News @ M-Media
Author: Ko Lay
  • တရုတ်မွတ်စလင်များအပေါ် ပုံစံသစ်တစ်မျိုးဖြင့် တရုတ်အစိုးရက ဘာသာရေး ဖိနှိပ်ချုပ်ချယ်မှု ပြုလုပ်
    တရုတ်မွတ်စလင်များအပေါ် ပုံစံသစ်တစ်မျိုးဖြင့် တရုတ်အစိုးရက ဘာသာရေး ဖိနှိပ်ချုပ်ချယ်မှု ပြုလုပ်
    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၅
    M-Media
    chna
    – ဘာသာရေးလွတ်လပ်ခွင့်ကို ပိတ်ပင်သည့်ဆောင်ရွက်မှုအဖြစ် တရုတ်နိုင်ငံအရှေ့ပိုင်း ဇင်ဂျန်းပြည်နယ်ရှိ ဗလီဝတ်ကျောင်းတော်များမှ ရှေ့ဆောင်အီမာမ်များကို စုဝေးကာ တရုတ်အစိုးရက အတင်းအကျပ် ကပြခိုင်းခဲ့ပြီး လူငယ်များအား ဘာသာရေးအသိပညာ သင်ကြားပေးခြင်းမပြုရန်နှင့် ၀တ်ပြုဆုတောင်းမှုမှာ စိတ်နှလုံးသားကို ပျက်စီးစေသည်ဟု သင်ကြားရန် ကျမ်းကျိန်ခိုင်းခဲ့သည်ဟု သိရသည်။
    အဆိုပါအဖြစ်အပျက်ကို Worl Bulletin က ယမန်နေ့တွင် ဖော်ပြခဲ့ပြီး အီမာမ်များမှာ “ကျွန်တော်တို့၏ ၀င်ငွေမှာ ဘုရားသခင်ဆီကလာတာမဟုတ်။ CKP ထံမှလာသည်” ဟု ကျွေးကြော်ရန် ဖိအားပေးခြင်းခံခဲ့ရသည်။
    State Chinese သတင်းဌာနကမူ အဆိုပါအီမာမ်များမှာ ယဉ်ကျေးမှုခေါင်းစဉ်ဖြင့် ရင်ပြင်တွင် စုရုံးခဲ့ကြရပြီး ကပြရန်
    ဖိအားပေးခြင်းခံခဲ့ရကာ နိုင်ငံအား ထောက်ခံအားပေးသည့် ကျွေးကြော်သံများကိုလည်း ကျွေးကြော်ခဲ့ရသည်ဟု
    ဖော်ပြထားသည်။
    အဆိုပါ ကျွေးကြော်သံများတွင် “တိုင်းပြည်ငြိမ်းချမ်းခြင်းက စိတ်နှလုံးငြိမ်းချမ်းမှုကို ပေးသည်” စသဖြင့် ဘာသာတရားထက်
    နိုင်ငံကို အမွှမ်းတင်သည့် ကျွေးကျော်သံများလည်း ပါဝင်ခဲ့သည်။ ထို့ပြင် လူငယ်များအား ဗလီဝတ်ကျောင်းတော်များမှ ဝေးကွာအောင် ဆောင်ရွက်ရန်၊ ၀တ်ပြုဆုတောင်းမှုက ကျန်းမာရေးအား ထိခိုက်စေနိုင်သည်ဟု ၀ါဒဖြန့်ရန်နှင့် လူငယ်များအား ကခုန်မြူးတူးခြင်းကိုသာ သင်ကြားပေးရန် တရုတ်အစိုးရတာဝန်ရှိသူများက အီမာမ်များအား လမ်းညွှန်ချက်ပေးခဲ့သည်။
    အမျိုးသမီးဆရာများကိုလည်း ကလေးများအား ကခုန်ခြင်းကို သင်ကြားပေးရန် ဘာသာရေး ပညာသင်ကြားခြင်းမှ ဝေးကွာအောင်ဆောင်ရွက်ရန် ညွှန်ကြားခဲ့ပြီး ထိုကဲ့သို့ ဆောင်ရွက်မည်ဟုလည်း ကျမ်းကျိန်ခိုင်းခဲ့သည်။
    ဇင်ဂျန်းပြည်နယ်တွင် နေထိုင်ကြသည့် အစ္စလာမ်ဘာသာဝင်များမှာ တူရကီစကားပြော အူဂွါရ် လူမျိုးများဖြစ်သည်။ အဆိုပါ ဒေသမှာ ၁၉၉၅ ခုနှစ်စ၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရခဲ့သော်လည်း တရုတ်အာဏာပိုင်များက မကြာခဏ ဖိနှိပ်ချုပ်ချယ်မှုများ ပြုလုပ်ခဲ့သည်။
    လူ့အခွင့်အရေးအဖွဲ့များကမူ တရုတ်အာဏာပိုင်းများမှာ ဇင်ဂျန်းပြည်နယ်ရှိ အူဂွါရ် မွတ်စလင်များကို အကြမ်းဖက်တိုက်ဖျက်ရေး ခေါင်းစဉ်တပ်၍ ဘာသာရေး ဖိနှိပ်ချုပ်ချယ်မှုများ ပြုလုပ်ခဲ့သည် စွပ်စွဲခဲ့သည်။
    တရုတ်အစိုးရမှာ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက အစိုးရအစောက်အအုံများ၌ ဘာသာရေးလိုက်နာကျင့်သုံးခွင့်ကို ပိတ်ပင်ခဲ့ပြီး ဘာသာရေးအရ သတ်မှတ်ထားသော ၀တ်စားဆင်ယင်မှုများကိုလည်း မ၀တ်ဆင်ရန် အမိန့်ထုတ်ခဲ့သည်။ ထို့ပြင်
    သြဂုတ်လကလည်း ဇင်ဂျန်းပြည်နယ် မြောက်ပိုင်း ကရာမီမြို့တွင် မုတ်ဆိတ်ရှိသော မွတ်စလင်အမျိုးသားများ၊ လုံခြုံစွာ ၀တ်ဆင်ထားသော မွတ်စလင်အမျိုးသမီးများကို အများပြည်သူသုံး ဘတ်စ်ကားများ အသုံးပြုခြင်းကို ပိတ်ပင်ခဲ့သည်။
    ဇူလိုင်လအတွင်းကလည်း မွတ်စလင်ကျောင်းသားများနှင့် အစိုးရ၀န်ထမ်းများအနေဖြင့် ရမ်ဇာန်ဥပုသ်လတွင် ဥပုသ်သီလ ဆောက်တည်ခြင်းမပြုရန် တရုတ်အစိုးရက တားမြစ်ပိတ်ပင်ခဲ့သည်။
    တရုတ်အစိုးရမှာ ခရစ်ယာန်အများစုရှိရာ ဒေသများတွင်လည်း ခရစ်ယာအယူဝါဒ လိုက်နာကျင့်သုံးခြင်းကို တားမြစ်ပိတ်ပင်မှုများ ရှိခဲ့ပြီး ခရစ်ယာန်ဘုရားကျောင်းများကိုလည်း အကြောင်းအမျိုးမျိုးပြ၍ ဖြိုချဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။
    Ref:onislam
  • ဖီဖာဥက္ကဌ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့်သူ ၄ ဦးစာရင်းကို ထုတ်ပြန်
    ဖီဖာဥက္ကဌ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့်သူ ၄ ဦးစာရင်းကို ထုတ်ပြန်
    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၅
    M-Media
    fifa
    – လာမည့်မေလတွင် ကျင်းပပြုလုပ်ရန်ရှိသည့် ဖီဖာဥက္ကဌရာထူးအတွက် ၀င်ရောက်ယှဉ်ပြိုင်မည့်သူ ၄ ဦးစာရင်းကို ဖီဖာက ထုတ်ပြန်လိုက်သည်ဟု သိရသည်။
    ဘလတ္တာမှာ ၁၉၉၈ ခုနှစ်ကတည်းက ဥက္ကဌတာဝန်ကို ထမ်းဆောင်လာသူဖြစ်ပြီး ယခုနှစ်များအတွင်း ဖြစ်ပွားခဲ့သာ ဖီဖာ၏ ချစားမှုစွပ်စွဲချက်များနှင့်ပတ်သက်၍ ပုံရိပ်အနည်းငယ် ကျဆင်းနေသူဖြစ်သည်။
    ဂျော်ဒန်အိမ်ရှေ့မင်းသားတစ်ဦးဖြစ်သော အလီ ဘင် အလ် ဟူစိန်က မိမိမှာ ဖီဖာ၏ လက်ရှိစနစ်များကို ပြုပြင်ပြောင်းလဲချင်ပြီး ပိုမိုပွင့်လင်းမြင်သာအောင် ပြုလုပ်ချင်သည်ဟု စောစာပိုင်းက ပြောကြားထားသည်။ ဖီဂိုကမူ ဘောလုံးမှာ မိမိဘ၀အား မြှင့်တင်ပေးခဲ့သည့် အရာဖြစ်၍ ဘောလုံးလောက တိုးတက်ရေးအတွက် လုပ်ဆောင်ချင်သည်ဟု ပြောဆိုခဲ့သည်။
    သို့သော်လည်း လာမည့်မေလတွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် လက်ရှိဥက္ကဌ ဘလတ္တာသာ အနိုင်ရရှိရန် ရေပန်းစားနေသည်။
    Ref: goal.com
  • မလေးရှားအတိုက်အခံခေါင်း လိင်မှုကိစ္စဖြင့် ထောင်ဒဏ် ၅ နှစ် ချမှတ်ခြင်းခံရ
    မလေးရှားအတိုက်အခံခေါင်း လိင်မှုကိစ္စဖြင့် ထောင်ဒဏ် ၅ နှစ် ချမှတ်ခြင်းခံရ
    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၅
    M-Media
    awr
    – အမျိုးသားတစ်ဦးနှင့် လိင်ဆက်ဆံခဲ့သည်ဆိုသော စွဲချက်အတွက် မလေးရှားအတိုက်အခံခေါင်းဆောင် အန်ဝါရ် အီဘရာဟင်၏ အယူခံကို တရားရုံးချုပ်မှ ယနေ့တွင် ပယ်ချခဲ့ပြီး ယခင်ချမှတ်ထားသည့် ထောင်ဒဏ် ၅ နှစ်ပြစ်ဒဏ်ကို ကျခံစေရန် အတည်ပြုခဲ့သည်ဟု သိရသည်။
    အသက် ၆၇ နှစ်အရွယ်ရှိ အန်ဝါရ် အီဗရာဟင်မှာ ၂၀၀၈ ခုနှစ်က ၎င်း၏ အမျိုသား အတွင်းရေးမှူးနှင့် လိင်ဆက်ဆံခဲ့သည်ဟူသော စွဲချက်ဖြင့် တရားစွဲဆို ခံခဲ့ရခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ် မတ်လက ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။ သို့သော်လည်း ၎င်းက အယူခံဝင်ပြီး ထိုအယူခံအား တရားရုံးချုပ်က ယနေ့တွင် ပယ်ချခဲ့ခြင်းဖြစ်သည်။
    ၎င်းအား ထောက်ခံသူများကမူ ထိုစွဲချက်မှာ လက်ရှိအာဏာရပါတီက ၎င်းတို့၏ ပြည်သူ့တရားမျှတရေးပါတီကို နိုင်ငံရေးအရ
    လုပ်ကြံခြင်းဖြစ်သည် ဟုပြောကြားခဲ့သည်။ အန်ဝါရ်ကိုတိုင်ကလည်း တရားရေးဌာနမှာ အာဏာရပါတီ၏ နိုင်ငံရေး
    ပူးပေါင်းကြံစည်မှုတွင် ပါဝင်ခဲ့သည်ဟု တရားခွင်တွင် ပြောကြားခဲ့သည်။
    “ခင်ဗျားတို့ရဲ့ နိုင်ငံရေးအရှင်သခင်တွေ သတ်မှတ်ချက်အတိုင်း ဦးညွှတ်ခဲ့တဲ့ ခင်ဗျားတို့ဟာလည်း ရဇ၀တ်မှုရဲ့ ကြံရာပါတွေပါပဲ။ ခင်ဗျားတို့ဟာ အမှောင်ဘက်ခြင်းကိုရွေးခဲ့တာပါ” ဟု တရားသူကြီးများအား အန်ဝါရ်က ပြောကြားခဲ့ပြီး တရားသူကြီးများ ထွက်ခွာသွားသည့်အချိန်တွင် “ကျုပ် ဘယ်တော့မှ နှုတ်ဆိတ်နေမှာမဟုတ်ဘူး။ ဘယ်တော့မှ အရှုံးပေးသွားမှာလည်း မဟုတ်ဘူး” ဟု အော်ဟစ် ပြောဆိုခဲ့သည်။
    မလေးရှားအစိုးရကလည်း ယနေ့တွင် ကြေညာချက်တစ်စောင်ထုတ်ခဲ့ပြီး ထိုကြေညာချက်တွင် တရားသူကြီးများမှာ မျှတပြီး ဓမ္မဓိဌာန်ကျကျဖြင့် အထောက်အထားအားလုံးကို လေ့လာသုံးသပ်ပြီးနောက်မှသာ အမိန့်ချမှတ်ရမည်ဖြစ်ကြောင်း၊
    မလေးရှားတွင် လွတ်လပ်သော တရာရေးစနစ်ရှိပြီး မလေးရှားအစိုးရ၏ အကြီးတန်းအရာရှိများကို တရားစွဲဆိုမှုများမှာလည်း
    အများအပြားရှိခဲ့ကြောင်း၊ အန်ဝါရ်၏အမှုမှာ ၎င်း၏အတွင်းရေးမှူးက ရဲတပ်ဖွဲ့သို့ လာရောက်တိုင်းကြားခဲ့ခြင်းဖြစ်ပြီး မိမိတို့အစိုးရမှ တရားစွဲဆိုခဲ့ခြင်းမဟုတ်ကြောင်း ဖော်ပြထားသည်။
    အန်ဝါရ်၏ ပါတီမှ ပါလီမန်အမတ်ဖြစ်သူ ဟီလွိုင်စီယန်းက မိမိတို့ ပြည်သူတရားမျှတရေးပါတီမှာ မကြာမီနာရီအနည်းငယ် အတွင်း တွေ့ဆုံ သွားမည်ဖြစ်ပြီး နောက်ထပ်ခြေလှမ်းများ အတွက် ဆွေးနွေးဆုံးဖြတ်သွားမည်ဟု ပြောကြားခဲ့သည်။
    အန်ဝါရ်မှာ ၁၉၉၀ ပြည့်နှစ်များအတွင်း လက်ရှိ အာဏာရပါတီ Barisan Nasional ၏ ထင်ရှားသည့် ခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်ခဲ့ပြီး ၀န်ကြီးချုပ် မဟာသီယာ မိုဟာမက် လက်အောက်တွင် ဒုတိယ ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ၁၉၉၈ ခုနှစ်တွင် ရာထူးမှ အနားပေးခြင်း ခံခဲ့ရသည်။ ထို့နောက် ချစားမှု၊ အာဏာအလွဲသုံးစားလုပ်မှု စသည့် စွဲချက်များဖြင့် တရားစွဲဆိုခြင်းခံခဲ့ရပြီး ထောင်ဒဏ်လည်း ကျခံခဲ့ရဖူးသည်။
    Ref: aljazeera
  • လွန်ခဲ့သည့် နှစ် ၅၀ ကျော်က ပျောက်သွားသည့် ချီလီလေယာဉ် ပြန်တွေ့
    လွန်ခဲ့သည့် နှစ် ၅၀ ကျော်က ပျောက်သွားသည့် ချီလီလေယာဉ် ပြန်တွေ့
    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၅
    M-Media
    chil 2
    – လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ကျော်က ဘောလုံးအသင်းတစ်ခုလုံး တင်ဆောင်ကာ ပျောက်ဆုံးသွားခဲ့သည့် ချီလီခရီးသည်တင် လေယာဉ်တစ်စင်းကို အန်ဒီးစ်တောင်တန်းပေါ်တွင် တောက်တက်သမားများက ပြီးခဲ့သည့်သီတင်းပတ်အတွင်း တွေ့ရှိခဲ့ကြသည်ဟု သိရသည်။
    မြို့တော် ဆန်တီယာဂိုတောင်ဘက် မိုက် ၁၉၀ ဝေးသည့် အန်ဒီးစ်တောင်တန်း မီတာ ၃၂၀၀ အမြင့်ပေါ်တွင် တောင်တက်သမားများက LAN Chile Douglas DC3 လေယာဉ်၏ ကိုယ်ထည်နှင့် ပြန့်ကျဲနေသော အပိုင်းအစများ လူအရိုးများကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ လေယာဉ်၏ အချို့အစိတ်အပိုင်းများမှာ ကျောက်တုံးများဖြင့် ဖုံးလွှမ်းနေပြီး နှစ်ပေါင်း ၅၀ ကျော်ကြာ မပျောက်မပျက် တည်ရှိနေခြင်းအတွက်လည်း အံ့အားသင့်ခဲ့ရသည်။
    အဆိုပါလေယာဉ်မှာ ချီလီရှုံးထွက်ဖလားပြိုင်ပွဲကို အဝေးကွင်း အိုဆောရ်နိုမြို့တွင် သွားရောက်ကစားပြီးနောက် ဆန်တီယာဂိုသို့ ပြန်လာသည့် ချီလီအဆင့်မြင့်တန်းကလပ် Green Cross အသင်း၏ ပထမကစားသမားများအပါဝင် ဘောလုံးသမား ၂၄ ဦးကို တင်ဆောင်လာခဲ့ပြီးနောက် ၁၉၆၁ ခုနှစ် ဧပြီ ၃ ရက်နေ့က ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။
    ထိုလေယာဉ်အား သီတင်းပတ်ပေါင်းများစွာ ရှာဖွေခဲ့သော်လည်း အစအနပင် တွေ့ရှိခဲ့ခြင်းမရှိဘဲ ထိုလေယာဉ်ပျောက်ဆုံးမှုမှာ လေကြောင်းသမိုင်းတွင် ပဟေဠိအဖြစ်ဆုံး အဖြစ်အပျက်ထဲမှ တစ်ခုဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် လေယာဉ်ပေါ် လိုက်ပါသွားကြသူများအတွက် ဈာပနအခမ်းအနားကို ကျင်းပခဲ့ကြပြီး ပြည်သူအများအပြား တက်ရောက်ခဲ့ကြသည်။
    Ref: dailymail
  • ရော်နယ်ဒို၏ မွေးနေ့ပါတီပွဲကျင်းပမှု ပရိတ်သတ်များ မကျေနပ်
    ရော်နယ်ဒို၏ မွေးနေ့ပါတီပွဲကျင်းပမှု ပရိတ်သတ်များ မကျေနပ်
    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၅
    M-Media
    rnd
    – အက်သလက်တီကိုအား အရှက်တကွဲရှုံးနိမ့်ခဲ့ရပြီးနောက် မွေးနေ့ပွဲကျင်းပကာ ပျော်ရွင်ခဲ့သည့် ရော်နယ်ဒိုနှင့် ရီးယဲလ်အသင်းသားများ၏ လုပ်ရပ်အတွက် ပရိတ်သတ်များက မကျေမနပ် ဖြစ်နေကြသည်ဟု သိရသည်။
    လာလီဂါအား ဦးဆောင်နေသည့် ရီးယဲလ်မှာ စနေနေ့က ကစားခဲ့သည့် ဒါဘီပွဲစဉ်တွင် အက်သလက်တီကိုအား ဂိုးပြတ်ခြေပြတ်ဖြင့် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ ပြီးခဲ့သည့် တစ်ပတ်က အသက် ၃၀ ပြည့်သည့် ရော်နယ်ဒိုမှာ အဆိုပါ ပွဲအပြီးတွင် ကြိုတင်စီစဉ်ထားသည့် မွေးနေ့ပွဲကို အသင်းသားအချို့နှင့် ကျင်းပပြုလုပ်ခဲ့ပြီး ၎င်းတို့ ပျော်ရွှင်စွာ သီချင်းဆိုနေကြသည့် ဓာတ်ပုံမှာလည်း အင်တာနက်စာမျက်နှာပေါ်တွင် ပြန့်နှံ့ခဲ့သည်။
    ထို့ကြောင့် ပရိတ်သတ်များက မကျေနပ်ဖြစ်ခဲ့ကြပြီး ယမန်နေ့က ရီးယဲလ်မက်ဒရစ်၏ လေ့ကျင့်ကွင်းသို့ရီးယဲလ်ပရိသတ် ၂ ဦး လာရောက်ခဲ့ကာ “သင်တို့က ရယ်မော၊ ငါတို့က ရှက်ရွံ့” ဟု အဓိပ္ပါယ်ရသည့် စာတမ်းကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။
    ရော်နယ်ဒို၏ ပြောရေးဆိုခွင့်ရှိသူ ဂျော့ဂ်ျ မန်ဒက်ဇ်က ရော်နယ်ဒိုပါတီပွဲကျင်းပခဲ့သည့်မှာ မှန်ကန်သည်ဟု အတည်ပြုခဲ့သော်လည်း လျှို့ဝှက်ပြုလုပ်ခဲ့သည့် အဆိုပါပါတီမှ ဓာတ်ပုံများ ပေါက်ကြားသွားသည်ကို ရော်နယ်ဒိုက စိတ်ပျက်နေကြောင်း၊ ၎င်း၏ မိသားစုများ အပေါင်းအသင်းမိတ်ဆွေများမှာ မွေးနေ့ပွဲကျင်းပရန် မက်ဒရစ်မြို့သို့ ရောက်နေသည့်အတွက်ကြောင့် ၎င်းအနေဖြင့် ထိုပါတီပွဲကို ရွှေ့ဆိုင်း၍ မရခဲ့ကြောင်း ပြောကြားခဲ့သည်။
    “လူတွေက သူ့(ရော်နယ်ဒို)ကို အားပေးကူညီသင့်ပါတယ်။ သူဟာ ကမ္ဘာ့အကောင်းဆုံး ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက်ပါ။ ပြီးတော့ အားကျစရောကောင်းတဲ့ကစားသမားဖြစ်ပြီး ဒီကိစ္စနဲ့ပက်သတ်လို့ ပြန်လည်ကုစားပါလိမ့်မယ်” ဟု မန်ဒက်ဇ်က ပြောကြားခဲ့သည်။
    Ref: goal.com