News @ M-Media

Author: Ko Lay

  • ထိုင်းရောက် မြန်မာအားလုံးကို ပြန်လာစေချင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

    ထိုင်းရောက် မြန်မာအားလုံးကို ပြန်လာစေချင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

    ဇွန် ၂၅၊ ၂၀၁၆
    M-Media

    daw su

    – မိမိတို့တိုင်းပြည်မှ ရွှေ့ပြောင်းထွက်ခွာသွားရသည့် ပြည်သူများအား တိုင်းပြည်သို့ ပြန်လာစေချင်ပြီး ၎င်းတို့ ကျေနပ်လောက်သည့် အခြေအနေမျိုးဖြစ်လာစေရန်လည်း လုပ်ဆောင်ရမည့်ကိစ္စ အများအပြားရှိနေသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

    ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့ ထိုင်းဝန်ကြီးချုပ်နှင့်အတူ မီဒီယာများနှင့် တွေ့ဆုံစဉ်အတွင်း ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး နှစ်နိုင်ငံ အလုပ်သမားရေးကိစ္စ ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဖြတ်ကျော်ရေးနှင့် အလုပ်သမားရေးရာ သဘောတူညီချက်များ၊ နားလည်မှုစာချွန်လွှာများကိုလည်း ထိုင်းအစိုးရအိမ်တော်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

    “တကယ်တော့ ကျွန်မတို့လိုချင်တာက ကျွန်မတို့နိုင်ငံကို စွန့်ခွာခဲ့ရတဲ့ ပြည်သူအားလုံး ပြန်လာစေချင်တာပါပဲ။ နောက်ထပ် ဘယ်ထော့မှ ထွက်မသွားချင်တဲ့ အခြေအနေမျိုးမှာ ပြန်လာစေချင်တာပါ။ ဒီအတွက် လုပ်ဆောင်ရမှာတွေ အများကြီးရှိပါတယ်။ ‘ပြန်လာခဲ့ကြပါ’ လို့ ပြောယုံနဲ့ မလုံလောက်ပါဘူး။ သူတို့တွေမှာ ပြန်လာနိုင်ဖို့ အိမ်ရှိရမယ်။ သူတို့ကို စောင့်ရှောက်ပေးမယ့် ဆေးရုံတွေရှိရမယ်။ သူတို့အတွက် အရေးအကြီးဆုံး လိုအပ်ချက်ကတော့ အလုပ်အကိုင်ပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့ပြည်သူများမှာ သူတစ်ပါး၏ ပေးကမ်းမှုများကို မလိုချင်ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။

    “မြန်မာပြည်မှာ ဘယ်နေရာပဲကြည့်ကြည့် ပြည်သူတွေက သူတို့မှာ အလုပ်လိုအပ်နေတဲ့အကြောင်းပဲ ပြောနေတာကို ကျွန်မတွေ့ရပါတယ်။ ကျွန်မက “ဘာအလိုအပ်ဆုံးလဲ” လို့မေးရင်လည်း “အလုပ်” လို့ ပြန်ဖြေကြပါတယ်။ ကျွန်မတို့ပြည်သူတွေက အလုပ်လိုချင်တာပါ။ အလုပ် လိုအပ်နေတာပါ။ သူတို့က သူများပေးစာကမ်းစာကို မလိုချင်ပါဘူး”

    ထိုင်းနိုင်ငံသို့ ၃ ရက်ကြာ အလည်အပတ်ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ မြန်မာအလုပ်သမားများနှင့်လည်း ကြာသာပတေးနေ့က တွေ့ဆုံခဲ့ပြီး မြန်မာဒုက္ခသည်စခန်းများသို့ သွားရောက်ရန် အစီအစဉ်ကိုမူ ရာသီဥတုမကောင်းမှုကြောင့် ဖျက်သိမ်းခဲ့ရသည်။

    Ref: yangon.coconut

  • မွတ်စလင်များအား အစ်ဖ်သာရ်ဝါဖြေပွဲ ဝေငှပေးကာ စည်းလုံးမှုကို ပြသလိုက်တဲ့ ဘင်္ဂလားဒေ့ရှ်မှ ဘုန်းကြီးကျောင်း

    မွတ်စလင်များအား အစ်ဖ်သာရ်ဝါဖြေပွဲ ဝေငှပေးကာ စည်းလုံးမှုကို ပြသလိုက်တဲ့ ဘင်္ဂလားဒေ့ရှ်မှ ဘုန်းကြီးကျောင်း

    ဇွန် ၂၅၊ ၂၀၁၅
    M-Media

    iftar 14

    – ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာရှိ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတစ်ခု၏ရှေ့တွင် မွတ်စလင် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးသူငယ်ရာပေါင်းများစွာတို့က အခမဲ့ အဖ်သာရ်ဝါဖြေပွဲရယူရန် တန်းစီနေကြသည်။

    အစ်ဖ်သာရ်ဝါဖြေခြင်းဆိုသည်က မွတ်စလင်တို့၏ ရမ်ဇာန်ဥပုသ်လတွင် ဥပုသ်ထွက်စားသောက်ခြင်းဖြစ်သည်။

    ထိုကဲ့သို့ အစ်ဖ်သာရ်ဝါဖြေပွဲ လှူဒါန်းမှုကို ဒါကာမြို့ရှိ ဓမ္မရာဇိက ဘုန်းကြီးကျောင်းက ပြုလုပ်ခြင်းဖြစ်ပြီး ဆင်းရဲနွမ်းပါးသည့် မွတ်စလင်များအား အစားအသောက်များ ဝေငှခြင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မြင်ရခဲသည့် လူမှုရေးသဟဇာတဖြစ်မှု၏ သာဓကလည်း ဖြစ်လေသည်။

    ဓမ္မရာဇိကဘုန်းကြီးကျောင်းမှာ ထိုလှုပ်ရှားမှုကို လွန်ခဲ့သည့် ၆ နှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ဘုန်းတော်ကြီးများကတော့ ရမ်ဇာန်ဥပုသ်လမှာ ချို့တဲ့သောမွတ်စလင်များအား ကူညီရန် အကောင်းဆုံး အခွင့်အလမ်းဖြစ်သည်ဟု ပြောကြားခဲ့ကြသည်။

    ထိုလှုပ်ရှားမှုကို စတင်ခဲ့သည့် ကျောင်းထိုင်ဆရာတော် ဆူဒါနန်ဒို မိုဟာသီရိုကမူ လူပီသမှုမှာ “လူသားများ၏ အန္တိမ ရည်မှန်းချက်” ဖြစ်သည်ဟု မိန့်ကြားခဲ့သည်။

    ထိုဒေသတွင်နေထိုင်သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ အဘ်ဒူလ် ဘာဆာရ်က အဆိုပါ ဘုန်းကြီးကျောင်းမှ ဘုန်းတော်ကြီးများမှာ လူမှုကူညီရေးလုပ်ငန်းအများအပြားတွင် ယခင်ကလည်း ပါဝင်ဆောင်ရွက်ခဲ့ကြသည်ဟု ဆိုသည်။

    “အဲဒီကိုယ်တော်တွေလုပ်နေတဲ့ လှုပ်ရှားမှုတွေထဲက အထင်ရှားဆုံးကတော့ ချို့တဲ့သူတွေအတွက် အစ်ဖ်သာရ်ဝါဖြေပွဲ လှူ ဒါန်းတာပါပဲ”

    ဒါကာမြို့ ဘာဆာဘိုရပ်ကွက်အတွင်းရှိ အဆိုပါ ဓမ္မရာဇိက ဘုန်းကြီးကျောင်းကို ၁၉၅၁ ခုနှစ်တွင် စတည် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဘုန်းတော်ကြီး ကာရူနာ ဘိက္ခူက မိမိတို့မှာ လူ့အဖွဲ့အစည်းအတွင်း သဟဇာတဖြစ်ရေးအတွက် ဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။

    ထိုသို့ဆောင်ရွက်ခြင်းမှာ နိုင်ငံလူဦးရေ၏ ၉၀ ရာခိုင်နှုန်းရှိသော မွတ်စလင်လူ့အဖွဲ့အစည်းနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ရန် ကြိုးပမ်းမှုဖြစ်သည်ဟုလည်း ဘုန်းတော်ကြီးက ထပ်လောင်းမိန့်ကြားခဲ့သည်။ လူဦးရေ သန်း ၁၆၀ ရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဗုဒ္ဓဘာသာဝင်မှာ ၁ ရာခိုင်နှုန်းအောက်သာ ရှိလေသည်။

    ထိုရပ်ကွက်ရှိ စားသောက်ဆိုင်ပိုင်ရှင်ဖြစ်သော ဟာရွန်မီယာကလည်း လွန်ခဲ့သည့် ၅ နှစ်လုံးလုံး အဆိုပါဘုန်းကြီးကျောင်းမှ လှူဒါန်းသည့် အစ်ဖ်သာရ် ၀ါဖြေပွဲများကို ဒိုင်ခံ ချက်ပြုတ်ကျော်လှော်ပေးခဲ့သည်။ သူက ဘုန်းကြီးကျောင်း၏ အစ်ဖ်သာရ်ဝါဖြေပွဲတွင် အစာသွတ်မုန့်၊ မုန့်အချို့၊ စွန်ပလွံသီး စသည့် မုန့်မျိုးစုံပါဝင်ပြီး ဘူးတစ်ခုတွင်ထည့်၍ ဝေငှသည်ဟု ဆိုသည်။

    ဘုန်းကြီးကျောင်း၏ လက်ထောက်ကျောင်းထိုင်ဆရာတော် ဘူဒါပရီယာ မဟာသီရိုကမူ ရမ်ဇာန်ဥပုသ်လတွင် နေ့စဉ် အနည်းဆုံး လူ ၃၀၀ ခန့်ကို အစ်ဖ်သာရ်ဝါဖြေပွဲ ဝေငှလှူဒါန်းနေသည်ဟု ပြောကြားခဲ့သည်။

    “၃ နာရီလောက်ကတည်းက လူတွေဟာ ကျောင်းဝင်းအတွင်းမှာ တန်းလာစီကြပါတယ်”

    အစ်ဖ်သာရ်ဝါဖြေပွဲကို ဖွယ်ဖွယ်ရာမလုပ်နိုင်သည့် ဆကီနာလို သူဆင်းရဲတစ်ဦးအတွက် ထိုဘုန်းကြီးကျောင်းမှဝေငှသည့် အစားအသောက်များက နတ်သုဒ္ဒါအလား ဖြစ်လေသည်။

    “ကျွန်မတို့နဲ့အတူယှဉ်တွဲနေထိုင်တဲ့ တစ်ခြားဘာသာဝင်တွေဆီက ရရှိဖို့ မျှော်လင့်ထားတဲ့ လေးစားမှုကို ဒီမှာ ကျွန်မတို့ ရရှိပါတယ်” ဟု ဆကီနာက ပြောကြားခဲ့သည်။

    တောင်အာရှနိုင်ငံတစ်ခုဖြစ်သော ဘင်္ဂလားဒေ့ရှ်တွင် မကြာသေးမီကာလအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ခဲ့သော်လည်း ဓမ္မရာဇိက ဘုန်းကြီးကျောင်းမှ သံဃာများကတော့ မိမိတို့မှာ မွတ်စလင်လူ့အဖွဲ့အစည်းနှင့် ကောင်းမွန်သောဆက်ဆံရေးရှိသည့်အတွက် မိမိတို့၏ လုံခြုံမှုကို မစိုးရိမ်ဟု ဆိုသည်။

    ဘာသာအချင်းချင်း သဟဇာတဖြစ်ရေးအပေါ် ခိုင်မြဲစွာယုံကြည်နေသည့် ဘုန်းတော်ကြီး မဟာသီရိုကမူ “ဘာ့ကြောင့် ပဋိပက္ခဖြစ်ရမှာလဲ။ ဘုန်းကြီးတို့အားလုံးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေပဲလေ။ ဒီတိုင်းပြည်က ဘုန်းကြီးတို့အားလုံးအတွက်ပါ။ တစ်ဦးကိုတစ်ဦး ကူညီခြင်းကနေပဲ ဒီတိုင်းပြည်ကို ကြီးကျယ်အောင် လုပ်နိုင်မှာပါ” ဟု မိန့်ကြားခဲ့လေသည်။

    iftar 13

     

    iftar 12

    iftar 11

    iftar 10

    iftar 9

    iftar 8

    iftar 7

    iftar 6

    iftar 5

    iftar 4

    iftar 3

    iftar 2

    iftar 1

    Ref: Aljazeera

  • ယူရို ရှုံးထွက်တွင် အိုင်ယာလန်က ပြင်သစ်ကို လက်စားချေလိမ့်မည်ဟု ဂါးလက်စ်ပြော

    ယူရို ရှုံးထွက်တွင် အိုင်ယာလန်က ပြင်သစ်ကို လက်စားချေလိမ့်မည်ဟု ဂါးလက်စ်ပြော

    ဇွန် ၂၄၊ ၂၀၁၆
    M-Media

    gallas

    – ၂၀၁၀ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် ပြင်သစ်အသင်းက အငြင်းပွားဖွယ်ဂိုးဖြင့် ၎င်းတို့အား အနိုင်ယူကာ ခြေစစ်ပွဲအောင်ခဲ့သည့် အဖြစ်အပျက်အတွက် အိုင်ယာလန်အသင်းက ယခု ယူရို ၁၆ သင်းအဆင့်တွင် လက်စားချေလိမ့်မည်ဟု ပြစ်သစ်နောက်ခံလူဟောင်း ဂါးလက်စ်က ပြောကြားလိုက်သည်။

    ကမ္ဘာ့ဖလားခြေစစ်ပွဲ ၀င်ရောက်ခွင့်ရရန် play-off အဖြစ် ၂၀၀၉ ခုနှစ်တွင် ကစားခဲ့သည့် ပွဲစဉ်တွင် ပြင်သစ်အသင်းက နှစ်ကျော့ပေါင်း ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိကာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

    ပထမအကျော့တွင် ပြင်သစ်က ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ပဲရစ်တွင်ကစားခဲ့သည့် ဒုတိယကျော့တွင် အိုင်ယာလန်က ၁ ဂိုးမရှိဖြင့်ပင် ပြန်လည်အနိုင်ရရှိကာ အချိန်ပိုဆက်ကစားရာ အွန်နရီက ပြစ်ဒဏ်ဘောမှဘောလုံးကို လက်ဖြင့်ထိန်းကာ ပေးပို့မှုအား ဂါးလက်စ်က ခေါင်းတိုက်သွင်းယူခဲ့ကာ ထိုဂိုးဖြင့် ကမ္ဘာဖလား ခြေစစ်ပွဲ အောင်ခဲ့ခြင်းဖြစ်သည်။

    ဂါးလက်စ်ကမူ ယခု ယူရိုပြိုင်ပွဲ ၁၆ သင်းအဆင့်တွင် ပြင်သစ်နှင့် တွေ့ဆုံနေသည့် အိုင်ယာလန်အနေဖြင့် အဆိုပါ အငြင်းပွားဖွယ်ဖြစ်ရပ်အတွက် ပြန်လက်စားချေမည်ဟု ဆိုသည်။

    “ဒီအသင်းက ပြန်လက်စားချေပါလိမ့်မယ်။ နည်းပြအနေနဲ့ ၂၀၀၉ ခုနှစ်က ဒီအဖြစ်အပျက်ကို ကစားသမားတွေကို ပြောကိုပြောပြမှာပါ။ အိုင်ယာလန်သားတွေက ပြင်သစ်ကို ခက်ခဲအောင်ပြုလုပ်မှာဖြစ်ပြီး ပရိတ်သတ်တွေကလည်း သူတို့ကို အားဖြစ်စေမှာပါ။ အရင်အဖြစ်အပျက်ကို သူတို့ မေ့မှာမဟုတ်ပါဘူး။ လွယ်တော့မလွယ်ဘူးဗျ” ဟု ဂါးလက်စ်က ပြောကြားခဲ့သည်။

    ပြင်သစ်နှင့် အိုင်ယာလန်တို့မှာ ယူရို ၁၆ သင်းရှုံးထွက်အဖြစ် ဇွန်လ ၂၆ ရက်နေ့တွင် ကစားမည်ဖြစ်သည်။

    Ref: Goal

  • ဥရောပမှ ဗြိတိန် ခွဲထွက်ပြီးနောက် စကော့တလန်က ဗြိတိန်မှခွဲထွက်ရေး ပြင်ဆင်လာ

    ဥရောပမှ ဗြိတိန် ခွဲထွက်ပြီးနောက် စကော့တလန်က ဗြိတိန်မှခွဲထွက်ရေး ပြင်ဆင်လာ

    ဇွန် ၂၄၊ ၂၀၁၆
    M-Media

    scot

    – ဗြိတိန်အနေဖြင့် ဥရောပမှခွဲထွက်ရေး ပြည်သူ့ဆန္ဒခံယူပွဲပြုလုပ် ဆုံးဖြတ်ခဲ့ပြီးနောက် မိမိတို့ကလည်း ဗြိတိန်မှခွဲထွက်ကာ လွတ်လပ်ရေးယူရန်အတွက် ဒုတိယအကြိမ်မြောက် ပြည်သူ့ဆန္ဒခံယူပွဲပြုလုပ်ရန် အလားအလာမှာ များလာခဲ့ပြီဟု စကော့တလန်ဝန်ကြီးချုပ် နီကိုလာ စတာရ်ဂျီယွန်က ယနေ့တွင် ပြောကြားလိုက်သည်။

    ယမန်နေ့က ပြုလုပ်ခဲ့သည့် ဗြိတိန်၏ ဆန္ဒမဲပေးမှုရလဒ်အရ ခွဲထွက်ရေးဘက်က ၅၂ ရာခိုင်နှုန်း၊ ခွဲမထွက်ရေးဘက်က ၄၈ ရာခိုင်နှုန်း မဲရရှိခဲ့ပြီး ခွဲထွက်ရေးမှာ အတည်ဖြစ်ခဲ့သည်။

    စကော့ဝန်ကြီးချုပ်ကမူ မိမိတို့နိုင်ငံအနေဖြင့် မိမိတို့ဆန္ဒမပါဘဲ ဥရောပသမဂ္ဂမှ ခွဲထွက်ရခြင်းမှာ ဒီမိုကရေစီနည်းအရ လက်မခံနိုင်ဖွယ်ရာဖြစ်သည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် မိမိတို့အစိုးရမှာ ဗြိတိန်မှခွဲထွက်ရေး ပြည်သူ့ဆန္ဒခံယူနိုင်မည့် ဥပဒေတစ်ခုကို ပြင်ဆင်ရန် စတင်သွားမည်ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ဗြိတိန်အနေဖြင့် ဥရောပသမဂ္ဂမှ ခွဲထွက်ရေး၊ မထွက်ရေး မဲပေးမှုအတွင်း စကော့တလန်၌ ၆၂-၃၈ ရာခိုင်နှုန်းဖြင့် မထွက်ရေးဖက်က အသာရခဲ့သည်။

    နိုင်ငံရေးကျွမ်းကျင်သူများကမူ ဗြိတိန်အနေဖြင့် ဥရောပသမဂ္ဂမှခွဲထွက်ပါက ဗြိတိန်အတွင်းရှိ နိုင်ငံများကလည်း လွတ်လပ်ရေးကြိုးပမ်းလာနိုင်သည်ဟု သတိပေးထားသည်။ ၂၀၁၄ ခုနှစ်က စတော့တလန်တွင်ပြုလုပ်ခဲ့သည့် ဗြိတိန်မှခွဲထွက်ရေး ပြည်သူ့ဆန္ဒခံယူပွဲတွင် ခွဲမထွက်ရေးဘက်က ၅၅.၃၀ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့သည်။

    Ref: BBC

  • ဗြိတိန်ဝန်ကြီးချုပ် ရာထူးမှနှုတ်ထွက်မည်ဟု ကြေငြာ

    ဗြိတိန်ဝန်ကြီးချုပ် ရာထူးမှနှုတ်ထွက်မည်ဟု ကြေငြာ

    ဇွန် ၂၄၊ ၂၀၁၆
    M-Media

    camroon

    – ယူကေအား ဥရောပသမဂ္ဂမှ ခွဲထွက်ရန် ပြည်သူများက ဆုံးဖြတ်ခဲ့ပြီးနောက် မိမိအနေဖြင့် အောက်တိုဘာတွင် ရာထူးမှ နှုတ်ထွက်တော့မည်ဟု ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ယနေ့တွင် ကြေငြာလိုက်သည်။

    အမှတ် ၁၀၊ ဒေါင်းနင်းလမ်းရှိ ၀န်ကြီးချုပ်နေအိမ်အပြင်ဘက်တွင် ယခုကဲ့သို့ ကြေငြာခဲ့ခြင်းဖြစ်ပြီး မိမိအနေဖြင့် လာမည့် သီတင်းပတ်များနှင့် လများတွင် တိုင်းပြည်အား တည်ငြိမ်အောင် ဆက်လက် ထိန်းသိမ်းပေးသွားမည် ဖြစ်သော်လည်း နိုင်ငံအနေဖြင့် ခေါင်းဆောင်သစ် လိုအပ်နေပြီဟု ထည့်သွင်းပြောဆိုခဲ့သည်။

    ကင်မရွန်းမှာ ဥရောပသမဂ္ဂတွင် ဆက်နေရေးအတွက် မဲပေးရန် ပြည်သူများအား တိုက်တွန်းခဲ့သော်လည်း ခွဲထွက်ရေးဖက်က ၅၂ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့သည်။

    “ဗြိတိန်ပြည်သူတွေဟာ ဥရောပသမဂ္ဂကနေထွက်ဖို့ မဲပေးခဲ့ပြီး သူတို့ရဲ ဒီဆန္ဒကို ကျွန်တော်တို့က လေးစားရမှာပါ။ ဗြိတိန်ပြည်သူတွေရဲ့ဆန္ဒက ဘာဆက်လုပ်ရမလဲဆိုတာနဲ့ပတ်သက်ပြီး လမ်းညွှန်ချက်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်ရဲ့ နောက်ထပ်ရှေ့ဆက်မယ့်ခရီးကို ထိန်းကြောင်းဖို့ ကျွန်တော်ဟာ သင့်လျော်တဲ့ခေါင်းဆောင်တစ်ဦးလို့ မထင်ပါဘူး” ဟု ကင်မရွန်းကပြောကြားခဲ့သည်။

    Ref : BBC