ လူမျိုးတွေ ဘာသာတွေ ခွဲလို့မရတော့ပါဘူး၊ ဘာပဲဖြစ်ဖြစ်လူသားတွေ လူသားတစ်ဦး အသက်ရှင်ရပ်တည်နိုင်ရေးအတွက် လူသားအချင်းချင်း ကယ်တင်ရမယ်ဆိုတဲ့ ဒီလိုစိတ်ဓါတ်မျိုး ခေါင်းထဲမှာထည့်ထားဖို့လိုပါတယ်”
.
အစိုးရက ရခိုင်ပြည်နယ်ရေဘေးအတွက် ကျပ်သိန်းပေါင်းနှစ်သောင်းတန်ဖိုးရှိတဲ့ ပစ္စည်းတွေနဲ့ ငွေကြေး အကူ အညီပေးအပ်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ ရေဘေးကြောင့် သေဆုံးခဲ့ရသူတွေအတွက် စိတ်မကောင်းကြောင်းနဲ့ အသက်ရှင်ကျန်တဲ့သူတွေ ဆက်လက်ရပ်တည်နိုင်ရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းသွားရမှာဖြစ်ကြောင်း ပြော ပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ မင်းပြားနဲ့ မြောက်ဦးမြို့နယ်တွေက ရေဘေးဒုက္ခသည်တွေနဲ့လည်း သွားရောက်တွေ့ဆုံခဲ့ပါတယ်။
.
ရခိုင်ပြည်နယ် ရေဘေးကြောင့် သေဆုံးသူ ဦးရေ ၅၅ ဦးရှိပြီး ကျွဲနွားအကောင်ရေ ၅ထောင်နီးပါး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် နေအိမ်ပေါင်း တစ်သောင်းကျော်၊ စာသင်ကျောင်း ၃၀၀နီးပါး၊ ဘုန်းကြီးကျောင်း ၁၀၀ ကျော်နဲ့ လယ်ယာမြေ ဧက ၂ သိန်းကျော် ပျက်စီးဆုံးရှုံးခဲ့ရာတန်ဖိုး ငွေကျပ်သန်းပေါင်း သုံးသောင်းလေးထောင်ကျော်ရှိတယ်လို့ သိရပါ တယ်။ အစိုးရထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးမှာရေဘေးကြောင့် သေဆုံးသူ ၆၉ ဦးရှိပြီး အိမ်ထောင်စုပေါင်း ၂ သိန်း ၇ သောင်းကျော် ရေဘေးဒဏ်ခံစားခဲ့ရတယ်လို့ သိရပါတယ်။
.
http://www.rfa.org/burmese/news/theinsein-rakhine-flooding-08062015110002.html
Author: M-Media
-
လူမျိုးဘာသာ မခွဲခြားဘဲ ကူညီကြဖို့ သမ္မတဦးသိန်းစိန် တိုက်တွန်း
-
“ရိုးနေပြီမို့ မစိုးရိမ်တာလား”
သြဂုတ် ၆ ၊ ၂၀၁၅
M-Media
ရဲဝင်းလတ် ရေးသည်။
စစ်အစိုးရ လက်ထက်တုန်းက ဆိုရင် ရေကြီးတဲ့သတင်း၊ မီးလောက်တဲ့သတင်း၊ မုန်တိုင်းသတင်းတွေ ကောလဟာလ သဘောမျိုးလောက် ဟိုတစ ဒီတစ ကြားရပေမယ့် ရုပ်မြင်သံကြား သတင်းတွေအရ တတိုင်းတပြည်လုံး သာယာလှပလို့၊ အေးချမ်းလို့။ တပြည်တည်းသားတွေ ဒုက္ခရောက်နေတာကို မသိရရှာ။ အစိုးရက ဖုံးထားဖိထား။ ဖုံးဖိမရတဲ့အဆုံး ‘မစိုးရိမ်ရဘူးဆိုပြီး’ သိုသိုသိပ့်သိပ့် ဟန်ဆောင်လိမ်ညာ။ ဒီတော့ ‘ရေကြီးလို့ ဆန်ဈေးတက်ပြန်ပြီတဲ့ဟေ့’ ဆိုတဲ့ စကားပြောလေး တစ်လုံးလောက်သာ ပြည်သူတွေရဲ့ စကားဝိုင်းထဲရောက် လာတက်တယ်။အစိုးရကလည်း မကူမကယ်။ ပြည်သူတွေကလည်းမသိလိုက်။ ဒုက္ခရောက်သူတွေလည်း ကူနိုးနိုး ကယ်နိုးနိုးနဲ့ တစ်နှစ်ပြီးတစ်နှစ်၊ မထူးဒုက္ခထဲမှာ အသက်ဆက်ရတာကို ဘဝ လို့ထင်ပြီးနေကြရရှာတယ်။ အထူးသဖြင့် မြစ်ဝကျွန်ပေါ် က တောင်သူ လယ်သမားတွေ။ မြန်မာ့ ဆန်အိုးပိုင်ရှင် ကျေးဇူးရှင်တွေ။ အစိုးရက ဆန်ဈေးနိမ်ယူလိုက်၊ ရေကြီးလို့ ကုန်သွားလိုက်၊ မုန်တိုင်းမိလို့ ပါသွားလိုက်။
မကြားမသိလိုက်ဘဲ အမှုမဲ့ အမှတ်မဲ့နဲ့ ကျော်လာခဲ့တဲ့ စာမျက်နှာဟောင်းတွေကိုပြန်လှန်ကြည့်ရင်…
၂၀၁၄ ခုနှစ်က ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာရေကြီးခဲ့တယ်။ ၂၀၁၃ ခုနှစ် ဇူလိုင်လက ကရင်၊ မွန်နဲ့ ရခိုင်ပြည်တွေမှာရေကြီးပြီး စက်တင်ဘာလအထိ ရေတွေ တက်လိုက်ကျလိုက်။ ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာလည်း ရေကြီးခဲ့တယ်။ အဲဒီတုန်းက ဟင်္သာတမှာ အပျက်အစီးအများဆုံး။ ၂၀၁၂ ခုနှစ်ကဆိုရင် အတော့ကို အခြေအနေဆိုးခဲ့တယ်။ ၂၀၁၂ ရဲ့ အဆိုးဆုံး အခြေအနေက ပုသိမ်။ ဧရာဝတီတိုင်းမှာ ရွာပေါင်း (၇၂၇) ရွာမှာ ရေကြီးလို့ လူပေါင်းရှစ်သောင်းခွဲ (၈၅,၀၀၀) လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့တယ်။ ကရင်ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်းမှာလည်း ရေကြီးခဲ့တယ်။ ၂၀၁၂ ခုနှစ်ကတစ်နှိင်ငံလုံး အတိုင်းအတာနဲ့ ပြည်သူ နှစ်သိန်း (၂၀၀,၀၀၀) လောက် ရေဘေးသင့်ခဲ့တယ်။ ၂၀၁၁ ခုနှစ်မှာလည်း ရခိုင်နဲ့ မြန်မာပြည်အလယ်ပိုင်းမှာ။ အဆိုးရွားဆုံးအခြေအနေက ပခုက္ကှူ။ အဲဒီတုန်းက လူ (၁၀၆) ဦးသေခဲ့တယ်။ အိမ် (၂,၁၂၃) လုံး ပျက်တယ်။ လူ နှစ်သောင်းခြောက်ထောင် (၂၆,၀၀၀) ရေဘေးသင့်ခဲ့တယ်။ ၂၀၁၀နဲ့၂၀၀၉ ခုနှစ်တွေကလည်း ထိုနည်းလည်းကောင်း။ ၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပြည်သူ တစ်သိန်းသုံးသောင်း (၁၃၀,၀၀၀)လောက် အစုလိုက်အပြုံလိုက် သေသွားတာတောင် ဘာမှမဟုတ်သလို။နော်ဝေသုတေသနဌာနတစ်ခုရဲ့ဖော်ပြချက်အရ မြန်မာနိုင်ငံမှာ ၁၉၉၀ ကနေ ၂၀၀၈ ခုနှစ်အကြား သဘာဝဘေးအန္တရာယ်ပေါင်း (၂၁) ခုနဲ့ ရင်ဆိုင်ခဲ့ရတယ်။
တခုခုဖြစ်ပြီဟေ့ဆိုရင် အဘ့ အဘ တွေဆီမှာ သံတော်ဦးတင်၊ အမိန့်တော်မျှော်။ ကူချင်ကယ်ချင်သပါ့ဆိုတဲ့ အောက်ဝန်ထမ်းတွေက အဘတွေကိုကျော် မလုပ်ရဲ။ ဒုနဲ့ဒေး စုပြုံလို့ ပိုပိုလျှံလျှံ ကူညီထားကြောင်း မျက်နှာလုပ် ရအောင်ဆိုတဲ့အကြံတွေနဲ့ အဘတွေကြွတော်မူ မလာမချင်း ချွေချွေတာတာလေးလှူ၊ အကန့်အသက်နဲ့ကူ။ ဒီတော့ ထုံးစံအတိုင်း ခံရသူတွေက ပိုပိုသာသာလေးခံ။
ပြည်သူတွေသိရင် အဲလိုနေမှာ မဟုတ်ဘူးဆိုတာ အခုသက်သေ။ပြည်သူတွေ အချင်းချင်းကတော့ နှလုံးချင်းနီးလို့ စိုးရိမ်တာမှ မိုင်ထောင်ချီဝေးတဲ့ ကမ္ဘာ့နေရာအနှံ့က မြန်မာတွေတောင် ပြာပြာသလဲ၊ ရင်တမမနဲ့၊ အသစ်အဆန်းတွေဖြစ်လို့၊၊ အခုမှ ကူခွင့် ကယ်ခွင့် ရလို့ ဘာသာတွေ၊ လူမျိုးတွေရဲ့ ရောင်စုံတွေကို ဘေးဖယ်လို့ ဖေးကူးနေကြတယ်၊၊ ပြည်သူတွေက သဒ္ဒါတရားနဲ့ အပူမီးတွေကို ကူငြိမ်းပေးနေချိန်မှာ အစိုးရကလက်နှေး။
အစိုးရအဖို့ ဒါမျိုးတွေရိုးနေပြီမို့ မစိုးရိမ်တာလားလို့ တွေးထင်မိတယ်။ တိုင်းပြည်ကြီးကို နှစ်ပေါင်းများစွာ အုပ်ချုပ်မင်းလုပ်လာတဲ့ အတွေ့အကြုံတွေအရ အခုလို အဖြစ်ဆိုးတွေကို နှစ်တိုင်းကြုံ၊ မမြင်ချင်မှ အဆုံးသူတို့နှလုံးသားတွေ အသမာတက်ကုန်ပြီလို့ပဲ မှတ်ယူပေတော့မယ်။ နှလုံးမတူသူတွေကို ဦးမခိုက်နိုင်၊ ဒူးနဲ့သာ တိုက်လိုက်ချင်တော့တယ်။
-
မွတ်စလင်မ် ရေဘေးကူ အဖွဲမှ မိုးညိုသို့ ဆန် အိတ် ၄၀၀ ကျော်နဲ့ အခြားပစ္စည်းများလှူဖို့ စတင်ထွက်ခွါ
သြဂုတ် ၃ ၊ ၂၀၁၅
M-Media
သီဟ
ရေဘေးသင့်ပြည်သူများကို ကူညီဖို့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး၊ ရေဘေးသင့်ပြည်သူများပံ့ပိုး ကူညီရေး ကော်မတီ မှ ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများ ကူညီဖို့အတွက် ယနေ့ ည ဘက်တွင် မင်္ဂလာတောင်ညွှန့် မြို့နယ် ရွာဟောင်းဗလီမှ စတင်ထွက်ခွါမှာဖြစ်ကြောင်းသိရပါတယ်။မိုးညို မြို့ နယ်တွင်ရေဘေးသင့်ပြည်သူဦးရေ(၄၉၁၇)ဦးရှိပြီး၊ ကျား(၂၃၄၂)ဦးနှင့် မ(၂၅၇၅)ဦးခန့်ရှိကြောင်း MMAID ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။
မိုးညိုမြို့ကို သွားရောက်လှူဒါန်းမည့်ပစ္စည်းများမှာ-
၁။ ဆန်အိတ် ကီလို ( ၅၀ ) အိတ် ၄၀၀ အိတ်
၂။ မာမီးခေါက်ဆွဲ ခြောက် ( ၁ ဖာ လျှင် ၃၀ ထုပ်ပါ ) ၅၀၀၀ ဖါ
၃။ ဓါတ်ဆား ထုပ်( ၁ ဖာ ၅၀ ထုပ် ပါ ) ၅၀၀၀ ဖါ
၎။ ရေသန့် ဗူးကြီး ၆၇၉၂ ဗူး
၅။ ဆီ ၁ လီတာ ပုလင်း ( ၃၅၀၀ )ပုလင်း
၆။ ၀မ်းပိတ် ဆေး အလုံး ( ၁၀၀၀ ) လုံး
၇။ ဓါတ် မီး အလတ် ( ၁၀၈၀ ) လုံး
၈၊ အ၀တ် အစား ထုတ် ၁ ထုပ် နှင့်
၉၊ ပေါင် မုန့် များ ပါဝင်ကြောင်း အဆိုပါကော်မတီရဲ့ ပြန်ကြားရေးဌာနမှ ထုတ်ပြန်ထားပါတယ်။ဓါတ်ပုံအညွှန်း- ထောက်ပံ့ရေးပစ္စည်းများပို့ဆောင်မယ့်ကားပေါ်ကို ပစ္စည်းတွေ တင်ဖို့ လုပ်အားပေးနေကြပုံ၊
ရေဘေးသင့်မိုးညိုမြို့မှ ကျေးရွာအချို့
Photo- Myo Zaw&Kumudra -
အစ္စလာမ်ဘာသာဝင်များ ရေဘေး ကူညီရေးကော်မတီမှ ဆက်သွယ် လှူဒါန်းနိုင်သည့် ဖုန်းနံပါတ်များ ကြေညာထား
သြဂုတ် ၂ ၊ ၂၀၁၅
M-Media
သီဟရေဘေးသင့်ပြည်သူများကို ပံ့ပိုးကူညီနိုင်ဖို့ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ ရေဘေးသင့်ပြည်သူများပံ့ပိုးကူညီရေး ကော်မတီမှ ဆက်သွယ်လှူဒါန်းနိုင်တဲ့ တာဝန်ခံနှင့် အဖွဲ့များရဲ့ ဖုန်း နံပါတ်များကို ဒီနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
စေတနာရှင် အလှူရှင်များထံမှ ငွေကြေး၊ ဆေးဝါး၊ အဝတ်အထည်၊ ပစ္စည်းများကို လက်ခံရယူ၍ ရေဘေးသင့်ဒေသများသို့ သွားရောက်ဝေငှပေးနေကြောင်း မိမိတို့ တတ်အားသမျှ နည်းများမဆို ကုသိုလ်ယူ ပါဝင်လှူဒါန်းကြဖို့ တိုက်တွန်းချက်ကိုလည်း အဆိုပါကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
အစိုးရ အသိအမှတ်ပြု အစ္စလာမ်ဘာသာရေး(၅) ဖွဲ့၊၊ စီးပွားရေးလုပ်ငန်းရှင်များ၊လူငယ်ပရဟိတ အဖွဲ့များ၊ မွတ်စလင် တက္ကသိုလ် ကျောင်းသား၊ကျောင်းသူများပါဝင်တဲ့ အဆိုပါကော်မတီကို မတည်ငွေ သိန်း(၁၂၀၀) ဖြင့် ယမန့်နေ့ သြဂုတ်လ ၁ ရက်နေ့က ရန်ကုန်မြို့မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်ကူညီမှုများ ပေးအပ်နိုင်ရေး ထောက်ပံ့ လှူဒါန်းကြဖို့ ပြည်တွင်းမှာရှိတဲ့ ဗလီဝတ်ကျောင်းတော် ရှေ့ဆောင် အီမာမ်တွေကလည်း ပြီးခဲ့တဲ့ သောကြာဒေသနာမှာ ထည့်သွင်း တိုက်တွန်းနှိုးဆော်ခဲ့ကြကြောင်း သိရှိရပါတယ်။
မြန်မာနိုင်ငံအနှံအများ ရေကြီးမှုများဖြစ်ပေါ်နေပြီး ပြည်နယ်နှင့် တိုင်း (၄)ခု ကို သဘာဝဘေးအန္တရာယ်ကျရောက်ရာ ဒေသများအဖြစ် အစိုးရက ကြေညာထားပါတယ်။
ဆက်သွယ်လှူဒါန်းရန် –
၁။ မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ ၂၄၁၈၈၇
၂။ အိုလမာ-အစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်၊ ၂၅၃၆၈၃
၃။ အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်၊ ၂၅၂၆၀၈
၎။ မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီအဖွဲ့ချုပ် (ဗဟို)၊ ၂၄၁၇၁၇
၅။ မြန်မာမွတ်စ်လင်မ်လူငယ်များ(ဘာသာရေး)အဖွဲ့ မ-မ-လဌာနချုပ်၊ ၂၄၁၂၁၂
၆။ မြန်မာမွတ်စလင်အမျိုးသားရေးရာအဖွဲ့ချုပ် (မ-အ-ဖ)ဌာနချုပ်၊ ၂၉၆၁၃၄
၇။ တစ်ခြမ်းပဲ့ ဗလီဝတ်ကျောင်းတော်၊ ရန်ကုန်
၈။ အလ်ဟာဂ်ျ ဦးမြင့်လွင်(ငပလီ) ဝ၉၇၃၀၆၆၀ဝဝ
၉။ အလ်ဟာဂ်ျ ဦးအောင်နိုင်(မေယု) ဝ၉၅၀ဝ၇၇၃၄
၁၀။ အလ်ဟာဂ်ျ ဦးတင်မောင်သန်း (Lion King) ဝ၉၅၆၆၀၉၁၁
၁၁။ အလ်ဟာဂ်ျ ဦးအောင်မြင့်(ရတနာမြိုင်) ဝ၉၅၀၁၆၉၉၇
၁၂။ ဟာဂျီ ဝလီ (ရန်ကုန်-မက္ကဟ်) ဝ၉၅၀၆၆၆၆၀
၁၃။ ဟာဂျီ ဟူစိန်ဘိုင် (အနော်ရထာ) ဝ၉၈၆၂၈၁၂၁
၁၄။ အလ်ဟာဂ်ျ ဒေါက်တာ ကျော်သူသိန်း ဝ၉၅၅၀၁၈၁၁
၁၅။ အလ်ဟာဂ်ျ ဦးအောင်ထွေး(CAIRO) ဝ၉၅၁၉၂၅၂၈
၁၆။ အလ်ဟာဂ်ျ ဦးကျော်မြင့် (Standard Cable) ဝ၉၅၁၆၄၄၇၂
၁၇။ အလ်ဟာဂ်ျ ဦးကိုကိုလတ် (Gulf) ဝ၉၈၆၂၇၇၄၇ယ ဝ၉၅၁၇၃၀၂၈
၁၈။ အလ်ဟာဂ်ျ ဦးတင်နိုင် (AMT) ဝ၉၈၆၁၅၇၈၆ယ ဝ၉၅၁၀၅၇၃၃
၁၉။ အလ်ဟာဂ်ျ ဦးထွန်းမင်း (MTM) ဝ၉၈၅၀၁၄၄၀
၂၀။ အလ်ဟာဂ်ျ ဦးသိန်းထွန်း ဝ၉၅၀၁၆၃၇၃ -
ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် ရေမြုပ်မယ့် ဘေးအန္တရာယ်က မြင့်မားနေပါပြီ။ (ဒေါက်တာထွန်းလွင်)
၂-၈-၂၀၁၅
နေ့လည် (၂း၀၉)နာရီ။
–
ရေတွေ..ရေတွေ…ပြိုကုန်ပြီ။
–
အထူးသတိထားပြီးကြိုတင်ဆောင်ရွက်သင့်တာတွေဆောင်ရွက်ကြပါ.မုံရွာမှာ ယခင် အမြင့်ဆုံးရေအမှတ် ၁၀၉၉ စင်တီမီတာကိုကျော်လွန်ပြီး မနက်က (၁၁၂၀) စင်တီမီတာကိုရောက်နေပြီ။ အမြင့်ဆုံးရေအမြင့် စံချိန်သစ်တင်သွားပြီ။ စိုးရိမ်ရေအမှတ်ရဲ့အထက်(၁)ပေခွဲလောက်ကျော်နေပြီ။ အချိန်ပိုင်းလေး အတွင်းမှာပဲ (၅) စင်တီမီတာ တက်သွားပြန်ပြီ။ တာရိုးတွေ စိတ်မချရတော့လို့ အနိမ့်ပိုင်းက အိမ်တွေပြောင်းကြဖို့ လိုက်အော်နေပြီး သတိပေးနေပြီလို့သိတယ်။
.
ခက်တာက လာမယ့်တစ်ပတ်အတွင်း မုံရွာမှာရော အထက်ဖက်က ကလေးဝမှာရော မိုးတွေရွာဖို့ရှိနေသေးလေတော့ စိုးရိမ်ရေ အမှတ်ရဲ့ အထက်ရောက်နေတဲ့ ရေအမြင့်ဟာ အနည်းဆုံးနောက်ထပ် (၃)ရက်လောက်ကြာဦးမယ်လို့မိုး/ဇလက ခန့်မှန်းထားတယ်။
အရေးကြီးဆုံးအချိန်ရောက်နေပါပြီ။
.
ဟင်္သာတရဲ့ဧရာဝတီမြစ်ရေကလည်း ရုတ်တရက်ရေတွေဝင်လာလို့ရေတွေတက်လာတာ စိုးရိမ်ရေအမှတ်တရဲ့အထက် (၅)ပေကျော်လောက်ရောက်နေပြီ။ တစ်ဖက်ကမ်းက သာရဝေါ ဘူတာလည်း ရေမြုပ်နေပြီ။
ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်က ရေမြုပ်မယ့် ဘေးအန္တရာယ်က မြင့်မားနေပါပြီ။
.
ဒေါက်တာထွန်းလွင်
https://www.facebook.com/tunlwin48/posts/1116924664988771