News @ M-Media

Author: Ko Lay

  • မြင့်တက်လာတဲ့ ‘မွတ်စလင်ကင်းစင်ဇုန်’ များက အမုန်းစကားပြန့်နှံ့မှုကို ဖော်ညွှန်းနေ

    မြင့်တက်လာတဲ့ ‘မွတ်စလင်ကင်းစင်ဇုန်’ များက အမုန်းစကားပြန့်နှံ့မှုကို ဖော်ညွှန်းနေ

    စက်တင်ဘာ ၁၃၊ ၂၀၁၇
    M-Media

    – ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်ရဲ့ ဆောင်ရွက်ချက်တွေဟာ ‘လူမျိုစုလိုက် သုတ်သင်ရှင်လင်းမှု’ မြောက်နေပြီလို့ ကုလ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ ဇီအစ် ရာအဒ် အလ် ဟူစိန်က မနေ့မှာ ပြောကြားတဲ့အထိ ဖြစ်ခဲ့တာဟာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တဲ့ လုပ်ရပ်တွေကြောင့် ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အခြား မွတ်စလင် လူ့အဖွဲ့အစည်းတွေကလည်း အမှည့်ခြွေခြွေတဲ့ ပုံစံနဲ့ ဒီလို အနေအထားမျိုးကို ရင်ဆိုင်နေရပါတယ်။

    လူပေါင်း ၈၀ ကျော်သေဆုံးကာ ၉ သောင်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ၂၀၁၂ ခုနှစ် ရခိုင်အရေးအခင်း ဖြစ်ပြီးတကည်းက မြန်မာနိုင်ငံမှာ ‘မွတ်စလင်ကင်းစင်ရွာ’ အရေအတွက်ဟာ တိုးလာခဲ့တယ်လို့ မြန်မာ့လူ့အခွင့်အရေးကွန်ယက် (BHRN) က စက်တင်ဘာ ၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    “မွတ်စလင်တွေ မလာရဆိုတဲ့ ဆိုင်းဘုတ်တွေကို အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ ဒေသခံတွေက စိုက်ထူထားတဲ့ ရွာပေါင်း မြန်မာနိုင်ငံတစ်ဝှမ်းမှာ ၂၁ ရွာ ရှိနေကြောင်း BHRN က စာရင်းပြုစုခဲ့ပါတယ်” လို့ မကြာသေးခင်က ဘန်ကောက်မှာ ပြုလုပ်ခဲ့တဲ့ အစီရင်ခံစာ ထုတ်ပြန်မှုမှာ BHRN ကို တည်ထောင်သူ၊ အမှုဆောင်ဒါရိုက်တာ ဦးကျော်ဝင်းက ပြောကြားခဲ့ပါတယ်။

    ၂၀၁၂ ခုနှစ်မတိုင်ခင်မှာ ရခိုင်နဲ့ ကရင်ပြည်နယ်တွေမှာလို မွတ်စလင်တွေကို ကန့်သတ်ချုပ်ချယ်ထားတဲ့ မြို့ တော်တော်များများရှိခဲ့ပြီး၊ မွတ်စလင်တွေဟာ ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်ဆိုတဲ့ ပုံဖော်မှုတွေကြောင့် ဒီအရေအတွက်ဟာ နိုင်ငံတစ်ဝှမ်းမှာ တိုးလာတယ်လို့ BHRN ရဲ့ လေ့လာမှုက ဆိုပါတယ်။

    “၂၀၁၂ ခုနှစ်မှာ စတင်ခဲ့တဲ့ အကြမ်းဖက်မှုတွေက ဘယ်သူတွေဟာ မြန်မာနိုင်ငံသား ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာကို ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီတွေအကြား ဆုံးဖြတ်သတ်မှတ်တဲ့ လုပ်ရပ်တွေကို မြင့်တက်လာစေပါတယ်။ လုံခြုံရေးအတွက် လူ့အဖွဲ့အစည်း ၂ ခုကို သီးခြား ခွဲထားရမယ်ဆိုပြီး အစိုးရက အကြောင်းပြမှုနဲ့ ရခိုင်မှာ ခွဲခြားဖိနှိပ်တဲ့ လုပ်ရပ်တွေကို လုပ်ဆောင်ထားသလို၊ နိုင်ငံရဲ့ အခြားနေရာတွေမှာလည်း ဗုဒ္ဓဘာသာနဲ့ မွတ်စလင်လူ့အဖွဲ့အစည်းကို ခွဲခြားထားဖို့ အောက်ခြေလှုပ်ရှားမှုတွေဟာ အားကောင်းလာခဲ့ပြီး အစိုးရကလည်း ဘာအရေးယူမှုမှကို မလုပ်ပါဘူး။ ‘မွတ်လင်ကင်းစင်ရွာ’ တွေဟာ ဒီကိစ္စအတွက် အရှင်လင်းဆုံး ဥပမာတွေ ဖြစ်ပါတယ်” လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    “ဗုဒ္ဓဘာသာရွာတွေမှာ မွတ်စလင်တွေကို ပိတ်ပင်ဖို့အတွက် နောက်ကွယ်က လှုံ့ဆော်မှုဟာ တစ်နိုင်ငံလုံးမှာ၊ ဒါမှမဟုတ် ဒေသတစ်ခုခုမှာ မွတ်စလင်တွေ ရှိနေတာက ဗုဒ္ဓဘာသာကို အားနည်းစေမယ်၊ ခြိမ်းခြောက်မယ်ဆိုတဲ့ အယူအဆ ဖြစ်ပုံရပါတယ်။ ဒီရွာတွေဟာ ဗုဒ္ဓဘာသာစစ်စစ်ရွာဆိုတဲ့ ပုံစံမျိုးတွေ ဖြစ်လာပါတယ်” လို့ အစီရင်ခံစာကို အဆုံးသတ်ထားပါတယ်။

    အစီရင်ခံစာမှာ မွတ်စလင်မ၀င်ရလို့ ကြေငြာထားတဲ့ အထောက်အထားတွေ၊ ဆိုင်းဘုတ်တွေလည်းပါဝင်ပါတယ်။ ဆိုင်းဘုတ်တော်တော်များများမှာ အောက်ပါအတိုင်း ရေးသားထားတာပါ။

    ရပ်စောက်မြို့၊ ဥက္ကံတားရပ်ကွက်၊ ဇော်ဂျီကွေ့

    အစ္စလာမ်ဘာသာသာကင်းစင်နယ်မြေ – (၁)

    (၁) အစၥလာမ္ဘာသာ၀င္မ်ား ညအိပ္ခြင့္မျပဳ။
    (၂) အစၥလာမ္ဘာသာ၀င္မ်ားအား အိမ်ခြံမြေ ရောင်း/၀ယ် ငှားရမ်းခြင်း ခွင့်မပြု။
    (၃) အစ္စလာမ်ဘာသာဝင်များနှင့် လက်ထပ်ထိမ်းမြားခွင့်မပြု

    ဇော်ဂျီကွေ့ မျိုးချစ်လူငယ်များအဖွဲ့

    တစ်ချို့ဆိုင်းဘုတ်တွေမှာ မွတ်စလင်တွေကို နိုင်ငံခြားသားအဖြစ် ပုံဖော်ဖို့အတွက် အမျိုးသားရေး အစွန်းရောက်တွေက ခေါ်ဝေါ်တဲ့ ‘ကုလား’ဆိုတဲ့ စကားလုံးကို သုံးနှုန်းထားပါတယ်။

    BHRN က ‘မွတ်စလင်ကင်းစင်ရွာ’ တွေဟာ မြန်မာနိုင်ငံမှာ မွတ်စလင်တွေအပေါ် စနစ်တကျ ခွဲခြားဖိနှိပ်မှုရဲ့ ကျယ်ပြန့်လာတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ရခိုင်ပြည်နယ်မှာတင် မဟုတ်တော့ ရိုဟင်ဂျာနဲ့ ရိုဟင်ဂျာမဟုတ်တဲ့ မွတ်စလင်တွေကိုပါ ပစ်မှတ်ထားလာတာဖြစ်တယ်လို့ ဆိုပါတယ်။

    BHRN ရဲ့ အစီရင်ခံစာမှာ ဖျက်ဆီးခံထားရတဲ့ ဗလီတွေ ပြန်ဆောက်ခွင့်မပေးတာ၊ အဓမ္မကျင့်တယ်၊ လူသတ်တယ်လို့ လှုံ့ဆော်ပြီး မွတ်စလင်တွေရဲ့ ၀တ်ပြုဆုတောင်းမှုကို ဗုဒ္ဓဘာသာလူအုပ်စုကြီးက နှောက်ယှက် ခြိမ်းခြောက်ဖို့ ကြိုးစားမှုကိုလည်း ဖော်ပြထားပါတယ်။

    ၂၀၁၅ ခုနှစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အာဏာရပြီးနောက်ပိုင်းမှာ မဘသလို မွတ်စလင်ဆန့်ကျင့်ရေးအုပ်စုတွေ လှုပ်ရှားမှု နည်းသွားပေမယ့် အသံသိပ်မထွက်ဘဲ စုပေါင်းပြီး အစီအစဉ်တကျနဲ့ မွတ်စလင်တွေအပေါ် ဒီလို ဖိနှိပ်မှုလုပ်ရပ်တွေကို အစိုးရအာဏာပိုင်တွေက အမြစ်တွယ်ခွင့်ပေးထားတယ်လို့ BHRN ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    Ref: coconuts yangon

  • ပိတ်ဆို့မှုအတွက် အကြီးအကျယ်ခံစားရမည်ဟု အမေရိကန်ကို မြောက်ကိုရီးယားခြိမ်းခြောက်

    ပိတ်ဆို့မှုအတွက် အကြီးအကျယ်ခံစားရမည်ဟု အမေရိကန်ကို မြောက်ကိုရီးယားခြိမ်းခြောက်

    စက်တင်ဘာ ၁၃၊ ၂၀၁၇
    M-Media

    နောက်ဆုံ စမ်းသပ်ခဲ့သည့် ဟိုက်ဒရိုဂျင်ဗုံးကို ကင်ဂျုံအန်က ကြည့်ရှုစစ်ဆေးစဉ်

    – မိမိတို့နိုင်ငံအပေါ် ပြုလုပ်ခဲ့သည့် အရေးယူပိတ်ဆို့မှုများအတွက် အမေရိကန်အနေဖြင့် အကြီးအကျယ် ထိခိုက်ခံစားရမည်ဟု မြောက်ကိုရီးယားက ယနေ့တွင် ခြိမ်းခြောက်ပြောကြားလိုက်သည်။

    မြောက်ကိုရီးယား၏ ၆ ကြိမ်မြောက် နျူလက်နက် စမ်းသပ်မှုကို ဆန့်ကျင်သည့်အနေဖြင့် အမေရိကန်က တင်သွင်းသော မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုအသစ်ကို ကုလ လုံခြုံရေးကောင်စီက တနင်္လာနေ့တွင် တစ်ညီတစ်ညွတ်တည်း အတည်ပြုခဲ့သည်။

    ထိုဆုံးဖြတ်ချက်မှာ မြောက်ကိုရီးယားနှင့်ပတ်သက်၍ လုံခြုံရေးကောင်စီက ပြုလုပ်သော ၉ ခုမြောက် ဖြစ်ပြီး နိုင်ငံ၏ ချည်ထည်တင်ပို့မှု၊ ရေနံတင်သွင်းမှုများကို ထိခိုက်စေမည်ဖြစ်သည်။

    “နောက်ထပ် ဆောင်ရွက်မှုတွေ လုပ်မယ်ဆိုရင် သမိုင်းမှာ မကြုံဖူးတဲ့အနေအထားနဲ့ အကြီးမားဆုံး နာကျင်မှုကို အမေရိကန်က ခံစားရမှာ ဖြစ်ပါတယ်” ဟု ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယးသံအမတ် ဟန်တေဆွန်က ပြောကြားခဲ့သည်။

    အဆိုပါပိတ်ဆို့မှုမှာ ဥပဒေဘောင်မ၀င်ဘဲ အမေရိကန်မှာ နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေးအရ ထိုးနှက်နေခြင်းဖြစ်ကြောင်း၊ မြောက်ကိုရီးယားအနေဖြင့် အလုံးစုံသော နည်းလမ်းများဖြင့် တုန့်ပြန်သွားမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာန KCNA မှ ယနေ့တွင် ထုတ်ပြန်ခဲ့သော အစိုးရ၏ ကြေငြာချက်၌ လုံခြုံရေးကောင်စီ၏ ပိတ်ဆို့မှုမှာ ‘မြောက်ကိုရီးယား၏ မိမိကိုယ်ကို ကာကွယ်ခွင့်ကို ပျက်ဆီးအောင် ရည်ရွယ်သော၊ စီးပွားရေး အလုံးစုံ ပိတ်ဆို့ခြင်းအားဖြင့် နိုင်ငံနှင့် ပြည်သူလူထု ထွက်ပေါက်မရှိအောင် ပြုလုပ်သော စက်ဆုပ်သည့် ရန်စမှုမျိုး’ ဖြစ်သည်ဟု ဖော်ပြထားသည်။

    Ref: Aljazeera

     

  • ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာ ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားရောက်

    ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာ ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားရောက်

    စက်တင်ဘာ ၁၃၊ ၂၀၁၇

    M-Media

    – မြန်မာနိုင်ငံမှာ နှစ်ရာနဲ့ချီ နေထိုင်ခဲ့တဲ့ ရိုဟင်ဂျာတွေကို ဘာ့ကြောင့် မြန်မာနိုင်ငံသားအဖြစ် မသတ်မှတ်တာလဲလို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က မေးခွန်းထုတ်လိုက်ပါတယ်။

    Source – SBS

     

  • တူရကီတွင် ‘ကြယ်နှင့်လ’ သဏ္ဍာန် ဗလီသစ်ကြီးတစ်လုံး တည်ဆောက်နေ

    တူရကီတွင် ‘ကြယ်နှင့်လ’ သဏ္ဍာန် ဗလီသစ်ကြီးတစ်လုံး တည်ဆောက်နေ

    စက်တင်ဘာ ၁၂၊ ၂၀၁၇
    M-Media

    ဗလီဝတ်ကျောင်းတော် ပုံသဏ္ဍာန်

     

    – ကြယ်နှင့်လ ပုံသဏ္ဍာန်ရှိမည့် ဗလီဝတ်ကျောင်းတော်တစ်လုံး ဆောက်လုပ်ရန်အတွက် တူရကီမှာ ယမန်နေ့က အုတ်မြစ်ချအခမ်းအနား ပြုလုပ်ခဲ့ပြီး အစိုးရတာဝန်ရှိသူ အများအပြား တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

    နိုင်ငံအလယ်ပိုင်း ဆီဗက်စ်ပြည်နယ်ရှိ မြေနေရာ ၇၀၀၀ စကွဲယားမီတာတွင် ဆောက်လုပ်မည့် အဆိုပါ ဗလီဝတ်ကျောင်းတော်မှာ ၀တ်ပြုသူပေါင်း ၈၄၀၀ ဆန့်မည်ဖြစ်သည်။

    အုတ်မြစ်ချအခမ်းအနားသို့ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ အာဏာရ AK ပါတီမှ တာဝန်ရှိသူများ၊ ပြည်သူများတက်ရောက်ခဲ့ကြသည်။

    ဗလီဝတ်ကျောင်းတော်တွင် ဈာပနအခမ်းအနား ကျင်းပမည့်နေရာတစ်ခုလည်း ပါဝင်မည်ဖြစ်သောကြောင့် လက်ရှိတွင် ဆီဗက်စ်မြို့လယ်ကောင်ရှိ ဗလီဝတ်ကျောင်းတော်တစ်ခုတွင်သာ ဈာပနအခမ်းအနား ကျင်းပနေရသည့်အတွက် ကားလမ်းကြပ်မှု ပြဿနာကိုလည်း ပြေလည်စေမည်ဖြစ်သည်။

    “ကျွန်တော်တို့နိုင်ငံသားတွေရဲ့ လိုအပ်ချက်ကို စဉ်းစားပြီးတော့ ဒီစီမံကိန်းကို ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒီစီမံကိန်းမှာ ပါဝင်ချင်တဲ့သူတွေ ပါဝင်လို့ရအောင် အသင်းတစ်ခုကိုလည်း ကျွန်တော်တို့ ဖွဲ့စည်းထားပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ဟာ ၂၀၁၈ ခုနှစ်မှာ ဗလီဝတ်ကျောင်းတော် ဖွင့်လှစ်နိုင်ဖို့ပါပဲ” ဟု ဆီဗက်စ် စည်ပင်အကြီးအကဲ ဆာမီ အိုင်ဒင်က ပြောကြားခဲ့သည်။

    တာဝန်ရှိသူများက မိန့်ခွန်းပြောကြားခြင်း၊ ၀တ်ပြုဆုတောင်းခြင်းတို့ ပြီးစီးသည့်နောက် Yukarı Tekke Ayyıldız ဟု အမည်တွင်မည့် အဆိုပါဗလီဝတ်ကျောင်းတော်ကို အုတ်မြစ်ချခဲ့သည်။ စီမံကိန်းကို ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းတွင် ပြီးစီးရန် ရည်ရွယ်ထားသည်။

    ဗလီဝတ်ကျောင်းတော် ပုံသဏ္ဍာန်
    ဗလီဝတ်ကျောင်းတော် ပုံသဏ္ဍာန်

    Ref: yenisafak.com

  • ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်များကို ဆစ်ခ်ပရဟိတအဖွဲ့မှ လာရောက်ကူညီ

    ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်များကို ဆစ်ခ်ပရဟိတအဖွဲ့မှ လာရောက်ကူညီ

    စက်တင်ဘာ ၁၂၊ ၂၀၁၇
    M-Media

    – ရခိုင်ပြည်နယ်က မတည်ငြိမ်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရပြီး ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီဖို့အတွက် အိန္ဒိယအခြေစိုက် ‘ဆစ်ခ်’ ပရဟိတအဖွဲ့က ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်ခြားကို ရောက်ရှိလာပါတယ်။

    လတ်တလော ရခိုင်ပြည်နယ်က ပြဿနာတွေကြောင့် ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်အရေအတွက်ဟာ ၃ သိန်းလောက် ရှိနေပြီလို့ ကုလက ပြောကြားထားပါတယ်။

    ဆစ်ခ်ဘာသာဝင်တွေ ဖွဲ့စည်းထားတဲ့ Khalsa Aid အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ် နယ်စပ်မြို့ကို မနေ့က ရောက်ရှိလာတာဖြစ်ပြီး အဖွဲ့ရဲ့ မန်းနေးဂျင်ဒါရိုက်တာ အမာရ်ပရစ်တ် ဆင်းက ဒုက္ခသည်စခန်းမှာ နေထိုင်နေရတဲ့ ရိုဟင်ဂျာတွေရဲ့အခြေအနေဟာ တော်တော်ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “လူ ၅ သောင်းလောက်ကို အကူအညီပေးဖို့အတွက် ကျွန်တော်တို့ပြင်ဆင်လာပါတယ်။ ဒါပေမယ့် လူက ၃ သိန်းကျော်လောက်ရှိနေတယ်။ သူတို့မှာ သောက်ရေ၊ အစားအစာ၊ အ၀တ်အထည်နဲ့ နေစရာနေရာတွေ မရှိကြပါဘူး။ ရတဲ့နေရာမှာ နေရတယ်။ မိုးရွာနေပေမယ့် ခိုးနားစရာ မရှိကြပါဘူး”

    Khalsa Aid အဖွဲ့ဟာ ဒုက္ခသည်တွေ ရွက်ဖျက်တဲထိုး နေထိုင်နိုင်ဖို့အတွက် တာပေါ်လင်စတွေ၊ အခြေခံစားသောက်ကုန်တွေ ကူညီထောက်ပံ့ပေးထားပါတယ်။

    အမာရ်ပရစ်တ် ဆင်းက စခန်းတွေမှာ လူတွေ ပြည့်လျှံနေပြီး၊ ကလေးတွေကလည်း စားစရာမရှိတဲ့အတွက် တောင်းနေရကြောင်း၊ စခန်းမှာ နေရာမရတဲ့သူတွေက လမ်းဘေးမှာ ထိုင်ကာ အကူအညီပေးမယ့်သူကို မျှော်ကိုးနေရကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    Khalsa Aid အကူအညီပေးရေးအဖွဲ့က နောက်ထပ် အုပ်စုတစ်စုဟာ လာမယ့်ရက်တွေမှာ တက်ခ်နက်ဖ်ဒေသကို လာရောက်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အကူအညီတွေ ထပ်ပေးဖို့ရှိနေတယ်လို့လည်း သူက ဆိုပါတယ်။

    Ref: Indianexpress