News @ M-Media

Author: M-Media

  • အမေရိကန် အထူးသံအမတ်ကြီး David Saperstein မန္တလေးမြို့မှ သမိုင်းဝင် ပန်းသေးဗလီဝတ်ကျောင်း သို့သွားရောက်လေ့လာ

    အမေရိကန် အထူးသံအမတ်ကြီး David Saperstein မန္တလေးမြို့မှ သမိုင်းဝင် ပန်းသေးဗလီဝတ်ကျောင်း သို့သွားရောက်လေ့လာ

    မေ ၆ ၊ ၂၀၁၅
    M-Media
    .Pantay Masjid3
    မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်ပြည်ထောင်စု ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အထူးသံအမတ်ကြီး David Saperstein နှင့် အဖွဲ့ဟာ မေလ ၅ ရက်နေ့ ညပိုင်းမှာ မန္တလေးမြို့ရှိ သမိုင်းဝင် ပန်းသေး ဗလီဝတ်ကျောင်းတော်ကို သွားရောက်လေ့လာခဲ့ကြောင်း သိရပါတယ်။
    .
    ဘာသာပေါင်းစုံက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး အခြေအနေတွေကို လေ့လာနေတဲ့ အထူးသံအမတ်ကြီး Saperstein ရဲ့ ခရီးစဉ်မှာ မေလ ၃ ရက်နေ့ကလည်း ရန်ကုန်မြို့ရှိ တခြမ်းပဲ့ ဗလီဝတ်ကျောင်းတော်သို့ သွားရောက်ပြီး လေ့လာခဲ့ပါသေးတယ်။

    ဓါတ်ပုံ- U.S. Embassy Rangoon

    Pantay Masjid

    Pantay Masjid2
    .
    ပန်းသေးမျိုးနွယ်စုအကြောင်း ပိုစ်များ ဖတ်လိုလျှင်
    ———————————————–
    ပန်လုံ ပန်းသေးတို့၏ သမိုင်းဖြစ်စဉ် အကျဉ်း
    http://wp.me/p2QCYJ-9cj
    .
    ပန်းသေး(တရုတ်အနွယ် မွတ်စလင်မ်) အမျိုးသားများ ဆင်းသက်လာပုံ သမိုင်းအကျဉ်း
    http://wp.me/p2QCYJ-56u

  • မျိုးစောင့် ဥပဒေနှင့် ပတ်သက်၍ စိုးရိမ်ဟု အမေရိကန်ပြော

    မျိုးစောင့် ဥပဒေနှင့် ပတ်သက်၍ စိုးရိမ်ဟု အမေရိကန်ပြော

    11205106_1583212588602330_4977429749082110853_n
    မြန်မာနိုင်ငံတွင် လူနည်းစု မွတ်စလင်များအပေါ် ခွဲခြားကန့်သတ်မှုများရှိနေသည်ဟု ဝေဖန်ခံနေရသော မျိုးစောင့်ဥပဒေများ ပြဋ္ဌာန်းရန် ကြိုးပမ်းမှုများအပေါ် စိုးရိမ်ပူပန်သည်ဟု ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ၏ အမေရိကန်ခရီးစဉ်အတွင်း အမေရိကန်အစိုးရက ထုတ်ဖော်ပြောဆိုလိုက်ကြောင်း Reuters သတင်း တရပ် အရ သိရှိရသည်။

    သူရဦးရွှေမန်းနှင့် အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်မြို့တွင် တွေ့ဆုံခဲ့သော အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Antony Blinken က မျိုးစောင့်ဥပဒေနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ထုတ်ဖော်ပြောဆိုသည့်အပြင် ၂၀၁၅ ရွေးကောက်ပွဲ သည် အားလုံးပါဝင်နိုင်ပြီး အများကယုံကြည်လက်ခံနိုင်သည့် ပွင့်လင်း မြင်သာသော ရွေးကောက်ပွဲ ဖြစ်ရန် အရေးကြီး သည် ဟု အလေးပေးပြောဆိုခဲ့ကြောင်း ယင်းသတင်းက ဆိုသည်။

    အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Antony Blinken က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်၊ တိုင်းရင်းသား အဖွဲ့များနှင့် ပြန်လည်သင့်မြတ်မှုရရှိရန်နှင့် လူ့အခွင့် အရေး ကိစ္စများအတွက် ရေရှည်တည်တံ့မည့် အဖြေများ ရရှိရန် လိုအပ်သည်ဟု ဦးရွှေမန်းကို တိုက်တွန်းပြောဆိုသည်ဟု သိရှိရသည်။

    လူနည်းစု မူစလင်များကို ထုတ်ပေးထားသည့် White Card များ ပြန်လည် ရုပ်သိမ်းခြင်း အပေါ် အမေရိကန်နိုင်ငံက စိုးရိမ်ကြောင်း Antony Blinken က ထုတ်ဖော်ပြောကြားခဲ့ပြီး ယခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ကျောင်းသားဆန္ဒပြပွဲများကို အင်အားသုံးဖြိုခွဲခဲ့ခြင်း နှင့် ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုတခု ပြုလုပ် ရန်လည်း သူက တောင်းဆိုခဲ့သည်။

    မြန်မာအစိုးရက White Card ယာယီသက်သေခံ ကတ်ပြားများကို ပြန်လည်အပ်နှံရန် ကြေညာခဲ့ပြီး လွှတ်တော်က White Card ကိုင်ဆောင်သူများကို ပေးအပ်ထားသည့် နိုင်ငံသား အခွင့်အရေးများကိုကို ပြန်လည်ရုပ်သိမ်းခဲ့သည်။

    ဦးရွှေမန်း၏ အမေရိကန်ခရီးစဉ်အတွင်း အမေရိကန်အစိုးရတာဝန်ရှိသူများက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကို သမ္မတရာထူးအတွက် ၀င်ရောက်ယှဉ်ပြိုင် ခွင့်မှ တားဆီးနေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင် ပေးရန် အလေးပေး ပြောဆိုကြောင်း သိရှိရသည်။

    ဦးရွှေမန်းက အခြေခံဥပဒေပြင်ဆင်ရန် ဆန္ဒရှိသော်လည်း အထွေထွေ ရွေးကောက်ပွဲ က နိုဝင်ဘာလတွင် ကျင်းပတော့ မည်ဖြစ်သည့် အတွက် အချိန်နည်းနေကြောင်း၊ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ရန် စိတ်ဝင်စားကြောင်း အမေရိကန် အစိုးရ တာဝန်ရှိသူများကို အသိပေးပြောဆိုသည်ဟု သိရှိရသည်။

    ၁၀ စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့် စစ်အုပ်ချုပ်ရေး စနစ်အဆုံးသတ်ခဲ့ပြီး နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့သည့် ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် အမေရိကန်နှင့် အနောက်နိုင်ငံများက အရေးယူပိတ်ဆို့မှု အများစုကို ပယ်ဖျက်ပေးခဲ့သော်လည်း ပြုပြင်ပြောင်းလဲရေးက ရပ်တန့်နေသည်ဟု ဝေဖန်သုံးသပ်မှုများ ရှိနေသည်။

    ဓါတ်ပုံ- အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Antony Blinken နှင့် တွေ့ဆုံဆွေးနွေး နှင့်  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း တွေ့ဆုံဆွေးနွေးစဉ်
    Photo Credit – သူရ ဦးရွှေမန်း FB

    ဧရာဝတီမှ ကူးယူဖော်ပြပါသည်။

    http://burma.irrawaddy.org/news/2015/05/05/74531.html

  • ထိုင်းနယ်စပ်က လူကုန်ကူးစခန်းများမှ လူ့အသက်ပေါင်းများစွာ

    ထိုင်းနယ်စပ်က လူကုန်ကူးစခန်းများမှ လူ့အသက်ပေါင်းများစွာ

    မေ ၅ ၊ ၂၀၁၅
    M-Media
    thailand-myanmar-bangladesh-migration-minority_ch_49919419
    – ရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်သူ ကူရာမီယာတစ်ယောက် နယ်စပ်ရှိ စခန်းတစ်ခုတွင် ဖမ်းဆီးခံထားရသည့် တူဖြစ်သူ ကာဇင်ကို ကယ်တင်ရန် အတွက် ဘတ် ၉၅၀၀၀(မြန်မာငွေ သိန်း ၃၀ ကျော်) ပေးခဲ့ရသည်။ သို့သော်လည်း တူဖြစ်သူအား ပြန်မတွေ့ရတော့။ ဆွန်ခ်လာပြည်နယ် ဆာဒါအိုခရိုင်ရှိ လူသေများ အစုလိုက်အပြုံလိုက် မြှုပ်နှံထားသော နေရာမှ မကြာသေးမီက ပြန်ဖော်ခဲ့သည့် အလောင်း ၂၆ လောင်းထဲတွင် ကာဇင်၏ အလောင်းလည်း ပါလာခဲ့သည်။

    ထိုကံကြမ္မာဆိုးက လွတ်မြောက်လာသည့် ရွှေ့ပြောင်းလုပ်သားတစ်ဦးက အာနူဝါဟုခေါ်သော လူကုန်ကူးသူတစ်ယောက်နှင့် ၎င်း၏ လူယုံတစ်ဦးတို့မှာ ကာဇင်အား သေသည်အထိ ရိုက်ခဲ့သည်ကို တွေ့ခဲ့ရသည်ဟု ပြောကြားခဲ့သည်။ အမည်မဖော်လိုသည့် အခြေအနေတွင် စကားပြန်မှတစ်ဆင့် ၎င်းက ပြောကြားရာတွင် လူကုန်ကူးခံရသူများ သို့မဟုတ် ပြန်ပေးဆွဲခံရသူများအား ဖမ်းဆီးထိန်းသိမ်းထားသော  ထိုင်း-မလေးရှား နယ်စပ်တစ်လျှောက်ရှိ စခန်းများတွင် လူပေါင်း ၅၀၀ ကျော် အသတ်ခံခဲ့ရကြောင်း ကြားခဲ့သည်ဟု ဆိုသည်။

    “အဲဒီစခန်းတွေမှာ ရိုဟင်ဂျာရွှေ့ပြောင်းသူတွေ ရှိနေပြီး ကတိပေးထားတဲ့အလုပ် ရဖို့ ဒါမှမဟုတ် ပြန်ပေးငွေ လာဖို့ စောင့်နေကြပါတယ်” ဟု သူက ပြောကြားခဲ့သည်။

    သူက မိမိမှာ မလေးရှားတွင် အလုပ်ရှာပေးမည်ဟုသော ကမ်းလှမ်းမှုဖြင့် လွန်ခဲ့သည့် ၆ လက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ထွက်လာခြင်းဖြစ်သည်ဟု ဆိုသည်။ ၎င်းမှာ လူ ၇၀၀၊ ၈၀၀ ခန့်ကို ဖမ်းဆီးထားသည့် ထိုစခန်းတွင် ကာဇင်ကဲ့သို့ပင် နေထိုင်ခဲ့ရသည်။

    “ကျွန်တော့်အတွက် ပြန်ပေးငွေပေးဖို့ အမေက ခြံရောင်းခဲ့ရပါတယ်။ ဒါ့ကြောင့် ကျွန်တော် အသက်ရှင်နေသေးတာပေါ့” ဟု သူက ဆိုသည်။

    အာနူဝါက ၎င်းအား ပထမဆုံး ဆက်သွယ်သည့်အချိန်တွင် ကာဇင်လွတ်မြောက်ရေးအတွက် ဘတ် ၉၅၀၀၀ ပြန်ပေးငွေပေးချေရန် သဘောတူခဲ့သည်ဟု ကူရာမီယာက ပြောသည်။
    c1_548439_150501171954_620x413
    “ဒါပေမယ့် ကျွန်တော် ပိုက်ဆံလွှဲပြီးတဲ့နောက်မှာ သူ့ဘက်က ဘာမှ အသံမကြားတော့ပါဘူး။ အဲဒီနောက် ၁၅ ရက်လောက်အကြာမှာ သူက ဘတ် ၁၂၀၀၀၀ (ကျပ် သိန်း ၄၀)  ထပ်တောင်းပါတယ်” ဟု ကူရာမီယာက ကြေကွဲဆို့နင့်စွာပြောသည်။

    သူက မိမိတွင် ပိုက်ဆံ ထပ်မရှိတော့ဟု ပြန်ပြောခဲ့ပြီး ထိုင်းနိုင်ငံ နာခွန် ဆီ သမ်မာရက်ပြည်နယ်ရှိ ရဲတပ်ဖွဲ့သို့ သွားရောက်တိုင်ကြားရန် ဆုံးဖြတ်ခဲ့သည်။ ထိုကဲ့သို့ တိုင်ကြားပြီးနောက်ပိုင်းတွင် ကာဇင်မှာ အာနူဝါနှင့် လူယုံတို့၏ ရိုက်နှက်သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်ဟု ကြားခဲ့ရကြောင်း ကူရာမီယာက ပြောကြားခဲ့သည်။

    အသက်ရှင်ကျန်ရစ်သူက သက်သေအဖြစ် ထွက်ဆိုခဲ့သောကြောင့် ရဲတပ်ဖွဲ့က အာနူဝါအား ဖမ်းဝရမ်းထုတ်ခဲ့ပြီး ယခုအချိန်တွင် ဖမ်းဆီးရမိခဲ့ပြီ ဖြစ်သည်။

    ထိုကိစ္စအတွက် ဆက်လက်စုံစမ်းမှုများ ပြုလုပ်ရာတွင် ဆာဒါအိုရှိ စခန်များကို ထပ်တွေ့ခဲ့ရပြီး အလောင်းအများစု မဖော်ရသေးသည့် အစုလိုက်အပြုံလိုက် မြှုပ်နှံထားသောနေရာများကိုလည်း တွေ့ရှိခဲ့ရသည်။

    Thailand Bodies Discovered-1

    စခန်းမှ လွတ်မြောက်လာသူက ၎င်းရှိနေသည့်အချိန်တွင် ၁၇ ဦးမှ ၂၀ ကြား အသတ်ခံခဲ့ရသည်ဟု ဆိုသည်။

    “သူတို့တွေဟာ သေနတ်နဲ့ရော တုတ်နဲ့ပါ ပစ်သတ်၊ ရိုက်သတ် ခံခဲ့ရပါတယ်” ဟု ၎င်းက ဆိုသည်။

    ဆွေမျိုးများက ပြန်ပေးငွေ မပေးနိုင်သည့် သူများမှာ ဆိုးဆိုးဝါးဝါး တိုက်ခိုက်ခံရမည် သို့မဟုတ် အစာမကြွေး၊ ရေမတိုက်ဘဲ သေသည်အထိ စွန့်ပစ်ထားခံရမည်ဟု ဆိုသည်။

    အမျိုးသား လက်ထောက်ရဲမင်းကြီး ဗိုလ်ချုပ် ဂျာရမ်ပွန် ဆူရာမန်းနီးက အဆိုပါ စခန်းမှ တူးဖော်ရရှိသည့် အလောင်းအများစုမှာ အရိုးများကျနေပြီး၊ အလောင်း ၆ ခုသာ ပျက်ဆီးနေသော အလောင်းများဖြစ်သည်ဟု ယမန်နေ့ (မေ ၃ ရက်နေ့) တွင် ပြောကြားခဲ့သည်။

    “ဒဏ်ရာရတာမျိုး မတွေ့ရပါဘူး။ ဒါ့ကြောင့် အများစုဟာ ရောဂါ ဒါမှမဟုတ် အဟာရပြတ်လတ်ပြီး သေဆုံးသွားတယ်လို့ ကျွန်တော်တို့ ယူဆပါတယ်” ဟု သူက ပြောကြားခဲ့သည်။
    rohingya_dst02_49896755
    ဂျာရမ်ပွမ်က အဆိုပါ အလောင်းများကို ဦးခေါင်းများ မြောက်ဘက်သို့ထားကာ ဘာသာရေး ထုံးတမ်းစဉ်လာများဖြင့် သင်္ဂြိုဟ်ပြီးခဲ့ပြီဟု ပြောကြားခဲ့သည်။

    ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ပရာဝွတ် သာဗွန်ဆီရီက ယခုအဖြစ်အပျက်တွင် အပြစ်ရှိသူများကို တရားဥပဒေရှေ့မှောက်သို့ မဖြစ်မနေ ခေါ်ဆောင်လာရမည်ဟု ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့် ဒုတိယ၀န်ကြီးချုပ် ပရာဝစ် ၀ွန်ဆူဝန်တို့က ပြတ်ပြတ်သားသား ပြောကြားခဲ့သည်ဟု ဆိုသည်။

    အမျိုးသားရဲတပ်ဖွဲ့ မဟာမင်းကြီး ဗိုလ်ချုပ်ကြီး ဆွမ်ယွတ် ပွန်ပန်မောင်က အထူးစုံးစမ်းစစ်ဆေးရေး အဖွဲ့ကို ဦးဆောင်ရန် လက်ထောက်မဟာမင်းကြီး ဗိုလ်ချုပ်ကြီး ဂျက်သစ်ပ် ချိုင်ချင်ဒါကို တာဝန်ပေးခဲ့သည်။

    “ဒီအဖွဲ့ဟာ တောင်ပိုင်းကိုသွားပြီး ဒီပြဿနာကို ဖြေရှင်းမှာပါ” ဟု ပရာဝွတ်က ဆိုသည်။

    ကာဇင်၏ အမှုအတွက် သက်သေအဖြစ် ထွက်ဆိုထားသည့် လွတ်မြောက်လာသူက ထိုင်းလူမျိုး ဇနီးမောင်နှံဖြစ်ပြီး ဘန်ချီးနှင့် ဖရီဒါဟုသာ သိရသော ဇနီးမောင်နှံ ၂ ဦးမှ ၎င်းနှင့် ကာဇင်တို့ ထိန်းသိမ်းခံထားရသော စခန်းကို ပိုင်ဆိုင်သည်ဟု ပြောကြားခဲ့သည်။

    “သူတို့က စခန်းထဲကိုလာပြီး လူအရေအတွက်နဲ့ ပြန်ပေးငွေတွေကို စစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

    တာ့က်ပြည်နယ်မှ ရဲတပ်ဖွဲ့ကလည်း မြန်မာအမျိုးသမီး ၂ ဦး ထိုင်းနိုင်ငံသို့ သွားရောက်ရန် ဖျားယောင်းသွေးဆောင်ခြင်းခံခဲ့ရပြီး ဘန် ဟွေ နော့က် ဒေသရှိ စိုက်ပျိုးရေးခြံတစ်ခုတွင် ထိန်းသိမ်းခံထားရသည်ဟူသော သတင်းအား လိုက်နေကြသည်။

    အသက် ၁၃ နှစ်နှင့် ၁၅ နှစ်အရွယ်ရှိ အဆိုပါ အမျိုးသမီးငယ် ၂ ဦးမှာ နယ်စပ်ရှိရွာမှ အမျိုးသားတစ်ဦးနှင့် ထွက်သွားစဉ်ကတည်းက တစ်ကြိမ်သာ မိသားစုကို အဆက်အသွယ်လုပ်ခဲ့သည်။ ၎င်းတို့၏ မိသားစုကမူ အတူပါသွားသူ အမျိုးသားမှာ လူကုန်ကူးသူတစ်ယောက် ဖြစ်ပုံရသည်ဟု အာဏာပိုင်များအား ပြောကြားခဲ့သည်။

    ထိုင်းအစိုးရမှ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဆန်ဆန် ကွဲကမ်နာ့ဒ်က ၀န်ကြီးချုပ် ပရာယွတ်မှာ ရိုဟင်ဂျာများအား လူကုန်ကူးမှုတွင် ပါဝင်ပတ်သက်သည့် အစိုးရ၀န်ထမ်းများကို ပြင်းပြင်းထန်ထန် အပြစ်ပေးရန် အမိန့်ပေးမည်ဟုဆိုပြီး ၀န်ကြီးချုပ်က လိုအပ်သည်ဟု ယူဆပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ အပိုဒ် ၄၄ ကို ကျင့်သုံးကောင်း ကျင့်သုံးနိုင်သည်ဟု ပြောကြားခဲ့လေသည်။

    Ref: The Nation
    လေးမောင် ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

  • လူနည်းစု ဘာသာဝင်တွေ အခက်ကြုံနေရကြောင်း ကန် ဘာသာရေး အထူးသံ ဝေဖန်

    လူနည်းစု ဘာသာဝင်တွေ အခက်ကြုံနေရကြောင်း ကန် ဘာသာရေး အထူးသံ ဝေဖန်

    VOA(မြန်မာပိုင်း) မှ ကူးယူဖော်ပြသည်။
    .AD4C4AE6-8502-42B3-8684-722792388464_w640_r1_cx0_cy24_cw0_s
    မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလမှာ တိုးတက်မှုတွေရှိနေပေမယ့် ဘာသာရေးဆိုင်ရာမှာ တင်းမာမှုတွေရှိနေဆဲဖြစ်ပြီး လူနည်းစုသာ ကိုးကွယ်တဲ့ ဘာသာတွေအနေနဲ့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ အမေရိကန်ပြည်ထောင်စု ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အထူးသံအမတ်ကြီး David Saperstein က မြန်မာနိုင်ငံ ခရီးစဉ်မှာ သုံးသပ်လိုက်ပါတယ်။ ဘာသာပေါင်းစုံက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး အခြေအနေတွေကို လေ့လာနေတဲ့ အထူးသံအမတ်ကြီး Saperstein ရဲ့ ခရီးစဉ်အကြောင်းကိုတော့ လိုက်ပါ သတင်းယူထားတဲ့ VOA သတင်းထောက် မသိင်္ဂီလင်းက တင်ပြပေးထားပါတယ်။
    .
    ပြုပြင်ပြောင်းလဲနေတဲ့ကာလအတွင်း မြန်မာနိုင်ငံမှာ မှန်ကန်တဲ့ တိုးတက်မှုတွေရှိနေပေမယ့်လည်း လူနည်းစုကိုးကွယ်တဲ့ဘာသာတွေမှာ လွတ်လပ်မှုမရှိဘဲ ဘာသာဝင်အနေနဲ့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်ပြည်ထောင်စု ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အထူး သံအမတ်ကြီး David Saperstein က VOA ကို အခုလို ပြောဆိုလိုက်ပါတယ်။
    .
    “မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကူးပြောင်းတဲ့ခရီးမှာ တိုးတက်မှုတွေရှိနေပေမယ့်လည်း ဘာသာရေးလွတ်လပ်မှုအပိုင်းမှာတော့ ဘာသာရေးတင်းမာမှုတွေ၊ လူနည်းစု ကိုးကွယ်တဲ့ ဘာသာတွေအနေတဲ့ တူညီတဲ့အခွင့်အရေးမရတာတွေ၊ စတဲ့အခြေအနေအေပေါ်မှာ စိုးရိမ်စရာတွေရှိပါတယ်။ နိုင်ငံတွင်းမှာ ဘုရားကျောင်းဆောက်ခွင့်မပြုတဲ့ တားမြစ်ချက်မျိုးတွေရှိနေသလို လူမှုရေးတင်းမာမှုတွေလည်း ရှိနေပါတယ်။ ဒါ့အပြင် လူနည်းစုဘာသာဝင်တွေ နေထိုင်ရာနေရာတွေကို ဝင်ရောက်တိုက်ခိုက်တာမျိုး၊တွေလည်း ရှိနေပါတယ်။”
    .
    အထူးသံအမတ်ကြီးဟာ ရန်ကုန်မြို့ကို မေလ ၁ ရက်နေ့ကတည်းက ရောက်ရှိပြီး ဘာသာပေါင်းစုံက တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ သူ့အနေနဲ့ ဘာသာပေါင်းစုံက ဘာသာဝင်တွေ ညီညွတ်ကြဖို့ အားပေးသွားမှာဖြစ်တယ်လို့လည်း သူကဆိုပါတယ်။ ဒီခရီးစဉ်မှာ အစိုးရအဖွဲ့က တာဝန်ရှိသူတွေနဲ့လည်းတွေ့ဆုံပြီး ဘာသာရေးလွတ်လပ်ခွင့်အတွက် လိုအပ်ချက်တွေကို ထောက်ပြပြောဆိုသွားမယ်လို့လည်း သူက ဆိုပါတယ်။
    .
    “ဒီခရီးစဉ်မှာ ကျနော်တို့ အဓိကကျတဲ့ ဘာသာကြီးတွေရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးပါပြီ။ အချင်းချင်း သိပြီးသားတွေပါသလို မသိတဲ့လူတွေလည်း ပါပါတယ်။ ဒီခရီးစဉ်မှာတော့ ကျွန်တော်က သူတို့တွေအားလုံးကို စုစုစည်းစည်းနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံပေးလိုက်ပါတယ်။ အစိုးရအဖွဲ့နဲ့လည်းတွေ့ပြီး လူနည်းစုဘာသာဝင်တွေ လွတ်လွတ်လပ်လပ် ကိုးကွယ်နိုင်အောင်၊ ခွဲခြားဆက်ဆံမှုတွေ လျော့နည်းအောင်၊ လူနည်းစုဘာသာဝင်ဝန်ထမ်းတွေကို အစိုးရဌာနတွေ၊ စစ်တပ်တွေထဲမှာ ရာထူးတိုးပေးဖို့၊ ဘာသာရေးအဆောက်အအုံတွေ ဆောက်ခွင့်မပေးတဲ့ တားမြစ်ချက်ကို လျော့ပေါ့စေဖို့ စတာတွေ နှိုးဆော်သွားမှာပါ။ တဆင့်ပြီးတဆင့် ဆောင်ရွက်မှသာ နောက်ပိုင်းမှာ စင်စစ်ပြောင်းလဲမှုဖြစ်လာပြီး ဘာသာရေးလွတ်လပ်ခွင့်တွေ တိုးတက်လာမှာပါ။”
    .
    ပြဌာန်းဖွယ်ရှိနေတဲ့ မျိုးစောင့်ဥပဒေမူကြမ်း ၄ ရပ်ဖြစ်တဲ့ ဘာသာကူးပြောင်းခြင်း၊ ဘာသာခြားချင်းလက်ထက်ထိမ်းမြားခြင်း၊ တစ်လင်တစ်မယားစနစ်နဲ့ လူဦးရေတိုးပွားနှုန်း စတာတွေဟာ လူ့အခွင့်အရေးကို ထိခိုက်နေတယ်လို့လည်း အထူးသံအမတ်ကြီး David Saperstein က သုံးသပ်ပါတယ်။ မျိုးစောင့်ဥပဒေကို အတည်ပြုလိုက်ခြင်းအားဖြင့် ဒီမိုကရေစီစနစ် အားနည်းလာနိုင်ကြောင်း မြန်မာအစိုးရကို သတိပေးသွားမယ်လို့လည်း ဆိုပါတယ်။
    .
    “ဒီလူနည်းစုဘာသာဝင်တွေအားလုံးကို သူတို့ရဲ့ ဘာသာရေးဆိုင်ရာ ယုံကြည်သက်ဝင်မှုတွေအတိုင်း လက်ခံဆောင်ရွက်ပေးသွားနိုင်ဖို့ အစိုးရကို ကျနော်တို့ဘက်က ကြိုးစား တိုက်တွန်းနေပါတယ်။ ဒီမိုကရေစီစနစ်ကို ကူးပြောင်းနေတဲ့နိုင်ငံမှာ လူနည်းစုဘာသာဝင်တွေအနေနဲ့ သူတို့ရဲ့ဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်မရတဲ့အခါ ပဋိပက္ခတွေ ဖြစ်လာပြီး နိုင်ငံတည်ငြိမ်အေးချမ်းမှုမရှိတော့ဘဲ ဒီမိုကရေစီလည်း တဖြည်းဖြည်း အားနည်းလာပါ လိမ့်မယ်။ ဒါကြောင့် ကျနော်တို့ကတော့ အစိုးရအနေနဲ့ ဒီမျိုးစောင့်ဥပဒေကို အတည်မပြုဖို့ မျှော်လင့်ပါတယ်။ အတည်ပြုလိုက်မယ်ဆိုရင်လည်း အခြေခံလူ့အခွင့်အရေးတွေကို တင်းတင်းကျပ်ကျပ်ကာကွယ်ထားရပါမယ်။ ဒါမှလည်း လူနည်းစုဘာသာဝင်တွေကို မထိခိုက်နိုင်မှာပါ။”
    .
    မြန်မာနိုင်ငံကို မေလ ၁ ရက်နေ့ကတည်းက ရောက်ရှိနေတဲ့ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ သံအမတ်ကြီး David Saperstein ဟာ ရန်ကုန်မြို့ထဲက ဗလီ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေ၊ ဂျူးဘုရားရှိခိုးကျောင်းတွေကို သွားရောက်ပြီး ဘာသာဝင်တွေရဲ့ အခြေအနေတွေကို လေ့လာခဲ့ပါတယ်။ ဒီနေ့ မေလ ၄ ရက်နေ့မှာတော့ နေပြည်တော်မှာ နိုင်ငံခြားရေးဝန်ကြီးနဲ့ သွားရောက်တွေ့ဆုံခဲ့ပြီး နောက်နေ့တွေမှာတော့ မန္တလေးနဲ့ ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့ကိုလည်း သွားဖို့ရှိပါတယ်။
    .
    ဓါတ်ပုံ-အမေရိကန်ပြည်ထောင်စု ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အထူးသံအမတ်ကြီး David Saperstein

    http://burmese.voanews.com/content/ameican—-speial-relious-envoy-criticitizes-on-minority-religious-difficulties-/2747639.html

  • ဘာသာရေး လွတ်လပ်ခွင့် သံတမန် တွေ လာရောက်

    ဘာသာရေး လွတ်လပ်ခွင့် သံတမန် တွေ လာရောက်

    11037467_830243417057479_8109994440231484437_n
    အမေရိကန်နဲ့ ကနေဒါက နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် အထူး သံတမန်တွေ မြန်မာနိုင်ငံကို မေလ ၂ ရက်က ၅ ရက်ထိ လာပြီး လေ့လာမှုတွေ လုပ်နေကြပါတယ်။
    .
    ဒီလို လာလေ့လာရာမှာ ရွေးကောက်ပွဲ ကာလအတွင်းမှာ ဘာသာရေးကို အသုံးချပြီး အမုန်းတရားတွေ ဖြန့်ဖြူးမှာကို စိုးရိမ်မိကြောင်း မြန်မာနိုင်ငံမှာ ရောက်နေတဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အထူး သံတမန် David Saperstein နဲ့ ကနေဒါ နိုင်ငံ ဘာသာရေး လွတ်လပ်ခွင့်ဌာန သံအမတ်ကြီး Andrew Bennett တို့ က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
    .
    ဒီခရီးစဉ် အတွင်း သံအမတ်ကြီးတွေက ဘာသာရေး အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ရော အစိုးရနဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံရေး ပါတီတွေနဲ့ပါ တွေ့ဆုံဖို့ ရှိပါတယ်။
    .
    ရခိုင်ပြည်နယ်မှာ ဝှိုက်ကပ်ကိုင်သူတွေ မဲပေးခွင့် ဆုံးရှုံးမှာ၊ သူတို့ကို နိုင်ငံသား လက်မှတ် ထုတ်မပေးမှာကို စိုးရိမ်လို့ သံတမန်တွေက မေးမြန်း စုံစမ်းကြတယ်လို့ သူတို့နဲ့ တွေ့ဆုံ ခဲ့တဲ့ Women Peace Network Arakan က မဝေဝေနုက ပြောပါတယ်။
    .
    လက်ရှိ ဘာသာရေး လွတ်လပ်ခွင့် အခြေအနေတွေ ပိုဆိုး မလာအောင် ဒီသံတမန်တွေက မြန်မာ အစိုးရနဲ့ရော သက်ဆိုင်ရာ အစိုးရတွေနဲ့ပါ တိုင်ပင် ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်တယ်လို့လည်း သူက ဆိုပါတယ်။
    .
    မြန်မာအစိုးရ အနေနဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးတွေ လုပ်နေတာထက် အောက်ခြေ အစိုးရ အဖွဲ့အစည်းတွေမှာ ဘာသာရေး အရ ခွဲခြား ဖိနှိပ်မှုတွေ ရှိနေတာကို ပြုပြင်ဖို့ သံတမန်တွေနဲ့ တွေ့ခဲ့သူတွေက တိုက်တွန်း အကြံပေးခဲ့ကြပါတယ်။
    .
    မြန်မာနိုင်ငံကို ဘာသာရေး လွတ်လပ်ခွင့် စိုးရိမ်ရတဲ့ နိုင်ငံအနေနဲ့ အမေရိကန်က စာရင်းသွင်းထားခဲ့ပါတယ်။
    .
    သတင်း- ဘီဘီစီ(မြန်မာပိုင်း)
    ဓါတ်ပုံအညွှန်း- နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အထူး သံတမန် David Saperstein ရန်ကုန်မြို့ တခြမ်းပဲ့ ဗလီဝတ်ကျောင်းတော်သို့ သွားရောက်လည်ပတ်စဉ်
    Photo Credit – U.S. Embassy Rangoon

    http://www.bbc.com/burmese/burma/2015/05/150503_religious_ambassadors_us

    11205160_830287980386356_4258513111728204501_n

    10404437_830243397057481_3029196157194900569_n