News @ M-Media

Author: Ko Lay

  • အီရန်မှ မိမိအိမ်နီးချင်းများကို ဆက်လက်ကူညီသွားမည်ဟု သမ္မတပြော

    အီရန်မှ မိမိအိမ်နီးချင်းများကို ဆက်လက်ကူညီသွားမည်ဟု သမ္မတပြော

    ဇွန် ၁၇၊ ၂၀၁၆
    M-Media

    rouhani

    – မိမိတို့နိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ဆက်လက်ကူညီသွားမှာဖြစ်တယ်လို့ အီရန်သမ္မတ ဟာဆန်ရူဟာနီက ပြောကြားလိုက်ပြီး IS ဒဏ်ကို ခါးစီးခံနေရတဲ့ အီရတ်နိုင်ငံအပေါ် ကူညီမှုကိုလည်း ကာကွယ်ပြောဆိုခဲ့ပါတယ်။

    “အိမ်နီးချင်းနိုင်ငံအဖြစ် ကျွန်တော်တို့အကူအညီကို တောင်းခံလာတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ အစိုးရတွေအပေါ် ဆက်လက် ကူညီပံ့ပိုးပေးသွားမှာပါ” လို့ ရူဟာနီက ယခုတစ်ပတ်အတွင်း လွှတ်တော်ဥက္ကဌ အလီ လာရီဂျာနီနဲ့ တရားရေးဌာနအကြီးအကဲ အယာတိုလာ ဆစ်ဒစ်က် အေမိုလီ- လာရီဂျာနီ နဲ့ တွေ့ဆုံအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဂျာနယ်လစ်တွေကို ပြောကြားလိုက်ပါတယ်။

    နောက်ပြီး IS အကြမ်းဖက်အဖွဲ့ကို ဆက်လက်တိုက်ခိုက်နေတဲ့ အီရတ်နိုင်ငံအနေနဲ့ မကြာခင်မှာ တည်ငြိမ်မှု၊ လုံခြုံမှု ရရှိနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ကြောင်း အီရန်သမ္မတက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

    အီရတ်နိုင်ငံခြားရေးဝန်ကြီး အီဘရာဟင် အလ်-ဂျာဖာရီက လက်ဘနွန်တီဗီတစ်ခုနဲ့ ဇွန်လ ၁၁ ရက်နေ့ကပြုလုပ်တဲ့ အင်တာဗျူးမှာ မိမိတို့နိုင်ငံအနေနဲ့ အကြမ်းဖက်သမားတွေကို တိုက်ဖျက်တဲ့နေရာမှာ အီရန်နိုင်ငံရဲ့ အကူအညီ လိုအပ်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref : Presstv

  • အင်္ဂလန်ကိုရှုံးနိမ့်မှုက မည်သည့်ရိုတ်ခတ်မှုမှ မရှိဟု ဝေးလ်အလယ်တန်းလူပြော

    အင်္ဂလန်ကိုရှုံးနိမ့်မှုက မည်သည့်ရိုတ်ခတ်မှုမှ မရှိဟု ဝေးလ်အလယ်တန်းလူပြော

    ဇွန် ၁၇၊ ၂၀၁၆
    M-Media

    wale 2

    – အင်္ဂလန်အသင်းအား ရှုံးနိမ့်မှုမှာ မိမိတို့အတွက် မည်သည့်ပြောင်းလဲမှုမှ ဖြစ်ပေါ်မည်မဟုတ်ဘဲ နောက်တစ်ဆင့်တက်ရေး အုပ်စုနောက်ဆုံးပွဲစဉ်တွင် စိတ်ဓာတ်ကောင်းဖြင့် ဆက်လက်ယှဉ်ပြိုင်သွားမည်ဟု ဝေးလ်အလယ်တန်းလူ ဂျိုး လက်ဒလေက ပြောကြားလိုက်သည်။

    နှစ်ပေါင်း ၅၀ ကျော်ကြာမှ အဓိကပြိုင်ပွဲကြီးတစ်ခုတွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည့် ဝေးလ်မှာ ယမန်နေ့က အင်္ဂလန်နှင့်ပွဲတွင် ဂါရက်ဘေးလ်၏ ဖရီးကစ်ဂိုးဖြင့် ဒုတိယပိုင်းအထိ ၁ ဂိုး ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဗာဒီ၏ ချေပဂိုး၊ နာကျင်အချိန်ပို ၉၂ မိနစ်တွင် စတားရစ်ခ်ျ၏ နောက်ကျဂိုးတို့ဖြင့် အရှုံးပေးခဲ့ရသည်။

    လက်ဒလေကမူ ရလဒ်ကောင်းရန်လိုနေသည့် ရုရှားနှင့် အုပ်စုနောက်ဆုံးပွဲအတွက် အင်္ဂလန်အရှုံးက မည်သို့မှ ရိုက်ခတ်မည်မဟုတ်ဟု ဆိုသည်။

    “လာမယ့်ရက်အနည်းငယ်မှာ နောက်တစ်ပွဲကစားရမှာကြောင့် ဒီအရှုံးပေါ်မှာ ကျွန်တော်တို့ ကြေကွဲခံစားနေလို့ မရပါဘူး။ စည်းစည်းလုံးလုံးနဲ့ တောင့်တောင့်တင်းတင်းရှိဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့က ဒီပြိုင်ပွဲမှာ အခုမှ ၀င်ပြိုင်ရတာပါ။ ပွဲတိုင်းမှာ ကျွန်တော်တို့ ကောင်းခဲ့ပြီး ပရိတ်သတ်တွေကလည်း လက်ဖျားခါလောက်ပါတယ်။ ကျွန်တော်တို့ ကွင်းအတွင်းနဲ့ ကွင်းအပြင်မှာ လုပ်ခဲ့သလိုမျိုးပဲ ရှေ့ဆက် လုပ်ဆောင်သွားရမှာပါ။ ဘာမှ ပြောင်းလဲမှာ မဟုတ်ပါဘူး” ဟု လက်ဒလေက ပြောကြားခဲ့သည်။

    လက်ရှိတွင် ၃ မှတ်ရထားသည့် ဝေးလ်မှာ ရုရှားနှင့်ပွဲတွင် အနည်းဆုံး သရေတစ်မှတ်ရလျှင်ပင် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်ပြီး လက်ဒလေမူ မိမိတို့မှာ သရေထက် အနိုင်ကစားရမည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • ဗြိတိန် ပါလီမန်အမတ်တစ်ဦး သေနတ်ပစ်ခတ်ခံရကာ သေဆုံး

    ဗြိတိန် ပါလီမန်အမတ်တစ်ဦး သေနတ်ပစ်ခတ်ခံရကာ သေဆုံး

    ဇွန် ၁၇၊ ၂၀၁၆
    M-Media

    uk
    – ဗြိတိန်ပါလီမန်အမတ်တစ်ဦးဖြစ်သူ အမျိုးသမီး ဂျိုးကော့စ်မှာ အင်္ဂလန်မြောက်ပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သည်ဟု ယူကေရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    ပစ်ခတ်မှုမှာ လိဒ်မြို့အနီး ဘီရ်စတောလ်မြို့ရှိ စာကြည့်တိုက်တစ်ခုအနီးတွင် ယမန်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုစာကြည့်တိုက်မှာ ဂျိုးကော့စ်က ၎င်း၏ မဲဆန္ဒနယ်မှ ပြည်သူများနှင့် ပုံမှန်တွေ့ဆုံရာ နေရာလည်းဖြစ်သည်။ ၀က်စ်ယော့ခ်ရှိုင်းယား ရဲတပ်ဖွဲ့ကမူ ထိုအဖြစ်အပျက်နှင့်ပတ်သက်၍ အသက် ၅၂ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့သည်ဟု ကြေငြာခဲ့သည်။

    ထို့ပြင် လာမည့်တစ်ပတ်တွင်း ကျင်းပပြုလုပ်ရန်ရှိနေသည့် ဥရောပသမဂ္ဂမှ အဖွဲ့ဝင်အဖြစ်မှ ဗြိတိန်နှုတ်ထွက်ရေး လူထုဆန္ဒခံယူပွဲကိုလည်း ယခုအဖြစ်အပျက်ကြောင့် ရွှေ့ဆိုင်းခဲ့သည်။

    မျက်မြင်သက်သေများ၏ အဆိုအရ ဂျိုးကော့စ်မှာ အမျိုးသား ၂ ဦး စကားများရန်ဖြစ်မှုကို ကြားဝင်ဖြန်ဖြေပေးရာတွင် ထိုအထဲမှ တစ်ယောက်က အိတ်ထဲမှ သေနတ်ထုတ်ကာ သူမအား ၂ ချက်ဆက်တိုက် ပစ်ခဲ့ခြင်းဖြစ်ပြီး ဓားဖြင့်လည်း ထိုးခဲ့သည်ဟု ဆိုသည်။ ထိုအဖြစ်အပျက်အတွင်း အသက် ၇၇ နှစ်အရွယ် အမျိုသားတစ်ဦးမှာလည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။

    လေဘာပါတီခေါင်းဆောင် ဂျယ်ရီမီ ကော်ဘန်က ဂျိုးကော့စ်သေဆုံးမှုအတွက် မိမိတို့ လေဘာပါတီ၊ ပါတီမိသားစုနှင့် တစ်နိုင်ငံလုံးက တုန်လှုပ်ခဲ့ရကြောင်း ပြောကြားခဲ့သည်။ ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကမူ ထိုအဖြစ်အပျက်အား ဖြစ်ရပ်ဆိုးကြီးဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ကြယ်တစ်ပွင့် ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

    Ref: Aljazeera

  • အမေရိကန်၏ လက်နက်ရောင်းချမှုပေါ်လစီကို ကုလ လူ့အခွင့်အရေးအကြီးအကဲ ဝေဖန်

    အမေရိကန်၏ လက်နက်ရောင်းချမှုပေါ်လစီကို ကုလ လူ့အခွင့်အရေးအကြီးအကဲ ဝေဖန်

    ဇွန် ၁၆၊ ၂၀၁၆
    M-Media

    un right

    – အမေရိကန်အစိုးရအနေနဲ့ လက်နက်ထိန်းချုပ်မှုလျော့ရဲခြင်းရဲ့ရလဒ်တစ်ခုဖြစ်ပြီး ကြိုတင်ကာကွယ်နိုင်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုခိုက်မှုတွေကနေ နိုင်ငံသားတွေကို ကာကွယ်ပေးဖို့အတွက် ၎င်းတို့ရဲ့တာဝန်ကို ကျေပွန်အောင်ဆောင်ရွက်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ ဇီအစ် ရာအဒ် အလ်-ဟူစိန်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့က လိင်တူချစ်သူများစုဝေးရာ နိုက်ကလပ်တစ်ခုကို သေနတ်သမားတစ်ဦးက ၀င်ရောက်ပစ်ခတ်မှုကြောင့် လူ ၄၉ ဦး သေဆုံးသွားတာနဲ့ပတ်သက်ပြီး အလ်-ဟူစိန်က ဒီလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။

    “ပြည်တွင်းပြည်ပ အစွန်းရောက်တွေနဲ့အဆက်အသွယ်ရှိသူတွေ၊ အိမ်းတွင်းအကြမ်းဖက်မှုနဲ့ စိတ်ရောဂါနောက်ခံရှိသူတွေ၊ မူးယစ်ဆေးသုံးစွဲသူတွေ၊ ရာဇ၀တ်မှုနောက်ခံရှိသူတွေကို ရိုင်ဖယ်အပါအ၀င် အခြားလက်နက်ပစ္စည်းတွေ အလွယ်တကူဝယ်ယူခွင့်ပေးထားတဲ့ ကျိုးကြောင်းဆီလျော်မှုတစ်ခုကို ရှာဖွေဖို့ခက်ပါတယ်” လို့ အလ်-ဟူစိန်က ပြောကြားခဲ့ပါတယ်။

    “နောက်ထပ် ကျောင်းသားကလေးငယ်တွေ၊ ဘုရားကျောင်းသွားတဲ့ အာဖရိကန်-အမေရိကန်တွေ ဘယ်လောက်များများ သေရဦးမှာလဲ? ခရစ္စတီးနားဂရင်းမီလို ဂီတအကျော်အမော်တွေ၊ ဂေဘရီယယ်ဂျစ်ဖို့ဒ်လို နိုင်ငံရေးသမားတွေ နောက်ထပ်ဘယ်လောက် သေရဦးမှာလဲ? ဒါတွေဟာ အမေရိကန်က လက်နက်ကိုင်ဆောင်မှုဥပဒေကို မကျင့်သုံးမီကရော ဖြစ်ခဲ့ပါသလား” လို့လည်း ၎င်းက ထပ်လောင်း မေးခွန်းထုတ်ခဲ့ပါတယ်။

    ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစားအသစ်မှာ အရပ်သားတွေ လက်နက်ရယူပိုင်ဆိုင်မှုက အသက်ရှင်နေထိုင်ခွင့်၊ လုံခြုံစွာနေထိုင်ခွင့်၊ ကျန်းမာရေး၊ ပညာရေး၊ လုံလောက်တဲ့ လူနေမှုအဆင့်အတန်း ရရှိနေရေးနဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေမှာ ပူးပေါင်းပါဝင်ရေး စတာတွေအပါအ၀င် ကုလရဲ့ လူ့အခွင့်အရေးဆိုင်ရာ သတ်မှတ်ချက် တော်တော်များများကို ဆိုးဆိုးရွားရွား ထိခိုက်မှုတွေ ရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။

    နောက်ပြီး အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဟာ အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းအကြမ်းဖက်မှုတွေအပါအ၀င် သေနတ်နဲ့ဆက်စပ်နေတဲ့ အကြမ်းဖက်မှုတွေရဲ့ သားကောင်တွေဖြစ်နေတာကို မကြာခဏ တွေ့နေရတယ်လို့လည်း ထောက်ပြထားပါတယ်

    Ref : UN.org

  • ထရမ့်၏ မဲဆွယ်မှုက အမေရိကန်သမိုင်းကို ရိုင်းစေမည်ဟု အိုဘားမားပြော

    ထရမ့်၏ မဲဆွယ်မှုက အမေရိကန်သမိုင်းကို ရိုင်းစေမည်ဟု အိုဘားမားပြော

    ဇွန် ၁၆၊ ၂၀၁၆
    M-Media

    obama 5

    – ရီပက်ဘလစ်ကန်ပါတီရဲ့ သမ္မတလောင်းအဖြစ် သတ်မှတ်ခံထားရတဲ့ ဒေါ်နယ်ထရမ့်ရဲ့ မွတ်စလင်ဆန့်ကျင်ရေး ပြောစကားတွေနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ရှုတ်ချလိုက်ကာ အမေရိကန်သမိုင်းစာမျက်နှာကို အရှက်ရစေမယ့် ပြောဆိုမှုတွေလို့ ဝေဖန်ခဲ့ပါတယ်။

    “ဒါမျိုးပြောတာတွေ ဘယ်တော့ရပ်မှာလဲ။ အော်လန်ဒိုလူသတ်သမား၊ ဆန်ဘာဒီနိုလူသတ်သမား၊ ဖို့တ်ဟုဒ်လူသတ်သမား သူတို့အားလုံးဟာ အမေရိကန်နိုင်ငံသားတွေပါပဲ။ ဒါနဲ့ပဲ ကျွန်တော်တို့ဟာ အမေရိကန်မွတ်စလင်အားလုံးကို ခွဲခြားပြီး ဆက်ဆံရတော့မှာလား၊ သူတို့ကိုပဲ ပစ်မှတ်ထားပြီး အထူးစစ်ဆေးရေးတွေ လုပ်သွားတော့မှာလား၊ သူတို့ရဲ့ကိုးကွယ်ယုံကြည်မှုကြောင့် ခွဲခြားဆက်ဆံမှုတွေ ပြုလုပ်မှာလား” လို့ အိုဘားမားက ပြောကြားခဲ့ပြီး မွတ်စလင်တွေကို အမေရိကန်ထဲဝင်ဖို့ ပိတ်ပင်တာဟာ “မိမိတို့လိုချင်တဲ့ အမေရိကန်နိုင်ငံမျိုး မဟုတ်ဘူး” လို့လည်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။

    “ဒီနိုင်ငံဟာ ဘာသာရေးလွတ်လပ်မှုအပါအ၀င် အခြေခံလွပ်လပ်ခွင့်တွေအပေါ် တည်ဆောက်ထားတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်၊ ကျွန်တော်တို့ဆီမှာ ဘာသာရေးစမ်းသပ်တာမျိုး မရှိပါဘူး”

    အော်လန်ဒိုတိုက်ခိုက်မှုအပြီးမှာ အိုဘားမားနဲ့ ဟီလာရီကလင်တန်တို့က “အစွန်းရောက် အစ္စလာမ့်မစ် အကြမ်းဖက်ဝါဒ” လို့ မသုံးနှုန်းတာနဲ့ပတ်သက်ပြီး ထရမ့်က ဝေဖန်ခဲ့ကာ အိုဘားမားက အဲဒီအတွက်လည်း ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။

    “IS တို့ အလ်ကိုင်းဒါးတို့က လက်ရှိစစ်ပွဲကို အစ္စလာမ်နဲ့ အမေရိကန်အကြား၊ ဒါမှမဟုတ် အစ္စလာမ်နဲ့ အနောက်နိုင်ငံတွေအကြားက စစ်ပွဲပုံစံမျိုးဖြစ်အောင် လုပ်ချင်နေကြတာပါ။ ကျွန်တော်တို့ မွတ်စလင်အားလုံးကို သိမ်းကြုံးရမ်းမယ်ဆိုရင် ဒါဟာ သူတို့ဆင်တဲ့ ထောင်ချောက်ထဲဝင်သွားပြီး ဘာသာတရားတစ်ခုလုံးကို ကျွန်တော်တို့က စစ်ပွဲ ဆင်နွှဲတာမျိုး ဖြစ်သွားမှာပါ။ အဲဒါဆိုရင်တော့ ကျွန်တော်တို့ဟာ သူတို့အတွက် အကြမ်းဖက်လုပ်ရပ်တွေ လုပ်ပေးသလို ဖြစ်သွားပါလိမ့်မယ်”

    Ref; IINA