News @ M-Media

Author: KO LAY

  • တရားမ၀င်နေထိုင်သူတွေ တိုက်ခိုက်ခဲ့တဲ့ ခရစ်ယာန်ရွာ

    တရားမ၀င်နေထိုင်သူတွေ တိုက်ခိုက်ခဲ့တဲ့ ခရစ်ယာန်ရွာ

    ဇူလိုင် ၂၈၊ ၂၀၂၅

    M-Media 

    မီးရှို့ခံထားရသည့် ကားတစ်စီး

    ပါလက်စတိုင်းနိုင်ငံ အနောက်ဖက်ကမ်းဒေသက ခရစ်ယာန်ဘာသာ၀င်တွေနေထိုင်တဲ့ တိုင်ဘာမြို့ကို တရားမ၀င် ဂျူးအခြေချသူတွေက ဇူလိုင် ၂၇ ရက်နေ့မှာ ထပ်မံ တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။

    ကားတွေမီးရှို့တာ၊ နေအိမ်တွေကို ဖျက်ဆီးတာ၊ ဘာသာရေးအမုန်းစကားတွေရေးသားတာ စတာတွေကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ တိုင်ဘာမြို့ကို ဂျူးအခြေချသူတွေ တိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်း ပိုမို မြင့်တက်လာခဲ့ပါတယ်။ 

    နာဇီရန်ကြောင့် ဥရောပကနေ ထွက်ပြေးလာတဲ့ ဂျူးတွေ လက်နက်ကိုင်ကာ ပါလက်စတိုင်းပိုင်နက်တွေကို တိုက်ခိုက်သိမ်းပိုက်ပြီး အစ္စရေးနိုင်ငံ ထူထောင်တဲ့ ၁၉၄၈ ခုနှစ်ကစလို့ ပါလက်စတိုင်းက ခရစ်ယာန် မြို့ရွာပေါင်းများစွာ ဖျက်ဆီးခံခဲ့ရပါတယ်။ 

    Video Credit – TRT World

  • ခြွင်းချက်မရှိ အပစ်ရပ်မယ့် ထိုင်းနှင့် ကမ္ဘောဒီးယား

    ခြွင်းချက်မရှိ အပစ်ရပ်မယ့် ထိုင်းနှင့် ကမ္ဘောဒီးယား

    ဇူလိုင် ၂၈၊ ၂၀၂၅
    M-Media

    (ဓာတ်ပုံ – (၀ဲမှယာ) ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်မာနတ်၊ မလေးရှား၀န်ကြီးချုပ် အန်၀ါရ် အီဘရာဟင်နှင့် ထိုင်းယာယီ၀န်ကြီးချုပ် ဖွမ်သမ် ၀ီချာယာချိုင်)

    ၅ ရက်ကြာ ဖြစ်ပွားခဲ့တဲ့ နယ်စပ်က အပြန်အလှန် ပစ်ခတ်မှုတွေကို ခြွင်းချက်မရှိ အပစ်ရပ်ဖို့ ထိုင်းနဲ့ ကမ္ဘောဒီးယား ခေါင်းဆောင်တွေက ဒီကနေ့မှာ သဘောတူလိုက်ပါတယ်။

    လက်ရှိ အာဆီယံဥက္ကဌဖြစ်တဲ့ မလေးရှားရဲ့ ၀န်ကြီးချုပ် အန်၀ါရ် အီဘရာဟင်ဟာ ထိုင်းနဲ့ ကမ္ဘောဒီးယား ခေါင်းဆောင်နှစ်ဦးကို ပူထရာဂျာယာကို ဖိတ်ခေါ်ပြီး ကြား၀င်ညှိနှိုင်းပေးခဲ့တာ ဖြစ်ပါတယ်။

    အပစ်ရပ်ရေးဟာ ဇူလိုင် ၂၈ ရက်နေ့ည သန်းခေါင်ယံအချိန်မှာ စတင်အသက်၀င်မှာ ဖြစ်ပါတယ်။

    Ref: CNA

  • ဂါဇာတွင် အဟာရပြတ်သေဆုံးသူ ၁၃၃ ဦးရှိလာ

    ဂါဇာတွင် အဟာရပြတ်သေဆုံးသူ ၁၃၃ ဦးရှိလာ

    ဇူလိုင် ၂၇၊ ၂၀၂၅

    M-Media

    အစ္စရေးက တိုက်ခိုက်မှုတွေလုပ်နေတဲ့ ဂါဇာမှာ ဇူလိုင်လ ၂၇ ရက်နေ့က အဟာရ ပြတ်လပ်သေဆုံးသူ ၆ ဦး ထပ်မံ တိုးလာခဲ့ပြီး စုစုပေါင်း ၁၃၃ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။

    သေဆုံးသူတွေထဲက ၈၇ ဦးက ကလေးငယ်တွေဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်အောက်တိုဘာလက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲမှာ အစ္စရေးဟာ ငတ်မွတ်ခေါင်းပါးမှုကို လက်နက်အဖြစ် အသုံးချခဲ့တာကြောင့် ကမ္ဘာနိုင်ငံတွေရဲ့ ၀ေဖန်မှုကို ခံခဲ့ရပါတယ်။

    နိုင်ငံတကာ အကူအညီတွေကို အစ္စရေးက ၀င်ခွင့်မပေးတာကြောင့် ဂါဇာမှာ အငတ်ဘေးဆိုက်ခဲ့တာဖြစ်ပါတယ်။

    ဂါဇာက ပါလက်စတိုင်းပြည်သူတွေ အငတ်ဘေးဆိုက်တဲ့ ဓာတ်ပုံတွေကို နာဇီလက်ထက် ဂျူးတွေကို အငတ်ထားညှင်းဆဲတဲ့ ပုံတွေနဲ့ ယှဥ်တွဲဖော်ပြမှုတွေလည်း ဆိုရှယ်မီဒီယာမှာ မြင့်တက်လာပါတယ်။

    Ref: Aljazeera

  • ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံစလုံး အပစ်ရပ်ရေး ဆန္ဒရှိနေ

    ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံစလုံး အပစ်ရပ်ရေး ဆန္ဒရှိနေ

    ဇူလိုင် ၂၆၊ ၂၀၂၅

    M-Media 

    ၃ ရက်တာ ကြာမြင့်လာပြီဖြစ်တဲ့ တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ ဆန္ဒရှိကြောင်း ထိုင်းနဲ့ ကမ္ဘောဒီးယား ၂ နိုင်ငံစလုံးက ဇူလိုင်လ ၂၆ ရက်နေ့မှာ ထုတ်ပြောလာပါတယ်။ 

    ကမ္ဘောဒီးယားဆိုင်ရာ ကုလသံအမတ်က ချက်ခြင်းအပစ်ရပ်ရေး အလိုရှိကြောင်း ပြောကြားခဲ့ပြီး ကုလဆိုင်ရာ ထိုင်းသံအမတ်ကလည်း ကောင်းမွန်တဲ့ စိတ်ဆန္ဒနဲ့အတူ ဆွေးနွေးမှု ပြန်စဖို့ တိုက်တွန်းခဲ့ပါတယ်။ 

    ရာစုနှစ်ချီ ကြာမြင့်နေပြီဖြစ်တဲ့ နယ်စပ်ပိုင်ဆိုင်မှု အငြင်းပွားရာကနေတစ်ဆင့် ဖေဖော်၀ါရီ ၂၄ ရက်နေ့မှာ အပြန်အလှန် တိုက်ခိုက်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။ ထိုင်းနိုင်ငံမှာ စစ်သားနဲ့အရပ်သား စုစုပေါင်း ၁၉ ဦး၊ ကမ္ဘောဒီးယားနိုင်ငံမှာ စစ်သားနဲ့အရပ်သား စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့ပါတယ်။ 

    တိုက်ခိုက်မှုတွေကြောင့် နှစ်ဖက် လူထောင်သောင်းချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ 

    Ref: The Guardian

  • ပြင်သစ်က ပါလက်စတိုင်းကို အသိအမှတ်ပြုမည်

    ပြင်သစ်က ပါလက်စတိုင်းကို အသိအမှတ်ပြုမည်


    ဇူလိုင် ၂၆၊ ၂၀၂၅
    M-Media

    (ဓာတ်ပုံ – ပါလက်စတိုင်းများ နိုင်ငံပျောက်ဆုံးမှု အဆင့်ဆင့်)

    ပါလက်စတိုင်းကို အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုအဖြစ် လာမယ့်စက်တင်ဘာလ ကုလအထွေထွေအစည်းအ၀ေးမှာ အသိအမှတ်ပြုတော့မယ်လို့ ပြင်သစ်သမ္မတ မာခရွန်က ဇူလိုင် ၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

    ပါလက်စတိုင်းကို အသိအမှတ်ပြုထားတဲ့ ကမ္ဘာနိုင်ငံပေါင်း ၁၄၀ ကျော်ရှိပြီး အစ္စရေးရဲ့ အဓိကမဟာမိတ်တွေဖြစ်တဲ့ အမေရိကန်၊ ပြင်သစ်နဲ့ ဥရောပအင်အားကြီးနိုင်ငံတွေ မပါ၀င်ပါဘူး။ ပြင်သစ်ရဲ့ အခုဆုံးဖြတ်ချက်ဟာ နှစ်ပေါင်း ၇၀ အတွင်း ထင်ရှားတဲ့ ရပ်တည်ချက်ပြောင်းလဲမှုဖြစ်ပါတယ်။

    ပြင်သစ်ဟာ ယူကေ၊ ဂျာမနီတို့နည်းတူ အစ္စရေးကို လက်ရှိအချိန်အထိ လက်နက် အကြီးအကျယ်ထောက်ပံ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

    ဒုတိယကမ္ဘာစစ်အတွင်းက နာဇီရန်ကြောင့် ဥရောပကနေ ပါလက်စတိုင်းကို ထွက်ပြေးလာတဲ့ ဂျူးတွေဟာ လက်နက်ကိုင်အဖွဲ့တွေ ဖွဲ့စည်းပြီး ဌာနေ ပါလက်စတိုင်းတွေကို သတ်ဖြတ်မောင်းထုတ်ကာ ၁၉၄၈ ခုနှစ်မှာ အစ္စရေးနိုင်ငံအဖြစ် ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

    ပါလက်စတိုင်းတွေကတော့ အဲဒီအချိန်ကစပြီး နိုင်ငံပျောက်ဆုံးခဲ့ရပါတယ်။

    Ref: AP