News @ M-Media

Author: Ko Lay

  • အ၀လွန်ခြင်းက နှလုံးခွဲစိတ်မှုအပြီး ရောဂါပိုးဝင်နိုင်ခြေ ပိုများ

    အ၀လွန်ခြင်းက နှလုံးခွဲစိတ်မှုအပြီး ရောဂါပိုးဝင်နိုင်ခြေ ပိုများ

    ဇွန် ၄၊ ၂၀၁၆
    M-Media

    heart 3

    ပုံမှန်ကိုယ်အလေးချိန် ရှိသူတွေထက် အလွန်အမင်း အ၀လွန်နေတဲ့သူတွေဟာ နှလုံးခွဲစိတ်မှုအပြီး တစ်ချို့ရောဂါပိုးတွေ ကူးစက်နိုင်တဲ့ အန္တရာယ် မြင့်မားနိုင်ခြေရှိတယ်လို့ ကနေဒါနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ရပ်အရ သိရပါတယ်။

    လေ့လာမှုမှာ ၂၀၀၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်အကြား နှလုံးသွေးကြောခွဲစိတ်မှုပြုလုပ်ထားတဲ့ ကနေဒါနိုင်ငံသား ၇၅၀၀ ကျော်ရဲ့ မှတ်တမ်းတွေကို ဆန်းစစ်ခဲ့တာဖြစ်ပြီး၊ အ၀လွန်မှုဟာ ခွဲစိတ်မှုအပြီး မကြာခင်မှာပဲ ရောဂါပိုးကူးစက်နိုင်ခြေ မြင့်မားလာခြင်းနဲ့ ဆက်စပ်နေတာကို သုတေသီများက တွေ့ရှိခဲ့ကြတာပါ။

    အဲဒီခွဲစိတ်မှုတွေဟာ သွေးလွှတ်ကြောတွေမှာ ပိတ်ဆို့နေတဲ့ သွေးခဲတွေကို ကွေ့ပတ်ပြီး သွေးစီးတဲ့လမ်းကြောင်းကို လမ်းပြောင်းပေးရတာမျိုး ဖြစ်ပါတယ်။ သိပ်အ၀လွန်နေတဲ့သူတွေဟာ ပုံမှန်ကိုယ်အလေးချိန်ရှိသူတွေထက် ဆေးရုံတက်ချိန်ကြာမြင့်နိုင်ခြေ ပိုများတာကိုလည်း အဲဒီလေ့လာမှုမှာ တွေ့ရှိခဲ့ပါတယ်။

    ဒါပေမယ့် အ၀လွန်မှုနဲ့ ခွဲစိတ်မှုအပြီး ကူးစက်ရောဂါအန္တရာယ်အကြား စက်ဆက်မှုကို ရှင်းရှင်းလင်းလင်း မဖော်ထုတ်နိုင်သေးဘဲ၊ သက်သေလည်း မပြနိုင်သေးပါဘူး

    Ref: IINA

  • ယူရိုတွင် ဒိုင်လူကြီးများ သတ္တိရှိရမည်ဟု ဟယ်ရီကိန်းပြော

    ယူရိုတွင် ဒိုင်လူကြီးများ သတ္တိရှိရမည်ဟု ဟယ်ရီကိန်းပြော

    ဇွန် ၄၊ ၂၀၁၆
    M-Media

    kane

    – ယခုလအတွင်း ပြင်သစ်၌ ကျင်းပပြုလုပ်မည့် ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲတွင် ဒိုင်လူကြီးများအနေဖြင့် ပြစ်ဒဏ်ကျူးလွန်မှုများအတွက် အပြစ်ပေးရဲရမည်ဟု အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းက ပြောကြားလိုက်သည်။

    ကြာသာပတေးနေ့က ကစားခဲ့သည့် အင်္ဂလန်နှင့် ပေါ်တူဂီတို့၏ ခြေစမ်းပွဲတွင် ဟယ်ရီကိန်းမှာ ဘောလုံးရရှိရန် ကြိုးစားရာတွင် ဘရူနို အဲလ်ဗက်စ်၏ ခြေထောက်ဖြင့် ခေါင်းကို ထိခိုက်မိခဲ့ပြီး ထိုအဖြစ်ပျက်ကြောင့် ကွင်းလယ်ဒိုင်က အဲလ်ဗက်စ်အား တိုက်ရိုက်အနီကဒ်ဖြင့် ထုတ်ပယ်ခဲ့သည်။

    ကိန်းကမူ ထိုအဖြစ်အပျက်ကို ထောက်ပြ၍ ယူရိုပြိုင်ပွဲတွင် ဒိုင်လူကြီးများမှာ ထိုကဲ့သို့ ပြစ်ဒဏ်များအား အပြစ်ပေးရန် သတ္တိရှိရမည်ဟု ဆိုသည်။

    “ကျွန်တော်ဟာ ပြစ်ဒဏ်ကျူးလွန်ခံရတာကို သိပ်ဂရုမထားဘဲ၊ အဲဒီလိုလည်း မလုပ်တတ်သူပါ။ (ပေါ်တူဂီနဲ့ပွဲမှာ) ဒိုင်လူကြီးက သတ္တိရှိရှိ လုပ်ပြသွားတာ ကောင်းပါတယ်။ တစ်ခြားဒိုင်လူကြီးတွေဆိုရင် ဒီလိုကျူးလွန်မှုဟာ သိပ်မဆိုးဘူးလို့ ထင်မှာဖြစ်ပြီး အ၀ါကဒ်လောက်နဲ့ ပြီးသွားမှာပါ။ ဒါပေမယ့် ဒိုင်လူကြီးက ထုတ်ပယ်လိုက်ပါတယ်” ဟု ဟယ်ရီကိန်းက ပြောကြားခဲ့သည်။

    “ယူရိုပြိုင်ပွဲမှာ ဘာဖြစ်မလဲဆိုတာ ကျွန်တော်တို့ ကြည့်ရမှာပါ။ ဒါပေမယ့် ဒိုင်လူကြီးတွေအနေနဲ့ သတ္တိရှိမယ်လို့ မျှော်လင့်ပါ
    တယ်”

    Ref : Goal

  • ယီမင်တွင် တိုက်ခိုက်နေသည့် အာရပ်ညွန့်ပေါင်းအဖွဲ့ကို ကုလက အမည်ပျက်စာရင်းသွင်း

    ယီမင်တွင် တိုက်ခိုက်နေသည့် အာရပ်ညွန့်ပေါင်းအဖွဲ့ကို ကုလက အမည်ပျက်စာရင်းသွင်း

    ဇွန် ၄၊ ၂၀၁၆
    M-Media

    yemen

    – ၂၀၁၅ ခုနှစ်အတွင်းက ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုတွေမှာ ရာနဲ့ချီတဲ့ ကလေးငယ်တွေ ထိခိုက်ဒဏ်ရာရပြီး သေဆုံးစေခဲ့တဲ့အတွက် ယီမင်နိုင်ငံမှာ တိုက်ခိုက်မှုတွေလုပ်နေတဲ့ အာရပ်ညွန့်ပေါင်းအဖွဲ့ကို ကုလသမဂ္ဂက အမည်ပျက်စာရင်း သွင်းလိုက်ပါတယ်။

    ဆော်ဒီဦးဆောင်ပြီး အာရပ် ၁၀ နိုင်ငံပါဝင်တဲ့ အဲဒီအဖွဲ့က ပြီးခဲ့တဲ့နှစ်အတွင်းမှာ ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း လူပေါင်း ၅၁၀ သေဆုံးခဲ့ပြီး ၆၆၇ ဦးဒဏ်ရာရခဲ့ကာ အဲဒီထဲက ၆၀ ရာခိုင်နှုန်းလောက်ဟာ ကလေးငယ်တွေဖြစ်ပါတယ်။

    သောကြာနေ့က ထွက်လာတဲ့အစီရင်ခံစာမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်က ယီမင် မြေပြင်အခြေအနေတွေဟာ စိုးရိမ်းစရာကောင်းနေတယ်လို့ သတ်မှတ်ခဲ့ပြီး ၂၀၁၄ နဲ့နှိုင်းယှဉ်ရင် ၂၀၁၅ မှာ သေဆုံးတဲ့ ကလေးအရေအတွက် ၆ ဆ ပိုတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ချိုးဖောက်မှုတွေအများအပြား ပြုလုပ်တာကြောင့် ဟူသီသူပုန်တွေနဲ့ ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့တို့ကို သတ်ဖြတ်မှု၊ ထိခိုက်ကျိုးပဲ့စေမှု၊ ဆေးရုံနဲ့ ကျောင်းတွေကို တိုက်ခိုက်မှု စတာတွေကို ပြုလုပ်တဲ့ စာရင်းမှာ ထည့်သွင်းလိုက်ပါတယ်” လို့ ဘန်က ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

    လက်နက်ကိုင်အုပ်စုတွေက ကလေးငယ်တွေကို တပ်သားသစ်စုဆောင်းမှုကလည်း ၅ ဆလောက် ပိုများလာတယ်လို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    Ref: Aljazeera

  • မဘသအဖွဲ့ဝင်များ၏ လှုပ်ရှားမှုကို မဟနက စောင့်ကြည့်နေ

    မဘသအဖွဲ့ဝင်များ၏ လှုပ်ရှားမှုကို မဟနက စောင့်ကြည့်နေ

    ဇွန် ၄၊ ၂၀၁၆
    M-Media

    mahana

    – မဘသဟုသိကြသည့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးကော်မတီတွင် ပါဝင်နေသည့် သဘောထားတင်းမာသော အမျိုးသားရေးဝါဒီ ဘုန်းကြီးများ၏ လှုပ်ရှားမှုများအတွက် မိမိတို့က စောင့်ကြည့်ထိန်းညှိပေးသွားမည်ဟု နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ပြောကြားလိုက်သည်။

    “ဘုန်းကြီးတို့ရဲ့လမ်းညွှန်းမှုအောက်မှာ ရှိနေတာကြောင့် မဘသရဲ့ အယူအဆတစ်ချို့ဟာ မဟနရဲ့အယူအဆတွေနဲ့ တစ်စိတ်တစ်ပိုင်း ကိုက်ညီတာတွေ ရှိပါတယ်။ ဒါပေမယ့် အချို့သော မဘသအဖွဲ့ဝင်တွေဟာ အမျိုးဘာသာကိစ္စမှာ တင်းမာပြီး ကော်မတီရဲ့ရပ်တည်ချက်နဲ့ ဆန့်ကျင်တာတွေ ရှိနေပါတယ်” ဟု နိုင်ငံတော် သံဃမဟာနာယကကော်မတီ၏ အထွေထွေအတွင်းရေးမှူး ဆရာတော် ဦးစန္ဒိမာဘိဝံသက မိန့်ကြားခဲ့သည်။

    ထို့ပြင် မဘသအဖွဲ့အနေဖြင့် မဟနမှ ချမှတ်ထားသည့် လမ်းညွှန်ချက်များကို လိုက်နာသင့်သည်ဟုလည်း ဆရာတော်က ထည့်သွင်းမိန့်ကြားခဲ့သည်။

    “မဘသအဖွဲ့ဝင်အချို့ဟာ မွတ်စလင်တွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြပြီး ခေါင်းဆောင်ဟောင်း ဆရာတော်ကြီးရဲ့ လမ်းညွှန်မှုကို မလိုက်နာကြပါဘူး။ တကယ်တော့ သူတို့တွေဟာ ကော်မတီတစ်ခုလုံးကို ကိုယ်စားမပြုပါဘူး”

    သို့သော်လည်း စည်းမျဉ်းစည်းကမ်းများကို အကောင်အထည်ဖော်မှု အားးနည်းသောကြောင့် မဘသအဖွဲ့ဝင်များအပေါ် အရေးယူမှုမပြုလုပ်နိုင်သေးဘဲ၊ ဥပဒေချိုးဖောက်သော ဘုန်းကြီးများကို အာဏာပိုင်များက အရေးယူနိုင်သည်ဟု အတွင်းရေးမှူး ဆရာတော်ကြီးက ထပ်လောင်း မိန့်ကြားခဲ့သည်။

    Ref: mmtimes

  • ဟဂ်ျကိစ္စတွင် မသမာမှုအတွက် သာသနာရေးဝန်ကြီးဌာန အရာရှိဟောင်းများကို ပါကစ္စတန်က နှစ်ရှည်ထောင်ဒဏ်များ ချမှတ်

    ဟဂ်ျကိစ္စတွင် မသမာမှုအတွက် သာသနာရေးဝန်ကြီးဌာန အရာရှိဟောင်းများကို ပါကစ္စတန်က နှစ်ရှည်ထောင်ဒဏ်များ ချမှတ်

    ဇွန် ၃၊ ၂၀၁၆
    M-Media

    paki 3

    – ဟဂ်ျဘုရားဖူးခရီးစဉ် ကိစ္စတွင် ခြစားမှုနှင့် မသမာမှုများအတွက် သာသနာရေးရာ ပြည်ထောင်စုဝန်ကြီးဟောင်းကို ပါကစ္စတန်က ယနေ့တွင် ထောင်ဒဏ် ၁၆ နှစ် ချမှတ်ခဲ့သည်ဟု သိရသည်။

    ဟာမစ် စအီးဒ် ကာဇ်မီဖြစ်ပြီး အထူးခုံရုံးက ချမှတ်ခဲ့ခြင်းဖြစ်ကာ သာသနာရေးဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ရာအို ရှကီးလ်နှင့် တွဲဘက်အတွင်းရေးမှူး အက်ဖ်တဘ် အက်စလာမ်တို့မှာလည်း ထိုကိစ္စအတွက် ထောင်ဒဏ် အနှစ် ၄၀ နှင့် ၁၆ နှစ် အသီးသီး ချမှတ်ခံခဲ့ရသည်။

    စီရင်ချက်ချမှတ်ပြီးနောက် ကာဇ်မီနှင့် အက်ဖ်တဘ်တို့ကို တရားရုံးဝင်းအတွင်း ဖမ်းဆီးခဲ့ပြီး ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး အေဂျင်စီ FIA မှ တာဝန်ရှိသူများက အဒီယာလာထောင်သို့ ခေါ်ဆောင်သွားကြသည်။ ညွှန်ကြားရေးမှူးချုပ် ရှကီးလ်ကိုမူ လာဟိုးရ်မြို့တွင် ထိန်းသိမ်းထားပြီဖြစ်သည်။

    တရားလိုရှေ့နေများက တင်ပြသော သက်သေ ၆၀ ကို ပြီးခဲ့သည့်သီတင်းပတ်က စစ်ဆေးခဲ့ပြီးနောက် စီရင်ချက်ကို ယနေ့တွင် ချမှတ်ခဲ့ခြင်းဖြစ်ပြီး အစ္စလာမ်မာဘတ်ဗဟိုတရားရုံးသို့ အယူခံဝင်နိုင်မည်ဖြစ်သည်။

    ဟဂ်ျဘုရားဖူးခရီးစဉ်တွင် မသမာမှုကိစ္စမှာ ၂၀၁၀ နှင့် ၂၀၁၂ ခုနှစ်အကြား ပါကစ္စတန်နိုင်ငံရေးလောကတွင် ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့ပြီး ဟာမစ် စအီးဒ် ကာဇ်မီနှင့် အဇမ် ဆွာတီတို့မှာ ကက်ဘိနတ်အဖွဲ့မှ ထွက်ခဲ့ရသည်အထိ ဖြစ်ခဲ့သည်။ ကာဇ်မီမှာ ၂၀၀၉ ခုနှစ်က ဟဂ်ျစေလွှတ်ရေး ကိစ္စများတွင် မသမာမှုများ ပြုလုပ်ခဲ့သောကြောင့် ထောင်ဒဏ် ၂ နှစ်နီးပါး ကျခံရဖူးသူဖြစ်သည်။

    Ref: Dawn