News @ M-Media

Author: M-Media

  • နိုင်ငံအရှေ့ပိုင်း မတည်ငြိမ်မှုများအား အင်အားသုံးဖြေရှင်း သွားမည်ဟု ယူကရိန်းဆို

    ဧပြီ ၁၀၊ ၂၀၁၄
    M-Media

    – ရုရှားလိုလားသူများက နိုင်ငံ အရှေ့ပိုင်းမြို့များရှိ အစိုးရ အဆောက်အဦးများအား သိမ်းပိုက်မှု အပေါ် အင်အားသုံးဖြေရှင်းရန် ပြင်ဆင်နေသည်ဟု ယူကရိန်း အာဏာပိုင်များက သတိပေးပြောကြားလိုက်သည်။

    KC_20140316_ukraine_Riot_police_400_266_70

    နိုင်ငံအရှေ့ပိုင်း Luhansk မြို့ရှိ အစိုးရလုံခြုံရေးဌာနချုပ်အား ဆန္ဒပြသူများက ဆက်လက်သိမ်းပိုက်ခဲ့ပြီးနောက် ယမန်နေ့တွင် ယူကရိန်းအစိုးရမှ ယခုကဲ့သို့ ကြေညာလိုက်ခြင်းဖြစ်သည်။ အဆိုပါ အဆောက်အဦး၏ အပြင်ဘက်တွင် ရာပေါင်းများစွာသော ဆန္ဒပြသူများက ရုရှားအား ထောက်ခံသော အနေဖြင့် “ပူတင်၊ ပူတင်” ဟု ဟစ်အော်နေကြသည်။

    အဆိုပါအဆောက်အဦးထဲတွင် ခွဲထွက်လိုသူများက ဗုံးများထောင်ထားကာ ဓားစားခံ ၆၅ ဦးအား ဖမ်းဆီးထားသည်ဟု ယူကရိန်းဘက်မှ ပြောဆိုထားသော်လည်း၊ Luhansk ဒေသ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးကမူ ထိုသတင်းမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။

    ယူကရိန်းပြည်ထဲရေး ၀န်ကြီး အာဆန် အေဗာကော့ဗ်က Luhansk မြို့နှင့် ရုရှားနှင့် ဆက်စပ်နေသည့် Donetsk နှင့် Kharkiv မြို့များတွင် ဖြစ်ပေါ်နေသော မတည်ငြိမ်မှုများအား ၂ ရက်အတွင်း ဖြေရှင်းရမည်ဟု ဆိုသည်။

    “(ဒီပြဿနာကို ဖြေရှင်းဖို့) နည်းလမ်း၂ ခုရှိတယ်ဆိုတာကို ကျွန်တော် ထပ်ပြောချင်ပါတယ်။ တစ်ခုက ဆွေးနွေးမှုတွေကနေ နိုင်ငံရေး တည်ငြိမ်အောင် လုပ်တာဖြစ်ပြီး နောက်တစ်ခုကတော့ အင်အားသုံး နှိမ်နင်းတာပါ။ ဒီနည်းလမ်းနှစ်ခုအတွက် ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပါပြီ” ဟု သတင်းထောက်များအား အေဗာကော့ဗ်က ပြောကြားခဲ့သည်။

    ယူကရိန်း၏ ယခင်အစိုးရအဖွဲ့တွင် ဥပဒေပြုအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဆာဟီ တိုင်ဟစ်ပ်ကိုက ဆန္ဒပြသူများမှာ ၎င်းတို့ဒေသအား ယူကရိန်းမှာ ခွဲထွက်လိုခြင်း၊ နိုင်ငံခြားအကူအညီ ရယူလိုခြင်းမဟုတ်ဘဲ ဖက်ဒရယ်စနစ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်သာ လိုလားခြင်းဖြစ်ကြောင်း၊ အစိုးရအနေဖြင့် အင်အားသုံး ဖြေရှင်းရန် မသင့်ကြောင်း တိုက်တွန်းခဲ့သည်။

    ယူကရိန်းနိုင်ငံအား ဖက်ဒရယ်အုပ်ချုပ်ရေးစနစ်ပြာင်းလဲရန် ရုရှားက အဓိကတောင်းဆိုထားပြီး ယူကရိန်းအစိုးရကမူ လက်မခံဘဲ နိုင်ငံပြိုကွဲရန် ရှေ့ပြေးနိမိတ်သာဖြစ်သည်ဟု တုံ့ပြန်ပြောဆိုခဲ့သည်။

    Ref: Al Jazeera And AP

  • ဘိုင်ယန်အား ချေပဂိုးပေးခဲ့သည့် မန်ယူနောက်တန်းအား စိတ်ပျက်မိသည်ဟု မိုယက်စ်ဆို

    ဧပြီ ၁၀၊ ၂၀၁၄
    M-Media

    – ဘိုင်ယန်မြူးနစ်အား ရှုံးနိမ့်ခဲ့သော ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲတွင် ဦးဆောင်ဂိုးရပြီးနောက် ဘိုင်ယန်အားချေပဂိုးပေးခဲ့ရခြင်းမှာ မဖြစ်သင့်သောအမှားဖြစ်သည့်အတွက် စိတ်ပျက်မိသည်ဟု မန်ယူနည်းပြ မိုယက်စ်က ပြောကြားခဲ့သည်။

    1215242-25362868-640-360

    ပထမအကျော့က ၁ ဂိုးစီသရေကျခဲ့ပြီး ယနေ့နံနက်ကစားခဲ့သည့်ပွဲတွင် မန်ယူမှာ ဦးဆောင်ဂိုး အရင်သွင်းနိုင်ခဲ့သော်လည်း၊ ၂၂ စက္ကန့်အတွင်းမှာပင် ဘိုင်ယန်အသင်းအား ချေပဂိုးပေးခဲ့ရကာ နောက်ပိုင်းတွင် အနိုင် ဂိုးများကိုလည်း ခွင့်ပြုခဲ့ရသည်။

    “ကစားသမားတွေရဲ့ စွမ်းဆောင်မှုကို ကျွန်တော်ကျေနပ်ပါတယ်။ ဒါပေမယ့် အဆုံးမှာ အမှားနှစ်ခုလောက် အတွက် ကျွန်တော်တို့ ပေးဆပ်ခဲ့ရတာပါ။ ဦးဆောင်ဂိုးသွင်းပြီး စက္ကန့် ၃၀ လောက်မှာ ကျွန်တော်တို့ အခြေအနေဟာ ဆိုးရွားခဲ့ပါတယ်။ ကျောင်းသားလေး တစ်ယောက်ကတောင်မှ ဂိုးသွင်းသွင်းပြီးပြီးခြင်း ဂိုးပြန် မပေးရဖို့ ပြောမှာပါ။ ကျွန်တော်တို့ကတော့ ချေပဂိုးကို မြန်မြန်ပဲ ခွင့်ပြုခဲ့ရပါတယ်” ဟု မိုယက်စ်က ပြောကြားခဲ့သည်။

    ဦးဆောင်ဂိုးရပြီးနောက် ကစားသမားများ၏ အာရုံစူးစိုက်မှုမှာ မည်သည့်နေရာသို့ရောက်သွားသည်ကို မသိကြောင်း၊ ဂိုးတစ်ဂိုးထပ်ရရန်လိုအပ်ခဲ့ပြီး ဘိုင်ယန်၏ တတိယဂိုးက မိမိတို့အား အဆုံးသတ်ခဲ့ကြောင်း မိုယက်စ်က ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ယခုနှစ်ရာသီတွင် ပရီးမီးယားလိဂ်မှတစ်ဆင့် ချန်ပီယံလိဂ် ၀င်ခွင့်ရရန် မဖြစ်နိုင်သော်လည်း မန်ယူအသင်းနေဖြင့် မကြာမီ ဥရောပ အဆင့် အမြင့်ဆုံးပြိုင်ပွဲသို့ ပြန်လာနိုင်မည်ဟု ယုံကြည်ကြောင်း မိုယက်စ်ကဆိုသည်။

  • ယခုနှစ်အတွင်း မြန်မာပြည်ကို အိုဘားမားလာဦးမည်

    ဧပြီ ၁၀၊ ၂၀၁၄
    M-Media

    44FFF098-F1F3-4EDA-A46B-615658DDF2D0_w640_r1_s
    မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ အမေရိကန် သမ္မတနဲ့ မြန်မာသမ္မတ တွေ့ဆုံ။ (နိုဝင်ဘာ ၁၉၊ ၂၀၁၄။) VOA

    ယခုနှစ်အတွင်း အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည်သို့ လာရောက်ဦးမည်ဖြစ်သည်ဟု မြန်မာတိုင်းမ်စ် သတင်းတစ်ရပ်က
    ဖော်ပြသည်။

    အိုဘားမား လာဦးမည့်အကြောင်းကို အမေရိကန်၏ ဒုတိယ တိုင်းပြည်အထွေထွေတာဝန်ခံ (Deputy Secretary of State) ၊ ဘီလ်ဘားန်စ်က အင်္ဂါနေ့က ပြောကြားခြင်းဖြစ်ကြောင်း၊ အိုဘားမားသည် ယခုဆောင်းဦးရာသီအလွန်တွင် မြန်မာ၊ တရုတ်၊ သြစတြေးလျနိုင်ငံများသို့ လာရောက် မည့်အကြောင်း၊ အာရှပစိဖိတ်ဒေသတွင်း တိုးတက်ဖွံ့ဖြိုးမှုနှင့် လူသားဂုဏ်ရည် စသည်များအတွက် ရည်ရွယ်ကြောင်း သတင်းတွင် ဖော်ပြပါရှိသည်။

    အိုဘားမား၏ မြန်မာပြည်ခရီးစဉ်နေ့စွဲအတိအကျကိုမူ အိမ်ဖြူတော်မှ ထုတ်ပြန်ခြင်းမရှိသေးပေ။

  • အနုပညာရှင်များ သင်္ကြန်တွင်း ဝတ်ဆင်ဆင်ယင်မှု ထိန်းသိမ်းရန် ရုပ်ရှင် အစည်းအရုံး ကြေညာချက်ထုတ်

    ဧပြီ ၁၀၊ ၂၀၁၄
    M-Media
    လမင်း
    ရန်ကုန်။ ။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက သင်္ကြန်ကာလအတွင်း အနုပညာရှင်များ၏ ၀တ်စားဆင်ယင်မှုနှင့်ပတ်သက်ပြီး မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီသော ၀တ်စားဆင်ယင်မှုများကို မ၀တ်ဆင်ရန်၊ ရှောင်ကြဉ်ရန် ဧပြီလ ၉ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
    556099_362712680445593_100001205914159_1072114_441082482_n copy
    ကမ္ဘာတစ်ဝန်းရှိရုပ်ရှင်သရုပ်ဆောင်များ၏ ၀တ်စားဆင်ယင်မှုသည် ယနေ့ခေတ်လူငယ်များ၏ အတုယူဖွယ်ဖြစ်နေလျှက် ရှိနေသောကြောင့် မြန်မာလူမျိုးများနေနှင့် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရန် အားလျော်စွာ သင်္ကြန် ကာလတွင် အနုပညာရှင်များ အနေနှင့် မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော ၀တ်စား ဆင်ယင်မှုများကို မပြုလုပ်ကြရန် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တိုက်တွန်းနှိုးဆော်သည့် ထုတ်ပြန်ချက်ကို အစည်းအရုံး ဥက္ကဌဖြစ်သူ ဦးလူမင်းက ထုတ်ပြန်ခဲ့သည်။

    အဆိုပါထုတ်ပြန်ချက်အပြင် ရန်ကုန်တိုင်းဒေသကြီး၊ အခြားပြည်နယ်များနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနှင့်လည်း ၀တ်စားဆင်ယင်မှုများနှင့် ပတ်သက်၍ စည်းကမ်းများ ထုတ်ပြန်ထားရှိပြီးဖြစ်ကြောင်းသိရှိရပါသည်။

    ၂၀၁၂ သင်္ကြန်ချိန်ခါတွင် ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်သူ သင်ဇာဝင့်ကျော်၏ ၀တ်စားဆင်ယင်မှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ ခေါ်ယူ သတိပေးခဲ့သည့်ဖြစ်ရပ်မျိုးရှိခဲ့ဖူးသည်။

    ပုံ စာညွှန်း-၂၀၁၂ သင်္ကြန်ချိန်ခါက အနုပညာရှင်တချို့ ဝတ်စားဆင်ယူမှု
    Photo- internet

  • စာသင်ကျောင်းများတွင် အစ္စလာမ်အကြောင်း မိတ်ဆက် သင်ကြား၊ ဟောပြောပွဲများ ချက်အစိုးရ ခွင့်ပြု

    ဧပြီ ၁၀၊ ၂၀၁၄
    M-Media

    – အစ္စလာမ်သာသနာအကြောင်းနှင့် ဥရောပနိုင်ငံများမှ မွတ်စလင်များ၏ ဘ၀နေထိုင်မှုများကို ကျောင်းသူကျောင်းသားများအား သိရှိစေမည့် အခမဲ့သင်ကြားမှုများ ဟောပြောပွဲများပြုလုပ်ရန် ချက်ပညာရေး ၀န်ကြီးဌာနမှ ခွင့်ပြုလိုက်ပြီဟု သိရသည်။

    Czech-Students-Offered-Islam-Education

    “ကျောင်းသင်ခန်းစာတွေက အစ္စလာမ်သာသနာနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ သင်ကြားမှုမျိုး မလုပ်ကြပါဘူး။ ကျောင်းသားတွေက အစ္စလာမ်နဲ့ ပတ်သက်ပြီး ပိုသင်ယူချင်ကြပါတယ်” ဟု အဆိုပါ သင်ကြားရေအစီအစဉ်ကို ပူတွဲဖော်ဆောင်သူ ရှာဒီ ရှန်နာ၏ ပြောကြားမှုကို မြို့တော် ပရက်ဂ်တွင် ထုတ်ဝေသည့် Lidove Noviny(LN) သတင်းစာ က ဧပြီလ ၇ က်နေ့တွင် ဖော်ပြခဲ့သည်။

    ထိုသင်ကြားမှု အစီအစဉ်အားပြုလုပ်ရန် Muslims In Czech Schoolchildren’s Eyes အဖွဲ့ စတင်အကြံပေးခဲ့ခြင်းဖြစ်သည်။

    အဆိုပါ သင်ကြားမှုများတွင် အစ္စလာမ်ဘာသာဝင်အမျိုးသမီးများ ၀င်ဆင်သည့် ဟိဂျဘ်၊ ဘုရ်ခါတို့အရေးပါပုံများနှင့် မည့်သည့်အကြောင်းကြောင့် အစ္စလာမ်ဘာသာဝင်အမျိုးသမီးများက ထိုအရာများကို ၀တ်ဆင်သည်ဆိုခြင်းကို ရှင်းပြခြင်း၊ ဂျီဟတ်နှင့် ပတ်သက်၍ ကုန်အာန်ကျမ်းတော်မြတ်က မည်ကဲ့သို့ ပြောထားသည်ကို ရှင်းပြခြင်း စသည်တို့ ပါဝင်မည်ဖြစ်သည်။

    ထိုအစီအစဉ်အား အမေရိကန်သံရုံးနှင့် အစိုးရချင်းဆက်သွယ်ဆောင်ရွက်သည့် Anna Lindh ဖောင်ဒေးရှင်းတို့က စပွန်စာပေးထားပြီး ပရက်ဂ်မြို့ရှိ ဥရောပမစ်ရှင်နှင် ပရက်ဂ်မြို့ မြူနီစီပယ်စာကြည့်တိုက်တို့ကလည်း ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။

    ဂျီဟတ်ဆိုသည့်စကားလုံးကို အနောက်တိုင်းမီဒီယာများက ဘာသာရေးစစ်ပွဲအဖြစ် မကြာခဏဖော်ပြကြသည်။ မွတ်စလင်ပညာရှင်များကမူ ကုရ်အန်ကျမ်းတော်မြတ်ထဲတွင် ဖော်ပြထားသည့် ဂျီဟတ်၏ အဓိပ္ပါယ်မှာ ကောင်းမှုများဆောင်ရွက်ရန်၊ မတရားမှုများ၊ ဖိနှိပ်မှုများနှင့် လူ့အဖွဲ့အစည်းအတွင်းမှ ဆိုးရွားမှုများအား ဖယ်ရှားရန် ရုန်းကန်ကြိုးစားခြင်းသာဖြစ်သည်ဟု အကြိမ်ကြိမ်ရှင်းလင်းထားပြီးဖြစ်သည်။

    ထာဝရဘုရားတစ်ဆူတည်းအခြေပြုသည့် ဘာသာတရားသုံးခုနှင့် ပတ်သက်၍ စာအုပ်များကို ရေးသားသည့် ဗြိတိသျှ နာမည်ကြီးစာရေးဆရာ ကရန် အမ်းစထရောင်းကမူ “ဂျီဟတ်”ဟူသည့် စကားလုံးအား ဘာသာရေးစစ်ပွဲအဖြစ် ဖော်ပြနေမှုများကို ဝေဖန်ခဲ့သည်။

    ကျောင်းသားများ၏ တောင်းဆိုမှု

    ၂၀၁၃ ခုနှစ် စစ်တမ်းကောက်ယူမှုများအရ အစ္စလာမ်သာသနာအကြောင်းကို သင်ကြားရန် ကျောင်းသားများက ပိုမိုစိတ်ဝင်စားသည်ဟု သိခဲ့ရပြီးနောက် ယခုကဲ့သို့ အခမဲ့သင်ကြားမည့် အစီအစဉ်ပေါ်ပေါက်လာရခြင်းဖြစ်သည်။

    “ကျောင်းသားအများစုက (အစ္စလာမ်အကြောင်း) သူတို့ပိုသင်ချင်တယ်လို့ ပြောပါတယ်။ ဘာာတရားကို မီဒီယာကနေတစ်ဆင့် အဓိကသိရပြီး၊ အဲဒီမီဒီယာတွေက အစ္စလာမ်ကို မကြာခဏ ဝေဖန်ပြစ်တင်ကြတယ်လို့ သူတို့က ဆိုပါတယ်” ဟု ထိုအစီအစဉ်ဖြစ်မြောက်ရန် ပူးတွဲဖော်ဆောင်သူ အမျိုးသမီး ကလာရာ ပိုပိုဗိုဗာက ပြေကြေားကြောင်း LN သတင်းစာတွင် ဖော်ပြထားသည်။

    ပညာရေးဝန်ကြီးဌာနက အဆိုပါအစီအစဉ်ကို ခွင့်ပြုခဲ့သော်လည်း “ချက်နိုင်ငံတွင်အစ္စလာမ်ကိုမလိုလားသူများ” အဖွဲ့၏ ဆန့်ကျင်မှုများကိုလည်း ရင်ဆိုင်နေရသည်ဟု ဆိုသည်။

    “ကျောင်းတွေမှာ အစ္စလာမ်ကို သင်ကြားတာတွေ မလုပ်ဖို တောင်းဆိုတာနဲ့အတူ စော်ကားထားတဲ့ အီးမေးလ်း အနည်းငယ်ကို သူတို့က ကျွန်မတို့ဆီပို့ပါတယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့ အစီအစဉ်က ၀ါဒဖြန့်တာ မဟုတ်ပါဘူး။ အဓိကရည်ရွယ်ချက်က ဆွေးနွေးမှုတွေဖြစ်လာအောင် လှုံ့ဆော်ဖို့နဲ့ မီဒီယာရဲ့ မှားယွင်းဖော်ပြမှုတွေကို ချေပဖို့ပါပဲ” ဟု ပိုပိုဗိုဗာက ထပ်လောင်းပြောကြားခဲ့သည်။

    လူဦးရေ ၁၀ သန်းကျော်ရှိသည့် ချက်နိုင်ငံတွင် အစ္စလာမ့်ဘာသာဝင်ဦးရေမှာ ၁၅၀၀၀ ၀န်းကျင်ခန့်ရှိပြီး၊ ၁၉၉၀ ပြည့်နှစ်များမှစ၍ အစ္စလာမ်ကို လက်ခံခဲ့ကြသည့် သစ်လွင်မွတ်စလင်အရေအတွက်မှာ ၁၅၀၀ မှ ၂၀၀၀ အကြားရှိသည်။

    ၂၀၀၄ ခုနှစ်မှစ၍ အစ္စလာမ်သာသနာအား ချက်နိုင်ငံ၏ တရားဝင် ဘာသာတရားတစ်ခုအဖြစ် သတ်မှတ်ခဲ့ပြီး ခရစ်ယာန်များ၊ ဂျူးများနည်းသူ ဘာသာရေးလွတ်လပ်ခွင့်များကို အစိုးရက ပေးအပ်ခဲ့သည်။

    Ref: OnIslam & Newspapers