News @ M-Media

Author: Ko Lay

  • အီရတ်စစ်တပ်က ကီရ်ကွတ်မြို့အား ခုခံမှုမကြုံဘဲ ပြန်လည်ထိန်းချုပ်

    အီရတ်စစ်တပ်က ကီရ်ကွတ်မြို့အား ခုခံမှုမကြုံဘဲ ပြန်လည်ထိန်းချုပ်

    အောက်တိုဘာ ၁၇၊ ၂၀၁၇
    M-Media

    ကာ့ဒ်အလံကိုချကာ အီရတ်အလံ လွှင့်တင်နေစဉ်

    – ကာ့ဒ်တပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ကီရ်ကွတ်မြို့အား အီရတ်စစ်တပ်က အပြည့်အ၀ ပြန်လည်ရယူနိုင်ခဲ့ပြီး ကာ့ဒ်တပ်ဖွဲ့ဝင်များမှာ လုံးဝ ခုခံခြင်းမရှိဘဲ ဆုတ်ခွာပေးခဲ့သည်ဟု သိရသည်။

    ယမန်နေ့က ထိုးစစ်ဆင်ခဲ့သည့် အီရတ်တပ်ဖွဲ့မှာ မြို့တွင်းရှိ အစိုးရအဆောက်အဦးများ၊ လေဆိပ်နှင့် အခြား အရေးပါသည့် နေရာများကို သိမ်းယူနိုင်ခဲ့ပြီး ကာ့ဒ်တပ်ဖွဲ့ Peshmerga မှ ခုခံတိုက်ခိုက်ခြင်း မရှိဟု အီရတ် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စစ်တပ်တို့က ပြောကြားခဲ့သည်။

    စက်တင်ဘာ ၂၅ ရက်နေ့က ကာ့ဒ်ဒေသ လွတ်လပ်ရေးအတွက် ပြည်သူ့ဆန္ဒခံယူပွဲပြီးနောက် ကာ့ဒ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရနှင့် အီရတ် ဗဟိုအစိုးရတို့အကြား တင်းမာမှုများ မြင့်တက်လာခဲ့ပြီး ရေနံပေါကြွယ်ဝကာ ကာ့ဒ်တပ်ဖွဲ့က ထိန်းချုပ်ထားသည့် ကီရ်ကွတ်ပြည်နယ်အား ပြန်လည်ထိန်းချုပ်နိုင်ရေး အီရ
    တ်စစ်တပ်က ဆောင်ရွက်လာခြင်းဖြစ်သည်။

    ကီရ်ကွတ်မြို့တွင် အာရပ်၊ ကာ့ဒ်၊ တာ့ခ်မန်နှင့် ခရစ်ယာန် စုစုပေါင်း လူ ၁ သန်းခန့် နေထိုင်ကြပြီး ယခုတိုးစစ်ကြောင့် အများအပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

    ကာ့ဒ်တပ်ဖွဲ့က ၎င်းတို့အနေဖြင့် ခုခံမည်ဟု ပြောကြားထားသော်လည်း လက်တွေ့တွင် ခုခံခြင်းမရှိဘဲ ဆုတ်ခွာပေးခဲ့သည်။

    Ref: Aljazeera

     

  • နျူစစ်ပွဲ အချိန်မရွေးဖြစ်နိုင်သည်ဟု မြောက်ကိုရီးယား သတိပေး

    နျူစစ်ပွဲ အချိန်မရွေးဖြစ်နိုင်သည်ဟု မြောက်ကိုရီးယား သတိပေး

    အောက်တိုဘာ ၁၇၊ ၂၀၁၇
    M-Media

    – ကိုရီးယားကျွန်းဆွယ်ကိစ္စမှာ အထိမခံသည့်အခြေအနေကို ရောက်ရှိလာပြီး အချိန်မရွေး နျူစစ်ပွဲ ဖြစ်ပွားနိုင်သည်ဟု ကုလဆိုင်ရာ မြောက်ကိုရီးယား ဒုတိယသံအမတ်က သတိပေး ပြောကြားလိုက်သည်။

    မနေ့က ကုအထွေထွေညီလာခံ၏ လက်နက်ဖျက်သိမ်းရေး ကော်မတီတွင် သံအမတ် ကင်အင်ယွန်က ထိုကဲ့သို့ သတိပေးခြင်းဖြစ်ပြီး ၁၉၇၀ ပြည့်နှစ်မှစ၍ မြောက်ကိုရီးယားမှာ အမေရိကန်၏ နျူခြိမ်းခြောက်မှုကို ခံနေရသည့် တစ်ခုတည်းသော နိုင်ငံဖြစ်ကြောင်း၊ မိမိကိုယ်ကို ကာကွယ်ရေးအတွက် မြောက်ကိုရီးယားမှာ နျူ
    လက်နက်များကို ပိုင်ဆိုင်ခွင့်ရှိကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    မြောက်ကိုရီးယားမှာ နျူလက်နက် အပြည့်အ၀ပိုင်ဆိုင်သည့် နိုင်ငံတစ်ခု ဖြစ်လာခဲ့ပြီး နျူဗုံး၊ ဟိုက်ရိုဂျင်ဗုံးနှင့် တိုက်ချင်းပစ် ဒုံးကျည်များအပါအ၀င် နေရာစုံကို ပစ်ခတ်နိုင်သည့် စွမ်းရည်များလည်း ရှိနေပြီဟု သံအမတ်က ဆိုသည်။

    “အမေရိကန်ပြည်မကြီးတစ်ခုလုံးဟာ ကျွန်တော်တို့ရဲ့ ပစ်ခတ်နိုင်စွမ်းအတွင်းမှာ ရှိပါတယ်။ တကယ်လို့ ကျွန်တော်တို့အချုပ်အခြာကို တစ်လမလောက် အမေရိကန်က ကျူးကျော်ပြီဆိုတာနဲ့ ကမ္ဘာ့ဘယ်နေရာမှာပဲ ရှိနေနေ အမေရိကန်ဟာ ကျွန်တော်တို့ရဲ့ ပြင်းထန်တဲ့ အပြစ်ပေးမှုကနေ လွတ်မှာမဟုတ်ပါဘူး”

    ထရမ့်နှင့် ကင်ဂျုံအန်တို့အကြား ပြီးခဲ့သည့်သတင်းပတ်များအတွင်း စကားစစ်ထိုးပွဲများ ဖြစ်ခဲ့သော်လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်က ပထမဆုံး ဗုံးမကြဲခင်အထိ သံခင်းတမန်ခင်းလမ်းကြောင်းကို ဖွင့်လှစ်ပေးထားသည်ဟု တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

    ကင်အင်ယွန်က မိမိတို့အနေဖြင့် နျူကင်းစင်ကမ္ဘာဖြစ်ရန် မျှော်လင့်သော်လည်း မိမိတို့၏ နျူစွမ်းအားကို မည်သည့်အခါမှ အဆုံးရှုံးခံမည်မဟုတ်ဟု ထပ်လောင်း ပြောကြားခဲ့သည်။ ထို့ပြင် မြောက်ကိုရီးယားအပေါ် အမေရိကန်က စစ်ရေးဖြင့် အရေးယူလျှင် အခြေားနိုင်ငံများ မပါဝင်ရန်နှင့် သို့မှသာ မြောက်ကိုရီးယား၏ လက်တုန့်ပြန်ခြင်းမှ ကင်းလွတ်ခွင့်ရမည်ဟု ၎င်းက ထည့်သွင်း သတိပေးခဲ့သည်။

    Ref: Aljazeera

  • အီရတ်နိုင်ငံ ကာ့ဒ်ဒေသတွင် စစ်ပွဲအသစ် စတင်

    အီရတ်နိုင်ငံ ကာ့ဒ်ဒေသတွင် စစ်ပွဲအသစ် စတင်

    အောက်တိုဘာ ၁၆၊ ၂၀၁၇
    M-Media

    – အီရတ်နိုင်ငံမြောက်ပိုင်း ကီရ်ကွတ်မြို့တစ်ဝိုက်ရှိ ကာ့ဒ်တပ်ဖွဲ့စခန်းများကို ဦးတည်ကာ အီရတ်စစ်တပ်က ချီတက်လာသည့်အတွက် မြို့တွင်းရှိ ပြည်သူ ထောင်ပေါင်းများစွာမှာ မြို့အား စွန့်ခွာထွက်ပြေးနေကြသည်ဟု သိရသည်။

    ရှီအာပြည်သူစစ်များ ကျောထောက်နောက်ခံပြုထားသည့် အီရတ်အစိုးရစစ်တပ်မှာ ကာ့ဒ်တပ်ဖွဲ့ ထိန်းချုပ်ထားသည့် ကီရ်ကွတ်မြို့ကို ပြန်လည်သိမ်းယူရန်အတွက် တနင်္လာနေ့တွင် စစ်မျက်နှာနှစ်ခုမှ ထိုးစစ်ဆင်လာခဲ့ကာ တိုက်ပွဲအချို့ ဖြစ်ပွားသည်ဟု သတင်းများက ဖော်ပြကြသည်။

    အီရတ်စစ်တပ်က ၎င်းတို့မှာ ကီရ်ကွတ်မြို့အတွင်းရှိ လေဆိပ်တစ်ခုနှင့် အဓိက ရေနံတွင်တစ်တွင်းကို သိမ်းယူနိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    ကာ့ဒ်တပ်ဖွဲ့ Peshmerga တပ်ဖွဲ့ဝင်များမှာ ကီရ်ကွတ်မြို့တွင်းမှ ဆုတ်ခွာကာ လေယာဉ်ကွင်းတစ်ဖက်တွင် နေရာယူထားကြသည်ဟု ဆိုသည်။

    ယခုလအစောပိုင်းက ကာ့ဒ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပါအ၀င် အစိုးရနှင့် ပိုင်နက်အငြင်းပွားမှုများရှိနေသည့် ကာ့ဒ်လူမျိုးအများစုရှိရာ ဒေသများ၌ ခွဲထွက်ရေးအတွက် ပြည်သူဆန္ဒခံယူပွဲ ပြုလုပ်ပြီးနောက်ပိုင်း ဗဟိုအစိုးရနှင့် ကာ့ဒ်ဒေသအစိုးရတို့အကြား တင်းမာမှုများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

    အီရန်ဝန်ကြီးချုပ် အာဘာဒီကမူ ယခုထိုးစစ်မှာ အီရတ်နိုင်ငံ၏ စည်းလုံးညီညွတ်မှုကို ကာကွယ်ရန် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ကိုရီးယားကျွန်းဆွယ်တစ်ဝိုက် ကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင်မှု စတင်

    ကိုရီးယားကျွန်းဆွယ်တစ်ဝိုက် ကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင်မှု စတင်

    အောက်တိုဘာ ၁၆၊ ၂၀၁၇
    M-Media

    USS Ronald Reagan လေယာဉ်တင်သင်္ဘော

    – ကိုရီးယားကျွန်းဆွယ်တစ်ဝိုက်ရှိ ရေပိုင်နက်တွင် တောင်ကိုရီးယားနှင့် အမေရိကန်တို့မှာ တစ်ပတ်တာကြာမြင့်မည့် ပူးတွဲ ရေတပ်စစ်ရေးလေ့ကျင့်မှုကို ယနေ့တွင် စတင်လိုက်သည်ဟု သိရသည်။

    နျူစွမ်းအင်သုံး USS Ronald Reagan လေယာဉ်တင်သင်္ဘောအပါအ၀င် နှစ်နိုင်ငံမှ စုစုပေါင်း စစ်သင်္ဘော ၄၀ ခန့် ပါဝင်မည်ဖြစ်ပြီး ကိုရီးယားကျွန်းဆွယ် အရှေ့ကမ်းရိုးတမ်းနှင့် အနောက်ကမ်းရိုးတမ်းတို့တွင် အောက်တိုဘာ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ လေ့ကျင့်မှု ပြုလုပ်မည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ယနေ့တွင် ပြောကြားခဲ့သည်။

    အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စစ်တိုက်ရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားက ပြောကြားထားသည်။

    သမ္မတ ဒေါ်နယ်ထရမ့်မှာ မြောက်ကိုရီးယားနှင့် သံတမန်ရေးအရ နှစ်များစွာ ဆွေးနွေးမှုမှာ အလုပ်မဖြစ်ဘဲ ပြဿနာဖြေရှင်းရန် တစ်နည်းသာ ကျန်တော့သည်ဟု ပြီးခဲ့သည့်သီတင်းပတ်တွင် ပြောကြားကာ ကျွမ်းကျင်သူများက စစ်ရေးကို ရည်ညွှန်းခြင်းဖြစ်မည်ဟု ခန့်မှန်းပြောဆိုကြသည်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်က ထရမ့်မှာ မြောက်ကိုရီးယားကိစ္စကို သံတမန်အရေးရ ဖြေရှင်းနိုင်ရေး ဆက်လက်လုပ်ဆောင်ရန် ၎င်းအား အမိန့်ပေးထားသည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

    Ref: CNA

  • မြန်မာစစ်ခေါင်းဆောင်များအား ဖိတ်ခေါ်မှုကို အီးယူက ရပ်ဆိုင်းပြီး၊ ကာကွယ်ရေးကိစ္စများ ပြန်သုံးသပ်မည်

    မြန်မာစစ်ခေါင်းဆောင်များအား ဖိတ်ခေါ်မှုကို အီးယူက ရပ်ဆိုင်းပြီး၊ ကာကွယ်ရေးကိစ္စများ ပြန်သုံးသပ်မည်

    အောက်တိုဘာ ၁၆၊ ၂၀၁၇
    M-Media

    ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

    – ရခိုင်ပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့တွေက အရပ်သားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုကို တုန့်ပြန်တဲ့အနေနဲ့ မြန်မာစစ်တပ် ကာကွယ်ရေးဦးစီးချုပ်နဲ့ အကြီးတန်း စစ်ခေါင်းဆောင်တွေကို ဖိတ်ခေါ်တာကို ရပ်ဆိုင်းလိုက်တယ်လို့ ဥရောပ နိုင်ငံခြားရေးဝန်ကြီးတွေက ဒီနေ့မှာ ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။

    ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဟာ ရခိုင်ပြည်နယ်က ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပြီးတဲ့နောက် အချက် ၈ ချက်ပါဝင်တဲ့ ကြေငြာချက် ထုတ်ပြန်လိုက်တာဖြစ်ပြီး မြန်မာနိုင်ငံနဲ့ ကာကွယ်ရေးဆိုင်ရာ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု အားလုံးကို သုံးသပ်မယ်လို့လည်း ဆိုပါတယ်။

    ကလေးတွေကို ရက်ရက်စက်စက် တိုက်ခိုက်မှုအပါအ၀င် ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ကျူးလွန်မှုတွေရှိတယ်ဆိုတဲ့ ခိုင်လုံတဲ့သတင်းတွေကို စုံစမ်းစစ်ဆေးကာ ရိုဟင်ဂျာတွေအပေါ် ရာဇ၀တ်မှု ကျူးလွန်သူတွေကို တရားဥပဒေရှေ့မှောက်ကို ခေါ်ဆောင်လာဖို့လည်း ကြေငြာချက်မှာ တိုက်တွန်းခဲ့ပါတယ်။

    ရခိုင်ပြည်နယ်အတွင်းမှာ ပြုလုပ်နေတဲ့ စစ်ဆင်ရေး၊ ဆက်လက်ဖြစ်ပွားနေတဲ့ မီးရှို့မှုတွေ၊ အကြမ်းဖက်မှုတွေ၊ လက်နက်ကိုင်၊ အရပ်သားမခွဲဘဲ ပစ်ခတ်မှုတွေ၊ မြေမြှုပ်မိုင်းထောင်မှုတွ၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို ရပ်တန့်ဖို့လည်း နိုင်ငံခြားရေးဝန်ကြီးတွေက ဆော်သြခဲ့ပါတယ်။

    ကိုဖီအာနန် ကော်မရှင်က တင်ပြခဲ့တဲ့ အကြံပြုချက်ကို အကောင်အထည်ဖော်ဖို့အတွက် ၀န်ကြီးအဆင့် ကော်မတီကို မြန်မာအစိုးရက ဖွဲ့စည်းမှု၊ ကျူးလွန်သူတွေကို အရေးယူမယ်ဆိုတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ပြောကြားမှုတွေကို ကြိုဆိုကြောင်း ကြေငြာချက်မှာ ဖော်ပြထားပြီး၊ ကုလလုံခြုံရေးကောင်စီရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။

    မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု၊ ငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးတွေကို ဆက်လက်ထောက်ခံသွားမှာဖြစ်တဲ့အပြင် ရခိုင်ပြည်နယ်မှာ ထိခိုက်ခံစားရသူတွေ၊ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးသွားသူတွေကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုတွေြ
    ပုလုပ်မယ်လို့လည်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    သြဂုတ်လနှောင်းပိုင်းမှာ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း စစ်တပ်ကပြုလုပ်တဲ့ နယ်မြေရှင်းလင်းမှုမှာ ရိုဟင်ဂျာအရပ်သားတွေအပေါ် ကျူးလွန်မှုတွေရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး စစ်တပ်နဲ့ မြန်မာအစိုးရကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

    ဥရောပနိုင်ငံခြားရေးဝန်ကြီးတွေက ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ လူ့အဖွဲ့အစည်းတွေအတွင်းမှာ တင်းမာမှုတွေလျော့ကျရေး၊ ပဋိပက္ခဖြစ်ပွားရာဒေသတွေကို ကုလ၊ ICRC နဲ့ အခြား NGO တွေ ၀င်ရောက်ခွင့်ပေးရေး၊ အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေကို အန္တရာယ်ကင်းကင်းနဲ့ သူတို့ ယခင်နေထိုင်ရာနေရာကို ပြန်လာနိုင်ရေး ဆောင်ရွက်ပေးဖို့လည်း မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။

    Ref: AP