ဇူလိုင် ၂၄၊ ၂၀၁၆
M-Media
– မအောင်မြင်သော အာဏာသိမ်းမှုပြီးနောက် အမေရိကန်အခြေစိုက် တူရကီအတွေးအခ်ါပညာရှင် ဂူလန်နှင့် ဆက်နွယ်သည်ဟု သံသယရှိသော ပုဂ္ဂလိကကျောင်းများ၊ ပရိဟိတအသင်းအဖွဲ့များနှင့် တက္ကသိုလ်ပေါင်းများစွာကို တူရကီသမ္မတ အာဒိုဂန်က ယမန်နေ့တွင် ပိတ်ပစ်လိုက်သည်ဟု သိရသည်။
ပုဂ္ဂလိကကျောင်း ၁၀၄၃ ကျောင်း၊ ပရဟိတအဖွဲ့နှင့် ဖောင်ဒေးရှင်း ၁၂၂၉ ခု၊ ကုန်သွယ်ရေးသမဂ္ဂ ၁၉ ခု၊ တက္ကသိုလ် ၁၅ ခုနှနှင့် ဆေးဘက်ဆိုင်ရာ အသင်းအဖွဲ့ပေါင်း ၃၅ ခုတို့ဖြစ်ပြီး တိုင်းပြည်အား ၃ လတာ အရေးပေါ်အခြေအနေ ကြေငြာပြီး နောက်ပိုင်း အာဒိုဂန်က ပထမဆုံး ထုတ်ပြန်သော ပိတ်ပင်မှုလည်းဖြစ်သည်။
ထိုအသင်းအဖွဲ့များမှာ အမေရိကန်အခြေစိုက် တူရကီပညာရှင် ဖီသွလ္လာဟ် ဂူလန်နှင့် ဆက်နွယ်မှုရှိသည်ဟု အာဒိုဂန်က ပြောကြားခဲ့သည်။ ဂူလန်မှာ ယခင်က အာဒိုဂန်၏ မဟာမိတ်တစ်ဦးဖြစ်သော်လည်း တူရကီအစိုးရ၏ အကျင့်ပျက်ခြစားမှုများကို ဝေဖန်မှုများ ပြုလုပ်ခဲ့ပြီးနောက် အာဒိုဂန်၏ရန်သူ ဖြစ်လာခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်သီတင်းပတ်က မအောင်မြင်သော အာဏာသိမ်းမှုနောက်ကွယ်တွင် ဂူလန်ရှိနေသည်ဟု တူရကီအစိုးရက ပြောကြားခဲ့ပြီး၊ စစ်တပ်၊ ရဲ၊ တရားရေးဌာန၊ စည်ပင်သာယာနှင့် အခြားသော အစိုးရအစိတ်အပိုင်းများတွင် ၎င်းအား ထောက်ခံသူများအား ပြင်းပြင်းထန်ထန်နှိမ်နှင်းမှုများ ပြုလုပ်ခဲ့သည်။
Ref: RT
Leave a Reply
You must be logged in to post a comment.