News @ M-Media

Author: Ko Lay

  • လက်စ်ဗီးဂက်စ် တိုက်ခိုက်သူတွင် အနည်းဆုံး သေနတ် ၄၀ ကျော် ရှိနေ

    လက်စ်ဗီးဂက်စ် တိုက်ခိုက်သူတွင် အနည်းဆုံး သေနတ် ၄၀ ကျော် ရှိနေ

    အောက်တိုဘာ ၃၊ ၂၀၁၇
    M-Media

    – မနေ့က လက်စ်ဗီးဂက်စ်မြို့ မန္တလေးဘေးမှာ တိုက်ခိုက်တဲ့ သေနတ်သမားမှာ အနည်းဆုံး သေနတ် ၄၂ လက်ရှိနေတယ်လို့ အမေရိကန်ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး ပစ်ခတ်မှု နောက်ကွယ်က အကြောင်းအရင်းကို စုံစမ်းစမ်းနေတုန်းလို့ ဆိုပါတယ်။

    အသက် ၆၄ ကျော်အရွယ် စတီဖင် ပဒ်ဒေါ့က်ဆိုသူဟာ ဂီတဖျော်ဖြေပွဲကြည့်ရှုနေတဲ့ လူအုပ်ထဲကို မန္တလေးဘေးဟိုတယ် ၃၇ ထပ်ကနေ စက်သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး အနည်းဆုံး လူ ၅၉ ဦး သေဆုံးကာ ၅၂၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

    ပဒ်ဒေါ့က်ကိုတော့ ရဲတပ်ဖွဲ့က အသေပစ်သတ်ခဲ့ပါတယ်။

    ပစ်ခတ်မှုဖြစ်ပွားပြီးနောက်ပိုင်း သူတည်းတဲ့ ဟိုတယ်အခန်းထဲမှာ လက်နက် ၂၃ လက် တွေ့ခဲ့ပြီး သူ့အိမ်မှာ နောက်ထပ် ၁၉ လက်တွေ့ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

    သေနတ်အများစုဟာ ရိုင်ဖယ်တွေဖြစ်ပြီး DDM4၊ FN-15၊ AK-47 နဲ့ AR-15 တွေလည်း ပါဝင်ပါတယ်။ သေနတ်တွေနဲ့အတူ ထောင်နဲ့ချီတဲ့ ကျည်ဆန်တွေကိုလည်း တွေ့ခဲ့ရပါတယ်။

    ပက်ဒေါ့က်ဟာ ရာဇ၀တ်မှု ကျူးလွန်ဖူးတဲ့ သမိုင်းမရှိသလို၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာလည်း မရှိကြောင်း၊ နိုင်ငံရပ်ခြား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်မှုမရှိကြောင်း အမေရိကန်တာဝန်ရှိသူတွေက ထုတ်ပြန်ခဲ့ပြီး ပစ်ခတ်မှု နောက်ကွယ်က အကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

    Gun Violence Archive အဖွဲ့က အခုနှစ်အတွင်း အမေရိကန်မှာ သေနတ်ပစ်ခတ်မှုပေါင်း ၂၇၃ ခုကို မှတ်တမ်းတင်ထားနိုင်ပြီး အဲဒီပစ်ခတ်မှုတွေအတွင်းမှာ ၁၁၆၂၁ ဦးသေဆုံးခဲ့ကာ၊ ၂၃၄၃၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

    Ref: Aljazeera

  • ၂၀၁၇ ရူပဗေဒ နိုဘယ်ဆုကို ကန် သိပ္ပံပညာရှင် ၃ ဦး ရရှိ

    ၂၀၁၇ ရူပဗေဒ နိုဘယ်ဆုကို ကန် သိပ္ပံပညာရှင် ၃ ဦး ရရှိ

    အောက်တိုဘာ ၃၊ ၂၀၁၇
    M-Media

    ဆုကြေနေစဉ်

    – ၂၀၁၇ ခုနှစ်အတွက် ရူဗေဒဆိုင်ရာ နိုဘယ်ဆုကို အာကာသအတွင်း ဆွဲအားလှိုင်းများကို ရှာဖွေတွေ့ရှိခဲ့သည့် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားနည်းပညာတက္ကသိုလ်မှ သိပ္ပံပညာရှင် သုံးဦးက ရရှိခဲ့သည်ဟု သိရသည်။

    အသက် ၈၅ နှစ်အရွယ် ရိန်နာ ၀စ်၊ ၇၇ နှစ်အရွယ် ကစ်ပ် သရုန်းနှင့် ၈၁ နှစ်အရွယ် ဒေါက်တာ ဘယ်ရီ ဘာရစ်ရှ်တို့ဖြစ်ပြီး လွန်ခဲ့သည့် နှစ် ၁၀၀ အရင်က ‘Relativity သီအိုရီ’တွင် အိုင်းစတိုင်းနမိတ်ဖတ်ခဲ့သည့် အဆိုပါလှိုင်းများကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလက တက္ကသိုလ်ရှိ Laser Interferometer Gravitational-Wave Observatory (Ligo) အဖွဲ့က တွေ့ရှိမှုတွင် ၎င်းတို့ ၃ ဦးမှာ အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

    ထိုတွေ့ရှိမှုကို ရာစုနှစ်တစ်ခုအတွင်း သိပ္ပံပညာရှင်များ၏ အကြီးဆုံး ဖော်ထုတ်တွေ့ရှိမှုဟု သမုတ်ခံခဲ့ရသည်။

    “သူတို့ရဲ့ တွေ့ရှိမှုဟာ ကမ္ဘာကြီးကို တုန်လှုပ်သွားစေပါတယ်” ဟု ယနေ့တွင် ဆုကြေငြာခဲ့သည့် ဆွီဒင် တော်ဝင် သိပ္ပံအကယ်ဒမီ အကြီးအကဲ ဂိုရန် ဟန်ဆန်က ပြောကြားခဲ့သည်။

    အဆိုပါ ဆွဲအားလှိုင်း ဖော်ထုတ်နိုင်မှု၏ အဓိကကျသူများတွင် ဗြိတိသျှ သိပ္ပံပညာရှင် ရော်နယ် ဒရီဗာ ပါဝင်ခဲ့သော်လည်း ယခုနှစ်အစောပိုင်းက ကွယ်လွန်ခဲ့သောကြောင့် ဆုနှင့် လွဲချော်ခဲ့ရသည်။

    Ref: Telegraph

  • ၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပါလက်စတိုင်း ၀န်ကြီးချုပ် ဂါဇာသို့ သွားရောက်

    ၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပါလက်စတိုင်း ၀န်ကြီးချုပ် ဂါဇာသို့ သွားရောက်

    အောက်တိုဘာ ၃၊ ၂၀၁၇
    M-Media

    – ဂါဇာကမ်းမြောင်ရှိ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့် ဟားမက်စ်တို့အကြား အမျိုးသားရင်ကြားစေ့ရေးအပေါ် ကြိုးစားအားထုတ်မှုတစ်ခုအနေဖြင့် ပါလက်စတိုင်း ၀န်ကြီးချုပ် ရာမီ ဟမ်ဒါလာသည် တနင်္လာနေ့က ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြောင်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

    ၎င်း၏လည်ပတ်မှုအပေါ် သတင်းစာရှင်းလင်းပွဲ၌ ဟမ်ဒါလာက ယခုလည်ပတ်မှုကို ‘သမိုင်းဝင်ကာလတစ်ခု’ အဖြစ် ခေါ်ဆိုခဲ့ပြီး ပါလက်စတိုင်း ပြည်သူများ စည်းလုံးညီညွှတ်ရေးကို ရှေ့ရှုကြောင်း ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ ဒီကိုလာရခြင်းဟာ ပါလက်စတိုင်းသမ္မတမဟ်မူးဒ် အတ်စ်ရဲ့ ညွှန်ကြားချက်နဲ့ ရောက်ရှိလာတာဖြစ်ပြီး ဂါဇာရဲ့ အချက်အခြနေရာကနေ ကမ္ဘာကြီးကို ကြေငြာချင်တာက အနောက်ဖက်ကမ်းနဲ့ ဂါဇာတို့အကြား နိုင်ငံရေးအရ၊ ပထ၀ီအနေအထားအရ ပေါင်းစည်းမှုမရှိဘဲ ပါလက်စတိုင်းတိုင်းနု
ိင်ငံ ဖြစ်လာမှာမဟုတ်ဘူး ဆိုတာပါပဲ”

    ယခုလည်ပတ်မှုသည် ၂ နှစ်အတွင်း ဟမ်ဒါလာ၏ ပထမဆုံးအကြိမ် ဂါဇာသို့ သွားရောက်မှုဖြစ်သည်။

    ဂါဇာရှိ ပါလက်စတိုင်း ပြည်ထဲရေးဝန်ကြီးမှ ထုတ်ပြန်သော ကြေငြာချက်တွင် ၀န်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့် ဟားမက်စ်တို့အကြား သဘောထားကွဲလွဲမှုများကို ဖယ်ရှားပြီး ပြည့်ဝသည့် အမျိုးသားရင်ကြားစေ့ရေး အောင်မြင်အောင် ကြိုးစားကာ ပြည်သူလူထု၏ လုံ့လ၀ိရိယ အားကောင်းလာအောင်၊ မိမိတို့၏ အခွင့်အရေးများကို ရယူလာနိုင်အောင် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

    ၂၀၀၇ ခုနှစ်တွင် ဟားမက်စ်အဖွဲ့မှာ သမ္မတ မဟ်မူးဒ်အဘတ်စ်၏ ဖာတာပါတီကို လွှတ်တော် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီးနောက် ဟားမက်စ်မှာ ဂါဇာကို သိမ်းပိုက်ခဲ့ပြီး အာဏာရ ဖာတာပါတီနှင့် သဘောထားကွဲလွဲမှု ကြီးထွားလာခဲ့သည်။

    Ref: Aljazeera

  • ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားသည့် ဂုဏ်ပြုဆုကိုရုပ်သိမ်းရန် အောက်စဖို့ဒ်ကောင်စီဝင်များ အကြံပြု

    ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားသည့် ဂုဏ်ပြုဆုကိုရုပ်သိမ်းရန် အောက်စဖို့ဒ်ကောင်စီဝင်များ အကြံပြု

    အောက်တိုဘာ ၃၊ ၂၀၁၇
    M-Media

    – အောက်စဖို့ဒ်ကောင်စီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ Freedom of Oxford ဆုကို ပြန်လည် ရုပ်သိမ်းဖို့အတွက် ကောင်စီဝင်တွေက အကြံပြုခဲ့တယ်လို့ သိရပါတယ်။

    သြဂုတ်လနှောင်းပိုင်းကစပြီး မြန်မာနိုင်မှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေနောက်ပိုင်းမှာ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ‘ထပ်ပြီးဂုဏ်ပြုဖို့’ သင့်လျော်မှုမရှိတော့ဘူးလို့ဆိုကာ ဆုကို ပြန်ရုပ်သိမ်းဖို့ မနေ့မှာ ကောင်စီဝင်တွေက တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ကြတာပါ။

    အောက်စဖို့ဒ်ကောင်စီဟာ ၁၉၉၇ ခုနှစ်မှာ Freedom of the Oxford ဆုကို ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။ အောက်စဖို့ဒ်မြို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နီးစပ်မှုရှိပြီး ၁၉၆၄ ခုနှစ်ကနေ ၁၉၆၇ ခုနှစ်အထိ St Hugh’s ကောလိပ်မှာ ပညာသင်ယူစဉ် မိသားစုနဲ့အတူ Park Town မြို့မှာ နေထိုင်ခဲ့ဖူးပါတယ်။

    ရခိုင်ပြည်နယ်က ပြဿနာတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ကမ္ဘာတစ်ဝှမ်းက ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပြီးတဲ့နောက် အဲဒီကောလိပ်ကလည်း သူမရဲ့ ပုံတူပန်းချီ အမှတ်တရချိတ်ဆွဲထားမှုကို ပြီးခဲ့တဲ့တစ်ပတ်မှာ ဖြုတ်ချခဲ့ပါတယ်။

    ပြီးခဲ့တဲ့လ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ အင်္ဂလိပ်လို မိန့်ခွန်းမှာ နှစ်ပေါင်း ၅၀ လောက် အာဏာရှင်စနစ်အောက်မှာ ရှိခဲ့တဲ့ တိုင်းပြည်ကို သူမအစိုးရရဲ့ သက်တမ်း ၂ နှစ်လောက်အတွင်းမှာ ပြုပြင်ပြောင်းလဲနိုင်မယ်လို့ မျှော်လင့်ချက်ဟာ ကြီးမားလွန်းနေကြောင်း၊ မိမိတို့အစိုးရ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို နိုင်ငံတကာမိတ်ဆွေတွေအနေနဲ့ နားလည်အောင်လေ့လာက အတူတကွ ဖြတ်ကျော်နိုင်ရေး ကူညီပေးစေလိုကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: Oxfordmail

  • အကြမ်းဖက်လူအုပ်အား ဦးဆောင်သည့် ဘုန်းကြီးကို သီရိလင်္ကာဖမ်းဆီး

    အကြမ်းဖက်လူအုပ်အား ဦးဆောင်သည့် ဘုန်းကြီးကို သီရိလင်္ကာဖမ်းဆီး

    အောက်တိုဘာ ၃၊ ၂၀၁၇
    M-Media

    ဖမ်းဆီးခံထားရသည့် ဘုန်းကြီး Akmeemana Dayarathana

    – ရိုဟင်ဂျာဒုက္ခသည် ၃၁ ဦးကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့တဲ့ လူအုပ်ကို ဦးဆောင်သူ ဘုန်းကြီးတစ်ပါးကို ဖမ်းဆီးတရားစွဲဆိုလိုက်တယ်လို့ သီရိလင်္ကာ ရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။

    Akmeemana Dayarathana ဆိုတဲ့ ဘုန်းကြီးဖြစ်ပြီး သူနဲ့ သူ့အပေါင်းအပါတွေဟာ ကိုလံဘိုဆင်ခြေဖုံးက အဆောက်အဦးတစ်ခုမှာ ကုလအစောင့်အရှောက်နဲ့ နေထိုင်တဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ရန်မူဖို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ကြိုးစားခဲ့တာပါ။

    လူအုပ်ဟာ အဆောက်အဦးကို ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့ပြီး တားဆီးတဲ့ ရဲတပ်ဖွဲ့တွေကိုလည်း ရန်မူ တိုက်ခိုက်ခဲ့ကြပါတယ်။ ဒုက္ခသည်တွေကိုတော့ ရဲတပ်ဖွဲ့က စောင့်ရှောက်ကာ လုံခြုံတဲ့နေရာမှာ ဖွက်ထားခဲ့ရပါတယ်။

    လက်ရှိမှာ ဒီဘုန်းကြီး အပါအ၀င် လူ ၇ ဦးကို ဖမ်းဆီးကာ လူ့အဖွဲ့အစည်းအတွင်း စိတ်ဝမ်းကွဲစေမှု၊ ရဲတပ်ဖွဲ့အား တိုက်ခိုက်မှု၊ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုတွေနဲ့ တရားစွဲဆို ရမန်ယူထားတယ်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Ruwan Gunasekara က Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    သီရိလင်္ကာသမ္မတ မိုင်သရီပါလာ ဆရီဆီနာဟာ ဘုန်းကြီးတွေဦးဆောင်တဲ့ ဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ‘ရှက်စရာ’ လုပ်ရပ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီကိစ္စမှာ ပါဝင်သူတွေကို ဖမ်းဆီးဖို့လည်း ရဲတပ်ဖွဲ့ကို တိုက်တွန်းခဲ့ပါတယ်။

    အဲဒီဒုက္ခသည်တွေကို ပြီးခဲ့တဲ့ဧပြီလမှာ သီရိလင်္ကာရေတပ်က ကယ်တင်ခဲ့ပြီး ကုလအစောင့်အရှောက်နဲ့ နေထိုင်နေကာ တတိယနိုင်ငံကိုသွားဖို့ စောင့်ဆိုင်းနေတာဖြစ်ပါတယ်။

    Ref: Reuters