News @ M-Media
Author: YinYin
  • တမန်တော် မုဟမ္မဒ်သခင် ဖွားမြင်သည့်လကို ဂုဏ်ပြုသောအားဖြင့် ချို့တဲ့သူများအား ကူညီသည့် လှုပ်ရှားမှုတစ်ခု ရုရှားတွင်ပြုလုပ်
    တမန်တော် မုဟမ္မဒ်သခင် ဖွားမြင်သည့်လကို ဂုဏ်ပြုသောအားဖြင့် ချို့တဲ့သူများအား ကူညီသည့် လှုပ်ရှားမှုတစ်ခု ရုရှားတွင်ပြုလုပ်
    ဇန်န၀ါရီ ၂၈၊ ၂၀၁၄
    M-Media
    – မုဟမ္မဒ်သခင်ဖွားမြင်သည့် ရဗီအွလ် အောင်ဝလ်လ (အစ္စလာမ့်ပြက္ခဒိန်၏ တတိယမြောက်လ) ကို ဂုဏ်ပြုသောအားဖြင့် ရုရှားနိုင်ငံ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ Ingushetia ရှိ အစ္စလာမ်ဘာသာဝင်များမှာ ဆင်းရဲချို့တဲ့သူများအား ကူညီလှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
    Ingushetia ပြည်နယ်၏ မွတ်စလင် အုပ်ချုပ်ရေးမှူးက ကြီးမှူးစီစဉ်ခြင်းဖြစ်ပြီး၊ အစ္စလာမ်ဘာသာဝင်များမှာ ဆင်းရဲချို့တဲ့သော မိသားစုများ၊ မသန်းစွမ်း သူများ စုစုပေါင်း လူ ၃၀၀၀ ကျော်အား ငွေကြေးအပါအ၀င်၊ ဂျုံ၊ သကြား၊ ဆန်၊ လက်ဖက်ရည် စသည့် အစားအသောက်ပစ္စည်းများ လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။
    တမန်တော် မုဟမ္မဒ်သခင်ဖွားမြင်သည့် ရဗီအွလ်အောင်ဝလ်လတွင် ကမ္ဘာတစ်ဝှမ်းရှိ အစ္စလာမ် ဘာသာဝင်များမှာ အခမ်းအနားများပြုလုပ်၍ မုဟမ္မဒ် သခင်၏ ထေရုပတ္တိများ ဟောကြားခြင်း၊ မုဟမ္မဒ်သခင် သွန်သင်မှုများအား ပြန်လည် အမှတ်ရစေခြင်း အပါအ၀င် ချို့တဲ့သူများအား လှူဒါန်းခြင်း၊ စတုဒီသာများ ကျွေးမွေးခြင်း စသည့်လှုပ်ရှားမှုများကို ပြုလုပ်လေ့ရှိကြသည်။
    Ref : Islam RU
  • ဆေးစစ်ရန်အစီအစဉ်အား ပျက်ကွက်ခဲ့သည့် တောင်ကိုရီးယား ကြက်တောင်ကစားသမား ၂ ဦး ၁ နှစ်ပွဲပယ်ပြစ်ဒဏ်ကျ
    ဆေးစစ်ရန်အစီအစဉ်အား ပျက်ကွက်ခဲ့သည့် တောင်ကိုရီးယား ကြက်တောင်ကစားသမား ၂ ဦး ၁ နှစ်ပွဲပယ်ပြစ်ဒဏ်ကျ
    ဇန်န၀ါရီ ၂၈၊ ၂၀၁၄
    M-Media
    ဆေးစစ်ရန်အစီအစဉ်အား ပျက်ကွက်ခဲ့သည့် တောင်ကိုရီးယား ကြက်တောင်ကစားသမား ၂ ဦး ၁ နှစ်ပွဲပယ်ပြစ်ဒဏ်ကျ
    – တားမြစ်ဆေးသုံးစွဲကြောင်းရှိမရှိ ဆေးစစ်ရန် ပျက်ကွက်ခဲ့မှုကြောင့် တောင်ကိုရီးယား နာမည်ကြီး ကြက်တောင်ရိုက် အားကစားသမား နှစ်ဦးအား ၁ နှစ် ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်သည်ဟု ကမ္ဘာ့ကြက်တောင်ရိုက်အဖွဲ့ချုပ်က ယနေ့တွင် ကြေညာခဲ့သည်။
    ၂၀၀၈ ခုနှစ် ဘေဂျင်း အိုလံပစ် နှစ်ယောက်တွဲ ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့သည့် ကင်မ်ကီဂျွန်နှင့် လီယုံဒေးတို့ဖြစ်ကြပြီး ပွဲပယ်ပြစ်ဒဏ်မှာ ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၂၃ ရက်နေ့တွင်ပြည့်မည်ဖြစ်ကာ ကိုရီးယားကြက်တောင်ရိုက် အဖွဲ့ချုပ်ကမူ ထိုပြစ်ဒဏ်မှာ ပြင်းထန်ပြီး မမျှတသော ပြစ်ဒဏ်ဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။
    ကစားသမားများ၏ လှုပ်ရှားမှုများကို ကမ္ဘာ့ကြက်တောင်ရိုက်အဖွဲ့ချုပ်သို့ အကြောင်းကြားရန် ပျက်ကွက်ခဲ့သည့် ကိုရီးယားကြက်တောင်ရိုက် အဖွဲ့ချုပ် အား အပြစ်ပေးသည့်အနေဖြင့် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါကစားသမားနှစ်ဦးစလုံးမှာ ဖေဖော်ဝါရီ ၁၇ ရက်နေ့မတိုင်မီအထိ အယူခံ ၀င်ခွင့်ရှိနေသည်ဟု ကွာလာလမ်ပူအခြေစိုက် ကမ္ဘာ့ကြက်တောင်ရိုက် အဖွဲ့ချုပ်က သတင်းထုတ်ပြန်ခဲ့သည်။
    Ref : Channel News Asia
  • မာတာအားခေါ်ယူနိုင်ခဲ့ခြင်းမှာ အသင်း၏ ပြောင်းလဲမှုများထဲမှ တစ်ခုဖြစ်သည်ဟု မိုယက်စ်ဆို
    မာတာအားခေါ်ယူနိုင်ခဲ့ခြင်းမှာ အသင်း၏ ပြောင်းလဲမှုများထဲမှ တစ်ခုဖြစ်သည်ဟု မိုယက်စ်ဆို
    ဇန်န၀ါရီ ၂၈၊ ၂၀၁၄
    M-Media
    – မာတာအား ခေါ်ယူနိုင်ခဲ့ခြင်းမှာ အသင်းတွင် ပြုလုပ်မည့် အပြောင်းအလဲများမှ တစ်ခုဖြစ်ပြီး မိမိအနေဖြင့် ကစားသမားခေါ်ယူမှုများကို ဆက်လက် ပြုလုပ်သွားမည်ဟု မန်ယူအသင်း၏ နည်းပြ မိုယက်စ်က ပြောကြားခဲ့သည်။
    ယခုနှစ်ရာသီတွင် အသင်း၏ ရလဒ်များ ဆိုးရွားနေသောကြောင့် ဝေဖန်မှုများကို ခံနေရသည့် မိုယက်စ်က ၎င်းအနေဖြင့် မည့်သည့်အခါကမှ မာတာအား ခေါ်ယူနိုင်မည်ဟု မမျှော်လင့်ခဲ့ကြောင်း ၀န်ခံခဲ့သည်။
    “ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ဟာ ခက်ခဲ့တဲ့နွေရာသီလို့ ကျွန်တော်တို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ကစားသမားတွေကို စောင့်ကြည့်ခွင့်ရခဲ့ပြီး၊ အခုဆောင်းရာသီ အပြောင်းအရွှေ့ကို ရောက်လာပါပြီ။ အသင်းကို ကျွန်တော် အပြောင်းအလဲတွေလုပ်နေပြီး ဂျူအန်(မာတာ) ကတော့ ပထမဆုံး ပြောင်းလဲမှုပါပဲ” ဟု မိုယက်စ်က မာတာခေါ်ယူခြင်းနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
    မာတာကလည်း ယခုနှစ်ရာသီ ချယ်ဆီးအသင်းတွင် ရှိနေခဲ့သည့် ၆ လတာ ကာလမှာ ခက်ခဲခဲ့သည်ဟု ၀န်ခံခဲ့ပြီး အိုးထရက်ဖို့ဒ်တွင် မိမိ၏ ကစာသမားဘ၀ ပြန်လည်စတင်ရသည့် အတွက် ၀မ်းမြောက်မိကြောင်း၊ မန်ယူအသင်း အနေဖြင့်လည်း ပရီးမီးယားလိဂ် ဆုဖလားအား ကာကွယ်ရန် အခွင့်အရေးရှိကြောင်း စသဖြင့် ပြောကြားခဲ့သည်။
    Ref : Goal
  • ၀ါရင့်နည်းပြ အာဆင်ဝင်းဂါး အသင်းနှင့် သက်တမ်းတိုးမည်
    ဇန်န၀ါရီ ၂၈၊ ၂၀၁၄
    M-Media
    – ယခုနှစ် ဘောလုံးရာသီ အကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်း ပြည့်တော့မည့် အာဆင်ဝင်းဂါးအနေဖြင့် အာဆင်နယ်အသင်းနှင့် ဆက်လက် သက်တမ်းတိုးသွားမည်ဟု အသင်း၏ စီအီးအို အိုင်ဗန် ဂါဇီဒစ်က အတည်ပြုခဲ့သည်။
    အာဆင်နယ် အသင်းမှာ ယခုနှစ် ရာသီအစကတည်းက သက်တမ်းတိုးရန် အတွက် အာဆင်ဝင်းဂါးနှင့် ဆွေးနွေးနေခဲ့ခြင်း ဖြစ်ပြီး၊ အာဆင်ဝင်းဂါးက ယခုနှစ် အသင်း၏ အောင်မြင်မှုကို ကြည့်၍ စာချုပ်သစ်ကိစ္စအား ဆုံးဖြတ်မည်ဟု စောစောပိုင်းက ပြောဆိုထားခဲ့သည်။
    “ကျွန်တော်တို့ အမြဲတမ်း အာဆင်(၀င်းဂါး) ကို ထောက်ခံပါတယ်။ ဘုတ်အဖွဲ့ဝင်တွေအားလုံး သူ့ရဲ့နောက်မှာ လုံးဝရှိပါတယ်။ အာဆင်ဟာ သူရဲ့ စိတ်ကို  အသင်းမှာ အမြဲတမ်း နှစ်မြှုပ်ထားပါတယ်။ သူဟာ အသင်းနဲ့ သက်တမ်း တိုးသွားမှာဖြစ်ပြီး သင့်တော်တဲ့ အချိန်ကျရင် ကျွန်တော်တို့ တရားဝင် ကြေညာသွားမှာပါ” ဟု လာမည့်နှစ်တွင် ၀တ်ဆင်ကစားမည့် ဂျာစီအတွက် Puma အသင်းနှင့် စံချိန်တင် စာချုပ်ချုပ်ဆိုမှု အပြီးတွင် ဂါဇီဒစ်က ပြောကြား ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် အသင်းကွင်းလယ်လူ ရိုစစ္စကီးနှင့် နောက်ခံလူ မာတီဆက်ကာတို့ကိုလည်း အာဆင်နယ်က စာချုပ် သက်တမ်း တိုးနိုင်ခဲ့သည်။
    ပြင်သစ်နိုင်ငံသား အာဆင်ဝင်းဂါးမှာ အာဆင်နယ် အသင်းသို့ ၁၉၉၆ ခုနှစ်ကတည်းက စတင်ရောက်ရှိလာခဲ့ပြီး အာဆင်နယ်အား ပရီးမီးယားလိဂ်တွင် တောင့်တင်းသော အသင်းဖြစ်လာအောင် ဆောင်ရွက်နိုင်ခဲ့ကာ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ FA ဖလား ၄ ကြိမ်၊ ကွန်မြူနတီဒိုင်း ၄ ကြိမ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ သို့သော်လည်း အာဆင်နယ်အသင်းမှာ ပြီးခဲ့သည့် ၈ နှစ်ဆက်တိုက် ဖလားလက်မဲ့ဖြစ်ခဲ့ပြီး အာဆင်ဝင်းဂါးမှာလည်း ဝေဖန်မှု များနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ယခုနှစ်ရာသီတွင် အိုးဇေးလ်အား ၀ယ်ယူနိုင်ခဲ့ခြင်းနှင့်အတူ ပရီးမီယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင် နိုင်အောင် ၀င်းဂါးက စွမ်းဆောင်ပေးထားနိုင်ခဲ့သည်။
    Ref : Goal
  • နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွင် အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်ရန် မိတ်ဖက်နိုင်ငံများအား သမ္မတဦးသိန်းစိန်တိုက်တွန်း
    နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွင် အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်ရန် မိတ်ဖက်နိုင်ငံများအား သမ္မတဦးသိန်းစိန်တိုက်တွန်း
    ဇန်န၀ါရီ ၂၈၊ ၂၀၁၄
    M-Media
    forum-photo
    – နိုင်ငံ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် မိမိတို့အစိုးရနှင့် လက်တွဲလုပ်ဆောင်သွားရန် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဖွံ့ဖြိုးမှု မိတ်ဖက်နိုင်ငံများအား ယမန်နေ့က တိုက်တွန်းခဲ့သည်ဟု သိရသည်။
    နေပြည်တော်တွင် “တိုးတက်မှုအရှိန်မြှင့်ရေး အားလုံးပါဝင်ပူးပေါင်းမြှင့်တင်ပေး” (Accelerating Actions for Progress through Enhancing Inclusive Coordination) ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၏ အဖွင့်မိန့်ခွန်း တွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
    ထို့ပြင် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ GDP အား ၉.၁ ရာခိုင်နှုန်း မြင့်တက်စေရန် လျာထားထားသည်ဟု ပြောကြားခဲ့ပြီး စနစ်ကျသော စီမံခန့်ခွဲရေး၊ နိုင်ငံတကာမှ အကူအညီများ၊ ချေးငွေများ၊ နည်းပညာပိုင်းဆိုင်ရာထောက်ပံ့မှုများနှင့် နိုင်ငံ၏ သတ်မှတ်ထားသော ဖွံ့ဖြိုးမှုနှုန်းအား အောင်မြင်စေရန် အလို့ငှာ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ စသည်တို့ကို အကျိုးရှိရှိအသုံးချရေုးကိုလည်း တိုက်တွန်းပြောဆိုသွားခဲ့သည်။
    နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး အတွက် ငါးနှစ်စီမံကိန်း သတ်မှတ်ထားပြီး၊ ထိုသတ်မှတ်ချက်က ဖွံ့ဖြိုးမှု မိတ်ဖတ်နိုင်ငံများအား ကူညီနိုင်လိ့မ်မည်ဟု ယုံကြည် ကြောင်း၊ နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင် ထိုနိုင်ငံများမှ အားပေးကူညီမှုများ၊ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်ခြင်းဖြင့် နိုင်ငံ၏ ဖွံ့ဖြိုးမှု အစီအစဉ်ကို ပို၍ အကျိုးသက်ရောက်စေကြောင်း၊ မိမိတို့အစိုးရအနေဖြင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုနှင့် ပုဂ္ဂလိက ကဏ္ဍပြုပြင်ပြောင်းလဲရေး ဟူသည့် အဆင့်လေးဆင့်ဖြင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို လုပ်ဆောင် နေကြောင်း၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီပေးနေသည့် မိတ်ဖတ်နိုင်ငံများ၊ ကမ္ဘာ့အသင်းအဖွဲ့ အသီးသီးအား ကျေးဇူးတင်ပါကြောင်း သမ္မတ ဦးသိန်းစိန်က ထည့်သွင်း ပြောကြားခဲ့သည်။
    Ref : Xinhua