News @ M-Media

Author: Ko Lay

  • မော်ရင်ဟိုက မန်ယူကို ကြောက်စရာကောင်းစေမည်ဟု ဘက်ခမ်းပြော

    မော်ရင်ဟိုက မန်ယူကို ကြောက်စရာကောင်းစေမည်ဟု ဘက်ခမ်းပြော

    ဇူလိုင် ၂၄၊ ၂၀၁၆
    M-Media

    morin

    – မော်ရင်ဟိုအား ခန့်အပ်နိုင်ခဲ့ခြင်းမှာ မန်ယူအသင်း၏ ကြီးကျယ်သည့်ဆောင်ရွက်မှုတစ်ခု ဖြစ်ပြီး မော်ရင်ဟိုမှာ မန်ယူအား ကြောက်မက်ဖွယ်ကောင်းသည့် အသင်းပြန်ဖြစ်အောင် ဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု ကွင်းလယ်လူဟောင်း ဒေးဗစ်ဘက်ခမ်းက ပြောကြားလိုက်သည်။

    မန်ယူမှာ ၂၀၁၃ ခုနှစ်က ဂန္တ၀င်နည်းပြ ဆာ အဲလက်စ် ဖာဂူဆန် အနားယူသွားပြီးနောက်ပိုင်း ပရီးမီးယားလိဂ်အား စိန်ခေါ်နိုင်ခြင်း မရှိသေးဘဲ၊ ဒေးဗစ်မိုယက်စ်နှင့် ဗန်ဂါးလ်တို့ကလည်း ဖာဂူဆန်၏ အောင်မြင်မှုကို မီအောင် မစွမ်းဆောင်နိုင်ခဲ့ချေ။

    သို့သော်လည်း ယခုဘောလုံးရာသီတွင် မော်ရင်ဟိုအား ခန့်အပ်မှုနှင့်အတူ မန်ယူအပေါ် မျှော်လင့်ချက်များ မြင့်တက်လာခဲ့ပြီး ဘက်ခမ်းကလည်း ထိုထဲတွင် ပါဝင်နေသည်။

    “မော်ရင်ဟိုက သူဘာလိုချင်လဲ၊ ဘယ်လိုရအောင်လုပ်မလဲဆိုတာကို သိပါတယ်။ ပြီးတော့ ဖလားတွေ ဘယ်လိုရအောင်ယူရမလဲဆိုတာလည်း သိပါတယ်။ ဒါဟာ မန်ယူအနေနဲ့ ပြန်ရအောင်လုပ်ရမယ့်အရာတွေလို့ ကျွန်တော်ထင်ပါတယ်။ ပြီးတော့ သူတို့ဟာ ကြောက်စရာကောင်းတဲ့အသင်းတစ်သင်းပြန်ဖြစ်ဖို့ လိုအပ်ပါတယ်” ဟု ဘက်ခမ်းက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိလေးစားသော နည်းပြဗန်ဂါးလ်မှာ ပရိတ်သတ်များ မျှော်လင့်ထားသလောက် မဆောင်ရွက်နိုင်ခဲ့ဘဲ၊ မော်ရင်ဟို ရောက်ရှိလာခြင်းက မန်ယူအတွက် စတင်မှုအသစ်ဖြစ်မည်ဟုလည်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

    Ref: Goal

  • မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့တွင် အင်အားပြင်း ငလျင်ကြီးတစ်ခု လှုပ်နိုင်သည်ဟု သုတေသနတစ်ခုက သတိပေး

    မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့တွင် အင်အားပြင်း ငလျင်ကြီးတစ်ခု လှုပ်နိုင်သည်ဟု သုတေသနတစ်ခုက သတိပေး

    ဇူလိုင် ၂၄၊ ၂၀၁၆
    M-Media

    map

    – မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယ ၃ နိုင်ငံအောက်တွင်ရှိပြီး နှစ်ပေါင်း ၄၀၀ ခန့် မလှုပ်မရှားရှိခဲ့သည့် မြေလွှာချပ်ကြီးမှာ လှုပ်ရှားကာ ၉.၀ မဂ္ဂနီကျုရှိ အင်အားပြင်းငလျင်ကို ဖြစ်ပေါ်စေနိုင်သည်ဟု အမေရိကန်ရှိ ကိုလံဘီယာတက္ကသိုလ်မှ ဘူမိဗေဒပညာရှင်များ၏ လေ့လာမှုအရ သိရသည်။

    လှုတ်ခတ်နိုင်သည့် ငလျင်မှာ ဂျပန်နိုင်ငံတွင် ၂၀၁၁ ခုနှစ်က လှုပ်ခတ်ခဲ့သည့် ငလျင်နှင့် ဆင်တူသော ‘အင်အားပြင်းငလျင်’ (Megathrust fault) ငလျင်မျိုး ဖြစ်နိုင်ပြီး အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း၊ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့တွင် လှုပ်ခတ်နိုင်ဖွယ်ရှိသည်ဟု လေ့လာမှုမှ ရရှိသည့် အချက်အလက်များကို Nature Geosciences ဂျာနယ်တွင် ဖော်ပြထားသည်။

    ချင်းပြည်နယ် တောင်တန်းများအောက်တွင် ရှိနေသည်ဟု ယုံကြည်ရသည့် အဆိုပါ ‘အိန္ဒိယမြေလွှာချပ်’ (India Plate) ကြီးမှာ မည်သည့်အချိန်တွင် လှုပ်ရှားမည်ကို ခန့်မှန်းပြောဆိုနိုင်မည့်နည်းလမ်းမျိုး မရှိပေ။

    “ဒီမြေပြင်ချပ်ကြီးက မြေငလျင်တစ်ခုအနေနဲ့သာ ရွေ့လျားသွားမလားဆိုတာ ဘယ်သူမှ အတိအကျ မပြောနိုင်ပါဘူး။ ဒါကို ဖြစ်မယ်၊ မဖြစ်ဘူဆိုတာ သက်သေပြဖို့လည်း အချက်အလက် မရှိပါဘူး” ဟု အိန္ဒိယနိုင်ငံ၏ အမျိုသား ဘူမိဗေဒသုတေသနအသင်းမှ ဘူမိဗေဒပညာရှင် ဗီးနတ် ဂါဟာလွတ်က ပြောကြားခဲ့သည်။

    ရန်ကုန်ရှိ မြန်မာ မြေငလျင်ကော်မတီမှ တာဝန်ရှိသူတစ်ဦးကလည်း ထိုသုတေသနအား လေ့လာနေသည်ဟု ပြောကြားခဲ့သည်။

    “ကျွန်မတို့ကော်မတီအနေနဲ့ကတော့ ဒီသုတေသနက ထွက်ပေါ်လာတဲ့ သတိပေးချက်ဟာ ဖြစ်နိုင်လား၊ မဖြစ်နိုင်ဘူးလားဆိုတာကို အတိအကျ မပြောနိုင်ပါဘူး။ သမိုင်းဆိုင်ရာ ရရှိထားတဲ့ အချက်အလက်တွေအရတော့ ပြင်းအား ၉ လောက်ရှိတဲ့ ငလျင်ကြီးတွေ မြန်မာနိုင်ငံမှာ တစ်ခါမှ မဖြစ်ဖူးပါဘူး” ဟု အငြိမ်းစား ဘူမိဗေဒပညာရှင် ဒေါ်လှလှအောင်က ပြောကြား ခဲ့သည်။

    မြန်မာနိုင်ငံမှာ ပြီးခဲ့သည့်နှစ်များတွင်း ငလျင်ငယ်များကို ကြုံတွေ့ခဲရပြီး ၂၀၁၂ ခုနှစ်က မန္တလေးတွင် ဖြစ်ပွားခဲ့သည့ ငလျင်တစ်ခုတွင် လူပေါင်း ၂၆ ဦး သေဆုံးခဲ့သည်။

    Ref: yangon.coconuts

  • အာဏာသိမ်းရန် ကြိုးစားမှုကို အကြောင်းပြကာ စာသင်ကျောင်းနှင့် ပရဟိတအဖွဲ့များကို တူရကီ ပိတ်ပစ်

    အာဏာသိမ်းရန် ကြိုးစားမှုကို အကြောင်းပြကာ စာသင်ကျောင်းနှင့် ပရဟိတအဖွဲ့များကို တူရကီ ပိတ်ပစ်

    ဇူလိုင် ၂၄၊ ၂၀၁၆
    M-Media

    erdogan 2

    – မအောင်မြင်သော အာဏာသိမ်းမှုပြီးနောက် အမေရိကန်အခြေစိုက် တူရကီအတွေးအခ်ါပညာရှင် ဂူလန်နှင့် ဆက်နွယ်သည်ဟု သံသယရှိသော ပုဂ္ဂလိကကျောင်းများ၊ ပရိဟိတအသင်းအဖွဲ့များနှင့် တက္ကသိုလ်ပေါင်းများစွာကို တူရကီသမ္မတ အာဒိုဂန်က ယမန်နေ့တွင် ပိတ်ပစ်လိုက်သည်ဟု သိရသည်။

    ပုဂ္ဂလိကကျောင်း ၁၀၄၃ ကျောင်း၊ ပရဟိတအဖွဲ့နှင့် ဖောင်ဒေးရှင်း ၁၂၂၉ ခု၊ ကုန်သွယ်ရေးသမဂ္ဂ ၁၉ ခု၊ တက္ကသိုလ် ၁၅ ခုနှနှင့် ဆေးဘက်ဆိုင်ရာ အသင်းအဖွဲ့ပေါင်း ၃၅ ခုတို့ဖြစ်ပြီး တိုင်းပြည်အား ၃ လတာ အရေးပေါ်အခြေအနေ ကြေငြာပြီး နောက်ပိုင်း အာဒိုဂန်က ပထမဆုံး ထုတ်ပြန်သော ပိတ်ပင်မှုလည်းဖြစ်သည်။

    ထိုအသင်းအဖွဲ့များမှာ အမေရိကန်အခြေစိုက် တူရကီပညာရှင် ဖီသွလ္လာဟ် ဂူလန်နှင့် ဆက်နွယ်မှုရှိသည်ဟု အာဒိုဂန်က ပြောကြားခဲ့သည်။ ဂူလန်မှာ ယခင်က အာဒိုဂန်၏ မဟာမိတ်တစ်ဦးဖြစ်သော်လည်း တူရကီအစိုးရ၏ အကျင့်ပျက်ခြစားမှုများကို ဝေဖန်မှုများ ပြုလုပ်ခဲ့ပြီးနောက် အာဒိုဂန်၏ရန်သူ ဖြစ်လာခဲ့ခြင်းဖြစ်သည်။

    ပြီးခဲ့သည့်သီတင်းပတ်က မအောင်မြင်သော အာဏာသိမ်းမှုနောက်ကွယ်တွင် ဂူလန်ရှိနေသည်ဟု တူရကီအစိုးရက ပြောကြားခဲ့ပြီး၊ စစ်တပ်၊ ရဲ၊ တရားရေးဌာန၊ စည်ပင်သာယာနှင့် အခြားသော အစိုးရအစိတ်အပိုင်းများတွင် ၎င်းအား ထောက်ခံသူများအား ပြင်းပြင်းထန်ထန်နှိမ်နှင်းမှုများ ပြုလုပ်ခဲ့သည်။

    Ref: RT

  • ယူရိုနာကျင်မှုကို အသုံးချရန် အင်္ဂလန်နည်းပြသစ်ပြော

    ယူရိုနာကျင်မှုကို အသုံးချရန် အင်္ဂလန်နည်းပြသစ်ပြော

    ဇူလိုင် ၂၄၊ ၂၀၁၆
    M-Media

    england 4

    – ယူရို ၂၀၁၆ တွင် ခံစားခဲ့ရသည့် ခါးသီးသော နာကျင်မှုကို ၂၀၁၈ ကမ္ဘာဖလားအတွက် တွန်းအားအဖြစ် အသင်းသားမျာအား အသုံးချစေချင်သည်ဟု အင်္ဂလန်နည်းပြသစ် ဆမ် အာလာဒွိုက်စ်က ပြောကြားလိုက်သည်။

    ၁၆ သင်းအဆင့်တွင် အသင်းငယ် အိုက်စလန်အသင်းအား အရှက်တကွဲ ရှုံးနိမ့်ခဲ့ရသောကြောင့် အင်္ဂလန်နည်းပြ ရွိုင်ဟဒ်ဆန်မှာ ရာထူးမှ နှုတ်ထွက်သွားခဲ့ပြီး သောကြာနေ့တွင် အာလာဒွိုက်စ်က အင်္ဂလန်အသင်း၏ နည်းပြသစ် ဖြစ်လာခဲ့ခြင်းဖြစ်သည်။

    အလာဒွိုက်စ်မှာ ၂၀၀၆ ခုနှစ် အင်္ဂလန်နည်းပြဖြစ်ရန် လက်တစ်ကမ်းအလိုတွင်မှ လွဲချော်ခဲ့ခြင်းဖြစ်ပြီး ဘောလုံးလောကတွင် တာဝန်အကြီးဆုံး အဆိုပါရာထူး ရရှိခြင်းအတွက် ၎င်းက ကျေနပ်နေသည်။

    “ပထမဆုံအနေနဲ့ လုပ်ရမှာကတော့ ယူရိုအပြီး ဆုံးရှုံးသွားတဲ့ သူတို့ရဲ့ ယုံကြည်မှုကို ပြည်လည်ရရှိအောင် ဖြစ်ပါတယ်။ ဒီနာကျင်မှုကို စွန့်လွှတ်ဖို့နဲ့ မေ့ပစ်ဖို့ပါ။ ပြီးတော့ ယူရိုမှာ သူတို့ တွေ့ကြုံခံစားခဲ့ရတာတွေကို အတူယူဖို့ပါပဲ။ အဲဒါဟာ ခါးသီးတဲ့ အတွေ့အကြုံမျိုးဆိုတာ ကျွန်တော်တို့လည်း သိပါတယ်။ ဒါပေမယ့် မောင်းနှင်အားတစ်ခုအဖြစ် ကစားသမားတွေက မှတ်ယူနိုင်ပါတယ်။ ဒီခါးသီးမှုကို သူတို့ ပုံစံပြောင်းပြီး အကောင်းဘက်နေ အသုံးချသင့်ပါတယ်။ ပြီးတော့ သူတို့ဟာ ဒီလို အတွေ့အကြုံမျို ထပ်မလိုချင်တော့ဘူးလို့လည်း သန္ဓိဌာန်ချထားရပါမယ်” ဟု အာလာဒွိုက်စ်က ပြောကြားခဲ့သည်။

    Ref: Goal

  • မြူးနစ်ပစ်ခတ်မှုမှာ စိတ်ရူးထသည့် လုပ်ရပ်ဖြစ်ကြောင်း ဂျာမနီရဲတပ်ဖွဲ့ပြော

    မြူးနစ်ပစ်ခတ်မှုမှာ စိတ်ရူးထသည့် လုပ်ရပ်ဖြစ်ကြောင်း ဂျာမနီရဲတပ်ဖွဲ့ပြော

    ဇူလိုင် ၂၄၊ ၂၀၁၆
    M-Media

    munich

    – သောကြာနေ့ညပိုင်းက မြူးနစ်မြို့ရှိ ရှော့ပင်းမောသို့ ၀င်ရောက်ကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့သူမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို စိတ်ဝင်စားနေသူဖြစ်ကြောင်း ဂျာမနီရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    အသက် ၁၈ နှစ်အရွယ် အဆိုပါသေနတ်သမားမှာ အနက်ရောင်ဝတ်စုံဝတ်ကာ ရှော့ပင်းမောထဲသို့ ၀င်ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး လူ ၉ ဦးသေဆုံးခဲ့ကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့သည်။ နောက်ပိုင်းတွင် သေနတ်သမားမှာ ၎င်းကိုယ်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။

    ရဲတပ်ဖွဲ့ကမူ ထိုသေနတ်သမား၏နေအိမ်သို့ ၀င်ရောက်ရှာဖွေရာတွင် Rampage in Head: Why Students Kill ကဲ့သို့ လူ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်သည့် စာအုပ်အများအပြားကို တွေ့ရှိခဲ့ရပြီး ထိုကျူးလွန်မှုကို ၎င်းတစ်ဦးတည်း ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ရကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

    သေဆုံးသူ ၉ ဦးတွင် ၃ ဦးမှာ မိမိတို့နိုင်ငံသားများဖြစ်သည်ဟု ကိုဆိုဗိုမှ ကြေငြာခဲ့ပြီ မြူးနစ်ရဲတပ်ဖွဲ့ကမူ ဒဏ်ရာရသူများတွင် ကလေးငယ်များ ပါဝင်သည်ဟု ပြောကြားခဲ့သည်။

    မြူးနစ်ရဲတပ်ဖွဲ့အကြီးအကဲ ဟူဘာတက်စ်ကလည်း ထိုတိုက်ခိုက်မှုတွင် လွန်ခဲ့သည့် ၅ နှစ်က နော်ဝေနိုင်ငံ၌ လူအစုလိုက်အပြုံလိုက်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် အန်ဒရက်စ် ဘရီဗစ်၏ လုပ်ရပ်က အဓိက အခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ ယခု ကျူးလွန်သူမှာ စိတ်ရူးထသူတစ်ဦးက ပြုလုပ်သည့် လုပ်ရပ်မျိုးဖြစ်ပြီး၊ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုကို စိတ်ဝင်စားမှု ပုံစံမျိုးဖြစ်ကြောင်း ပြောကြားခဲ့သည်။

    Ref: Aljazeera