News @ M-Media

Author: Ko Lay

  • သဲကန္တာရကအာရပ်တွေ သောက်သုံးရေကို ဘယ်လိုဖန်တီးယူကြသလဲ (မြန်မာစာတမ်းထိုး)

    သဲကန္တာရကအာရပ်တွေ သောက်သုံးရေကို ဘယ်လိုဖန်တီးယူကြသလဲ (မြန်မာစာတမ်းထိုး)

    နိုဝင်ဘာ ၂၃၊​၂၀၂၀

    M-Media

    သဲကန္တာရကအာရပ်တွေ သောက်သုံးရေကို ဘယ်လိုဖန်တီးယူကြသလဲ (မြန်မာစာတမ်းထိုး)

    Video Source – Nas Daily

  • ရင်သပ်ရှုမောစရာ မံမီရုပ်အလောင်းများ အီဂျစ်တွင် ထပ်တွေ့ (မြန်မာစာတမ်းထိုး)

    ရင်သပ်ရှုမောစရာ မံမီရုပ်အလောင်းများ အီဂျစ်တွင် ထပ်တွေ့ (မြန်မာစာတမ်းထိုး)

    နိုဝင်ဘာ ၂၃၊​၂၀၂၀

    M-Media

    ရင်သပ်ရှုမောစရာ မံမီရုပ်အလောင်းများ အီဂျစ်တွင် ထပ်တွေ့ (မြန်မာစာတမ်းထိုး)

    Video Source – Daily Mail

  • မလေးရှား-စင်ကာပူ ရထားလိုင်းသစ်ကို စတင်ဆောက်လုပ်

    မလေးရှား-စင်ကာပူ ရထားလိုင်းသစ်ကို စတင်ဆောက်လုပ်

    နိုဝင်ဘာ ၂၂၊ ၂၀၂၀
    M-Media

    -မလေးရှားနိုင်ငံ ဂျိုဟိုးမြို့ကနေ စင်ကာပူနိုင်ငံကို တိုက်ရိုက်ပြေးဆွဲမယ့် အမြန်ရထားလိုင်းသစ်ကို ဒီကနေ့ မလေးရှားနိုင်ငံမှာ စတင် အုတ်မြစ်ချခဲ့ပါတယ်။

    ‘ဘူကစ်ချာဂါဘူတာ’ လို့ အမည်တွင်လာမယ့် နေရာမှာ ပြုလုပ်တဲ့ အုတ်မြစ်ချပွဲအခမ်းအနားကို ဂျိုဟိုးပြည်နယ်စော်ဘွားနဲ့ အိမ်ရှေ့မင်းသား၊ မလေးရှား ပို့ဆောင်ရေးဝန်ကြီး ဝီကာဆွန်၊ ဂျိုဟိုးပြည်နယ်ဝန်ကြီး ဟက်စနီ မိုဟာမက်နဲ့ မလေးရှားအစိုး တာဝန်ရှိသူတွေ အွန်လိုင်းကနေတစ်ဆင့် တက်ရောက်ခဲ့ကြပါတယ်။

    ရထားလိုင်းအတွက် လိုအပ်တဲ့အဆောက်အဦးတွေ ဆောက်လုပ်မှုဟာ ၄ နှစ်ကြာမြင့်မှာဖြစ်ပြီး၊ ရထားလမ်းနဲ့ ရထားတွဲတွေ တပ်ဆင်မှုကတော့ နောက်ထပ် ၂ နှစ် ကြာမြင့်မှာ ဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းမှာ ရထားလိုင်းကို ပထမဆုံးပြေးဆွဲဖို့ စီစဉ်ထားပြီး တစ်နာရီကို လူတစ်သောင်းလောက်အထိ ပို့ဆောင်နိုင်မှာ ဖြစ်ပါတယ်။

    စင်ကာပူဒေါ်လာ ၃.၂၄ ဘီလီယံ ကုန်ကျမယ့် ဒီရထားလိုင်းကို ၂၀၂၄ ခုနှစ်မှာ ​ပြီးဆုံးဖို့ မူလက လျာထားခဲ့ပေမယ့် မလေးရှားရဲ့ မေတ္တာရပ်ခံမှုကြောင့် ​ခေတ္တရပ်ဆိုင်းထားရကာ အခုမှ ပြန်လည် စတင်နိုင်တာပါ။

    ရထားလိုင်းဟာ ဂျိုးဟိုးမြို့ ဘူကစ်ချာဂါဘူတာကနေ စင်ကာပူက ဝုဒ်လန်းဘူတာကို ဆက်သွယ်မှာဖြစ်ပြီး ခရီးစဉ်အစကနေ အဆုံးအထိ ၅ မိနစ်သာ ကြာမြင့်မှာပါ။ လူများချိန်မှာ ရထားစောင့်ချိန် ၃ မိနစ်ခွဲ၊ လူနည်းချိန်မှာ ရထားစောင့်ချိန် ၆ မိနစ် ရှိမှာဖြစ်ကာ မနက် ၆ နာရီကနေ ည သန်းခေါင်ယံအထိ ပြေးဆွဲမှာ ဖြစ်ပါတယ်။

    လက်မှတ်စျေးနှုန်းကို လက်ရှိမှာ မသတ်မှရသေးဘဲ မလေးရှား-စင်ကာပူ နယ်စပ်ကို လက်ရှိ ကားနဲ့ဖြတ်သန်းရာမှာ ကုန်ကျတဲ့ နှုန်းထားကို စံယူသတ်မှတ်သွားဖို့ရှိတယ်လို့ မလေးရှားအစိုးရ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

    Ref: CNA

  • စပိန်တွင် နှစ်ပေါင်း ၁၂၀၀ သက်တမ်းရှိ မွတ်စလင်သုဿန်တစ်ခု တွေ့ရှိ

    စပိန်တွင် နှစ်ပေါင်း ၁၂၀၀ သက်တမ်းရှိ မွတ်စလင်သုဿန်တစ်ခု တွေ့ရှိ

    နိုဝင်ဘာ ၂၁၊ ၂၀၂၀
    M-Media

    -စပိန်နိုင်ငံ အရှေ့မြောက်ပိုင်း အရာဂွန်ဒေသမှာ နှစ်ပေါင်း ၁၂၀၀ လောက် သက်တမ်းရှိတဲ့ မွတ်စလင်သုဿာန်တစ်ခုကို ရှေးဟောင်းပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပြီး လူသားရုပ်ကြွင်းတွေကို တူးဖော်လေ့လာနေကြပါတယ်။

    ဇာရာဂိုဇာမြို့အနီး တော့စ်တီမြို့က အဲဒီ သုဿာန်ဟာ ၈ ရာစုလောက်က တည်ရှိခဲ့တာပါ။ ရုပ်ကြွင်းပေါင်း ၄၅၀၀ လောက်ရှိပြီး လက်ရှိအချိန်အထိ အုတ်ဂူပေါင်း ၄၀၀ လောက်ကို ပညာရှင်တွေက တူးဖော်ထားပါတယ်။

    သက္ကရာဇ် ၇၁၁ ခုနှစ်မှာ အာရပ်တွေဟာ အိုက်ဘေးရီးယန်းကျွန်းဆွယ်ကို သိမ်းပိုက်နိုင်ခဲ့ပြီး နောက်ထပ် နှစ်ပေါင်း ၇၀၀ လောက် စိုးမိုးအုပ်ချုပ်ခဲ့ပါတယ်။ ၁၄၉၂ ခုနှစ်မှာ ဥရောပဘုရင်တွေကို ရှုံးနိမ့်ပြီး အာရပ်တွေရဲ့ အိုက်ဘေးရီးယားကို စိုးမိုးမှုလည်း အဆုံးသတ်ခဲ့ရပါတယ်။

    Basque Country တက္ကသိုလ်က သုတေသန ပညာရှင်တွေကတော့ တော့စ်တီမြို့အပါအဝင် စပိန်မှာရှိခဲ့တဲ့ အာရပ်မွတ်စလင်တွေရဲ့ အမွေအနှစ်တွေဟာ ဖျောက်ဖျက်ခံထားရတယ်လို့ ပြောကြားခဲ့ပါတယ်။

    တော့စ်တီမြို့က ဒီ မွတ်စလင်သုဿာန်ကို ၂၀၁၀ ခုနှစ်မှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပြီး ကနဦးမှာ ရုပ်ကြွင်း ၄၄ ခု ကို တူးဖော်ခဲ့ပါယ်။ နောက်ပိုင်းမှာတော့ ၅ ဧကအကျယ်ရှိတဲ့ ဒီသုဿာန်ကို အသေးစိတ် တူးဖော်မှုတွေလုပ်ဖို့ အာဏာပိုင်တွေက စီစဉ်ခဲ့ပါတယ်။ အခုအချိန်အထိ ရုပ်အလောင်း ၄၀၀ လောက်ကို တူးဖော်ထားနိုင်ပါတယ်။

    “ဒီလိုတူးဖော်တာမျိုးက ကြုံတောင့်ကြုံခဲ ကိစ္စဖြစ်ပါတယ်။ အံ့ဩစရာပါပဲ” လို့ El Patiaz ယဉ်ကျေးမှုအဖွဲ့အစည်းရဲ့ အစ္စလာမ်သုဿာနများတူဖော်လေ့လာမှုဆိုင်ရာ အကြီးအကဲ မနုဿဗေဒပညာရှင် မီရီယမ် ပီနာ ပါဒို့စ်က ပြောကြားခဲ့ပါတယ်။

    ရုပ်ကြွင်းအားလုံးကို အစ္စလာမ့်ထုံးစံဖြစ်တဲ့ မက္ကာမြို့ဖက်ကို မျက်နှာမူကာ မြှုပ်နှံထားတာလို့လည်း သူမက ပြောပါတယ်။

    ဒီလိုတူးဖော်တွေ့ရှိမှုကြောင့် ဒေသတွင်းမှာ ပျောက်ကွယ်နေတဲ့ အာရပ်မွတ်စလင်တွေရဲ့ အမွေအနှစ်တွေကို ပိုမိုသိရှိဖော်ထုတ်နိုင်လိမ့်မယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။

    “ဒီဒေသအတွင်း အစ္စလာမ်ဘာသာနဲ့ အစ္စလာမ့်ယဉ်ကျေးမှု တည်ရှိခဲ့တာတွေဟာ ကျွန်မတို့ ထင်ထားတာထက် ပိုပြီး နက်နဲတယ်ဆိုတာ တွေ့လာရပါတယ်။ မွတ်စလင်တွေ စပိန်ကို စရောက်လာပြီးနောက်ပိုင်း တော့စ်တီဒေသမှာ ကြီးမားတဲ့ မွတ်စလင်လူ့အဖွဲ့အစည်းတစ်ခု ရှိခဲ့တယ်ဆိုတာ ကျွန်မတို့ မြင်ရတယ်။ ရုပ်ကြွင်း ၄၀၀ လောက် တူးဖော်ရရှိတာကိုကြည့်ရင် မွတ်စလင်တွေဟာ ဒီဒေသမှာ ရာစုနှစ်ချီ နေထိုင်ခဲ့တယ်ဆိုတာ ထင်ရှားပါတယ်”

    အခုတွေ့ရှိတဲ့ သုဿာန်ကနေ တူးဖော်ရရှိတဲ့ ရုပ်ကြွင်းတွေကို စနစ်တကျသိမ်းဆည်းကာ သုတေသန ပြုလုပ်သွားမယ်လို့ ပီနာ ပါဒို့စ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: CNN

  • အစ္စလာမ်ကမ္ဘာက သိပ္ပံရွှေ​ေခေတ်- အပိုင်း (၅) – သင်္ချာ (မြန်မာစာတမ်းထိုး)

    အစ္စလာမ်ကမ္ဘာက သိပ္ပံရွှေ​ေခေတ်- အပိုင်း (၅) – သင်္ချာ (မြန်မာစာတမ်းထိုး)

    နိုဝင်ဘာ ၂၀၊ ၂၀၂၀
    M-Media

    တင်ဆက်ပ​ြီးသောအပိုင်းများကို အောက်ပါလင့်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်

    http://www.m-mediagroup.com/?s=Science+in+golden+age