News @ M-Media

Author: Ko Lay

  • သစ်ပင်များ တရားဝင်မွေးစားနိုင်မည့် ဥပဒေကို အိန္ဒိယပြည်နယ်တစ်ခု ပြဌာန်း

    သစ်ပင်များ တရားဝင်မွေးစားနိုင်မည့် ဥပဒေကို အိန္ဒိယပြည်နယ်တစ်ခု ပြဌာန်း

    ဇန်န၀ါရီ ၁၇၊ ၂၀၁၈
    M-Media

    ဆစ်ကင်မ်ပြည်နယ် မြင်ကွင်းတစ်ခု

    – သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အားပေးတဲ့အနေနဲ့ အိန္ဒိယပြည်နယ်တစ်ခုဟာ သစ်ပင်တွေ တရားဝင် မွေးစားစိုက်ပျိုးနိုင်တဲ့ ဥပဒေကို ပြဌာန်းလိုက်ပါတယ်။

    ဟိမ၀န္တာ တောင်တန်းပေါ်က တရုတ်နယ်စပ်အနီးမှာရှိတဲ့ ဆစ်ကင်မ်ပြည်နယ်ဖြစ်ပြီး သစ်ပင်တွေကို မိမိရဲ့ သားသမီး၊ ညီအစ်ကိုမောင်နှမအဖြစ် မွေးစားကာ စိုက်ပျိုးနိုင်မှာဖြစ်ပါတယ်။ ကွယ်လွန်သွားတဲ့ မိသားစုဝင်၊ ဆွေမျိုးသားချင်းတွေကို အမှတ်တရအနေနဲ့လည်း သစ်ပင်တွေကို သတ်မှတ် စိုက်ပျိုးနိုင်ဖို့ ဥပဒေမှာ ထည့်သွင်းထားပါတယ်။

    ဒါဟာ လူတွေနဲ့ သစ်ပင်တွေကြားထဲမှာ မိသားစုဆက်ဆံရေးကို အားပေးဖို့ဖြစ်ပြီး ကမ္ဘာပေါ်က တစ်ခြား ဘယ်နိုင်ငံမှာမှမရှိတဲ့ ဥပေဒမျိုးဖြစ်တယ်လို့ ပြည်နယ်အစိုးရတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

    သစ်ပင်တွေကို မွေးစားစိုက်ပျိုးချင်တဲ့သူတွေအနေနဲ့ ပထဆုံး ဖောင်ဖြည့်ကာ ပြည်နယ် သစ်တောဌာနကိုတင်ပြီး ခွင့်ပြုချက်တောင်းရမှာ ဖြစ်ပါတယ်။

    ကက်ကတားမြို့ ပတ်ဝန်းကျင်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး နှစ်ပေါင်း ၄၀ လောက် လှုပ်ရှားခဲ့တဲ့ အိန္ဒိယရဲ့ ထိပ်တန်း ဂေဟဗေဒပညာရှင် ဆူဘ်ဟက်စ် ဒူတာက ဆစ်ကင်မ်ပြည်နယ်ရဲ့ ဒီကြိုးပမ်းမှုကို ကြိုဆိုခဲ့ပါတယ်။

    “သစ်ပင်တွေဆိုတာ ကျွန်တော်တို့ရဲ့ အကောင်းဆုံး မိတ်ဆွေတွေပါ။ ဒါ့ကြောင့် ဒီသစ်ပစ်တွေကို ကျွန်တော်တို့ရဲ့ ကလေးတွေ၊ ညီအစ်ကို၊ မောင်နှမတွေအဖြစ် မွေးစားတာဟာ ထူးခြားတဲ့ အယူအဆပါပဲ။ အပင်တွေဟာ အသီးတွေ၊ အရိပ်တွေ၊ အောက်ဆီဂျင်တွေပေးသလို၊ မြေဆီပျက်ဆီးမှုကိုလည်း ထိန်းသိမ်းပေးပါတယ်။ သူတို့ဟာ ပေးဆပ်ခြင်းပဲရှိပြီး၊ ရယူခြင်း မရှိပါဘူး” လို့ ဒူတာက ပြောပါတယ်။

    ဆစ်ကင်မ်ပြည်နယ်ဟာ အိန္ဒိယမှာ သစ်ပင်သစ်တော အများအပြားရှိရာ ဒေသဖြစ်ပြီး ပြည်နယ်တစ်ခုလုံးရဲ့ ၄၇.၈ ရာခိုင်နှုန်းသစ်တောတွေနဲ့ အလွန် သာယာလှပတဲ့ ပြည်နယ်တစ်ခု ဖြစ်ပါတယ်။

    Ref: Alarabiya

  • ၂၀၂၆ ခုနှစ် ကမ္ဘာဖလားကျင်းပခွင့်ရရင် မော်ရိုကို လျှောက်ထား

    ၂၀၂၆ ခုနှစ် ကမ္ဘာဖလားကျင်းပခွင့်ရရင် မော်ရိုကို လျှောက်ထား

    ဇန်န၀ါရီ ၁၇၊ ၂၀၁၇
    M-Media

    မော်ရိုကိုမြို့တော် ကာဆာဘလန်ကာ

    – ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရေးအတွက် မော်ရိုကိုနိုင်ငံက နောက်ဆုံးအချိန်ရောက်မှ လျှောက်ထားလိုက်သည်ဟု သိရသည်။

    အာဖရိကတိုက်မှာ ကမ္ဘာ့ဖလားကို ၂၀၁၀ ပြည့်နှစ်တွင် တစ်ကြိမ်သာ တောင်အာဖရိကနိုင်ငံ၌ ကျင်းပခဲ့ဖူးပြီး အာဖရိက ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ အဟ်မဒ် အဟ်မဒ်က မော်ရိုကိုနိုင်ငံကို အပြည့်အ၀ထောက်ခံခဲ့သည်။

    “ကြီးကျယ်တဲ့ အာဖရိကတိုက်ကြီးက ကမ္ဘာ့ဖလားပွဲကို နှစ်တစ်ရာမှာ တစ်ကြိမ်သာ ကျင်းပခွင့်ရတာဟာ မမျှတာတာကြောင့် အခုကြိုးပမ်းမှုဟာ ကျွန်တော်တို့ရဲ့မျှော်လင့်ချက်၊ အိမ်မက်တွေပါပဲ။ ကျွန်တော်တို့တိုက်က နိုင်ငံတစ်ခုအနေနဲ့ ဒီလိုအခွင့်အလမ်းမျိုးရအောင် လုပ်စေချင်တာဟာ ကျွန်တော်တို့အတွက် နည်းလမ်းကျတယ်လို့ ထင်ပါတယ်။ ဒီလျှောက်ထားမှုကို ဥက္ကဌတစ်ယောက်အနေနဲ့ ထောက်ခံဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်”

    ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပထမဆုံး နိုင်ငံပေါင်း ၄၈ နိုင်ငံ ပါဝင်နိုင်မည့် ပြိုင်ပွဲဖြစ်သည်။

    မော်ရိုကိုမြို့တော် ကာဆာဘလန်ကာတွင် မကြာသေးမီကမှ ပြန်လည်ပြင်ဆင်ထားသည့် မိုဟာမက် ၄ အားကစားကွင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အဓိကကွင်းဖြစ် စာရင်းသွင်းမည်ဖြစ်သည်။

    လက်ရှိတွင် မော်ရိုကိုမှာ အာဖရိကတိုက်၏ ဒုတိယအကြီးဆုံး ဘောလုံးပြိုင်ပွဲဖြစ်သော အာဖရိကနိုင်ငံများ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲကို ကျင်းပနေသည်။

    မော်ရိုကိုမှာ အာဖရိက၏ အကြီးဆုံး ဘောလုံးပြိုင်ပွဲ အာဖရိကနိုင်ငံများဖလားနှင့် အားကစားသမား ၁၇၀၀၀ ပါဝင်သည့် Francophone Games တို့ကိုလည်း ကျင်းပခဲ့ဖူးသည်။

    ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ပူးတွဲကျင်းပရန်အတွက် အမေရိကန်၊ ကနေဒါနှင့် မက္ကဆီတို့ကလည်း လျှောက်ထားခဲ့သောကြောင့် မော်ရိုကိုမှာ ကျင်းပခွင့်ရရန် အခွင့်အလမ်း နည်းနေသည်။

    Ref: Aljazeera

  • အစ္စလာမ်ကလေးငယ်များ ဓမ္မသင်တန်းတက်ရောက်မှုကို တရုတ်အစိုးရ ပိတ်ပင်

    အစ္စလာမ်ကလေးငယ်များ ဓမ္မသင်တန်းတက်ရောက်မှုကို တရုတ်အစိုးရ ပိတ်ပင်

    ဇန်န၀ါရီ ၁၇၊ ၂၀၁၈
    M-Media

    လင်ရှာခရိုင်မှ ဗလီဝတ်ကျောင်းတော်တစ်လုံး

    – နိုင်ငံအနောက်ပိုင်း အစ္စလာမ်ဘာသာဝင်အများစုရှိတဲ့ ခရိုင်မှာ ဆောင်းရာသီ ကျောင်းပိတ်ရက် မွတ်စလင်ကလေးတွေ ဓမ္မသင်တန်းတက်ရောက်တာကို တရုတ်အစိုးရက ပိတ်ပင်လိုက်ပါတယ်။

    ဒီလို ပိတ်ပင်တဲ့အကြောင်း သတိပေးစာကို တရုတ်အစိုးရရဲ့ ပညာရေးဗျူရိုက သူတို့ရဲ့ အွန်လိုင်းစာမျက်နှာမှာ လွှင့်တင်ထားတာပါ။

    ဟွေမွတ်စလင်တွေ အများစုနေထိုင်တဲ့ ဂန်ဆူးပြည်နယ် လင်ရှာခရိုင်မှာ ကလေးတွေ ဆောင်းရာသီကျောင်းပိတ်ရက်မှာ ဓမ္မသင်တန်းတွေ တက်ရောက်ခွင့်ကို တားမြစ်တာဖြစ်တယ်လို့ ခရိုင် ပညာရေးဗျူရိုက ပြောကြားကြောင်း သတိပေးစာမှာ ဖော်ပြထားပါတယ်။

    ကျောင်းသားတွေအနေနဲ့ စာသင်ခန်းထဲနဲ့ ဘာသာရေးအဆောက်အဦးတွေမှာ ကျမ်းစာတွေဖတ်တာကိုလည်း တားမြစ်ထားပြီး ကျောင်းဆရာတွေနဲ့ ကျောင်းသားတွေအားလုံးဟာ နိုင်ငံရေး အတွေးအခေါ်တွေနဲ့ ၀ါဒဖြန့်တာတွေကို ခိုင်မာအောင် လုပ်ရမယ်လို့လည်း ဆိုပါတယ်။

    တရုတ်နိုင်ငံဟာ ကွန်မြူနစ် ဘာသာမဲ့နိုင်ငံအဖြစ် လူသိများပါတယ်။

    လင်ရှာခရိုင် ပညာရေးဗျူရိုကတော့ ဒီကိစ္စအတွက် မှတ်ချက်ပေးဖို့ငြင်းဆိုကြောင်း Reuters သတင်းဌာနက ဖော်ပြပါတယ်။

    ဟွေလူမျိုးဟာ တရုတ်စကားပြောပြီး ဟန်လူမျိုးတွေနဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတူတဲ့ လူမျိုးစုဖြစ်ကာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူတွေ ဖြစ်ပါတယ်။

    သမ္မတ ရှီကျင့်ဖျင်လက်ထက်မှာ တရုတ်အစိုးရဟာ ဘာသာတရားတွေအပေါ် ဖိနှိပ်မှုတွေ ပိုမိုပြုလုပ်လာခဲ့ပြီး ပြီးခဲ့တဲ့တစ်ပတ်မှာ နိုင်ငံအတွင်းက အကြီးဆုံး ခရစ်ယာန်ဘုရားကျောင်းတွေထဲက တစ်ခုကို တရားမ၀င်အဆောက်အဦးလို့ အမည်တပ်ကာ ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။

    ပြီးခဲ့တဲ့ နွေရာသီကလည်း တရုတ်နိုင်ငံရဲ့ ခရစ်ယာန်အများစုရှိရာ နိုင်ငံအနောက်တောင်ပိုင်း ၀မ်ဇူးမှာ တနင်္ဂနွေဓမ္မသင်တန်းတွေကို တရုတ်အာဏာပိုင်တွေက ပိတ်ခိုင်းခဲ့ပါတယ်။

    ၂၀၁၆ ခုနှစ်အတွင်း တီဘက်က ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓဓမ္မတက္ကသိုလ်ကြီးရဲ့ တစ်စိတ်တစ်ပိုင်းကို တရုတ်အစိုးရက ဖျက်ဆီးခဲ့ပါတယ်။

    Ref: Aljazeera

  • အိုလံပစ်ဖွင့်ပွဲတွင် ညီညွတ်သောအလံတော်အောက်၌ ကိုရီးယားနှစ်နိုင်ငံ ချီတက်မည်

    အိုလံပစ်ဖွင့်ပွဲတွင် ညီညွတ်သောအလံတော်အောက်၌ ကိုရီးယားနှစ်နိုင်ငံ ချီတက်မည်

    ဇန်န၀ါရီ ၁၇၊ ၂၀၁၈
    M-Media

    ၂၀၀၆ အိုလံပစ်တွင် ညီညွတ်သောအလံတော်အောက်၌ ကိုရီးယားနှစ်နိုင်ငံ ချီတက်မှု

    – လာမည့်လတွင် တောင်ကိုရီးယား၌ ကျင်းပပြုလုပ်မည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွင် နှစ်နိုင်ငံကစားသမားများဖြင့် ညီညွတ်သော အမျိုးသမီး ရေခဲပြင်ဟော်ကီအသင်း ဖွဲ့စည်းရန် ကိုရီးယားနှစ်နိုင်ငံသဘောတူညီခဲ့ပြီး ဖွင့်ပွဲအခမ်းအနားတွင်လည်း ညီညွတ်သော အလံတစ်ခုတည်းဖြင့် ချီတက်သွားမည်ဟု သိရသည်။

    တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ၀န်ကြီးဌာနက ယနေ့တွင် နယ်စပ်ရှိ ပန်မူဂျွမ်းရွာတွင် ပြုလုပ်သော ဆွေးနွေးမှုအတွင်း ထိုသဘောတူညီချက်ကို ရရှိခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။ ညီညွတ်သောအလံတော်မှာ ကိုရီးယားကျွန်းဆွယ်ကို ကိုယ်စားပြုမည်ဟုလည်း ဆိုသည်။

    အဆိုပါ သဘောတူညီချက်များကို နိုင်ငံတကာ အိုလံပစ်ကော်မတီက အတည်ပြုရန် လိုအပ်နေပြီး ယခုသီတင်းပတ်အဆုံးပိုင်းတွင် မိမိတို့နှစ်နိုင်ငံစလုံးက တင်ပြသွားမည်ဟု တောင်ကိုရီးယားက ထည့်သွင်းထုတ်ပြန်ခဲ့သည်။

    မြောက်ကိုရီးယားမှာ အဆိုပါ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲသို့ အကမယ် ၂၃၀၊ အနုပညာရှင် ၁၄၀၊ တိုက်ကွမ်ဒိုကစားသမား ၃၀ အပါအ၀င် စုစုပေါင်း ၅၅၀ ဦး ပါဝင်မည့် အဖွဲ့တစ်ခုကို ဇန်န၀ါရီ ၂၅ ရက်နေ့တွင် စေလွှတ်မည်ဖြစ်သည်။

    ကိုရီးယားနှစ်နိုင်ငံမှာ ၂ နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ် ဆွေးနွေးမှုကို ပြီးခဲ့သည့်သီတင်းပတ် ကတည်းက ပြုလုပ်နေခြင်းဖြစ်သည်။

    Ref: Daily Mail