News @ M-Media

ဗြိတိန်ဝန်ကြီးချုပ် ရာထူးမှနှုတ်ထွက်မည်ဟု ကြေငြာ

ဇွန် ၂၄၊ ၂၀၁၆
M-Media

camroon

– ယူကေအား ဥရောပသမဂ္ဂမှ ခွဲထွက်ရန် ပြည်သူများက ဆုံးဖြတ်ခဲ့ပြီးနောက် မိမိအနေဖြင့် အောက်တိုဘာတွင် ရာထူးမှ နှုတ်ထွက်တော့မည်ဟု ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ယနေ့တွင် ကြေငြာလိုက်သည်။

အမှတ် ၁၀၊ ဒေါင်းနင်းလမ်းရှိ ၀န်ကြီးချုပ်နေအိမ်အပြင်ဘက်တွင် ယခုကဲ့သို့ ကြေငြာခဲ့ခြင်းဖြစ်ပြီး မိမိအနေဖြင့် လာမည့် သီတင်းပတ်များနှင့် လများတွင် တိုင်းပြည်အား တည်ငြိမ်အောင် ဆက်လက် ထိန်းသိမ်းပေးသွားမည် ဖြစ်သော်လည်း နိုင်ငံအနေဖြင့် ခေါင်းဆောင်သစ် လိုအပ်နေပြီဟု ထည့်သွင်းပြောဆိုခဲ့သည်။

ကင်မရွန်းမှာ ဥရောပသမဂ္ဂတွင် ဆက်နေရေးအတွက် မဲပေးရန် ပြည်သူများအား တိုက်တွန်းခဲ့သော်လည်း ခွဲထွက်ရေးဖက်က ၅၂ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့သည်။

“ဗြိတိန်ပြည်သူတွေဟာ ဥရောပသမဂ္ဂကနေထွက်ဖို့ မဲပေးခဲ့ပြီး သူတို့ရဲ ဒီဆန္ဒကို ကျွန်တော်တို့က လေးစားရမှာပါ။ ဗြိတိန်ပြည်သူတွေရဲ့ဆန္ဒက ဘာဆက်လုပ်ရမလဲဆိုတာနဲ့ပတ်သက်ပြီး လမ်းညွှန်ချက်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်ရဲ့ နောက်ထပ်ရှေ့ဆက်မယ့်ခရီးကို ထိန်းကြောင်းဖို့ ကျွန်တော်ဟာ သင့်လျော်တဲ့ခေါင်းဆောင်တစ်ဦးလို့ မထင်ပါဘူး” ဟု ကင်မရွန်းကပြောကြားခဲ့သည်။

Ref : BBC

Comments

Leave a Reply