News @ M-Media

Author: Ko Lay

  • ထရမ့်နှင့် လူမည်းအမတ် အိမ်ဖြူတော်တွင် တွေ့မည်

    ထရမ့်နှင့် လူမည်းအမတ် အိမ်ဖြူတော်တွင် တွေ့မည်

    မတ် ၂၂၊ ၂၀၁၇
    M-Media

    CBC ဥက္ကဌ စီဒရင် အလ် ရစ်ခ်ျမွန်း

    – အမေရိကန် အထက်လွှတ်တော် လူမည်းနိုင်ငံရေးသမားများအဖွဲ့ဖြစ်သော Congressional Black Caucus (CBC) မှာ အမေရိကန်ရှိ အာဖရိကန်-အမေရိကန်လူ့အဖွဲ့အစည်းနှင့် သက်ဆိုင်သည့် ကိစ္စရပ်များအတွက် သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်နေသည်ဟု သိရသည်။

    ထရမ့်နှင့် CBC ၏ အမှုဆောင် ကော်မတီတို့မှာ မတ်လ ၂၂ ရက်နေ့တွင် တွေ့ဆုံမည်ဟု အိမ်ဖြူတော်က အတည်ပြုထားပြီး၊ ပြန်ကြားရေးဝန်ရှိသူ ရှောင် စပိုက်ဆာက ထရမ့်မှာ ဆွေနွေးမှုများပြုလုပ်ရန် အထ်လွှတ်တော်အမတ်များကို ဖိတ်ကြားထားသည်ဟု ပြောကြားခဲ့သည်။

    CBC ကို အထက်လွှတ်တော်အမတ် ၄၉ ဦးဖြင့် ဖွဲ့စည်းထားပြီး အများစုမှာ ဒီမိုကရက်များဖြစ်ကြသည်။

    ရီပက်ဘလစ်ကန်အမတ်တစ်ဦးဖြစ်ပြီး CBC ၏ ဥက္ကဖြစ်သော စီဒရင် အလ် ရစ်ခ်ျမွန်းက မိမိနှင့် အမှုဆောင် ကော်မတီဝင် ၅ ဦးမှာ အာဖရိကန်-အမေရိကန် လူ့အဖွဲ့အစည်း၏ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးရန် ထရမ့်၏ ဖိတ်ကြားမှုကို လက်ခံခဲ့ပြီး ထရမ့်က အဆိုပြုထားသော ဘက်ဂျက်ကိစ္စ၊ ပညာရေး၊ ရာဇ၀တ်မှုဆိုင်ရာတရားရေး ပြုပြင်ပြောင်းလဲမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုကိစ္စများလည်း ပါဝင်မည်ဟု ပြောကြားခဲ့သည်။

    ထရမ့်မှာ မဲဆွယ်စဉ်က လူနေထူထသည့်နေရာများတွင် လူမည်းများအပေါ် ရာဇ၀တ်မှုကျူးလွန်ခြင်းကို လျော့ချပေးခြင်း၊ အလုပ်အကိုင်များဖန်တီးပေးခြင်း၊ ပညာရေး အခက်အခဲများကို ဖြေရှင်းပေးခြင်းတို့ကို ပြုလုပ်ပေးမည်ဟု ကတိပေးခဲ့သည်။

    သို့သော်လည်း ဇန်န၀ါရီ ၁၉ ရက်နေ့က ထရမ့်သို့ CBC မှ ပေးပို့သော စာတွင် ထိုကတိပြုထားမှုမှာ လုံလောက်မှုမရှိဟု ပြောကြားခဲ့သည်။

    Ref: Press TV

  • ဗုဒ္ဓဘာသာမှာ ယနေ့ခေတ်နှင့် သင့်လျော်သည့်ဘာသာဟု အိန္ဒိယသမ္မတ ပြော

    ဗုဒ္ဓဘာသာမှာ ယနေ့ခေတ်နှင့် သင့်လျော်သည့်ဘာသာဟု အိန္ဒိယသမ္မတ ပြော

    မတ် ၂၂၊ ၂၀၁၇
    M-Media

    – အကြမ်းဖက်မှုတွေ၊ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ အခုအချိန်မှာ ဗုဒ္ဓဘာသာက လူသားတွေနဲ့ သင့်လျော်တဲ့ ဘာသာတစ်ခုဖြစ်တယ်လို့ အိန္ဒိယသမ္မတ မူခါဂျီက ပြောကြားလိုက်ပါတယ်။

    အိန္ဒိယနိုင်ငံ ဘီဟာရ်ပြည်နယ် နာလန်ဒါခရိုင် ရဂ်ျဂီးရ်မှာ ပြီးခဲ့တဲ့တစ်ပတ်က ပြုလုပ်ခဲ့တဲ့ ‘ဗုဒ္ဓဘာသာဆိုင်ရာ နိုင်ငံတကာ အစည်းအဝေး’ မှာ သမ္မတက ဒီလို ပြောကြားလိုက်တာဖြစ်ပြီး ဗုဒ္ဓဘာသာရဲ့ ဒဿနတွေဟာ အကြမ်းဖက်မှုတွေ အဆိုးဆုံးဖြစ်နေတဲ့ ဒီနေခေတ်ကာလ အထူးသဖြင့် ‘ဖြေရှင်းလို့ မရနိုင်တဲ့ ပြဿနာတွေနဲ့ လုံးပမ်
းနေရတဲ့ ကမ္ဘာကြီးအတွက်’ အံဝင်ခွင်ကျ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

    အစည်းအဝေးကို “၂၁ ရာစု ဗုဒ္ဓ၀ါဒ – ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများနှင့် ပြဿနာအတွက် အမြင်များနှင့် တုန့်ပြန်မှုများ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး နိုင်ငံပေါင်း ၃၅ နိုင်ငံက ဗုဒ္ဓဘာသာပညာရှင်တွေ၊ ဘုန်းတော်ကြီးတွေနဲ့ ကိုယ်စားလှယ်အဖွဲ့တွေ တက်ရောက်ခဲ့ပါတယ်။

    Nava Nalanda Mahavihara တက္ကသိုလ်က ဦးစီးကျင်းပတဲ့ ဒီအစည်းဝေးကို သောကြာနေ့မှာ စတင်ခဲ့တာဖြစ်ပြီး စနေနေ့မှာတော့ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားက အထူးမိန့်ခွန်း ပြောကြားခဲ့ပါတယ်။

    “ကမ္ဘာ့ ဘယ်နေရာမှာမှ အကြမ်းဖက်မှုဒဏ်နဲ့ မလွတ်ပါဘူး။ ဒီပြဿနာဟာ အားလုံးမှာ ပြန့်နှံ့နေပါတယ်” လို့ သမ္မတ မူခါဂျီက ဆိုပြီး “ဗုဒ္ဓ၀ါဒဟာ လူ့အဖွဲ့အစည်းမှာ နက်နက်ရှိုင်းရှိုင်း လွှမ်းမိုးနေတယ်” လို့လည်း ပြောကြားခဲ့ပါတယ်။

    နောက်ပြီး နာလန်ဒါတက္ကသိုလ်ဟာ ရှေးခေတ်အိန္ဒိယမှာ အင်မတန်တော်တဲ့ ကျောင်းသားတွေ၊ ဆရာတွေကို စွဲဆောင်နိုင်ခဲ့တဲ့ ပညာရေးစနစ်ကို ရောင်ပြန်ဟပ်နေကြောင်း ပြောကြားခဲ့ပြီး၊ ဗုဒ္ဓဘုရားရှင်ရဲ့ ရိုးရှင်းတဲ့ အမှန်တရားနဲ့ ပြသခဲ့တဲ့ လမ်းကို လျှောက်လမ်းခြင်းအားဖြင့် နိုင်ငံသားကောင်းတွေဖြစ်နိုင်ပြီး မိမိတို့တိုင်းပြည်ကို နေထိုင်လို့ ပိုကောင်းတဲ့နေရာတစ်ခုအဖြစ် လုပ်ဆောင်ရာမှာ အကူအညီဖြစ်စေတယ်ဆိုတာကို တွေ့ရတဲ့အတွက် အစည်းအဝေးကို တက်ရောက်လာသူတွေအနေနဲ့ ဒီတရားတွေ ပြန့်နှံ့ဖို့အတွက် နှစ်ဆတိုး အားထုတ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

    Nava Nalanda Mahavihara တက္ကသိုလ်မှာ ကမ္ဘာ့ ပထမဆုံး ဗုဒ္ဓဘာသာဆိုင်ရာ သိပ္ပံဌာနတစ်ခု ဖွင့်လှစ်နိုင်မှုကိုလည်း သမ္မတက ချီးကျူးခဲ့ပါတယ်။

    Ref: The Hindu

  • လက်ရှိသုံးစွဲနေသည့် ကမ္ဘာ့ရှေးအကျဆုံး ဘာသာစကားများ (၂)

    လက်ရှိသုံးစွဲနေသည့် ကမ္ဘာ့ရှေးအကျဆုံး ဘာသာစကားများ (၂)

    မတ် ၂၂၊ ၂၀၁၇
    M-Media

    – ဘာသာစကားဆိုတာ ဇီဝရုပ် ဖြစ်ပေါ်ပြောင်းလဲ တိုးတက်နေသလို အချိန်တိုင်း၊ မျိုးဆက်တိုင်း ပြောင်းလဲတိုးတက်နေတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ဘာသာစကားတစ်ခုနဲ့ အဲဒီဘာသာစကားကနေ နောက်ထပ် ခွဲထွက်လာတဲ့ ဘာသာစကားတစ်ခုဟာ သိသိသာသာ ကွဲပြားခြားနားသွားတာမျိုး မရှိပါဘူး။ ဒ့ါကြောင့် ဘာသာ
    စကားတစ်ခုက အခြား ဘာသာစကားတစ်ခုထက် ပိုပြီး သက်တမ်းရင့်တယ်လို့ ပြောလို့ မရနိုင်ပါဘူး။ ဘာသာစကားအားလုံးဟာ လူသားတွေလိုပဲ အိုးမင်းဟောင်း နွမ်းတတ်ပါတယ်။ အခုဖော်ပြမယ့် ဘာသာစကားတွေကတော့ နည်းနည်း ထူးခြားပြီး ရှေးလည်း ပိုကျပါတယ်။

    မက်ဆီဒိုးနီးယန်း

    -ရုရှား၊ ပိုလန်၊ ချက်၊ ခရိုအေးရှားနဲ့ အခြားဘာသာစကားတွေပါဝင်တဲ့ ဆာလ်ဗစ် (Salvic) ဘာသာစကားအုပ်စုထဲကဖြစ်ပြီး သမိုင်းကြောင်းကတော့ နုပါသေးတယ်။ ဘိုးဘေးဘီဘင်စကား Common Slavic (Proto- Slavic) မှာ ဘိုင်ဇန်တိုင်း ခရစ်ယာန် သူတော်စဉ် ညီနောင်နှစ်ဦးဖြစ်တဲ့ ဆိုင်ရီလ် (Cyril) နဲ့ မီသိုဒီးယက်စ်
    (Methodius) တို့က စံတစ်ခုသတ်မှတ်ရာကနေ ခွဲထွက်လာခဲ့ပြီး အခု Old Church Slavonic လို့ခေါ်တဲ့ ဘာသာစကားတစ်ခုဖြစ်လာကာ အဲဒီအတွက် ဗျည်းစကားလုံးတွေကိုလည်း ဖန်တီးပေးခဲ့ပါတယ်။ ဒီ သူတော်စဉ်ညီနောင်နှစ်ယောက်ဟာ ၉ ရာစုလောက်မှာ စလက်ဗ် (Slavs) လူမျိုးတွေကို ခရစ်ယန်ဘာသာသွတ်သွင်းဖို့ မြောက်ဖက်ကိုသွားတဲ့အချိန်မှာ ဒီဘာသာစကားအသစ်ကို ယူဆောင်သွားခဲ့ပါတယ်။ သူတို့တွေဟာ ဂရိနိုင်ငံရဲ့ မြောက်ပိုင်းတစ်နေရာကနေ လာခဲ့ကြတာဖြစ်ပြီး အဲဒီဒေသကို အခုအချိန်မှာ မက်ဆီဒိုးနီးယားလို့ ခေါ်ဆိုနေတာ ဖြစ်နိုင်ပါတယ်။ မက်ဆီဒိုးနီယားမှာသုံးတဲ့ ဘာသာစကားတော့ ဒီနေ့ခေတ် Old Church Slavonic နဲ့ တော်တော်လေး ဆက်စပ်နေပါတယ်။

    ဘက်စကက် (Basque)

    ဘက်စကက် ဘာသာစကားဟာ ဘာသာဗေဒအရ တော်တော်လေး ရှုပ်ထွေးပါတယ်။ ဒီနေ့ခေတ်မှာ ဒီဘာသာစကားကို စပိန်နဲ့ ပြင်သစ်မှာနေထိုင်တဲ့ ဘက်စကက်လူမျိုးတစ်ချို့က မိခင်ဘာသာစကားအဖြစ် အသုံးပြုနေကြပေမယ့် (ပြင်သစ်နဲ့ စပိန်စကားတွေလို) ရိုမန်ဘာသာစကားတွေနဲ့ လုံးဝ ဆက်စပ်မှုမရှိပါဘူး။ နောက်ပြီး ကမ္ဘာပေါ်က အခြား ဘယ်ဘာသာစကားနဲ့မှလည်း မဆက်နွယ်ပါဘူး။ ဘာသာဗေဒ ပညာရှင်တွေကတော့ ဒီဘာသာစကားဟာ တစ်ခုခုနဲ့ စက်ဆပ်ရမယ်လို့ ဆယ်စုနှစ်ပေါင်းများစွာ မှတ်ယူထားခဲ့ပေမယ့် လက်တွေ့မှာတော့ ဘယ်သီအိုရီကမှ ဒီအချက်အလက်ကို သက်သေမပြနိုင်ခဲ့ပါဘူး။ နောက်ဆုံး မှတ်ယူလိုက်ရတာတစ်ခုကတော့ ဒီဘာသာစကားဟာ ဥရောပမှာာ ရိုမန်ဘာသာစကားတွေ ရောက်မလာခင် ရှိနေခဲ့တဲ့ ဘာသာစကားတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။ ဆိုလိုတာက ရောမတွေဟာ အဲဒီကိုရောက်လာပြီး လက်တင်နဲ့ရောကာ ပြင်သစ်နဲ့ စပိန်တို့လို ဘာသာစကားတွေ မပေါ်လာခင်ကတည်းက ရှိနေတယ်လို့ မှတ်ယူခဲ့တာပါ။

    ဖင်းနစ်ရှ်

    ဒီဖင်လန်ဘာသာစကားဟာ ၁၆ ရာစုအထိ အရေးအသား မရှိခဲ့ပါဘူး။ ဒါပေမယ့် အခြားဘာစကားတွေနဲ့ ယှဉ်ရင်တော့ ဖင်းနစ်ရှ်ဟာ သူတို့ထက်စောတဲ့ သမိုင်းကြောင်း ရှိနေပါတယ်။ ဖင်နို-အူဂရစ် (Finno-Ugric ) ဘာသာစကားအုပ်စုဝင်ဖြစ်ပြီး ဒီအုပ်စုထဲမှာ အစတိုးနီယန်း၊ ဟန်ဂေရီယန်းနဲ့ ဆားဘီးယားတစ်ဝှမ်းက လူနည်းစုတွေ ပြောနေတဲ့ ဘာသာစကားသေးသေးလေးတွေ ပါဝင်ပါတယ်။ ဒါပေမယ့် ဖင်းနစ်ရှ်ကတော့ မွေးစားစကားလုံး တော်တော်များများ ပါဝင်ပြီး အခြား ဘာသာစကားအုပ်စုတွေကနေ ရာစုနှစ်နဲ့ချီ စကားလုံးတွေကို ငှားရမ်းသုံးစွဲခဲ့တာဖြစ်ပါတယ်။ ဖင်းနစ်ရှ်မှာ မွေးစားထားတဲ့ စကားလုံးတော်တော်များများဟာ သူတို့ရဲ့ မူရင်းနီးပါးလောက်ကို ရှိနေကြပါတယ်။ ဥပမာအားဖြင့် ‘အမေ’ ဆိုတဲ့စကားလုံးအတွက် အသုံးပြုတဲ့ ‘aiti’ ဟာ အခုလက်ရှိမှာ မသုံးတော့တဲ့ ဂေါ့သစ်ဘာသာစကားကနေ လာတာပါ။ ‘ဘုရင်’ ဆိုတဲ့ ‘kuningas’ ကလည်း ရှေးဟောင်း ဂျာမန်ဘာသာစကား ‘kuningaz’ ကနေ ငှားရမ်းထားတာ ဖြစ်ပါတယ်။ ဒီ ရှေးဟောင်း ဂျာမန် ဘာသာစကားကတော့ လက်ရှိမှာ အသုံးပြုခြင်း မရှိတော့ပါဘူး။

    ဂျော်ဂျီယံ

    ကော့ကေးရှပ်ဒေသဟာ ဘာသာစကားပညာရှင်တွေအတွက် တော်တော်လေး ဦးနှောက်ခြောက်ရတဲ့ဒေသပါ။ ကော့ကေးရှပ်ဒေသတောင်ပိုင်း နိုင်ငံ ၃ နိုင်ငံဖြစ်တဲ့ အာမေးနီးယား၊ အဇာဘိုင်ဂျန်နဲ့ ဂျော်ဂျီယာတို့ရဲ့ အဓိကဘာသာစကားတွေဟာ အင်ဒို-ဥရောပ၊ တာရ်ကစ်နဲ့ ကာ့တ်ဗီလီယန် ဆိုတဲ့ မတူညီတဲ့ ဘာသာစကားအုပ်စု ၃ စုက ဆင်းသက်လာတာဖြစ်ပါတယ်။ ဂျော်ဂျီယံဘာသာစကားကတော့ ကာ့တ်ဗီလီယန်စစ်စစ်ဖြစ်ပြီး ရှေးဟောင်းဟန်ပန်တွေပါဝင်တဲ့ တစ်ခုတည်းသော ဘာသာစကားလည်း ဖြစ်ပါတယ်။ အသုံးပြုတဲ့ ဗျည်းအက္ခရာတွေက တော်တော်လေး ရှေးကြပြီး အေဒီ ၃ ရာစုလောက်က အသုံးပြုခဲ့တဲ့ အာရမိုက်ဘာသာစကားက အသွင်ပြောင်းလာတာလို့လည်း ယူဆကြပါတယ်။ ဘက်စကက်လို လုံးဝ သီးသန့်ဘာသာစကားမျိုး မဟုတ်ပေမယ့် ဂျော်ဂျီယာက လူနည်းစုတွေပြောဆိုတဲ့ ကာ့တ်ဗီလီယန်မိသားစုဝင် ဘာသာစကားလေးခုလုံးဟာ ကမ္ဘာပေါ်က အခြား ဘယ်ဘာသာစကားတွေနဲ့မှ ဆက်စပ်မှု မရှိပါဘူး။

    အိုင်းရစ်ရှ် ဂေးလစ် (Irish Gaelic)

    အခုအချိန်မှာ အိုင်းရစ်ရှ် ဂေးလစ် ဘာသာစကားကို အိုင်ယာလန်နိုင်ငံက လူနည်းစုတွေကသော အသုံးပြုကြတော့ပေမယ့် ဒီဘာသာစကားရဲ့ သမိုင်းကြောင်းက ရှည်လျားပါတယ်။ ဒီစကားဟာ အင်ဒို-ဥရောပ ဘာသာစကားရဲ့အခွဲ ဆဲလ်တစ်အုပ်စုဝင်ဖြစ်ပြီး ဂျာမန်ဘာသာစကား လွှမ်းမိုးမှုမရှိခင်မှာ ဒီနေ့ခေတ် ဂရိတ်ဗြိတိန်နဲ့ အိုင်ယာလန်တို့က ကျွန်းလေးတွေမှာ ထွန်းကားခဲ့တာဖြစ်ပါတယ်။ အိုင်းရစ်ရှ် ဂေးလစ် ဘာသာစကားကနေ စကော့တစ်ရှ် ဂေးလစ်နဲ့ မန့်ဇ် (Manx) (မန်း (Man) ကျွန်းကလူမျိုးတွေ အသုံးပြုတဲ့) ဘာသာစကားတွေ ပေါ်ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် ဒီရှေးအကျဆုံး ဘာသာစကားစာရင်းမှာ ပါဝင်ရတဲ့ အကြောင်းအရင်းက
    ဥရောပ ဘယ်ဘာသာစကားထက်မဆို ပိုပြီး သက်တမ်းရင့်တဲ့ တိုင်းရင်းဘာသာစကား ဖြစ်နေတာကြောင့် ဖြစ်ပါတယ်။ ကျန်တဲ့ ဥရောပနိုင်ငံတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ဘာသာစကားတွေကို ပြောကြပြီး လက်တင်ဘာသာစကားနဲ့ ရေးကြပါတယ်။ ဒါပေမယ့် အိုင်းရှစ်တွေကတော့ သူတို့ရဲ့ ကိုယ်ပိုင်ဘာသာစကားနဲ့သာေ
    ရးသားအသုံးပြုပါတယ်။

    Ref : The Culture Trip

    အပိုင်း (၁) ဖတ်ရှုရန် – http://www.m-mediagroup.com/news/66344

  • ရခိုင်ပြည်နယ်အတွက် ဒူတာတေး ဒေါ်လာ ၃ သိန်း လှူဒါန်း

    ရခိုင်ပြည်နယ်အတွက် ဒူတာတေး ဒေါ်လာ ၃ သိန်း လှူဒါန်း

    မတ် ၂၁၊ ၂၀၁၇
    M-Media

    – မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အမေရိကန်ဒေါ်လာ သုံးသိန်း လှူဒါန်းခဲ့သည်ဟု သိရသည်။

    ဒူတာတေးမှာ မတ်လ ၂၀ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် မြန်မာခေါင်းဆောင်များနှင့် ယမန်နေ့တွင် တွေ့ဆုံခဲ့သည်။ သမ္မတဦးထင်ကျော်နှင့် တွေ့ဆုံပြီးနောက် စားနပ်ရိက္ခာဖူလှုံရေးနှင့် လယ်ယာလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှု စာချွန်လွှာများကို လက်မှတ်ရေးထိုးခဲ့သည်။

    ဒေါ်အောင်ဆန်းစုကြည်ကမူ ဒူတာတေး၏ ထိုလှူဒါန်းမှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

    “ဖိလစ်ပိုင်အစိုးရရဲ့ အမျှော်အမြင်ရှိတဲ့ ဒီအပြုအမူက အာဆီယံစည်းလုံးညီညွတ်မှုနဲ့ မိသားစုစိတ်ဓာတ်ကို ထင်ဟပ်စေသလို နှစ်နိုင်ငံအကြား ရှေးပဝေသဏီကတည်းကရှိခဲ့တဲ့ မိတ်ဆွေဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ရောင်ပြန်ဟပ်စေပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုခဲ့သည်။

    ဒူတာတေးကလည်း ဒေါ်အောင်ဆန်းစုကြည်အား ဖိလစ်ပိုင်သို့ လာရောက်လည်ပတ်ရန် ဖိတ်ခ်ါခဲ့သည်။

    မြန်မာနိုင်ငံသို့ ဒူတာတေးလာရောက်မှုမှာ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးကိစ္စ တိုးတက်စေရန် ရည်ရွယ်ခြင်းဖြစ်သည်။

    REf: Philstar.com

  • ပီအက်စ်ဂျီနှင့် ဆက်သွယ်နေသည်ဆိုသည့် သတင်းကို ၀င်းဂါး ငြင်းဆို

    ပီအက်စ်ဂျီနှင့် ဆက်သွယ်နေသည်ဆိုသည့် သတင်းကို ၀င်းဂါး ငြင်းဆို

    မတ် ၂၁၊ ၂၀၁၇
    M-Media

    – ရာသီကုန်လျှင် အာဆင်နယ်မှ ထွက်ခွာကာ ပီအက်စ်ဂျီအသင်းတွင် နည်းပြရန် သဘောတူထားသည်ဆိုသည့် သတင်းများကို အာဆင်ဝင်းဂါးက ငြင်းဆိုလိုက်ပြီး သတင်းမှားများဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အာဆင်နယ်မှာ မတ်လအတွင်း FA ဖလား ဆဌမအဆင့်တွင် အတန်းမရှိသော လင်ကွန်းစီးတီးအသင်းကို ၅ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်မှလွဲ၍ အခြားပွဲများတွင် နိုင်ပွဲတစ်ပွဲမှ မရသေးဘဲ ချန်ပီယံလိဂ်တွင်လည်း ဘိုင်ယန်မြူးနစ်အသင်းကို အရှက်တကွဲရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။

    ထို့ပြင် ယခုတစ်ပတ် ၀က်စ်ဘရွန်းအသင်းအား ၃ ဂိုး ၁ ဂိုးဖြင့်ရှုံးနိမ့်ခဲ့မှုကြောင့် ယခုနှစ်ရာသီကုန်တွင် အသင်းနှင့် သက်တမ်းပြည့်မည့် ၀င်းဂါးအပေါ် ဖိအားများမှာ ပိုမိုပြင်းထန်လာခဲ့သည်။

    အချို့သတင်းများက ၀င်းဂါးမှာ ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီအသင်းနှင့် ၂ နှစ်စာချုပ်ချုပ်ရန် သဘောတူထားသည်ဟု ယနေ့တွင် ဖော်ပြခဲ့သည်။ ၀င်းဂါးကို ပီအက်စ်ဂျီအသင်းနှင့် ချိတ်ဆက်ပြောဆိုမှုမှာ ယခင်ကလည်း ရှိခဲ့သည်။

    သို့သော်လည်း ၀င်းဂါးက ထိုသတင်းကို ငြင်းဆိုခဲ့သည်။

    “ပီအက်စ်ဂျီနဲ့ ဆက်သွယ်တယ်ဆိုတာလား။ ဒါကို တရားဝင်ငြင်းပါတယ်။ ဒါဟာ သတင်းအတုတွေပါ။ ဒါကို တရားဝင်ငြင်းပါတယ်” ဟု BeIn Sports နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

    အာဆင်နယ်မှာ လက်ရှိတွင် ပရီးမီးယားလိဂ်၌ အဆင့် ၆ နေရာတွင် ရှိနေပြီး ထိပ်ဆုံးမှ ချယ်ဆီးနှင့် ၁၉ မှတ် ကွာဟနေသည်။

    Ref: Goal