News @ M-Media

Category: ကျန်းမာရေးနှင့်ဆေးပညာ

  • အလားလာကောင်းသည်ဟု သတ်မှတ်ခံထားရသည့် ကိုဗစ်ကာကွယ်ဆေး စမ်းသပ်မှုကို ရပ်ဆိုင်း

    အလားလာကောင်းသည်ဟု သတ်မှတ်ခံထားရသည့် ကိုဗစ်ကာကွယ်ဆေး စမ်းသပ်မှုကို ရပ်ဆိုင်း

    စက်တင်ဘာ ၉၊ ၂၀၂၀
    M-Media

    -စမ်းသပ်ထိုးနှံထားတဲ့ လူနာတစ်ဦးမှာ ကျန်းမာရေးမကောင်းဖြစ်လာတာကြောင့် အလားအလာကောင်းတယ်လို့ သတ်မှတ်ခံထားရတဲ့ ကာကွယ်ဆေးတစ်ခု စမ်းသပ်မှုကို အောက်စဖို့ဒ်တက္ကသိုလ်က ရပ်ဆိုင်းလိုက်ပါတယ်။

    အဲဒီကာကွယ်ဆေးကို ယူကေက အောက်စဖို့ဒ်တက္ကသိုလ်နဲ့ ဆေးဝါးကုမ္ပဏီ AstraZeneca တို့ ပူးပေါင်းထုတ်လုပ်တာဖြစ်ပြီး ယူကေ၊ ဘရာဇီးလ်၊ တောင်အာဖရိကနဲ့ အမေရိကန်တို့မှာ ထောင်နဲ့ချီတဲ့လူတွေကို နောက်ဆုံးအဆင့် စမ်းသပ်မှုကို လုပ်ဆောင်နေတာပါ။

    ဒီဆေးဟာ လက်ရှိ ကမ္ဘာတစ်ဝှမ်း စမ်းသပ်ထုတ်လုပ်သမျှထဲမှာ အလားအလာအရှိဆုံး ကိုဗစ်ကာကွယ်ဆေးအဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။

    ဒီဆေးအထိုးခံထားရတဲ့သူတွေထဲက တစ်ဦးမှာ ဆိုးရွားတဲ့ဆေးတုန့်ပြန်မှုကို​ တွေခဲ့ရပြီးတဲ့နောက် စမ်းသပ်မှုကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ ရပ်ဆိုင်းခဲ့တာပါ။ AstraZeneca ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး မီရှဲလ် မီဇဲလ်က ဒီလိုရပ်ဆိုင်းတာဟာ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်တာဖြစ်ပြီး၊ ဆေးအန္တရာယ်ကင်းမှုအတွက် သုံးသပ်မှု လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ရုရှားဟာ ပြီးခဲ့တဲ့လက ကိုဗစ်ကာကွယ်ဆေးတစ်ခုကို တရားဝင်အတည်ပြုကာ ထိုးနှံခွင့်ပေးခဲ့ပါတယ်။ ဒါပေမယ့် ကျွမ်းကျင်သူတွေက ဒီဆေးကို အသုံးပြုနိုင်ဖို့အတွက် လုံလောက်တဲ့ စမ်းသပ်မှုတွေ မလုပ်ဆောင်ခဲ့ဘူးလို့ ထောက်ပြခဲ့ပါတယ်။

    တရုတ်နိုင်ငံကလည်း မနေ့က ကိုဗစ်ကာကွယ်ဆေး အနည်းဆုံး ၃ မျိုးလောက်ကို ထုတ်ပြခဲ့ပြီး အန္တရာယ်ကင်းကာ ထိရောက်မှုရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ကိုဗစ်ကာကွယ်ဆေးများကို တရုတ်က ယနေ့ ထုတ်ပြမည်

    ကိုဗစ်ကာကွယ်ဆေးများကို တရုတ်က ယနေ့ ထုတ်ပြမည်

    စက်တင်ဘာ ၈၊ ၂၀၂၀
    M-Media

    -အန္တရာယ်ကင်းပြီး ထိရောက်မှုရှိတဲ့ ကာကွယ်ဆေးတွေကို တရုတ်က ဒီကနေ့မှာ ထုတ်ပြဖို့ ရှိတယ်လို့ သတင်းတွေ ထွက်လာပါတယ်။

    ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက တရုတ်နိုင်ငံဝူဟန်မြို့ကနေ စတင်ခဲ့တဲ့ Covid-19 ဟာ လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝှမ်းက လူပေါင်း ၂၇ သန်းကျော်ကို ကူးစက်ထားပြီး သေဆုံးသူကတော့ ၉ သိန်းနီးပါး ရှိပါတယ်။

    စက်တင်ဘာ ၈ ရက်နေ့ ဘေဂျင်းက Great Hall of the People မှာ ပြုလုပ်မယ့် ကုန်သွယ်ရေးပြပွဲတစ်ခုမှာ ကိုဗစ်ကာကွယ်ဆေးတွေကို တရုတ်က ထုတ်ပြမှာ ဖြစ်ပါတယ်။

    ဒီပွဲကို သမ္မတ ရှီကျင့်ဖျင်တက်ရောက်ကာ ကာကွယ်ဆေးထုတ်လုပ်တဲ့ အဖွဲ့အစည်းတွေ၊ တာဝန်ရှိသူတွေကို ဂုဏ်ပြုဆုချီးမြှင့်မှာဖြစ်သလို၊ Covid-19 ကပ်ရောဂါကို အောင်နိုင်ကြောင်း ကြေငြာဖို့ ရှိနေပါတယ်။

    တရုတ်အစိုးရပိုင် ဆေးဝါးလုပ်ငန်း China National Pharmaceutical Group Co, Ltd နဲ့ ဆေးဝါးကုမ္ပဏီ Sinovac Biotech Ltd တို့ဟာ ကိုဗစ်ကာကွယ်ဆေးတွေကို ထုတ်လုပ်ထားပြီး လက်ရှိမှာတော့ စမ်းသပ်မှု နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

    တရုတ်ပြည်တွင်းသတင်းတွေကတော့ ဒီလုပ်ငန်းနှစ်ခုဟာ ကာကွယ်ဆေး ၃ မျိုးကို ထုတ်လုပ်ထားပြီး အခုနှစ်ကုန်ပိုင်းမှာ ဖြန်ဖြူးဖို့ စီစဉ်ထားတယ်လို့ ဖော်ပြကြပါတယ်။ စမ်းသပ်မှုတွေအရ ဒီကာကွယ်ဆေးတွေဟာ အန္တရာယ်ကင်းပြီး ထိရောက်မှုရှိတယ်လို့လည်း ဆိုပါတယ်။

    တရုတ်စစ်တပ်နဲ့ ပုဂ္ဂလိက ဆေးကုမ္ပဏီတစ်ခုတို့ဟာ ကာကွယ်ဆေးတစ်မျိုးကို ထုတ်လုပ်ကာ ဇွန်လလောက်ကတည်းက စစ်သားတစ်ချို့မှာ စမ်းသပ်ထိုးနှံပေးထားပါတယ်။

    ကိုဗစ်ကာကွယ်ဆေး ရရှိဖို့အတွက် ကမ္ဘာတစ်ဝှမ်း ဆေးကုမ္ပဏီတွေနဲ့ သုတေသနလုပ်ငန်းတွေဟာ အပြိုင်အဆိုင်ကြိုးစားနေကြတာပါ။ ဩဂုတ်လအတွင်း ရုရှားအစိုးရဟာ ပြည်တွင်းဖြစ်ကာကွယ်ဆေးကို လူထုအတွင်း ထိုးနှံဖို့ ခွင့်ပြုချက် ပေးခဲ့ပါတယ်။

    Ref: Asia Times

  • ကိုဗစ်ကာကွယ်ဆေးများ ထိရောက်မှု သိပ်မရှိနိုင်ဟု ကျွမ်းကျင်သူများ သုံးသပ်

    ကိုဗစ်ကာကွယ်ဆေးများ ထိရောက်မှု သိပ်မရှိနိုင်ဟု ကျွမ်းကျင်သူများ သုံးသပ်

    စက်တင်ဘာ ၁၊ ၂၀၂၀
    M-Media

    -တရုတ်နဲ့ ရုရှားနိုင်ငံတို့က ထုတ်လုပ်စမ်းသပ်နေတဲ့ နာမည်ကြီး ကိုဗစ်ကာကွယ်ဆေးတွေဟာ သာမန်အဖျားဗိုင်းရပ်စ်ကို အခြေခံတာကြောင့် ထိရောက်မှု သိပ်ရှိမှာမဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက ပြောကြားလိုက်ပါတယ်။

    ရုရှားအစိုးရဟာ ပြီးခဲ့တဲ့လ အစောပိုင်းမှာ Covid-19 ကာကွယ်ဆေးကို တရားသုံးစွဲဖို့ ခွင့်ပြုချက်ပေးခဲ့ပြီး ဒါဟာ ကမ္ဘာ့ပထမဆုံးလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာလည်း ကာကွယ်ဆေးတစ်မျိုးကို စစ်တပ်မှာ စမ်းသပ်နေကာ အခြားတိုင်းပြည်တွေမှာ အသုံးပြုခွင့်ရရရေး ဆေးထုတ်တဲ့ကုမ္ပဏီက ကြိုးပမ်းနေပါတယ်။

    ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ဒီဆေးတွေဟာ လူတော်တော်များများ ဖြစ်ဖူးတဲ့ Ad5 အဖျားဗိုင်းရပ်စ်ကို အခြေခံပြီး ထုတ်လုပ်တာကြောင့် ထိရောက်မှုပိုင်းမှာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ ထောက်ပြခဲ့ပါတယ်။

    “ကျွန်တော်စိုးရိမ်တဲ့အချက်က Ad5 ဗိုင်းရပ်စ်ကို လူတော်တော်များများက ခံနိုင်ရည် ရှိကြတယ်ဗျ။ ထုတ်လုပ်သူတွေရဲ့ဗျူဟာကို ကျွန်တော် သေသေချချာ မသိပေမယ့် ဒီဆေးတွေဟာ ၇၀ ရာခိုင်နှုန်းလောက်တောင် မထိရောက်နိုင်ပါဘူး။ ၄၀ ရာခိုင်နှုန်းလောက်တော့ ထိရောက်မှုရှိနိုင်ပါတယ်။ ဘာမှမရှိတာထက်စာရင် ဒါက ပိုကောင်းပါတယ်” လို့ Johns Hopkins တက္ကသိုလ်က ကာကွယ်ဆေးသုတေသနပညာရှင် အန်နာ ဒါဘင်က ပြောပါတယ်။

    Covid-19 ကြောင့် ကမ္ဘာတစ်ဝှမ်း သေဆုံးသူ အရေအတွက်ဟာ ၈ သိန်းခွဲလောက် ရှိလာခဲ့ပြီး ကာကွယ်ဆေးထွက်မှသာ ဗိုင်းရပ်စ်ပြန့်နှံမှုကို ထိထိရောက်ရောက် တားဆီးနိုင်မှာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ၁၀ စုနှစ်တွေအတွင်း ကူးစက်ရောဂါတော်တော်များများကို ကုသနိုင်ဖို့အတွက် ပညာရှင်တွေဟာ Ad5 ဗိုင်းရပ်စ်ကို အခြေခံကာ ကာကွယ်ဆေးတွေ ထုတ်လုပ်ခဲ့ပေမယ့် ​ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ခြင်း မရှိပါဘူး။

    Covid-19 အတွက် ကာကွယ်ဆေးတွေ စမ်းသပ်ရာမှာ တစ်ချို့ဆေးကုမ္ပဏီတွေက Ad5 မဟုတ်ဘဲ တစ်ခြားနည်းလမ်းတွေကို အခြေခံပြီး စမ်းသပ်မှု​တွေလည်း ရှိနေပါတယ်။ အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ အခြားနည်းလမ်းအသုံးပြု ကာကွယ်ဆေးစမ်းသပ်မှုမှာ သိသာတဲ့ တိုးတက်မှုတွေ ရရှိနေတယ်လို့လည်း ပညာရှင်တွေက ဆိုပါတယ်။

    Ref : Reuters

  • ကမ္ဘာ့အမြန်ဆုံးလူသား အူစိန်ဘော့တွင် ကိုရိုနာဗိုင်းရပ်စ်တွေ့

    ကမ္ဘာ့အမြန်ဆုံးလူသား အူစိန်ဘော့တွင် ကိုရိုနာဗိုင်းရပ်စ်တွေ့

    သြဂုတ် ၂၆၊ ၂၀၂၀
    M-Media

    ကမ္ဘာ့အမြန်ဆုံးလူသား အူစိန်ဘော့

    -ကမ္ဘာ့အမြန်ဆုံးလူသားလို့ အမည်ပေးခံရတဲ့ ဂျမေကာအပြေးသမား အူစိန်ဘော့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေကြောင်း တွေ့ခဲ့ရပါတယ်။

    ဘော့ဟာ ပြီးခဲ့တဲ့တစ်ပတ်က ၃၄ နှစ်ပြည့် မွေးနေ့ပါတီ ကျင်းပခဲ့ပြီးတဲ့နောက် စနေနေ့မှာ ကိုရိုနာစစ်ခဲ့ပြီး သီးသန့်နေထိုင်နေတာပါ။

    သူ့ရဲ့အးဂျင့် ရစ်ကီ ဆင်မ်က ဘော့မှာ ကိုရိုနာဗိုင်းရပ်စ်ရှိကြောင်း တွေ့ခဲ့ရပေမယ့် ရောဂါလက္ခဏာ မပြသဘူးလို့ ပြောကြားခဲ့ပါတယ်။

    ဂျမေကာ ၀န်ကြီးချုပ် အန်ဒရူးဟိုလ်နက်စ်က အူစိန်ဘော့ရဲ့ မွေးနေ့ပါတီ ကျင်းပမှုအတွက် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ၂၀၁၇ ခှနှစ်မှာ အပြေးလောကကနေ အနားယူခဲ့တဲ့ ဘော့ဟာ အိုလံပစ်ချန်ပီယံ ၈ ကြိမ်၊ ကမ္ဘာ့ချန်ပီယံ ၁၁ ကြိမ် ဖြစ်ခဲ့သူပါ။

    ကမ္ဘာ့နံပါတ် ၁ တင်းနစ်ကစားသမား နိုဗက် ဂျိုကိုဗစ်၊ ဘာစီလိုနာဘောလုံးအသင်း အလယ်တန်းလူ ပဂျာနစ်တို့ အပါအ၀င် ကမ္ဘာ့အားကစားလောကကထိပ်တန်းကစားသမားအချိုးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ခံခဲ့ရပါတယ်။

    Ref; BBC

  • ကိုဗစ်ကာကွယ်ဆေးအတွက် ဘဂ်လားဒေ့ရှ်က အိန္ဒိယနှင့် ပူးပေါင်းလုပ်ဆောင်မည်

    ကိုဗစ်ကာကွယ်ဆေးအတွက် ဘဂ်လားဒေ့ရှ်က အိန္ဒိယနှင့် ပူးပေါင်းလုပ်ဆောင်မည်

    ဩဂုတ် ၂၀၊ ၂၀၂၀
    M-Media

    -အိန္ဒိယနိုင်ငံရဲ့ ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်မှုမှာ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ကာကွယ်ဆေး စမ်းသပ်ဖို့ အသင့်ရှိတယ်လို့ ဘဂ်လားဒေ့ရှ်နိုင်ငံက ပြောကြားလိုက်ပါတယ်။

    အိန္ဒိယ နိုင်ငံခြားရေး၀န်ကြီးရဲ့ အခုတစ်ပတ် ဘဂ်လားဒေ့ရှ်ခရီးစဥ်မှာ ကိုဗစ်ကာကွယ်ဆေးကိစ္စကို ဆွေးနွေးခဲ့ကြတာပါ။

    ဘဂ်လားဒေ့ရှ်နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ စမ်းသပ်မှုပါအ၀င် အိန္ဒိယရဲ့ Covid-19 ကာကွယ်ဆေးထုတ်လုပ်မှုမှာ ပူးပေါင်းပါ၀င်ဖို့ အသင့်ရှိနေပြီး၊ အဆင်သင့်ဖြစ်တဲ့အခါ စျေးသက်သက်သာသာနဲ့ ရရှိဖို့လည်း ရည်ရွယ်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

    အိန္ဒိယနိုင်ငံမှာ ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်ရာ ကုမ္ပဏီရှိတဲ့ နိုင်ငံဖြစ်ပြီး လက်ရှိမှာ ကိုဗစ်အတွက် ကာကွယ်ဆေး ၃ ခုကို စမ်းသပ်နေပါတယ်။

    ဘဂ်လားဒေ့ရှ်ဟာ တရုတ်က ထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးကိုလည်း နိုင်ငံအတွင်းမှာ စမ်းသပ်အသုံးပြုနေပါတယ်။

    Ref: The Star