News @ M-Media

Author: Ko Lay

  • ယခုနှစ်တွင် မိမိတို့မှာ ချယ်ဆီးကို ကျော်တက်ကာ ဗိုလ်စွဲနိုင်မည်ဟု မန်စီးတီးဂိုးသမားဆို

    ယခုနှစ်တွင် မိမိတို့မှာ ချယ်ဆီးကို ကျော်တက်ကာ ဗိုလ်စွဲနိုင်မည်ဟု မန်စီးတီးဂိုးသမားဆို

    ဇန်န၀ါရီ ၂၂၊ ၂၀၁၅
    M-Media

    jhar

    – ထိပ်ဆုံးမှ ချယ်ဆီးအသင်းနှင့် ၅ မှတ် ကွာဟနေသော်လည်း မိမိတို့အသင်းမှာ ချယ်ဆီးအား ကျော်တက်ကာ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်မည်ဟု ယုံကြည်ကြောင်း မန်စီးတီးအသင်း၏ ဂိုးသမား ဂျိုးဟတ်က ပြောကြားလိုက်သည်။

    ချယ်ဆီးနောက် တောက်လျှောက်လိုက်လာခဲ့သော်လည်း ပြီးခဲ့သည့်တစ်ပတ် အာဆင်နယ်အသင်းကို အိမ်ကွင်း၌ ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့မှုက မန်စီးတီးအသင်းအား ၅ မှတ် ကွာဟသွားစေခဲ့ပြီး ယခုနှစ်ရာသီ အိမ်ကွင်း ပထမမြောက် ရှုံးပွဲလည်းဖြစ်ခဲ့သည်။

    သို့သော်လည်း ဂျိုးဟတ်ကမူ အမှတ်ကွာဟမှုကို လျှော့ချရန်အတွက် မိမိတို့အသင်းတွင် စွမ်းအားအပြည့် ရှိနေသည်ဟု ပြောကြားခဲ့သည်။

    `ဒါဟာ ပရီးမီးယားလိဂ်ပါ။ ကျွန်တော်တို့ ဗိုလ်စွဲတဲ့ ရာသီတွေတုန်းကလည်း ဒီလိုမျိုး (နောက်ကလိုက်ရတာ) ဖြစ်ပါတယ်။ ဒီနှစ်မှာလည်း အကြိမ်တော်တော်များများ ဖြစ်ခဲ့ပြီးပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ လမ်းမပျောက်သေးပါဘူး။ ကျွန်တော်တို့မှာ ယုံကြည်မှုရှိပါတယ်´ ဟု ဂျိုးဟတ်က Manchester Evening News သတင်းစာသို့ ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အသင်းမှာ ယခုနှစ် ပွဲအများစုတွင် စွမ်းဆောင်ရည်ကောင်းမွန်ခဲ့ကြောင်း၊ အမှတ်ကွာဟမှုမှာ တစ်ခါတစ်ရံတွင် ဖြစ်တတ်သော်လည်း မိမိတို့အနေဖြင့် လျှော့ချသွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    ချယ်ဆီးမှာ FA ဖလားအဖြစ် မစ်ဒဘရော့နှင့် ကစားရန်ရှိနေပြီး ထို့နောက် တနင်္ဂနွေနေ့တွင် ချယ်ဆီးအသင်းနှင့် ကစားရမည်ဖြစ်သည်။

    Ref: goal.com

  • အစိုးရနှင့် ခွဲထွက်ရေးတပ်များမှ လက်နက်ကြီးများ ဆုတ်ခွာရန် နယ်နမိတ်လိုင်းတစ်ခုကို  ယူကရိန်း၌ သတ်မှတ်

    အစိုးရနှင့် ခွဲထွက်ရေးတပ်များမှ လက်နက်ကြီးများ ဆုတ်ခွာရန် နယ်နမိတ်လိုင်းတစ်ခုကို ယူကရိန်း၌ သတ်မှတ်

    ဇန်န၀ါရီ ၂၂၊ ၂၀၁၅
    M-Media

    rus

    – မတည်မငြိမ်ဖြစ်ပွားနေသည့် ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင် ခွဲထွက်ရေးသမားများနှင့် ယူကရိန်အစိုးရဘက်မှ လက်နက်ကြီးများ ဆုတ်ခွာရန် နယ်နမိတ်လိုင်းတစ်ခုသတ်မှတ်ရန်အတွက် ရုရှားနှင့် ယူကရိန်းတို့က သဘောတူညီခဲ့ကြသည်ဟု သိရသည်။

    ယူကရိန်း၊ ရုရှား ဂျာမနီနှင့် ပြင်သစ်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများပါဝင်ပြီး ဘာလင်တွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ၌ ထိုသို့ သဘောတူခဲ့ခြင်းဖြစ်ပြီး ယူကရိန်းအရှေ့ပိုင်း ငြိမ်းချမ်းရေးအတွက် ပြီးခဲ့သည့်နှစ်က ချုပ်ဆိုခဲ့သည့် Minsk သဘောတူညီချက်မှ အချက်တစ်ချက်ကို အကောင်အထည်ဖော်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ သို့သော်လည်း နှစ်ဖက်စစ်တပ်များ ရုပ်သိမ်းရေးနှင့် ပတ်သက်၍မူ သဘောတူညီချက် မရသေးပေ။

    `Minsk သဘောတူညီချက်မှာ ဖော်ပြထားတဲ့ နယ်နမိတ်လိုင်းတစ်ခု သတ်မှတ်ဖို့ဆိုတာကို နောက်ဆုံး ကျွန်တော်တို့ သဘောတူညီ ခဲ့ကြပါပြီ။ အဲဒီလိုင်းကနေ လက်နက်ကြီးတွေ အားလုံး ဆုတ်ခွာဖို့ဆိုတာ အခုချက်ခြင်း ဆောက်ရွက်ဖို့လိုတဲ့ ကိစ္စပါပဲ´ ဟု ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး ဖရန့်ဝေါလ်တာက အစည်းအဝေးပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    ယူကရိန်းနှင့် ခွဲထွက်ရေးသမားများ၏ တပ်များမှ လက်နက်ကြီးများမှာ ယခုသတ်မှတ်လိုက်သည့် နယ်နမိတ်လိုင်း၏ ၁၅ ကီလိုမီတာ အကွာသို့ ရွှေ့ပေးရမည်ဖြစ်သည်။ ထို့ပြင်ကြာရှည်ခံမည့် နေရာချထားမှုများ ပြုလုပ်ရေးအတွက် ထိပ်သီးဆွေးနွေးပွဲ ကျင်းပရေး ယူကရိန်း၊ ရုရှားနှင့် OSCE မှ တာဝန်ရှိသူများ အမြန်ဆုံး တွေ့ဆုံကြရန် ဆိုပါအစည်းအဝေးတွင် သဘောတူခဲ့သည်။

    ယူကရိန်းအရှေ့ပိုင်းတွင် ဖြစ်ပွားနေသော မငြိမ်သက်မှုများတွင် ရုရှားမှ ပါဝင်ပတ်သက်နေသည်ဟု ယူကရိန်းနှင့် အနောက်နိုင်ငံများက စွပ်စွဲထားပြီး ရုရှားကမူ ငြင်းဆိုထားသည်။

    အမေရိကန်တပ်မှူးတစ်ဦးဖြစ်သူ ဘန်ဟုဒ်ဂ်ျ မကြာသေးမီက ကိဗ်သို့ လာရောက်လည်ပတ်သည့် အချိန်တွင် စက်တင်ဘာနှင့် ဒီဇင်ဘာ အပစ်ရပ်ရေး ကာလများ၌ ခွဲထွက်ရေးသမားများအား ရုရှားမှ လက်နက်ထောက်ပံ့မှုမှာ ၂ ဆဖြစ်လာသည်ဟု ပြောကြားခဲ့သည်။

    ယူကရိန်းနိုင်ငံအရှေ့ပိုင်း Donetsk မြို့တွင် ပြီးခဲ့သည့် ရက်များအတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုများလည်း ရှိခဲ့သည်။

    Ref : aljazeera

  • အီဗရာဟီမိုဗစ်သာ ပြိုင်စံရှား တိုက်စစ်မှူးဟု ဒိုကြီးပြော

    အီဗရာဟီမိုဗစ်သာ ပြိုင်စံရှား တိုက်စစ်မှူးဟု ဒိုကြီးပြော

    ဇန်န၀ါရီ ၂၂၊ ၂၀၁၅
    M-Media

    ibm

    – ပီအက်စ်ဂျီအသင်း၏ ဆွီဒင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်သည်သာလျှင် ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးဖြစ်ပြီး ၎င်းအား မည်သည့် ကစားသမားကမှ မယှဉ်နိုင်ဟု တစ်ချိန်က ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ဖူးသူ ဘရာဇီးဂန္တ၀င်ဘောလုံးသမား ရော်နယ်ဒိုက ပြောကြားလိုက်သည်။

    အသက် ၃၃ နှစ်အရွယ် ရှိပြီဖြစ်သော်လည်း ပီအက်စ်ဂျီအသင်းတွင် အကောင်းဆုံး တိုက်စစ်စွမ်းရည် ပြသနေသည့် အီဗရာဟီမိုဗစ်မှာ ဂျူဗင်တပ်စ်၊ ဘာစီလိုနာ၊ အင်တာ၊ အေဂျက်၊ အေစီမီလန် စသည့် ကမ္ဘာ့ အကျော်ကြားဆုံး ကလပ်အသင်းများတွင် ကစားခဲ့ဖူးသူ ဖြစ်သည်။

    မိုဗစ်မှာ ယမန်နှစ်ကလည်း ပြင်သစ်လီဂူးတွင် ဂိုးအများဆုံးသွင်းသူအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ဘရာဇီးလ် တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုကမူ မိုဗစ်မှာ ယခုအချိန်အထိ ပြိုင်စံရှား တိုက်စစ်မှူးကောင်းတစ်ယောက် ဖြစ်သည်ဟု မှတ်ချက်ပေးခဲ့သည်။

    `အကောင်းဆုံး တိုက်စစ်မှူးက အီဗရာဟီမိုဗစ်လို့ ကျွန်တော်ထင်ပါတယ်။ သူဟာ နံပါတ် ၁၀ ၀တ်ထားပေမယ့် နံပါတ် ၉ ကစားသမားလို ကစားပါတယ်။ ပြီးခဲ့တဲ့နှစ်က ကျွန်တော် ပဲရစ်ကို နှစ်ခေါက်လောက်ရောက်ခဲ့ပြီး သူကစားတဲ့ ပွဲတွေကိုလည်း ကြည့်ခဲ့ပါတယ်။ သူ့ရဲ့ လှုပ်ရှားမှုက အံ့သြလောက်စရာပါပဲ။ သူဟာ အရမ်းအရမ်းကိုကောင်းပြီး အခုချိန်အထိ အကောင်းဆုံးမှာ ရှိနေပါတယ်´ ဟု ရော်နယ်ဒိုက Sports Illustrated သတင်းစာသို့ ပြောကြားခဲ့သည်။

    ရော်နယ်ဒိုမှာ ၁၉၉၈ ခုနှစ် ကမ္ဘာ့ဖလားဖိုင်နယ်တွင် ဘရာဇီးသားများ၏ အသည်းကို ခွဲသွားသည့် ပြင်သစ်ကွင်းလယ်ဖန်တီးရှင်ဟောင်း ဇီနဒင်း ဇီဒိန်းကိုလည်း ၎င်း၏ ဘောလုံးကစားသည့်ကာလ တွေ့ဖူးသမျှ ကစားသမားများထဲတွင် အကြီးကျယ်ဆုံး ကစားသမားဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: goal.com

  • ပဲရစ်ရှိ စူပါမားကတ် တိုက်ခိုက်မှု အတွင်း ဈေးဝယ်သူများအား ကယ်တင်ခဲ့သူ  မာလီ မွတ်စလင် တစ်ဦးကို အထူးအခမ်းအနားဖြင့် ပြင်သစ် နိုင်ငံသားပေး

    ပဲရစ်ရှိ စူပါမားကတ် တိုက်ခိုက်မှု အတွင်း ဈေးဝယ်သူများအား ကယ်တင်ခဲ့သူ မာလီ မွတ်စလင် တစ်ဦးကို အထူးအခမ်းအနားဖြင့် ပြင်သစ် နိုင်ငံသားပေး

    ဇန်န၀ါရီ ၂၂၊ ၂၀၁၅
    M-Media

    fra

    – ပဲရစ်မြို့ ဆင်ခြေဖုံး ဂျူးရပ်ကွက်ရှိ စူပါမားကတ်အား သေနတ်သမားက ၀င်ရောက် စီးနင်းသည့် အချိန်တွင် ဈေးဝယ်သူများအား ဘေးလွတ်ရာတွင် ၀ှက်ထားပေးခဲ့ကာ ရဲတပ်ဖွဲ့အား သတင်းသွားပေးခဲ့သော မာလီနွယ်ဖွား မွတ်စလင်တစ်ဦးကို ပြင်သစ်နိုင်ငံသား အဖြစ် အစိုးရက တရားဝင်အသိအမှတ်ပြုပေးလိုက်သည်ဟု သိရသည်။

    `လူတွေက ကျွန်တော့်ကို သူရဲကောင်းလို့ ပြောကြတယ်။ ဒါပေမယ့် ကျွန်တော်ဟာ သူရဲကောင်းမဟုတ်ပါဘူး။ သာမန် လူတစ်ယောက် ပါပဲ။ ကျွန်တော်ဒီပုံစံအတိုင်းနေပြီး၊ နောက်တစ်ခါကြုံရင်လည်း ဒီအတိုင်းပဲ ဆောင်ရွက်သွားမှာပါ။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော့်နှလုံးသားရဲ့ စေခိုင်းမှုကို လိုက်တာကြောင့်ပါပဲ ´ ဟု လက်ဆာနာ ဘက်သီလီက ဇန်န၀ါရီ ၂၁ ရက်နေ့ တွင် ပြုလုပ်သော နိုင်ငံသား အဖြစ် အသိအမှတ်ပြုခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။

    သေနတ်သမားက ၀င်ရောက်စီးနင်းကာ ဓားစာခံများကို ဖမ်းဆီးခဲ့သည် Kosher စူပါမားကတ်တွင် အလုပ်လုပ်နေသော ဘက်သီလီမှာ ထိုအချိန်တွင် ဓားစားခံအဖြစ် အဖမ်းမခံရစေရန် ဈေးဝယ်သူများကို အအေးခန်းအတွင်း ၀ှက်ထားပေးခဲ့သည်။ ၎င်းကိုယ်တိုင်က ကုန်များတင်သည့် ဓာတ်လှေကားမှ အပြင်သို့ ထွက်ကာ သေနတ်သမား၏ အခြေအနေနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့အား သတင်းပေးပို့ခဲ့ သည်။ နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က အဆိုပါ သေနတ်သမားအား အသေ ဖမ်းဆီးနိုင်ခဲ့သည်။

    ဘက်သီလီ၏ ထိုကဲ့သို့ ရဲရင့်မှုကို ပြင်သစ်ပြည်သူများက တခုတ်တရ ဖော်ပြကျေးဇူး တင်ခဲ့ကြပြီး နိုင်ငံသား အဖြစ်ပေးအပ်ရန် တောင်းဆိုလွှာ တွင်လည်း ပြင်သစ်နိုင်ငံသား ၂ သိန်းကျော်က လက်မှတ်ရေုးထိုးခဲ့ကြကာ ပြင်သစ်အစိုးရထံ ပို့ဆောင်ခဲ့ကြသည်။

    ပြင်သစ် အစိုးရမှကြီးမှူးကာ ယမန်နေ့က ပြုလုပ်သော နိုင်ငံသား အဖြစ် ချီးမြှင့်ခြင်း အထူးအခမ်းအနားတွင် ပြင်သစ် ၀န်ကြီးချုပ် မန်နျူယဲလ် ဗားလက်စ်နှင့် ပြည်ထဲရေး ၀န်ကြီး ဘားနဒ် ကာဇီနျူဗွေတို့ တက်ရောက်ခဲ့ကြကာ ဂုဏ်ပြုစကားများ ပြောကြားခဲ့သည်။

    အသက် ၂၄ နှစ်အရွယ်ရှိ ဘက်သီလီမှာ ပြင်သစ်နိုင်ငံသို့ လွန်ခဲ့သည့် ၉ နှစ်ခန့်က ရောက်ရှိလာကာ အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ပြီးခဲ့သည့်နှစ်က နိုင်ငံသားလျှောက်ထားခဲ့သည်။

    ဘက်သီလီကမူ ပြင်သစ်နိုင်ငံသားဖြစ်ရသည်ကို ဂုဏ်ယူမိကြောင်း အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့သည်။

    Ref: onislam

  • တမန်တော်မိုဟာမက်၏ ကာတွန်းအတွက် Charlie Hebdo ကို OIC တရားစွဲမည်

    တမန်တော်မိုဟာမက်၏ ကာတွန်းအတွက် Charlie Hebdo ကို OIC တရားစွဲမည်

    ဇန်န၀ါရီ ၂၁၊ ၂၀၁၅
    M-Media

    oic

    – ပြင်သစ်မဂ္ဂဇင်း Charlie Hebdo မှ တမန်တော်မိုဟာမက်၏ ရုပ်ပြောင်ကာတွန်း ထပ်မံ ရေးဆွဲဖော်ပြမှုနှင့် ပတ်သက်၍ တရားစွဲဆိုသွားမည်ဟု ကမ္ဘာ့အကြီးဆုံး မွတ်စလင်နိုင်ငံများ အဖွဲ့ဖြစ်သည့် OIC က ပြောကြားလိုက်သည်။

    `Charlie Hebdo မဂ္ဂဇင်းကို ဥပဒေကြောင်းအရ တရားစွဲဆိုနိုင်ဖို့အတွက် ဥရောပနဲ့ ပြင်သစ်က ဥပဒေတွေ၊ အခြားသော ရနိုင်တဲ့ နည်းလမ်းတွေကို OIC က လေ့လာနေပါတယ်။ ပြင်သစ်ဥပဒေက Charled Hebdo မဂ္ဂဇင်းကို ဥပဒေကြောင်းအရ ရင်ဆိုင်ခွင့် ပေးမယ်ဆိုရင် ဒီမဂ္ဂဇင်းကိုတရားစွဲဖို့ OIC က တွန့်ဆုတ်နေမှာမဟုတ်ပါဘူး´ ဟု OIC ၏ အထွေထွေအတွင်းရေးမှူး အီယဒ် မဒနီက ဆော်ဒီသတင်းစာတစ်စောင်သို့ ပြောကြားခဲ့သည်။

    သေနတ်သမားများ၏ တိုက်ခိုက်မှုအပြီး ပထမဆုံးဖြန့်ချီခဲ့သည့် အဆိုပါ မဂ္ဂဇင်း၏ အဖုံးတွင် တမန်တော်မိုဟာမက်၏ ကာတွန်းပုံအား ထပ်မံဖော်ပြခဲ့ပြီး ထိုသို့ဖော်ပြမှုနှင့်ပတ်သက်၍ ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်အဖွဲ့အစည်းများ၊ မွတ်စလင်ခေါင်းဆောင်များနှင့် ပြည်သူများက ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချမှုများ ပြုလုပ်ခဲ့ပြီး ဆန္ဒပြမှုများလည်း ရှိခဲ့သည်။

    ၎င်း၏ ကိုယ်ပိုင် Twitter စာမျက်နှာတွင်လည်း မဒနီက `ဒီကာတွန်းဟာ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ မွတ်စလင်တွေရဲ့ စိတ်နှလုံးသားကို နာကျင်စေပါတယ်။ လွတ်လပ်စွာပြောဆိုခွင့်ဆိုပေမယ့် အမုန်းတရားဖြန့်ဖြူးတာမျိုးတော့ မဖြစ်ရပါဘူး။ ပြီးတော့ တခြားသူတွေကို စော်ကားလို့ မရပါဘူး။ ဘယ်လိုဘာသာတရား၊ ဘယ်လိုယုံကြည်ချက်မဆို စိတ်ကောင်းစေတနာနဲ့ သက်ဝင်ယုံကြည်ထားကြသူတွေဟာ သူတို့ရဲ့ အယူဝါဒ လှောင်ပြောင်ခံရတာကို လက်ခံမှာ မဟုတ်ပါဘူး´ ရေးသားဖော်ပြခဲ့သည်။

    Charlie Hebdo မဂ္ဂဇင်းမှ ကာတွန်းဆရာများမှာ ယခင်ကလည်း တမန်တော်မိုဟာမက်နှင့် အစ္စလာမ်ဘာသာအပါအ၀င် အခြားသော ဘာသာတရာများကို စော်ကားလှောင်ပြောင်သည့် ရုပ်ပြောင်များကို ရေးဆွဲဖော်ပြလေ့ ရှိခဲ့သည်။

    OIC မှာ ယခင်ကလည်း အစ္စလာမ်ဘာသာအပါအ၀င် ကမ္ဘာ့ဘာသာတရားများအား အသရေဖျက်ခြင်းမှ ကာကွယ်ပေးရန်နှင့် ဘာသာတရားအားလုံးအပေါ် လေးစားမှုများ ရှိလာရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ကုလသမဂ္ဂသို့ ဆုံးဖြတ်ချက်မူကြမ်း တင်သွင်းမှုများလည်း ရှိခဲ့သည်။

    Ref: onislam