News @ M-Media

Author: Ko Lay

  • ပြင်သစ်ချီတက်ပွဲ နေတန်ယာဟုတက်ရောက်မှု တူရကီသမ္မတ ဝေဖန်

    ပြင်သစ်ချီတက်ပွဲ နေတန်ယာဟုတက်ရောက်မှု တူရကီသမ္မတ ဝေဖန်

    ဇန်န၀ါရီ ၁၃၊ ၂၀၁၅
    M-Media

    adg

    – ပါက်လက်စတိုင်းပြည်သူ ၂၀၀၀ ကျော် သေဆုံးခဲ့သည့် ဂါဇာအား ကျူးကျော် စစ်ပွဲကို ပြုလုပ်ခဲ့သော အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ပြင်သစ်ရှိ ချီတက်ပွဲကို တက်ရောက်ခဲ့ခြင်းအတွက် တူရကီသမ္မတ အာဒိုဂန်က ရှုတ်ချလိုက်သည်။

    ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်နှင့် အန်ကာရာတွင် ယမန်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အာဒိုဂန်က ထိုကဲ့သို့ ရှုတ်ချခဲ့ခြင်းဖြစ်ပြီး နေတန်ယာဟုအနေဖြင့် ထိုပွဲသို့ တက်ရောက်ရဲသည်ကို နားမလည်နိုင်ဖြစ်ရကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထို့ပြင် ဂါဇာတွင် သေဆုံးခဲ့ရသည့် ကလေးငယ်များနှင့် အမျိုးသမီးများအတွက် တာဝန်ယူရန်လည်း နေတန်ယာဟုကို တိုက်တွန်းခဲ့သည်။

    တနင်္ဂနွေနေ့က ပဲရစ်၌ ပြုလုပ်ခဲ့သော အကြမ်းဖက်ဆန့်ကျင်ရေး ချီတက်ပွဲသို့ အာဒိုဂန်အပါအ၀င် အဘတ်စ်လည်း တက်ရောက်ခဲ့သည်။ သို့သော်လည်း အာဒိုဂန်ကမူ နေတန်ယာဟုမှာ ထိုချီတက်ပွဲသို့ တက်ရောက်ခွင့်မရှိဟု ဆိုသည်။

    `ဂါဇာမှာ လူ ၂၅၀၀ လောက်ကို အစုလိုက်အပြုံလိုက် သတ်ခဲ့တဲ့ အကြမ်းဖက်တိုင်းပြည်က လူတစ်ယောက် လက်ဝှေ့ယမ်းပြနေတာ ဘယ်လိုကြည့်လို့ရမလဲ´ ဟု အာဒိုဂန်က ဝေဖန်ပြောကြားခဲ့သည်။

    အာဒိုဂန်မှာ အစ္စရေးနှင့်ပတ်သက်၍ မကြာခဏ ဝေဖန်ပြောကြားမှုများရှိခဲ့ပြီး ပြီးခဲ့သည့်နှစ် ဇူလိုင်လကလည်း အစ္စရေး၏ ရက်စက် ကြမ်းကြုတ်မှုများမှာ ဟစ်တလာ၏ ရက်စက်ကြမ်းကြုတ်မှုများထက်ကို သာလွန်နေပြီဟု ပြောကြားခဲ့သည်။

    `အစ္စရေးရဲ့ ဥပဒေပလုပ်ရပ်တွေကို တူရကီနိုင်ငံက ဆက်လက်တွန်းလှန်သွားမှာ ပါ´ ဟု အာဒိုဂန်က အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ဥရောပအတွင်း ပြန့်နှံ့နေသည့် မွတ်စလင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ရှုတ်ချရန် ပျက်ကွက်နေကြသည့် ဥရောပ ခေါင်းဆောင်များမှာ ပဲရစ်တိုက်ခိုက်မှု တွင်မှ သူတော်ကောင်းယောင် ဆောင်ပြနေသည်ဟု အာဒိုဂန်က ထပ်လောင်းပြောကြားခဲ့သည်။

    Ref : alarabiya

  • ၂၀၁၄ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒို ဆွတ်ခူး

    ၂၀၁၄ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒို ဆွတ်ခူး

    ဇန်န၀ါရီ ၁၃၊ ၂၀၁၅
    M-Media

    rnd 2

    – ၂၀၁၄ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ကို ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။

    ဆုကြေညာခြင်း အခမ်းအနားကို ဇူးရစ်ခ်ျမြို့တွင် ယမန်နေ့ ညနေက ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ရော်နယ်ဒိုမှာ စုစုပေါင်း မဲအရေအတွက် ၃၇.၆၆ ရာခိုင်နှုန်းဖြင့် မက်ဆီ၊ နူအာတို့ကိုကျော်ကာ ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။ မက်ဆီကမူ ၁၅.၇၆ ရာခိုင်နှုန်းဖြင့် ဒုတိယရရှိခဲ့ပြီး ဂျာမန်ဂိုးသမား နူအာက ၁၅.၇၂ ရာခိုင်နှုန်းဖြင့် တတိယရရှိခဲ့သည်။

    `ကျွန်တော့်အမေနဲ ကျွန်တော့်ရဲ့မိသားစုကို တွေ့နေရပါတယ်။ ကျွန်တော့်ကို မဲပေးခဲ့ကြတဲ့ သူတွေအားလုံးကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ကျွန်တော့် နည်းပြ၊ အသင်းဖော်တွေနဲ့ အသင်းရဲ့ ဥက္ကဌကိုရောပေါ့ဗျာ။ မမေ့နိုင်စရာ နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။ ဒီလိုဆုကို ရခဲ့တာဟာ ထူးခြားမှုဖြစ်ပြီး ကျွန်တော် ပြောချင်တာကတော့ လက်ရှိအတိုင်း ဆက်လက်ကြိုးစားသွားမှာဖြစ်ပြီး တစ်ဦးချင်း၊ အသင်းလိုက် ဆုတံဆိပ်တွေ ပိုမိုရရှိအောင် ကြိုးစားသွားမှာပါ။ ကျွန်တော့် မိဘတွေ အတွက်ပေါ့ဗျာ´ ဟု ရော်နယ်ဒိုက ဆုလက်ခံရယူပြီးနောက် ပြောကြားခဲ့သည်။

    ယမန်နှစ်ကလည်း အဆိုပါဆုကို ရရှိခဲ့သည့်အတွက် ယခုဆုမှာ ရော်နယ်ဒို၏ သုံးကြိမ်မြောက် Ballon d’Or ဆုဖြစ်ပြီး ၂ ကြိမ်ဆက်ရရှိခဲ့သည့် ပထမဆုံး ရီးယဲလ်ကစားသမား ဖြစ်လာခဲ့သည်။

    ရော်နယ်ဒိုကမူ မိမိအနေဖြင့် ထိုဆုကို သုံးကြိမ်သုံးခါတိုင်တိုင် ရရှိလိ့မ်မည်ဟု မမျှော်လင့်ခဲ့ကြောင်း၊ သမိုင်းတစ်လျှောက် အကောင်းဆုံးဘောလုံးသမားတစ်ဦး ဖြစ်ချင်ကြောင်း၊ အားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

    အဆိုပါ ဆုချီးမြှင့်ပွဲအခမ်းအနားအတွင် အကောင်းဆုံး နည်းပြဆုကိုလည်း ချီးမြှင့်ခဲ့ပြီး ဂျာမနီအသင်း ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲနိုင်အောင် ဦးဆောင်ပေးခဲ့သည့် နည်းပြ ဂျိုအာချင်းလိုက အန်ဆယ်လော့တီ၊ ဆီမြွန်နီတို့ကို ကျော်ဖြတ်၍ အကောင်းဆုံး နည်းပြဆု ရရှိခဲ့သည်။

    Ref : dailymail

  • ဗဟိုအာဖရိကနိုင်ငံ မငြိမ်မသက်မှုအတွင်း မွတ်စလင်များ သတ်ဖြတ်ခံနေရ

    ဗဟိုအာဖရိကနိုင်ငံ မငြိမ်မသက်မှုအတွင်း မွတ်စလင်များ သတ်ဖြတ်ခံနေရ

    ဇန်န၀ါရီ ၁၃၊ ၂၀၁၅
    M-Media

    car

    – မငြိမ်မသက်ဖြစ်နေသော ဗဟိုအာဖရိကနိုင်ငံတွင် ခရစ်ယာန်ပြည်သူစစ်များ၏ တိုက်ခိုက်သတ်ဖြတ်မှုများကို မွတ်စလင်များက ရင်ဆိုင်နေရပြီး ထောင်ပေါင်း များစွာမှာလည်း ပတ်ဝန်းကျင်နိုင်ငံများသို့ လေယာဉ်များ၊ ထရပ်ကားများဖြင့် ထွက်ပြေးနေကြရသည်ဟု သိရသည်။

    မြို့များ၊ ရွာများတွင်သာမက မြို့တော်ဘန်ဂူတွင်ပါ ခရစ်ယာန်ပြည်သူ့စစ်များက တောခုတ်ဓားများ ကိုင်ဆောင်ကာ လူနည်းစု မွတ်စလင်များကို သတ်ဖြတ် နေကြခြင်းဖြစ်ပြီး မကြာသေးမီ ရက်များအတွင်းကပင် မွတ်စလင်များ၏ အိမ်များ၊ ဆိုင်များကို လုယက်ဖျက်ဆီးကာ ဗလီဝတ်ကျောင်းတော်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု မျက်မြင်သက်သေများ၊ အကူအညီပေးရေး အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးတပ်ဖွဲ့များက ပြောကြားခဲ့သည်။ မွတ်စလင် ထောင်ပေါင်းများစွာမှာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

    ထိုကဲ့သို့သော ကြမ်းကြုတ်မှုများမှာ ပြီးခဲ့သည့်လက မွတ်စလင်ခေါင်းဆောင် ဒီဂျိုတိုဒီယာ အာဏာစွန့်လွှတ်၍ တိုင်းပြည်မှ ထွက်သွားခဲ့ပြီးနောက် ပိုမို ဆိုးဝါးလာခဲ့ခြင်းဖြစ်သည်။

    ဒီဂျိုတိုဒီယာမှာ အာဏာသိမ်းမှု တစ်ခုအတွင်း နိုင်ငံ့ခေါင်းဆောင် ဖြစ်လာခြင်း ဖြစ်ပြီး တိုင်းပြည်အား တည်ငြိမ်စေရန် ရည်ရွယ်၍ အာဏာအား စွန့်လွှတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ၀န်ထမ်းများ နှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများကမူ အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားခဲ့သော မတည်ငြိမ်မှုများထက် ယခုအခြေအနေမှာ ပိုမိုဆိုးဝါးနေသည်ဟု ပြောကြားခဲ့ကြသည်။

    ပြီးခဲ့သည့် သီတင်းပတ် သောကြောနေ့ကလည်း မွတ်စလင်များမှာ ၎င်းတို့၏ ပိုင်ဆိုင်မှုများနှင့်အတူ ချဒ်နိုင်ငံမှ စစ်သားများ၏ အစောင့်အရှောက်ဖြင့် ထရပ်ကားနှင့် ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရာ ခရစ်ယာန်ဒေသများအရောက်၌ ခရစ်ယာန်များက ၎င်းတို့၏ ထရပ်ကားအား လုယက်ဖျက်ဆီးရန် ကြိုးစားခဲ့ကြသည်။

    ထိုအအဖြစ်အပျက်အတွင်း မွတ်စလင်တစ်ဦးမှာ ထရပ်ကားပေါ်မှ ပြုတ်ကျခဲ့ပြီး ခရစ်ယာန်လူအုပ်ကြီး၏ သတ်ဖြတ်မှုကို ခံခဲ့ရသည်။ ထို့ပြင် လေဆိပ်တွင်လည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရသည့် မွတ်စလင် ထောင်ပေါင်းများစွာ ရှိနေပြီး ကယ်တင်မှုကို စောင့်ဆိုင်းနေကြသည်။

    ခရစ်ယာန်များမှာလည်း မွတ်စလင်အချို့၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး ကုလသမဂ္ဂနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ တာဝန်ရှိသူများကမူ နိုင်ငံအတွင်း လူမျိုးတုန်း သတ်ဖြတ်မှု ဖြစ်ပွားနိုင်သည်ဟု ထုတ်ဖော်ပြောကြာထားသည်။

    Ref : washingtonpost

  • အာဆင်နယ်နှင့် ထိပ်တိုက်တွေ့ရမည် စိုးသောကြောင့် မန်ယူသို့ မပြောင်းရွှေ့ဖြစ်ခဲ့ဟု နာဆရီ ဖွင့်ဟ

    အာဆင်နယ်နှင့် ထိပ်တိုက်တွေ့ရမည် စိုးသောကြောင့် မန်ယူသို့ မပြောင်းရွှေ့ဖြစ်ခဲ့ဟု နာဆရီ ဖွင့်ဟ

    ဇန်န၀ါရီ ၁၂၊ ၂၀၁၅
    M-Media

    nsr

    – ဖာဂူဆန်နှင့်တွေ့ဆုံခဲ့ပြီး မန်ယူနှင့်သို့ရောက်ရန် နီးစပ်ခဲ့သော်လည်း အာဆင်နယ်အသင်းနှင့် ထိပ်တိုက်ရင်ဆိုင်ရန် အကြောင်း ဖန်လာသောကြောင့် မန်စီးတီးသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်ဟု ကွင်းလယ်လူ နာဆရီက ပြောကြားလိုက်သည်။

    အာဆင်နယ်၌ ကစားနေစဉ် နာဆရီမှာ ဖာဂူဆန်နှင့် ပြင်သစ်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး မန်ယူသို့ပြောင်းရန် ဆွေးနွေးမှုများရှိခဲ့သော်လည်း၊ မန်စီးတီး၏ ကမ်းလှမ်းမှုကို လက်ခံခဲ့ခြင်းဖြစ်သည်။

    `ကျွန်တော်တို့ ဖာဂူဆန်နဲ့ ပဲရစ်မှာတွေ့ဆုံခဲ့ပါတယ်။ ကောလဟာလတွေ ဖြစ်မလာအောင် လျှို့ဝှက်နေရာတစ်ခုမှာ တွေ့တာပါ။ ဒါပေမယ့် ပြဿနာတစ်ခု ရှိခဲ့ပါတယ်။ ဒါကတော့ မန်ယူကိုပြောင်းဖို့ အာဆင်နယ်နဲ့ အကြိတ်အနယ် ဆွေးနွေးခိုင်းတာပါပဲ။ ဒီလိုလုပ်ဖို့ မဖြစ်ဖူးဆတိုတာ ကိုယ့်ကိုယ်ကို သိခဲ့ပါတယ်။ အထူးသဖြင့် အဆင်ဝင်းဂါးနဲ့ပေါ့ဗျာ´ ဟု နာဆရီက Beln Sports သတင်းစာသို့ ၀န်ခံပြောကြားခဲ့သည်။

    ထို့ပြင် မန်စီးတီး၏ စိတ်ဝင်စားမှုကို ခံခဲ့ရပြီး မန်စီနီကလည်း နေ့စဉ်နေ့တိုင်း ဖုန်းခေါ်ခဲ့ကြောင်း၊ ထို့နောက် မိမိအနေဖြင့် မန်စီးတီးသို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    အဆင်ဝင်းဂါးကိုယ်တိုင်က နာဆရီမှာ ငွေကြေးမက်လုံးကြောင့် မန်စီးတီး အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ဖူးသည်။ မန်စီးတီးသို့ ရောက်ရှိခဲ့သည့် နာဆရီမှာ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်နှင့် လိဂ်ဖလား ၁ ကြိမ် ကိုင်မြှောက်နိုင်ခဲ့သည်။

    Ref : goal.com

  • ဒုတိယရာသီဝက်တွင် မိမိတို့အသင်း ပိုကောင်းလာမည်ဟု လီဗာပူးလ်နည်းပြ ရော်ဂျာဆို

    ဒုတိယရာသီဝက်တွင် မိမိတို့အသင်း ပိုကောင်းလာမည်ဟု လီဗာပူးလ်နည်းပြ ရော်ဂျာဆို

    ဇန်န၀ါရီ ၁၂၊ ၂၀၁၅
    M-Media

    rdg

    – မိမိတို့အသင်းအနေဖြင့် ယခုလက်ရှိတွင် အနေအထားကောင်း၌ ရှိနေပြီး ဒုတိယရာသီဝက်အတွင်း အမှတ်ပေးဇယား၌ ပိုမိုကောင်းမွန်သော အဆင့်ကို ပြန်လည် တက်လှမ်းလာနိုင်မည်ဟု ခံစားရကြောင်း လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက
    ပြောကြားလိုက်သည်။

    စနေနေ့က ကစားခဲ့သည့် ဆန်းဒါးလန်းနှင့်ပွဲတွင် လီဗာပူးလ်မှာ ကစားပုံကောင်းခဲ့ပြီး တစ်ယောက်လျော့ ဆန်းဒါးလန်းအား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ထို့ပြင် အသင်းရှိ အားထားရသည့် ကွင်းလယ်ကစားသမား စတာလင်မှာ လာမည့်တစ်ပတ်
    အက်စတွန်ဗီလာနှင့်ပွဲတွင် ပါဝင်နိုင်မည်ဖြစ်ပြီး တိုက်စစ်မှူး စတားရစ်ခ်ျမှာလည်း ယခုလအတွင်း ဒဏ်ရာမှ ပြန်ကစားနိုင်မည်ဖြစ်သည်။

    ဒဏ်ရာရနေသည့် အဒမ်လာလနာကလည်း မကြာမီ ပြန်ကစားနိုင်တော့မည် ဖြစ်သောကြောင့် ရော်ဂျာက အသင်း၏ စွမ်းဆောင်ရည်နှင့်ပတ်သက်၍ ယုံကြည်မှုအပြည့် ရှိနေသည်။

    `စိတ်လှုပ်ရှားစရာကောင်းတဲ့အချက်ကတော့ ကျွန်တော်တို့ဟာ အလုပ်ရဲ့ အဆုံးပိုင်းဖြစ်တဲ့ ဒုတိယရာသီဝက်မှာ အမြဲတမ်း ပိုကောင်းပါတယ်။ စတာလင် လန်းလန်းဆန်းဆန်း ပြန်လာမယ်။ အဒမ် လာလနာကလည်း ပြန်ကစားနိုင်မယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ပိုကောင်းမယ်လို့ မျှော်လင့်ပါတယ်´ ဟု ရော်ဂျာက ပြောကြားခဲ့သည်။

    လီဗာပူးမှာ အလက်ရှိအချိန်တွင် ရမှတ် ၃၂ မှတ်ဖြင့် အဆင့် ၈ နေရာတွင်ရှိနေပြီး အဆင့် ၄ မှ မန်ယူနှင့် ၅ မှတ်ကွာဟနေသည်။

    Ref: goal