News @ M-Media

Author: Ko Lay

  • ဂါဇာတွင် အစ္စရေး၏ လူသတ်ပွဲကြောင့် လူ ၁ သန်းခွဲ အိုးမဲ့အိမ်မဲ့ဖြစ်

    ဂါဇာတွင် အစ္စရေး၏ လူသတ်ပွဲကြောင့် လူ ၁ သန်းခွဲ အိုးမဲ့အိမ်မဲ့ဖြစ်

    ဒီဇင်ဘာ ၃၁၊ ၂၀၂၃

    M-Media 

    -အောက်တိုဘာ ၇ ရက်နေ့က စတင်တဲ့ ဂါဇာက အစ္စရေးရဲ့လူသတ်ပွဲမှာ ကမ်းမြှောင်တစ်ခုလုံးက လူနေအိမ်ယာတွေရဲ့ ၇၀ ရာခိုင်နှုန်း ဖျက်ဆီးခံလိုက်ရပါတယ်။

    ဟားမက်စ်ကို လက်တုန့်ပြန်တယ်လို့ အစ္စရေးက ထုတ်ပြန်ထားပေမယ့် ပါလက်စတိုင်းပြည်သူတွေကို အဓိက ပစ်မှတ်ထား သတ်ဖြတ်နေတာပါ။ 

    ဆေးရုံ၊ စာသင်ကျောင်း၊ ဒုက္ခသည်စခန်း၊ ခရစ်ယာန်ဘုရားကျောင်း၊ ဗလီ၊ လူနေအိမ် စသဖြင့် အရပ်ဖက်ပစ်မှတ်တွေကို တိုက်ခိုက်တာကြောင့် ပါလက်စတိုင်းပြည်သူ ၂ သောင်းကျော် သေဆုံးခဲ့ပြီး အများစုက အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ 

    ဂါဇာကမ်းမြှောင်မှာ ပါလက်စတိုင်းပြည်သူ ၂ သန်း နေထိုင်နေပြီး အစ္စရေးလက်ချက်ကြောင့် ၁ ဒဿမ ၅ သန်းလောက်ဟာ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ 

    တိုက်ခိုက်သတ်ဖြတ်မှုတွေကို အစ္စရေးက တိုးမြှင့်ပြုလုပ်နေပါတယ်။ 

    Ref: Aljazeera 

  • နာဇီအစ္စရေးဟု ကင်ပွန်းတပ်လိုက်သည့် တူရကီသမ္မတ

    နာဇီအစ္စရေးဟု ကင်ပွန်းတပ်လိုက်သည့် တူရကီသမ္မတ

    ဒီဇင်ဘာ ၂၈၊ ၂၀၂၃

    M-Media


    -အစ္စရေးက ပါလက်စတိုင်းတွေကို သတ်ဖြတ်နေတာဟာ နာဇီတွေက ဂျူးတွေကို သတ်ဖြတ်ခဲ့တာနဲ့ သွားတူနေတယ်လို့ တူရကီသမ္မတ အာဒိုဂန်က ပြောကြားလိုက်ပါတယ်။ 

    ဗုဒ္ဓဟူးနေ့ အန်ကာရာမြို့က အခမ်းအနားတစ်ခုမှာ ဒီလို မှတ်ချက်ပေးခဲ့တာဖြစ်ပြီး အစ္စရေး၀န်ကြီးချုပ် နေတန်ယာဟုကိုလည်း ဟစ်တလာနဲ့ ခိုင်းနှိုင်းခဲ့ပါတယ်။ 

    “ဟစ်တလာမကောင်းဘူးလို့ သူတို့ ပြောကြတယ်။ သူတို့ရော ဟစ်တလာနဲ့ ဘာကွာလို့လဲ။ ဟစ်တလာကို တောင့်တလာအောင် သူတို့ လုပ်နေကြတာ။ နေတန်ယာဟုရဲ့လုပ်ရပ်ဟာ ဟစ်တလာလုပ်ခဲ့တာထက် မလျော့ဘူး။ ပိုတောင်ပိုနေသေးတယ်။ အနောက်ကမ္ဘာရဲ့ ထောက်ခံမှုလည်း သူက ရထားတယ်။ အမေရိကန်ကလည်း အားလုံးထောက်ပံ့နေတယ်။ အဲဒီအထောက်အပံ့တွေနဲ့ သူတို့ဘာလုပ်သလဲ။ ဂါဇာပြည်သူ ၂ သောင်းကျော်ကို သတ်ပစ်လိုက်တယ်လေ”

    အောက်တိုဘာ ၇ ရက်နေ့ ဂါဇာမှာ အစ္စရေးရဲ့လူသတ်ပွဲ စတင်ကတည်းက တူရကီအစိုးရဟာ ပြင်းပြင်းထန်ထန် ၀ေဖန်ခဲ့တာပါ။ အစ္စရေးဟာ အကြမ်းဖက်တိုင်းပြည်လို့လဲ အာဒိုဂန်က ကင်ပွန်းတပ်ခဲ့ပါတယ်။ 

    ဟားမက်စ်ကို တုန့်ပြန်တယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ အစ္စရေးက ဂါဇာကို ၂ လကျော်ကြာ တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်းပြည်သူ ၂ သောင်း ၁ ထောင်ကျော် အသတ်ခံထားရပါတယ်။ 

    ဒဏ်ရာရသူ ၅၅၀၀ လောက်ရှိပြီး၊ ဂါဇာကမ်းမြှောင်က ပြည်သူ ၂ ဒဿမ ၃ သန်းစလုံး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ 

    Ref : Aljazeera 

  • လူနေအိမ်ကိုဗုံးကြဲ၊ ဆေးရုံကို ၀င်စီးပြီး၊ ဒုက္ခသည်စခန်းမှာ အစုလိုက်သတ်တဲ့ အစ္စရေး

    လူနေအိမ်ကိုဗုံးကြဲ၊ ဆေးရုံကို ၀င်စီးပြီး၊ ဒုက္ခသည်စခန်းမှာ အစုလိုက်သတ်တဲ့ အစ္စရေး

    ဒီဇင်ဘာ ၁၉၊ ၂၀၂၃

    M-Media


    -ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်တောင်ပိုင်း ရာဖာမြို့မှာ ဒီကနေ့ အရပ်ဖက်ပစ်မှတ်တွေကို အစ္စရေးက တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၄၀ လောက် သေဆုံးခဲ့ပါတယ်။ 

    ဂါဇာမြောက်ပိုင်းက အစ္စရေးရဲ့ ဗုံးကြဲလူသတ်ပွဲကြောင့် အီဂျစ်နဲ့ ကပ်နေတဲ့ တောင်ပိုင်းကို ရွှေ့လာတဲ့ ပါလက်စတိုင်းပြည်သူတွေဟာ တောင်ပိုင်းမှာလည်း အသက်ဘေးကနေ မလွတ်ပါဘူး။ 

    အင်္ဂါနေ့မနက်ပိုင်း ရာဖာမှာ လူနေ တိုက်ခန်း ၃ ခုကို အစ္စရေးက ဗုံးကြဲဖျက်ဆီးခဲ့ပြီး အနည်းဆုံး ၂၉ ဦး သေဆုံးကာ၊ အပျက်အဆီးတွေကြားထဲ ပိတ်မိသူတွေ ရှိနေတာကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်တယ်လို့ ဂါဇာ ကျန်းမာရေးတာ၀န်ရှိသူတွေက ပြောပါတယ်။ 

    ဂါဇာမြောက်ပိုင်းက ဂျာဘာလီယာ ဒုက္ခသည်စခန်းကိုလည်း အစ္စရေးက ဗုံးကြဲခဲ့ပြီး အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ပါတယ်။ 

    ဒီကနေ့မနက်ပိုင်းမှာပဲ ဂါဇာမြောက်ပိုင်းက အလ်အောင်ဒါဆေးရုံကို အစ္စရေးတပ်တွေ ၀င်ရောက်စီးနင်းကာ ဆေးရုံက လူ ၂၄၀ ကျော်ကို ဓားစားခံအဖြစ်ဖမ်းဆီးပြီး ဆေးရုံကိုလည်း စစ်စခန်းအဖြစ် ပြုလုပ်ထားပါတယ်။ 

    ဓားစားခံအဖြစ် ဖမ်းဆီးခံထားရသူတွေဟာ ဆေးရုံ၀န်ထမ်း ၈၀၊ လူနာ ၄၀ နဲ့ အိုအိမ်စွန့်ခွာ ထွက်ပြေးလာရသူ ၁၂၀ တို့ ဖြစ်ပါတယ်။ 

    အဟ်လီအာရပ် ဆေးရုံကိုလည်း ဒီကနေ့မှာပဲ အစ္စရေးစစ်တပ်က ၀င်ရောက်စီးနင်းခဲ့တယ်လို့ ဆေးရုံကို စီမံနေတဲ့ ခရစ်ယာန်အသင်းတော်က ပြောပါတယ်။ 

    အစ္စရေးတပ်တွေဟာ ဆေးရုံ၀င်ပေါက်ကို ဖျက်ဆီးခဲ့ပြီး ၀န်ထမ်းအများအပြားကိုလည်း ဓားစားခံအဖြစ် ဖမ်းဆီးခဲ့ပါတယ်။ 

    ဟားမက်စ်ရဲ့တိုက်ခိုက်မှုကို တုန့်ပြန်တယ်ဆိုတဲ့ခေါင်းစဥ်နဲ့ အောက်တိုဘာ ၇ ရက်နေ့ကစတင်တဲ့ အစ္စရေးရဲ့ ဂါဇာလူသတ်ပွဲမှာ အသတ်ခံရသူ ပါလက်စတိုင်းဦးရေဟာ ၁၉၀၀၀ ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • ဂါဇာတွင် သတ်ဖြတ်မှုများ မရပ်မချင်း အစ္စရေးသင်္ဘောများကို တိုက်ခိုက်သွားမည်ဟု ဟူသီအဖွဲ့ ထုတ်ပြန်

    ဂါဇာတွင် သတ်ဖြတ်မှုများ မရပ်မချင်း အစ္စရေးသင်္ဘောများကို တိုက်ခိုက်သွားမည်ဟု ဟူသီအဖွဲ့ ထုတ်ပြန်

    ဒီဇင်ဘာ ၁၉၊ ၂၀၂၃

    M-Media 


    (ဓာတ်ပုံ – အစ္စရေးသင်္ဘောတစ်စီးနောက်သို့ ဟူသီရဟတ်ယာဥ်တစ်စီး လိုက်နေစဥ်)

    -ဂါဇာမှာ အစ္စရေးရဲ့ ရာဇ၀တ်မှုတွေ မရပ်မချင်း ပင်လယ်နီမှာ အစ္စရေးကုန်တင်သင်္ဘောတွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ ယီမင်ရဲ့ ဟူသီလက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ပါတယ်။ 

    ပင်လယ်နီမှာ အစ္စရေးသင်္ဘောတွေ တိုက်ခိုက်ခံရမှုကို တုန့်ပြန်ဖို့ အမေရိကန်ဦးဆောင်ကာ ၁၀ နိုင်ငံအဖွဲ့ ဖွဲ့လိုက်ပြီး ချက်ချင်းဆိုသလိုပဲ ဟူသီအဖွဲ့ အကြီးတန်းတာ၀န်ရှိသူ မိုဟာမက် အလ်-ဘူခိုင်တီရဲ့ ဒီထုတ်ပြန်ချက် ထွက်ပေါ်လာတာပါ။ 

    အောက်တိုဘာ ၇ ရက်နေ့ ဂါဇာမှာ အစ္စရေးရဲ့လူသတ်ပွဲ စတင်ကတည်းက ဟူသီအဖွဲ့ဟာ ကုန်တင်သင်္ဘော တစ်ဒါဇင်ကျော်လောက်ကို ပင်လယ်နက်မှာ တိုက်ခိုက်ခဲ့ပါတယ်။ 

    ဂါဇာမှာ အစ္စရေးရဲ့ ရာဇ၀တ်မှုတွေ ရပ်တန့်ပြီး ပါလက်စတိုင်းပြည်သူတွေအတွက် အစားအစာ၊ ဆေး၀ါးနဲ့ လောင်စာတွေ ပို့ဆောင်ခွင့်ပြုမှ တိုက်ခိုက်မှု ရပ်တန့်သွားမယ်လို့ အလ်-ဘူခိုင်တီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    သူတို့ကို တားဆီးဖို့အတွက် တစ်ကမ္ဘာလုံးကို အမေရိကန်က သိမ်းသွင်းစည်းရုံးနေပေမယ့်လည်း အစ္စရေးသင်္ဘာတွေကို တိုက်ခိုက်မှု ဆက်လုပ်သွားမယ်လို့လည်း သူက ဆိုပါတယ်။

    Ref: Aljazeera 

  • မီးဖွားဆောင်ပါမကျန် အကြမ်းဖက်နေသည့် အစ္စရေး

    မီးဖွားဆောင်ပါမကျန် အကြမ်းဖက်နေသည့် အစ္စရေး

    ဒီဇင်ဘာ ၁၈၊ ၂၀၂၃

    M-Media 


    (ဓာတ်ပုံ- တိုက်ခိုက်ခံခဲ့ရသည့် မီးဖွားဆောင် အခန်းတစ်ခု)

    -အောက်တို ၇ ရက်နေ့ကတည်းက ဂါဇာမှာ အကြမ်းဖက်သတ်ဖြတ်မှုတွေ လုပ်ဆောင်နေတဲ့ အစ္စရေးဟာ မနေ့က ဂါဇာတောင်ပိုင်းမှာရှိတဲ့ ဆေးရုံတစ်ခုက မီးဖွားဆောင်ကို တိုက်ခိုက်ခဲ့ပါတယ်။ 

    ခန်ယူနစ်မြို့က နဆာရ်ဆေးရုံဖြစ်ပြီး တိုက်ခိုက်မှုအတွင်း ဒိုနီယာ အဘူ မိုရှန်ဆိုတဲ့ ကလေးငယ်တစ်ဦး သေဆုံးခဲ့ကာ ကလေးငယ်အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။ 

    “ဒုံးကျည်က ခေါင်မိုးကိုဖောက်ပြီး ဒိုနီယာကို တိုက်ရိုက်ထိသွားတာပါ။ ခင်ဗျားတို့မြင်တဲ့အတိုင်း နံရံမှာ ဦးနှောက်နဲ့ သွေးတွေ ပြန့်ကျဲနေတယ်။ ဒါဟာ ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုပါ”လို့ နဆာရ်ဆေးရုံကဆရာ၀န် ဒေါက်တာ မိုဟာမက် ဇာကွတ်က ပြောပါတယ်။ 

    ဒိုနီယာရဲ့ မိသားစုနေအိမ်ဟာ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ပျက်ဆီးခဲ့ပြီး သူမရဲ့ မိဘနှစ်ပါးနဲ့ အစ်ကိုနှစ်ဦး သေဆုံးကာ သူမက ခြေနှစ်ဖက်လုံးဖြတ်လိုက်ရပါတယ်။ 

    လက်ရှိ နဆာရ်ဆေးရုံမှာ ဆေးကုသမှုခံယူနေစဥ်အတွင်း အစ္စရေးရဲ့ လက်ချက်ကြောင့်ပဲ ဒိုနီယာဟာ သေဆုံးသွားခဲ့ပါတယ်။ 

    “နောက်ဆုံးတော့ သူမပါ အသတ်ခံလိုက်ရတယ်။ ရန်သူတွေဟာ သူမကိုရော၊ သူမရဲ့ မျှော်လင့်ချက်ကိုပါ သင်းသတ်ခဲ့တာပါ။ ရန်သူတွေဟာ ဆေးရုံကို သတိပေးချက် မပို့ခဲ့သလို၊ ရွှေ့ပြောင်းဖို့လည်း မပြောခဲ့ပါဘူး။ တိုက်ခိုက်မှုမလုပ်ခင် ဘယ်လိုအကြောင်းကြားမှုမျိုးမှ မရှိခဲ့ပါဘူး”လို့ ဒေါက်တာဇာကွတ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    အစ္စရေးဟာ ပါလက်စတိုင်းပိုင်နက်တွေမှာ အရင်ကတည်းက ဆေးရုံတွေ၊ ကျောင်းတွေ၊ ဒုက္ခသည်စခန်းတွေနဲ့ လူနေအိမ်တွေကို ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးနေတာ ဖြစ်ပါတယ်။ 

    Ref: Aljazeera