News @ M-Media
Author: Ko Lay
  • အီဂျစ်အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတ ဒုတိယသက်တမ်းအတွက် ၀င်အရွေးခံမည်
    အီဂျစ်အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတ ဒုတိယသက်တမ်းအတွက် ၀င်အရွေးခံမည်
    ဇန်န၀ါရီ ၂၀၊ ၂၀၁၈
    M-Media
    – အီဂျစ် စစ်အာဏာသိမ်းခေါင်းဆောင်ဖြစ်ပြီး လက်ရှိတွင် သမ္မတအဖြစ် တ၀န်ထမ်းဆောင်နေသည့် အဘ်ဒဲလ် ဖာတာ အလ်-စီစီက လာမည့်မတ်လတွင် ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲတွင် ဒုတိယသက်တမ်းကို ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဟု ပြောကြားလိုက်သည်။
    ယမန်နေ့က ရုပ်သံမှပြုလုပ်သည့် အစည်းအဝေးတွင် ယခုကဲ့သို့ ကြေငြာလိုက်ခြင်းဖြစ်ပြီး လွန်ခဲ့သည့် ၄ နှစ်က စတင်ခဲ့သည့် ‘ဒီမိုကရေစီ အတွေ့အကြုံကို နိုင်ငံသားများအတွက် ထိန်းသိမ်းထားရန်’ အရေးကြီးသည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။
    အီဂျစ် သမ္မတရွေးကောက်ပွဲကို မတ်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်မည့်သူများမှာ ဇန်န၀ါရီ ၂၀ ရက်နေ့မှ ၂၉ ရက်နေ့အတွင်း စာရင်းပေးရမည်ဖြစ်သည်။
    လက်ရှိတွင် လူ့အခွင့်အရေး လှုပ်ရှားသူနှင့် အတိုက်အခံခေါင်းဆောင် ခါလစ် အလီ၊ အီဂျစ် အာကာသ သိပ္ပံပညာရှင် အက်စမ် ဟက်ဂီတို့က ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ကြေငြာထားသည်။
    အလ်-စီစီဦးဆောင်သည့် စစ်တပ်မှာ အီဂျစ်သမိုင်းတွင် ဒီမိုကရေစီနည်းကျ ပထမဆုံး တင်မြှောက်ခံရသည့် မိုဟာမက် မော်စီကို ၂၀၁၃ ခုနှစ်တွင် ဖြုတ်ချကာ ၂၀၁၄ ခုနှစ် သမ္မတရွေးကောက်ပွဲ၌ သောင်ပြိုကမ်းပြိုအနိုင်ရကာ သမ္မတဖြစ်လာခဲ့သည်။
    Ref : Aljazeera
  • ဆော်ဒီဦးနှင့်အဖွဲ့က ကာတာ၏ကြွယ်ဝမှုကို သိမ်းယူရန် ကြိုးစားနေသည်ဟု စွပ်စွဲချက် ထွက်ပေါ်
    ဆော်ဒီဦးနှင့်အဖွဲ့က ကာတာ၏ကြွယ်ဝမှုကို သိမ်းယူရန် ကြိုးစားနေသည်ဟု စွပ်စွဲချက် ထွက်ပေါ်
    ဇန်န၀ါရီ ၂၀၊ ၂၀၁၈
    M-Media
    ယူအေအီးတွင် ထိန်းသိမ်းခံရသည့် သတင်းထွက်ခဲ့သည့် ရှိခ် အဘ်ဒူလာ
    – ဆော်ဒီဦဆောင်သည့် အုပ်စုက ပိတ်ဆို့မှုပြုလုပ်ခြင်းမှာ ကာတာ၏ ပိုင်ဆိုင်မှုများကို သိမ်းယူရန် ကြိုးစားခြင်းဖြစ်သည်ဟု ကာတာ တော်ဝင်မိသားစုဝင်တစ်ဦးဖြစ်သူ ရှိခ် အဘ်ဒူလာ ဘင် အလီ အလ် သာနီက ပြောကြားလိုက်သည်။
    ပြီးခဲ့သည့်နှစ် ကာတာအား ဆော်ဒီနှင့်အဖွဲ့က ပိတ်ဆို့မှု ပြုလုပ်ပြီးနောက် ရှိခ် အဘ်ဒူလာကို ကာတာနိုင်ငံ၏ နောက်တက်မည့်ခေါင်းဆောင်အဖြစ်  ဆော်ဒီနှင့် ယူအေအီးတို့က ဖော်ပြခဲ့သည်။ သို့သော်လည်း ပြီးခဲ့သည့်တစ်ပတ်တွင် ယူအေအီးက ၎င်းအား ကာတာနိုင်ငံသို့ ပြန်ခွင့်မပြုဘဲ ထိန်းသိမ်းထားခဲ့သည်ဟု သတင်းထွက်ခဲ့သည်။
    ဇန်န၀ါရီ ၁၅ ရက်နေ့က အလ်ဂျာဇီးရားသတင်းဌာနမှ ရရှိသော အသံမှတ်တမ်းတွင် ရှိခ် အဘ်ဒူလာက ကာတာ၏ သံမန်ရေးအကြပ်အတည်းမှာ ဆော်ဒီနှင့် အီမရိတ် အိမ်ရှေ့မင်းသားတို့က ဖန်တီးသောကိစ္စဖြစ်ပြီး ကာတာ၏ ချမ်းသာကြွယ်ဝမှုကို အင်အားသုံး ရယူရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့သည်။
    “ပင်လယ်ကွေ့ပြဿနာဟာ (ယူအေအီး အိမ်ရှေ့မင်းသား) မိုဟာမက် ဘင် ဇာယဒ်နဲ့ (ဆော်ဒီအိမ်ရှေ့မင်းသား) မိုဟာမက် ဘင် ဆလ်မန်တို့ရဲ့ ကိုယ်ကျိုးစီးပွား၊ ဆန္ဒတွေကို အခြေခံပြီး ကာတာရဲ့ ချမ်းသာ ကြွယ်ဝမှုကို အနိုင့်အထက် ရယူဖို့ ဆောင်ရွက်မှုပါ။ ကျရာနေရာက ဒါကို ခုခံကာကွယ်ဖို့ ကာတာနိုင်ငံသားတွေကို ကျွန်တော် တိုက်တွန်းပါတယ်”
    ထို့ပြင် အဆိုပါ အိမ်ရှေ့မင်းသားနှစ်ဦးမှာ ‘မိမိတို့၏ နိုင်ငံကို ဖျက်ဆီးရန်အတွက် ငွေဖြင့် နိုင်ငံသားများကို နှုတ်ပိတ်မည်’ ဟုလည်း ရှိခ် အဘ်ဒူလာက သတိပေးခဲ့သည်။
    ယူအေအီးတွင် ထိန်းသိမ်းခံရခြင်းနှင့် ပတ်သက်၍ ၎င်းက ယူအေအီး အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဇာယဒ်ကို အပြစ်တင်ခဲ့ပြီး ‘မိမိသားစုနှင့်တွေ့ဆုံရေး အိမ်ပြန်မည်ကိစ္စကို မိုဟာမက် ဘင် ဇာယဒ်က ဖိအားပေး တားမြစ်ခဲ့ကြေင်း၊ အခြားသူများအား ထိခိုက်နာကျင်မှု မဖြစ်စေရန်အတွက် မိမိ၏အသက်ကို ပေးဆပ်ရန်ပင် ဆုံးဖြတ်ထားကြောင်း’ အဆိုပါ အသံမှတ်တမ်းတွင် ရှိခ် အဘ်ဒူလာက ပြောကြားခဲ့သည်။
    ရှိခ် အဘ်ဒူလာအား ထိန်းသိမ်းထားသည်ဆိုသည့် သတင်းကို ယူအေအီးက ငြင်းဆိုထားသည်။
    ဗုဒ္ဓဟူးနေ့တွင် ရှိခ် အဘ်ဒူလာမှာ ကူဝိတ်နိုင်ငံသို့ ဘီးတပ်ကုလားထိုင်ဖြင့် ရောက်ရှိလာခဲ့ပြီး နောက်ပိုင်းတွင် ဆေးရုံတင်ခဲ့ရသည်။
    Ref: Aljazeera
  • အလ်နက္ကဘာ (သို့) ပါလက်စတိုင်းတို့ နိုင်ငံပျောက်ဆုံးမှု အပိုင်း-၁ (မြန်မာစာတမ်းထိုး)
    အလ်နက္ကဘာ (သို့) ပါလက်စတိုင်းတို့ နိုင်ငံပျောက်ဆုံးမှု အပိုင်း-၁ (မြန်မာစာတမ်းထိုး)
    ဇန်န၀ါရီ ၁၉၊ ၂၀၁၈
    M-Media
    ဒီမှတ်တမ်းရုပ်ရှင်မှာ
    – ပါလက်စတိုင်းပိုင်နက်တွေကို သိမ်းပိုက်ဖို့ ၁၈ ရာစုကတည်းက ဂျူးတွေ ကြံစည်ပုံ
    – ဇိုင်ယွန်ဝါဒ
    – ဗြိတိသျှရဲ့ ခြေရှုပ်မှု
    – ဂျူးခေါင်းဆောင်တွေရဲ့ ပါးနပ်မှု၊ နိုင်ငံရေးပါးဝမှု
    – ပါလက်စတိုင်းပိုင်နက်တွေကို နိုင်ငံခြားက ဂျူးတွေ အလုံးအရင်းနဲ့ ရွှေ့ပြောင်းလာမှု
    – နယ်မြေသိမ်းပိုက်မှုအဆင့်ဆင့်
    – ဇိုင်ယွန်တွေရဲ့ ၀ါဒဖြန့်မှု
    – အာရပ်ခေါင်းဆောင်တွေရဲ့ အမျှော်အမြင်နည်းမှု
    – ပါလက်စတိုင်းသမိုင်းမှတ်တမ်းတွေ ဖျောက်ဖျက်ခံရမှုတွေ အပါအ၀င်
    ပါလက်စတိုင်းတွေ နိုင်ငံပျောက်ဆုံးမှုကို ဗီဒီမှတ်တမ်း၊ ဓာတ်ပုံမှတမ်း၊ သမိုင်းအထောက်အထားတွေနဲ့ ရှုစားရမှာ ဖြစ်ပါတယ်။
    Source – Aljazeera
  • ဘယ်လ်ဂျီယံက ပါလက်စတိုင်းကို ကန်ဒေါ်လာ ၂၃ သန်း ထပ်မံထောက်ပံ့မည်
    ဘယ်လ်ဂျီယံက ပါလက်စတိုင်းကို ကန်ဒေါ်လာ ၂၃ သန်း ထပ်မံထောက်ပံ့မည်
    ဇန်န၀ါရီ ၁၉၊ ၂၀၁၈
    M-Media
    – အစ္စရေး၏ ကျူးကျော်သိမ်းပိုက်မှုကြောင့် ထွက်ပြေးခဲ့ရသည့် ပါလက်စတိုင်း ဒုက္ခသည်များကို ကူညီရန်အတွက် ကုလ အကူအညီပေးရေးအဖွဲ့ UNRWA ကို ယူရို ၁၉ သန်း (ကန်ဒေါ်လာ ၂၃ သန်း) ထပ်မံ ထောက်ပံ့သွားမည်ဟု ဘယ်လ်ဂျီယံက ကတိပြုလိုက်သည်။
    အမေရိကန်က UNRWA အား ပုံမှန်ထောက်ပံ့နေမှုမှ ကန်ဒေါ်လာ သန်း ၆၀ ကျော် လျှော့ချလိုက်ပြီးနောက် ဘယ်လ်ဂျီယံက ယခုကဲ့သို့ ရန်ပုံငွေ ထပ်မံထည့်ဝင်ခြင်း ဖြစ်သည်။
    ဘယ်လ်ဂျီယံ ဒုတိယ၀န်ကြီးချုပ် အလက်ဇန်ဒါ ဒီ ခရူးက ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်သော ကြေငြာချက်၌ ယခု ထောက်ပံ့မှုကို ၃ နှစ်အတွင်း ပေးသွားမည်ဖြစ်ပြီး “လက်ရှိ UNRWA က ရင်ဆိုင်နေရသည့် ဘဏ္ဍာရေးအခက်အခဲကြောင့် ပထမအရစ်ကို ချက်ခြင်းပေးအပ်သွားမည်” ဟု ဖော်ပြထားသည်။
    သန်းနှင့်ချီသည့် ပါလက်စတိုင်း ဒုက္ခသည်များအား ထောက်ပံ့ပေးနေသော UNRWA ၏ ကော်မရှင်နာမင်းကြီးက ၎င်းတို့အား ကူညီရန် ဆော်အော်မှုကြောင့် ဘယ်လ်ဂျီယံအစိုးရက ကူညီမှု အရှိန်မြှင့်ခဲ့သည်ဟုလည်း ခရူးက ထည့်သွင်းပြောဆိုခဲ့သည်။
    “UNRWA ရဲ့ လုပ်ကိုင်မှုတွေကို ကျွန်တော် တော်တော်လေး လေးစားပါတယ်။ သူတို့ဟာ အခက်ခဲဆုံးနဲ့ အန္တရာယ်အရှိဆုံး အနေအထားမှာ လုပ်ရကိုင်ရတာပါ။ ဂါဇာ၊ ဆီးရီးယား၊ အနောက်ဖက်ကမ်းနဲ့ ဒေသတွင်းက အခြားနေရာတွေမှာ နေထိုင်ရတဲ့ အခြေအနေတွေဟာ မလွယ်ကူပါဘူး။ ပါလက်စတိုင်း ဒုက္ခသည် တော်တော်များများအတွက် UNRWA ဟာ နောက်ဆုံးကောက်ရိုးတစ်မျှင်ပါ။ UNRWA ရဲ့ ကူညီမှုနဲ့ ပါလက်စတိုင်းကလေးငယ် သန်းဝက်လောက်ဟာ ကျောင်းတက်နိုင်လာပါတယ်”
    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပါလက်စတိုင်းများအား ကူညီထောက်ပံ့မှုကို ဖြတ်တောက်မည်ဟု ဇန်န၀ါရီ ၂ ရက်နေ့တွင် ခြိမ်းခြောက်ခဲ့ပြီးနောက် UNRWA ကို အမေရိကန်က ထောက်ပံ့မှု လျှော့ချခဲ့ခြင်းဖြစ်သည်။ ထိုလုပ်ရပ်အတွက် နိုင်ငံတာအသိုင်းအ၀ိုင်းက အမေရိကန်ကို ရှုတ်ချခဲ့သည်။
    Ref: Aljazeera