ဇွန် ၄၊ ၂၀၁၆
M-Media
ပုံမှန်ကိုယ်အလေးချိန် ရှိသူတွေထက် အလွန်အမင်း အ၀လွန်နေတဲ့သူတွေဟာ နှလုံးခွဲစိတ်မှုအပြီး တစ်ချို့ရောဂါပိုးတွေ ကူးစက်နိုင်တဲ့ အန္တရာယ် မြင့်မားနိုင်ခြေရှိတယ်လို့ ကနေဒါနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ရပ်အရ သိရပါတယ်။
လေ့လာမှုမှာ ၂၀၀၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်အကြား နှလုံးသွေးကြောခွဲစိတ်မှုပြုလုပ်ထားတဲ့ ကနေဒါနိုင်ငံသား ၇၅၀၀ ကျော်ရဲ့ မှတ်တမ်းတွေကို ဆန်းစစ်ခဲ့တာဖြစ်ပြီး၊ အ၀လွန်မှုဟာ ခွဲစိတ်မှုအပြီး မကြာခင်မှာပဲ ရောဂါပိုးကူးစက်နိုင်ခြေ မြင့်မားလာခြင်းနဲ့ ဆက်စပ်နေတာကို သုတေသီများက တွေ့ရှိခဲ့ကြတာပါ။
အဲဒီခွဲစိတ်မှုတွေဟာ သွေးလွှတ်ကြောတွေမှာ ပိတ်ဆို့နေတဲ့ သွေးခဲတွေကို ကွေ့ပတ်ပြီး သွေးစီးတဲ့လမ်းကြောင်းကို လမ်းပြောင်းပေးရတာမျိုး ဖြစ်ပါတယ်။ သိပ်အ၀လွန်နေတဲ့သူတွေဟာ ပုံမှန်ကိုယ်အလေးချိန်ရှိသူတွေထက် ဆေးရုံတက်ချိန်ကြာမြင့်နိုင်ခြေ ပိုများတာကိုလည်း အဲဒီလေ့လာမှုမှာ တွေ့ရှိခဲ့ပါတယ်။
ဒါပေမယ့် အ၀လွန်မှုနဲ့ ခွဲစိတ်မှုအပြီး ကူးစက်ရောဂါအန္တရာယ်အကြား စက်ဆက်မှုကို ရှင်းရှင်းလင်းလင်း မဖော်ထုတ်နိုင်သေးဘဲ၊ သက်သေလည်း မပြနိုင်သေးပါဘူး
Ref: IINA


Leave a Reply
You must be logged in to post a comment.