News @ M-Media

Author: M-Media

  • ဘာသာပေါင်းစုံ စုပေါင်းသန့်ရှင်းခြင်း အခမ်းအနား စိန်မေရီ ကာသီဒြယ် ခရစ်ယာန် ဘုရားကျောင်း တွင် ပြုလုပ်

    ဇန်နဝါရီ ၂၆၊ ၂၀၁၄
    M-Media
    သတင်း-သူရိန်

    1

    ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(မြန်မာနိုင်ငံ) မှစီစဉ်ကျင်းပသော ဘာသာပေါင်းစုံ စုပေါင်းသန့်ရှင်းခြင်း အခမ်းအနား တစ်ရပ်ကို ရန်ကုန်မြို့ စိန်မေရီ ကာသီဒြယ် ခရစ်ယာန် ဘုရားကျောင်း တွင်ဇန်န၀ါရီလ၂၅ရက်နေ့က ပြုလုပ်ခဲ့ကြသည်။

    အစီအစဉ်တွင် အခမ်းအနားမှူးအဖြစ် ဘာသာပေါင်းစုံအဖွဲ့ အတွင်းရေးမှူး ဒေါက်တာ သာဥာဏ်ကဆောင်ရွက်ပြီး ကက်သလစ်ခရစ်ယာန်ဘုန်းတော်ကြီးများက နှုတ်ခွန်းဆက်စကားပြောကြားသည်။

    ထို့နောက် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး အဖွဲ့ ဥက္ကဌ အငြိမ်းစားသံအမတ်ကြီး ဦးစိန်ဝင်းအောင် နှင့် နာယကကြီး အငြိမ်းစားသံအမတ်ကြီး ဦးလှမောင်(အစ္စလာမ်ဘာသာ)တို့က ဘာသာပေါင်းစုံ စုပေါင်းသန့်ရှင်းခြင်း အခမ်းအနားပြုလုပ်ရခြင်း ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားသည်။

    အစီအစဉ်တွင် ဘာသာပေါင်းစုံမှ ချစ်ကြည်ရေး လှုပ်ရှားသူ ၁၄၀ ကျော်ပါဝင်ကာ ကျောင်းတော်ကြီးအနှံ့၊ သန့်ရှင်းရေးများပြုလုပ်ခဲ့ပါသည်။

    ယခုကဲ့သို့ ဘာသာတရားများရဲ့ သာသနိက အဆောက်အဦးများကို စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်း အစီအစဉ်များကို ၂၀၀၉ခုနှစ်က ရွှေတိဂုံဘုရားတွင် ဆောင်ရွက်ခဲ့ပြီး နောက်ပိုင်းတွင်လည်း အခြားဘာသာများရဲ့ သာသနိက အဆောက်အဦများတွင်လည်းကျင်းပမည်ဟုသိ၇သည်။

  • ပရီးမီးယားလိဂ် အသင်းများ နောက်တစ်ဆင့်တက်တဲ့ FA ဖလား စတုတ္ထအဆင့် ပွဲစဉ်များ

    ဇန်နဝါရီ ၂၆၊ ၂၀၁၄
    M-Media
    362666hp2
    – FA ဖလား စတုတ္ထအဆင့်ပွဲစဉ်တွေကို သေကြာနေ့ ညနဲ့ ယမန်နေ့တွေမှာ ကစားခဲ့ပြီး ပရီးမီးယားလိဂ် ကလပ်အသင်း တော်တော်များများ အနိုင်ရခဲ့ကြပါတယ်။

    သောကြာနေ့က ကစားခဲ့တဲ့ပွဲမှာ အာဆင်နယ်အသင်းဟာ ဒုတိယတန်းက ကိုဗင်ထရီကို ပိုဒေါစကီးရဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ ၄ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။

    လီဗာပူးကလည်း ပထမတန်းက ဘုန်းမောက်ကို အဝေးကွင်းမှာ ၂ ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့ပြီး၊ တတိယအဆင့်မှာ မန်ယူကို အိုးထရက်ဖို့ဒ်မှာ အနိုင်ကစားခဲ့တဲ့ ဆွမ်းဆီးအသင်းကလည်း ဘာမင်ဂမ်ကို နောက်ကလိုက်ကစားကာ ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ခဲ့ပါတယ်။

    တိုက်စစ်ပိုင်း ဂိုးမြူးနေတဲ့ မန်စီးတီးကတော့ ၀က်ဖို့ဒ်ကို ၄ ဂိုး ၂ ဂိုးနဲ့ အလွယ်တကူအနိုင်ရခဲ့ကာ၊ ကာဒစ်ဖ်၊ ဆောက်သက်တန်၊ ဆန်းဒါးလန်းနဲ့၊ ဟားလ်စီးတီတို့ကလည်း ပြိုင်ဘက်တွေကို အသီးသီးအနိုင်ယူနိုင်ခဲ့ပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

    ပရီးမီးယားလိဂ် တန်းဆင်းဇုန်နားရောက်နေတဲ့ ခရစ္စတယ်ပဲလေ့စ်ကတော့ ချန်ပီယံရှစ်က ၀ီဂန်ကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

    ဒီနေ့ မနက်က ကစားတဲ့ ပွဲမှာတော့ ပရီးမီးယားလိဂ်မှာ အဝေးကွင်းခြေစွမ်းကောင်းတဲ့ အဲဗာတန်တို့ တတိယတန်းက စတီဗန်နေ့ခ်ျအသင်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။

    ဒီနေ့မှာတော့ ပရီးမီးယားလိဂ်က အသင်းတွေဖြစ်ကြတဲ့ ဖူလ်ဟမ်က ရှက်ဖီးယူနိုက်တက်နဲ့၊ ချယ်ဆီးက စတုတ်စီးတီး သီးသီးကစားဖို့ရှိနေပါတယ်။

    FA ဖလားစတုတ္ထအဆင့်ရဲ့ ကစားပြီးသမျှ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    *အာဆင်နယ် ၄-၀ ကိုဗင်ထရီ
    နော်တင်ဟမ်ဖောရက်စ် ၀-၀ ပရက်စတန်
    ဘုန်းမောက် ၀-၂ လီဗာပူးလ်*
    ဘော်လ်တန် ၀-၁ ကာဒစ်ဖ်*
    *ဆောက်သက်တမ် ၂-၀ ယိုဗီးလ်
    အောက်အန်း ၀-၂ ဟားလ်စီးတီး*
    *ဆန်းဒါးလန်း ၁-၀ ကစ်ဒါမင်စတာ
    ဟက်ဒါဖီးလ် ၀-၁ ချာလ်တန်*
    ပို့တ်ဗေးလ် ၁-၃ ဘရိုက်တန်*
    ရို့ခ်ျဒေးလ် ၁-၂ ရှက်ဖီးဝင်းစ်ဒေး*
    *၀ီဂန် ၂-၁ ခရစ္စတယ်ပဲလေ့စ်
    *မန်ချက်စတာစီးတီး ၄-၂ ၀က်ဖို့ဒ်
    ဘာမင်ဂမ် ၁-၂ ဆွမ်ဆီး*
    စတီဗန်နေ့ခ်ျ ၀-၄ အဲဗာတန်*

    (* ပြထားသောအသင်းများမှာ ပဉ္စမအဆင့်သို့ တက်ရောက်သွားသော အသင်းများဖြစ်သည်)

  • ကုလ လက်အောက်ခံ တန်ပြန် အကြမ်းဖက် တိုက်ဖျက်ရေး ဌာနသို့ ဆော်ဒီမှ ဒေါ်လာ သန်း ၁၀၀ လှူ

    ဇန်နဝါရီ ၂၆ ၊ ၂၀၁၄
    M-Media
    1390397889625753000
    ကမ္ဘာ့ကုလသမဂ္ဂ၏ လက်အောက်ရှိ အပြည်ပြည်ဆိုင်ရာ တန်ပြန် အကြမ်းဖက် တိုက်ဖျက်ရေးဌာန – International Center for Counterterrorism (ICCT) သို့ ဆော်ဒီအာရေဗျမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို လှူဒါန်းလိုက်သည်။

    ၎င်းအလျင်ကလည်း ဆော်ဒီဘုရင့်နိုင်ငံသည် နယူးယော့ခ်အခြေစိုက် ICCT တည်ထောင်ရေးအတွက် ဒေါ်လာ ၁၀ သန်း ထောက်ပံ့ခဲ့၏။

    ကုလသမဂ္ဂ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး အားထုတ်ခြင်းအပေါ် အားပေးပါဝင်သောအားဖြင့် အလှမ်းကျယ်စွာကူညီမှုအပေါ် မြင့်မြတ်ဝတ်ကျောင်းတော်နှစ်ခု၏ ထိန်းသိမ်းသူဖြစ်သော ဘုရင် အဗ်ဒုလ္လာဟ်ကို ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းမှ ကျေးဇူးတင်ကြောင်း ပြောကြားသည်။ ဆွစ်ဇာလန်၊ Montreux မြို့၌ ဗုဒ္ဓဟူးနေ့က စတင်သော ဂျီနီဗာ ၂ ကွန်ဖရင့် မကျင်းပမှီ အင်္ဂါနေ့တွင် ဘန်ကီမွန်းနှင့် ဆော်ဒီနိုင်ငံခြားရေး ၀န်ကြီး မင်းသား စအူးဒ် အလ် ဖိုင်ဆဲလ်တို့ တွေ့ဆုံစဉ်ဝယ် ယင်းသို့ ချီးမွှမ်းလိုက်ခြင်းဖြစ်သည်။

    ဆီးရီးယားရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှင့် လွန်ခဲ့သောသုံးနှစ်ကစပြီး အဆက်မပြတ်ဖြစ်ပွားလာသော ဆီးရီးယားအကြပ်အတည်းအား အလျဉ်အဆုံးသတ်ရန် အပါအ၀င် အရေးအရာများစွာကို ၎င်းတို့မှ ဆွေးနွေးခဲ့ကြသည်။ အထက်ပါစင်တာဌာနအား တည်ထောင်ရန် ၂၀၀၅ ခုနှစ်တွင် ဆော်ဒီအာရေဗျမှ အစပြုနှိုးဆော်ခဲ့ပြီး၊ ၎င်းကို ပုံဖော်နိုင်ရေး သဘောတူညီချက်တစ်ရပ်ကို ကုလသမဂ္ဂနှင့် ၂၀၁၁ ခုနှစ်၌ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

    Source : IINA

  • ဂါဇာမှ ပြည်သူများအား အားပေးသည့် အနေဖြင့် ဗြိတိန်တွင် ချီတက် လမ်းလျှောက်မှုပြုလုပ်မည်

    ဇန်နဝါရီ ၂၅၊ ၂၀၁၄
    M-Media

    Muslim-Hands-Walks-For-Gaza

    – အစ္စရေးမှ ပိတ်ဆို့ထားသော ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြောင်ရှိ ချို့တဲ့သော ပြည်သူများအား အားပေးထောက်ခံခြင်းနှင့် ရန်ပုံငွေရရှိရန်ရည်ရွယ်၍ လမ်းလျှောက်ချီတက်သော လှုပ်ရှားမှုတစ်ခု လန်ဒန်မြို့တွင် သိရသည်။

    လန်ဒန်အခြေစိုက အန်ဂျီအိုအဖွဲ့ဖြစ်သည့် Muslim Hands မှ ပြုလုပ်မည့် Walk for Gaza အမည်ရ အဆိုပါလှုပ်ရှားမှုတွင် လန်ဒန်ရှိ မွတ်စလင်နှင့် မွတ်စလင်မဟုတ်သူ ထောင်ချီပါဝင်မည်ဟုဆိုသည်။

    “ဂါဇာမှာရှိတဲ့ ကလေးတွေကို ကယ်တင်ခြင်းဟာ ဂါဇာကိုကယ်တင်တာပါပဲ” ဟု ထိုလှုပ်ရှားမှုအား ဦးဆောင်ပြုလုပ်သူများက ပြောကြားခဲ့သည်။

    အေးစိမ့်သော ရာသီဥတုရှိနေသော်လည်း ချီတက်လမ်းလျှောက်မှုအား ၂၅ ရက် စနေနေ့(ယနေ့) တွင် ပြုလုပ်သွားမည်ဖြစ်ပြီး၊ ၅ မိုင် အကွာအဝေးရှိမည်ဖြစ်သည်။

    ဂါဇာကမ်းမြှောင်ရှိ ကလေးများအတွက် အလှူငွေရရှိရန် ရည်ရွယ်ပြုလုပ်သည့် အဆိုပါ လမ်းလျှောက်ချီတက်မှုကို  Muslim Hands မှ လန်ဒန်၊ မန်ချက်စတာ၊ ဘာမင်ဂမ် လက်စတာ စသည့်မြို့များတွင် ပြုလုပ်ခဲ့သည့်မှာ ၆ နှစ်ရှိလာခဲ့ပြီဖြစ်ပြီး ယမန်နှစ်က အလှူငွေ ပေါင် ၁၁၇၀၀၀ ရရှိခဲ့သည်။

    အစ္စရေးက ပိတ်ဆို့ထားပြီး၊ မီဒီယာက ဖော်ပြမှုအားနည်းသောကြောင့် ကမ္ဘာ့တစ်ဝှမ်းမှ လစ်လျူရှုခံထားရသည့် အမေ့ခံ ဂါဇာကလေးငယ်များအတွက် ကူညီရန်ဆုံးဖြတ်ထားသည်ဟု Muslim Hands အဖွဲ့က ပြောကြားခဲ့ပြီး ဂါဇာရှိ Al-Durrah ဆေးရုံတွင် ဆေးဝါးကုသမှုနှင့် စိတ်ပိုင်းဆိုင်ရာ ကူညီမှုများလည်း ပြုလုပ်ပေးနေသည်ဟု ဆိုသည်။

    Muslim Hands မှ ပြုလုပ်သည့် အဆိုပါ ချီတက်လမ်းလျှောက်မှုကို မွတ်စလင်နှင့် မွတ်စလင်မဟုတ်သူများက ထောက်ခံအားပေးခဲ့ကြပြီး ထိုအဖွဲ့၏ အွန်လိုင်းစာမျက်နှာများတွင် ထိုလှုပ်ရှားမှုတွင်ပါဝင်ရန်နှင့် အလှူငွေများပေးအပ်ရန် မှတ်ချက်များပေးခဲ့ကြသည်။

    Ref: OnIslam

  • ဆီးရီးယား အစိုးရနှင့် အတိုက်အခံတို့ မျက်နှာချင်းဆိုင် ဆွေးနွေးမည်

    ဇန်နဝါရီ ၂၅၊ ၂၀၁၄
    M-Media

    rtx14wet.si

    – ဆီးရီးယား ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွင်း အစိုးရနှင့် အတိုက်အခံတို့ ပထမဆုံးအကြိမ်အဖြစ် အခန်းတစ်ခန်းတည်းတွင် မျက်နှာချင်းဆိုင် ဆွေးနွေးမည်ဟု ကုလသမဂ္ဂမှ ကြားဝင်ညှိနှိုင်းပေးသူ လက်ခ်ဒါ ဘရာဟီမီက ပြောကြားခဲ့သည်။

    ဘရာဟီမီမှာ ဂျီနီဗာတွင် နှစ်ဘက်စလုံးအား ၂ ရက်ကြာ သီးခြားစီတွေ့ဆုံခဲ့ပြီးနောက် ယခုကဲ့သို့ တစ်ခန်းတည်းတွင် တွေ့ဆုံရန် သဘောတူညီချက်ရခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးမှုအား ယနေ့တွင် ပြုလုပ်မည်ဖြစ်သည်။

    “ကျွန်တော်တို့ မနက်ဖြန်(စနေနေ့)မှာ တွေ့ဆုံမှာပါ။ ကောင်းမွန်တဲ့ အစပျိုးမှုဖြစ်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ပြီးတော့ ဆွေးနွေးပွဲကို နောက်တစ်ပါတ်ကုန်တဲ့အထိ ဆက်လက်ပြုလုပ်သွားမှာပါ” ဟု ဘရာဟီမီက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ထို့ပြင် ၂၀၁၂ ခုနှစ်တွင် ဂျီနီဗာမှ ကြေညာခဲ့သည် အသွင်ပြောင်းအစိုး ဖွဲ့စည်းရေး တိုက်တွန်းချက်တွင် ပါဝင်သော စည်းကမ်းချက်များကိုလည်း ဆီးရီးယားအစိုးရနှင့် အတိုက်အခံ နှစ်ဘက်စလုံးက လက်ခံမည်ဖြစ်ကြောင်း၊ တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုများ မပြုလုပ်ခင် ဆီးရီးယာအစိုးရနေဖြင့် Geneva 1 ကြေညာချက်ကို လက်ခံကြောင်း အတည်ပြုရန် အတိုက်အခံဘက်က တောင်းဆိုခဲ့ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    လက်ရှိသမ္မအာဆတ်အား ဖြုတ်ချရေးမှ အစပြုခဲ့ပြီး ၂ နှစ်နီးပါးကြာမြင့်လာခဲ့ပြီဖြစ်သည့် ဆီးရီးယားပြည်တွင်းစစ်တွင် အနည်းဆုံး ၁ သိန်း ၃ သောင်းခန့် သေဆုံးခဲ့ကာ သန်းချီသော ဆီးရီးယားပြည်သူများမှာလည်း အိုးအိမ်များကိုစွန့်ခွာ ထွက်ပြေးခဲ့ရသည်။

    Ref: .aljazeera