News @ M-Media
Category: ဆောင်းပါး
  • မသွားဖြစ်တော့မယ့် ပွဲဈေးတန်းရယ် လွမ်းမိပါတယ်ကွယ်
    မသွားဖြစ်တော့မယ့် ပွဲဈေးတန်းရယ် လွမ်းမိပါတယ်ကွယ်
    နိုဝင်ဘာ၊ ၇  ၊ ၂၁၀၂
    M-Media
    ဇေယျာသူ
    ကျွန်မတို့ မြန်မာနိုင်ငံဟာ တစ်နှစ်ပတ်လုံး ၁၂-လရာသီ ပွဲတော်များနဲ့ ပြည့်နေတဲ့ တိုင်းပြည်တစ်ခုပါ။ အဲလို ပွဲတော်တွေရှိတဲ့အနက် ဘုရားပွဲတော်လို့ နာမည်တပ်တဲ့ ပွဲတော်တွေက ပိုလို့တောင်များနေပါတယ်။ ကျွန်မသိမြင်ရသလောက် ဘုရားပွဲတော်ရှိလာပြီဆိုရင် ဇာတ်ပွဲတွေ၊ အငြိမ့်တွေ၊ စားသောက်ဖွယ်ရာဆိုင်တွေ အများအပြားပါဝင်တယ်။
    ပွဲဈေးတန်း တခု ( Photo HotNews Journal )
    ဘုရားပွဲတော်ရှိပြီဆိုရင် တစ်ခြားသူတွေတော့ ဘယ်လိုကြောင့် ပျော်ရွှင်ကြလဲ ကျွန်မ မသိဘူး။ ကျွန်မကတော့ ပွဲဈေးတန်းသွားပြီး မုန့်တွေစားရတာ အလွန်သဘောကျတယ်။ ပွဲဈေးတန်းသွားတယ်။ စားစရာတွေဝယ်တယ်။ ကောက်ညင်းကျည်ထောက် (တချို့ဒေသတွေက ခဲတံချောင်းလို့လည်းခေါ်တယ်လို့ပြောတယ်။)၊ မုန့်မောင်နှမ (မုန့်လင်မယားလို့လည်း ခေါ်ကြသေးတယ်။)၊ မုန့်ရေပါး၊ မုန့်သိုင်းချုံ၊ မုန့်လုံးကြီး အဲဒါတွေကို ကျွန်မ အလွန်ကြိုက်တယ်။ ပြီးတော့ မုန့်လေပွေလို့ခေါ်သလား ဘယ်လိုခေါ်သလဲမသိဘူး။ မီးကင်လိုက်ရင် မုန့်က အကြီးကြီးဖြစ်သွားပြီး စားလို့သိပ်ကောင်းတာပဲ အဲဒါကိုလည်းကြိုက်တယ်။
    ပွဲဈေးတန်းထဲ လျှောက်ရင်း မုန့်တွေဝယ်ရင်း ဗိုက်ဆာလာတဲ့အခါဖြစ်ဖြစ် ကြာဇံချက် သောက်ချင်လာတဲ့ အခါမှာဖြစ်ဖြစ် ကြာဇံချက်ရောင်းတဲ့ မွတ်စလင်မ် ဆိုင်ကို အပြေးအလွှားရှာဖွေပြီး ၀င်သောက်တာပေါ့။ ဘာဖြစ်လို့ မွတ်စလင်မ်ဆိုင်က ကြာဇံချက်မှ သောက်ရသလဲဆိုရင်တော့ ကျွန်မက မွတ်စလင်မ် တစ်ယောက်ဖြစ်နေတဲ့ အတွက် တခြားဘာသာတွေ ရောင်းတဲ့ဆိုင်က ကြာဇံချက်ကို ကျွန်မတို့ စားလို့မရလို့ပါ။ ကြာဇံချက်က အများအားဖြင့် ကြက်သားနဲ့ချက်ကြတယ်။ မွတ်စလင်မ်ရောင်းတဲ့ဆိုင်ကသာ ဟလာလ်ကြက်သားဖြစ်လို့ ကျွန်မတို့အနေနဲ့ စိတ်သန့်သန့်နဲ့ စားလို့ ပိုဝင်တာကြောင့် မွတ်စလင်မ်ရောင်းတဲ့ဆိုင်ကို ရှာပြီး စားရတာပေါ့။
    အခုရက်ပိုင်း ပွဲဈေးတချို့ကို ရောက်တော့ တစ်ခြားမုန့်တွေ စားရပေမယ့် ကြာဇံချက်သောက်ချင်လို့ ဆိုင်လိုက်ရှာရင် မွတ်စလင်မ်ဆိုင် မတွေ့ရဘူး။ ဒါနဲ့ ကျွန်မစိတ်ထဲမှာ တစ်မျိုးဖြစ်သွားတယ်။ ပွဲဈေးတစ်ခု တစ်လေဆို ကျွန်မသတိထားမိမှာ မဟုတ်ပါဘူး။ တော်တော်များများမှာ အဲလိုဖြစ်နေတာတွေ့ရတော့ ဘယ်လိုဖြစ်လို့လဲဆိုတာ ကျွန်မသိချင်လာတယ်။ ဒါနဲ့ပဲ ကျွန်မစုံစမ်းကြည့်မိတော့ ပွဲတော်ဈေးတန်းတွေမှာ မွတ်စလင်မ်တွေကို ဈေးရောင်းချခွင့် မပေးဘူးလို့ သိလာရတယ်။ ကျွန်မတော်တော်အံ့သြသွားတယ်။
    တစ်နေ့ကတော့ ကျွန်မသူငယ်ချင်း တစ်ယောက်ရဲ့ စကားစပ်မိရင်း သူတို့မြို့က နာမည်ကြီး ဘုရားပွဲတစ်ခုကျင်းပမယ့်ရက် ရောက်တော့မယ့်အကြောင်းပြောဖြစ်ကြရင်း သူက ပြောပြလာတယ်။ ဒီနှစ်မှာ ပြုလုပ်မယ့် ရမည်းသင်းမြို့ ရန်အောင်မြင်ဘုရားပွဲ (ကထိန်ပွဲ)မှာ နှစ်စဉ်နှစ်တိုင်း မွတ်စလင်မ်တွေလည်း ဆိုင်ခန်းငှားပြီး ဈေးဆိုင်တွေဖွင့်ကြတယ်။ ဒီနှစ်တော့ မွတ်စလင်မ်တွေကို ဆိုင်ခန်းငှားရမ်းခွင့်ရော ဈေးရောင်းချခွင့်ပါ မပေးဘူးလို့ ဘုန်းကြီးတွေနဲ့ ဂေါပကအဖွဲ့က ပြောတယ်။ ရှေ့နေဦးအောင်စိုးဆိုတဲ့
    ဂေါပကအဖွဲ့ဝင်က ဒါမျိုးမလုပ်သင့်ဘူး မဖြစ်သင့်ဘူးလို ပြောကြရင်း ဂေါပက အဖွဲ့ကနေ သူနှုတ်ထွက်သွားတယ်။ အခုမှ သိလာရတာက ပွဲဈေးတန်းမှာ ရဲက လုံခြုံရေးတာဝန်မယူလို့ ဂေါပက မွတ်စလင်မ် ဈေးရောင်းသူတွေကို ခွင့်မပြုဘူးလို့ပြောတယ်တဲ့။ ကျွန်မ အဲဒါကို ကြားလိုက်ရတော့ တော်တော်လေး စိတ်မကောင်းဖြစ်မိတယ်။ ကျွန်မငယ်ငယ်ကတည်းက ဒီလို ပွဲဈေးတွေမှာ ဘာသာပေါင်းစုံ ပါဝင်နေကြတာ။ အခုမှ ဒီလို ခွဲခြားမှုတွေလုပ်လာတာ စိတ်မကောင်းဖြစ်မိတယ်။
    ဒီလိုလုပ်ခြင်းအားဖြင့် အခု လတ်တလောမှာ ဘယ်သူတွေ အခက်အခဲသွားဖြစ်ပြီး နောင်ရေရှည်မှာ ဘယ်သူတွေမှာ ပိုမိုထိခိုက်နစ်သွားမလဲဆိုတာလည်း မြင်ယောင်မိလာတယ်။
    ပွဲဈေးတွေမှာ မွတ်စလင်မ်ဈေးသည်များ ဈေးရောင်းခွင့် ပိတ်ပင်ခံရတာဟာ ဘာသာရေးဖိနှိပ်ခွဲခြားမှု မဟုတ်ဘူးလား။
    မသွားဖြစ်တော့မယ့် ပွဲဈေးတန်းရယ် လွမ်းမိပါတယ်ကွယ်။
  • နိုင်ငံသားတိုင်းသည် နိုင်ငံတော်အတွင်း လွတ်လပ်စွာ အခြေစိုက်နေထိုင်ခွင့် ရှိ – မရှိ
    နိုင်ငံသားတိုင်းသည် နိုင်ငံတော်အတွင်း လွတ်လပ်စွာ အခြေစိုက်နေထိုင်ခွင့် ရှိ – မရှိ
    နိုဝင်ဘာ၊ ၅ ၊ ၂၀၁၂
    M-Media
    အောင်တင်
    ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD အမတ်တွေ၊ ရှမ်း၊ ရခိုင်အပါအဝင် တိုင်းရင်းသားအမတ်တွေပါဝင်တဲ့ ရခိုင်အရေးဆွေးနွေးပွဲကို နေပြည်တော်မှာ နိုဝင်္ဘာ(၅) ၂၀၁၂နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း SNDP သီပေါမြို့နယ်အမတ် ဦးရဲထွန်းက BBC နှင့်တွေ့ဆုံမေးမြန်းခန်းမှာ ပြောလိုက်ပါတယ်။
    ဆွေးနွေးပွဲမှာ ရခိုင်တိုင်းရင်းသားပါတီအမတ်တွေက ဦးဆောင်ပြီး – – “မွတ်စလင်တွေနဲ့ ရခိုင်တိုင်းရင်းသားတွေ အတူယှဉ်တွဲ နေထိုင်လို့ မရဘူးဆိုတဲ့သဘောကို ပြောကြားခဲ့ကြောင်း – – ပြသနာဖြေရှင်းနိုင်ရေး အကြံပြုချက်တွေထဲမှာ အစ္စလာမ်ဘာသာဝင် ဘန်င်္ဂါလီတွေကို ရခိုင်ပြည်နယ်အတွင်း ရှိနေတဲ့ကျွန်းတွေဆီ ရွှေ့ပြောင်းဖို့ ပြောသူရှိသလို နိုင်ငံသားအဖြစ် သတ်မှတ်ခံရပြီးသား မွတ်စလင်တွေကို နိုင်ငံအတွင်းမှာ ရွှေ့ချင်တဲ့နေရာ ရွှေ့ခွင့်ပြုဖို့ အကြံပေးသူတွေလည်းရှိတယ် – – နောက်တစ်ယောက်ကတော့ ၁၉၈၂ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ နိုင်ငံသားဥပဒေအရ ရိုဟင်ဂျာတစ်ယောက်ဟာ နိုင်ငံသားဖြစ်ခွင့်ရှိရင် ရှိနိုင်ပြီး သူ့ကို ရိုဟင်ဂျာလို့ အခေါ်အဝေါ်အရ ခေါ်နိုင်တယ်။ ဒါပေမဲ့ သူ့ကို မြန်မာတိုင်းရင်းသားအဖြစ်တော့ လက်မခံနိုင်ဘူးလို့လည်း ဆွေးနွေးခဲ့ကြတယ်လို့” – – ဦးရဲထွန်းက ပြောပါတယ်။
    ဒေါ်အောင်ဆန်းစုကြည်က “နှစ်နိုင်ငံနယ်စပ်ပြသနာ၊ လူဝင်မှု တံခါးမလုံလို့ ဖြစ်လာတဲ့ပြသနာဖြစ်တဲ့အတွက်ကြောင့် ဘင်္ဂလားဒေရှ်နိုင်ငံ၊ ဘင်္ဂလားဒေရှ် အစိုးရအနေနှင့်လည်း ဒီပြသနာနှင့်ပတ်သက်လို့ တာဝန်ယူသင့်တယ်၊ ဘာကြောင့်လဲဆိုတော့ နှစ်နိုင်ငံနယ်ခြားမှာဖြစ်နေတဲ့ လူဝင်လူထွက် ပြသနာလို့” ပြတ်ပြတ်သားသား ပြောခဲ့ကြောင်း ဦးရဲထွန်းက BBCကို ဆက်လက်ပြောသွားပါတယ်။ မကြာခင် NLD နှင့် တိုင်းရင်းသားအမတ်တွေ စုပေါင်းပြီး ကြေညာချက်တစ်ခု ထုတ်ပြန်ဖို့ သဘောတူခဲ့ကြသည်ဟုလည်း ပြောပါတယ်။
    အောက်တိုဘာ (၂၁) ၂၀၁၂ နိုင်ငံတော်သမ္မတရုံးမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတကြီး ဦးသိန်းစိန်ရဲ့ အောက်ပါ ပြောကြားချက်နှင့်
    • လူ့အဖွဲ့အစည်း ၂ ခုဟာ တနေရာထဲမှာ အတူနေကြတာဖြစ်တဲ့ အတွက် ဘယ်လိုနည်းလမ်းတွေနဲ့ အတူယှဉ်တွဲနေထိုင်နိုင်မလဲဆိုတဲ့ အချက်ဟာ အရေးအကြီးဆုံးအချက်ဖြစ်ကြောင်း၊
    • အတူယှဉ်တွဲပြီးနေနိုင်ဖို့ လုပ်ရမယ့် လုပ်ငန်းတွေများကြောင်း၊
    • အတူယှဉ်တွဲနေထိုင်ဖို့မှာ အခြေခံကျတဲ့ အချက်ဟာ ပညာရေးဖြစ်ကြောင်း၊
    • အသိပညာကျယ်ဖို့၊ အမြင်ကျယ်ဖို့လိုကြောင်း၊
    • ကိုယ်လူမျိုးကိုပဲ ကိုယ်ချစ်လို့မရကြောင်း၊ တခြားလူမျိုးတွေရဲ့ လူအခွင့်အရေးကိုလဲ အလေးထားလိုက်နာပြီး လုပ်ဆောင်ဖို့လိုကြောင်း၊ – – နှိုင်းယှဉ်ကြည့်နိုင်ကြပါတယ်။
    တောင်အာဖရိကနိုင်ငံက လူမဲတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုသော်လည်း လူမဲတွေ နေခွင့်မရ သွားခွင့်မပြု လုပ်ခွင့်မပြု စသဖြင့် ချုပ်ချယ်ခဲ့တဲ့အတွက် တစ်ကမ္ဘာလုံးက လူမျိုးခွဲခြားတဲ့စနစ် (Apartheid) ကျင့်သုံးတဲ့နိုင်ငံအဖြစ် ဝိုင်းဝန်း ရှုံ့ချဖယ်ကျဉ်ခြင်း ခံခဲ့ရဘူးတယ်။ ဒီစနစ်ကို လိမ္မာပါးနပ်စွာ ကျင့်သုံးပြီး ပါလက်စတိုင်းတွေကို လူမျိုးရေးအရ ခွဲခြားဖိနှိပ်နေတဲ့ အစ္စရေးနိုင်ငံကို အမေရိကန်သမ္မတဟောင်း Jimmy Carterက Israel’s Apertheid ဆိုတဲ့စာအုပ်တစ်အုပ်ကို ရေးသားပြီး တောင်အာဖရိကမှာထက် ရက်စက်ကြမ်းကြုတ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။
    ၂၁ရာစု ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာရှိ တိုးတက်ဖွံ့ဖြိုးတဲ့ ဒီမိုကရေစီနိုင်ငံတော် တည်ထောင်မဲ့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ RNDP ဥက္ကဌကြီး ဒေါက်တာ ဦးအေးမောင်က ဟစ်တလာရဲ့ နာဇီပါတီရဲ့ လက်ရုံး ဒေါက်တာဂိုးဘဲလ်ကို အားကျပြီး ရခိုင်ပြည်နယ်မှာ အစ္စရေးနိုင်ငံကို အတုယူပြီး တည်ထောင်ရမယ်လို့ ဒီလောက်အန္တရယ်ကြီးလှတဲ့ စကားကို စာနယ်ဇင်းတွေကတဆင့် လူသိရှင်ကြား ပြောကြားကြေငြာလိုက်တဲ့ အခါမှာ မြန်မာပြည်က ဘယ်သူတစ်ဦး တစ်ယောက်ကမှ ကန့်ကွက်သံမကြားရပါဘူး။
    ဗိုလ်ချုပ်နေဝင်း၊ ဗိုလ်ချုပ်စောမောင်၊ ဗိုလ်ချုပ်သန်းရွှေစတဲ့ ဖိနှိပ်လှပါတယ်ဆိုတဲ့ စစ်အာဏာရှင်အဆက်ဆက်မှာ မကြုံဘူး၊  မကြားဘူးတဲ့ မွတ်စလင်ကင်းစင်ရေးဇုံ၊ မွတ်စလင်မရှိလို့ ဂုဏ်ယူလက်မထောင်တဲ့ မြို့နယ်၊ မွတ်စလင်ကို အိမ်မငှားရ၊ အိမ်မရောင်းရ၊ အိမ်မဆောက်ပေးရ၊ အရောင်းအဝယ် အဆက်အဆံ မလုပ်ရဆိုတာတွေနှင့် ဂျပန်ခေတ်၊ ကိုလိုနီခေတ်၊ စစ်အာဏာရှင် အဆက်ဆက် ခေတ်တွေမှာတောင် အခုလို ရခိုင်ပြည်နယ် လုံးကျွတ် အထိကရုဏ်းတွေ၊ လူတွေသတ်ဖြတ်၊ သေကြေကြတာကို ဒီမိုကရေစီ သမ္မတကြီး ဦးသိန်းစိန် လက်ထက် အမိမြန်မာနိုင်ငံမှာ အခုဆက်တိုက်ကြုံလာနေရပြီ။
    ကျနော်တို့တွေ လိုချင်လှချီရဲ့လို့ ခေတ်အဆက်ဆက် တိုက်လာခဲ့ကြတဲ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုတာ ဒါလားဗျာ။
    ရည်ညွှန်း http://www.bbc.co.uk/burmese/burma/2012/11/121105_dawsuu_ethnics_meeting.shtml
  • ရိုဟင်ဂျာ အက်သနစ် ဟုတ် မဟုတ်
    ရိုဟင်ဂျာ အက်သနစ် ဟုတ် မဟုတ်
    နိုဝင်ဘာ၊ ၆ ။ ၂၀၁၂
    ဧရာဝတီ မှကူးယူဖော်ပြပါသည်။
    စစ်တွေမြို့ ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ မွတ်စလင် ဒုက္ခသည်များ (ဓာတ်ပုံ- Reuters)
    ရိုဟင်ဂျာ ဆိုတဲ့ ပြသနာရဲ့  အရင်းအမြစ်ဟာ အက်သနစ် (Ethnic) ကို တိုင်းရင်းသားလို့ ဘာသာပြန်ဆို (သို့မဟုတ်) နားလည်သဘောပေါက် တာက စတယ်လို့ မြင်ပါတယ်။ အက်သနစ် ကို မြန်မာလို တိုင်းရင်းသား လို့ ဘာသာပြန်ဆိုလိုက်တာနဲ့ အော်တိုမစ်တစ်  တွဲပါလာတာက မူရင်းဌာနေလူမျိုး ဆိုတဲ့ အဓိပ္ဗါယ် ပါပဲ။ မူရင်းဌာနေလူမျိုးဆိုတာကတော့ Native (or) Indigenous ပါပဲ။ အမှန်က အက်သနစ် နဲ့ မူရင်း ဌာနေလူမျိုးဆိုတာကွာပါတယ်။ ဒီ ၂ ခုကို ၁ ခုတည်း အနေနဲ့  တိုင်းရင်းသား ဆိုပြီး ပြန်ဆိုလိုက်တဲ့နေရာမှာ ရောထွေးပြီး ရိုဟင်ဂျာ အက် သနစ် ဟုတ်မဟုတ်ကနေ  မြန်မာပြည်ရဲ့  လူမျိုး ဟုတ်မဟုတ်၊ တိုင်းပြည်ရဲ့  အရင်း ဟုတ်မဟုတ်၊ ရိုဟင်ဂျာဆိုတဲ့ နာမည်ရှိမရှိ ဆိုတာတွေဖြစ်လာပါတယ်။
    ဒီ concepts တွေကို အကြမ်းအားဖြင့် ပြောရမယ်ဆိုရင်
    (၁) အက်သနစ် ဆိုတာ လူစု (Cultural group) ပါပဲ။ လူတစုမှာ ဘာသာ၊ စကား၊ စသဖြင့် အုပ်စုတစ်ခု ရဲ့ သွင်ပြင်လက္ခာတွေရှိမယ်၊ လူအစုအဝေး အနေနဲ့ ပြစရာရှိမယ်ဆိုရင် သူဟာ အက်သနစ် (သို့ ) ကာချရာဂရုပါပဲ။ အက်သနစ် သွင်ပြင်လက္ခဏာဟာ တသက်လုံး တည်ငြိမ်မှုမ ရှိနိုင်ပါဘူး။ သူ့ သဘောသဘာဝအရ စီးပွားရေး၊ နိုင်ငံရေး၊ စသဖြင့် လိုအပ်ချက်ပေါ်မူတည်ပြီး အက်သနစ်သွင်ပြင်တွေ ကို ပြောင်း လဲခြင်း၊ ပြင်ခြင်းခြင်း၊ အသစ်သွင်းခြင်း၊ ထုတ်ပြစ်ခြင်း စသဖြင့်လုပ်လေ့ရှိပါတယ်။ မြန်မာပြည်က ကချင်လူမျိုးတွေ အကြောင်း လေ့လာတဲ့ Edmond Leach က ၁၉၅၀ လောက်ကတည်းက ဒီအချက်ကို ထောက်ပြထားပါတယ်။ ချင်းနဲ့  ကယားလူမျိုးတွေအကြောင်းလေ့လာတဲ့ Dr. FK Lehman (aka) Chit Hlaing ကလည်း ၁၉၇၀ လောက်ကတည်းက ဒီလိုပဲဆိုပါတယ်။ အက်သနစ်နဲ့ပတ်သက်ပြီး လေ့လာသူတိုင်း ဒီအချက်ကို နားလည်ပါတယ်။
    ဥပမာ အက်သနစ် နာမည်ဖြစ်တဲ့ ရှမ်း (သို့ ) သျှမ်း ဆိုတာ အရင်က မရှိခဲ့ပါဘူး။ ရှမ်းတွေက အခုထက်ထိ သူတို့ ကိုယ်သူတို့  တိုင်း (Tai) လို့ ခေါ်ပါတယ်။ ရှမ်းပြည်ကို မုံးတိုင်း လို့ ခေါ်ပါတယ်။ ကိုလိုနီ ခေတ်ပတ်ဝန်းကျင်တုန်းက ရှမ်းတွေနဲ့ လူမျိုချင်းနီးစပ်တဲ့ တိုင်းလူမျိုးတွေနေထိုင်တဲ့ စယမ် (Siam) – ယခု ထိုင်းနိုင်ငံ – ကို အခြေပြုပြီး စယမ် – စယမ် ဆိုရာကနေ တဖြည်းဖြည်းပြောင်းလဲလာပြီး Shan/သျှမ်း ဆိုတာဖြစ်လာတာပါ။ ပတ်ကညောကနေ ကရင်၊ ကယားလီကနေ ကယားကနေ အခု ကရင်နီ (Karenni)၊ ဂျိမ်းဖော်အုပ်စုတစုက အစချီပြီး ကချင် စတဲ့ နာမည်တွေ ဖြစ်လာပါတယ်။ ဘာသာစကားဆိုရင်လည်း အရင်က ကရင်နီစာပေမရှိခဲ့ပေမဲ့ အခု ကရင်နီဘာသာစာပေအသစ်ကို ဒီနှစ်ဆန်းပိုင်းက ကွယ်လွန်သွားတဲ့ ကရင်နီ ခေါင်းဆောင်ဟောင်း ထယ်ဗူးဖဲ က တီထွင်ခဲ့တာပါ (May his soul rest in peace)။
    (၂) အက်သနစ်ဆိုတာ မူရင်းဌာနေလူမျိုး နဲ့ ကွာပါတယ်။ ကနေဒါလိုနိုင်ငံမျိုးမှာ Red Indian (ကျနော်တို့ ငယ်ငယ်တုန်းကအ တန်း ကျောင်းတွေမှာ သင်ရတဲ့ အက်စကီးမိုး) တွေဟာ နေ့ တစ်ဖ် တွေဖြစ်ပါတယ်။ သူတို့ ဟာ နှစ်ထောင်ပေါင်းများစွာကတည်းက ကနေဒါမှာ နေနေတဲ့လူတွေဖြစ်တဲ့အတွက် အင်ဒီးဂျီးနက်စ် (သို့ ) နေ့တစ်ဖ် လို့ ခေါ်တဲ့ မူရင်းဌာနေလူမျိုးဖြစ်ပါတယ်။ နောက်မှ ၀င်ရောက်လာတဲ့ ဗီယက်နမ်တို့ ၊ မြန်မာတို့ ကို ကနေဒါမှာ အက်သနစ် တွေလို့ ခေါ်ပါတယ်။ ဒါကြောင့် Ethnic Communities of Canada ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အိုင်းရစ်တွေ၊ တရုတ်တွေ၊ ဗီယက်နမ်တွေ၊ မြန်မာတွေလည်း ပါတာပါ။ ဥပမာအနေနဲ့  ဒီကနေဒါအစိုးရ လင့်ခ်ကို ၀င်ကြည့်ပါ။ http://www.statcan.gc.ca/bsolc/olc-cel/olc-cel?catno=89-621-X&CHROPG=1&lang=eng
    ဒီလင့်ခ်မှာ ဖော်ပြထားတဲ့ ကိုးရီးယား၊ ဗီယက်နန် စတဲ့ လူစုတွေက မုရင်းဌာနေလူမျိုးတွေမဟုတ်၊ အက်သနစ်တွေဖြစ်ပြီး နိုင်ငံသားစည်း ကမ်းနဲ့ ညီရင် နိုင်ငံသားဖြစ်ခွင့်ရှိပြီး နိုင်ငံသားအခွင့် အရေး အပြည့်အ၀ရကြသလို နိုင်ငံအပေါ်ထားရှိရမဲ့ တာဝန်ဝတ္ထရားကို လည်း ကျေပွန်ရပါမယ်။
    ဒါကြောင့် အက်သနစ် သို့  ယဉ်ကျေးမှုအုပ်စု (Cultural group) လို့ ပြောတိုင်း အဲ့ဒီအုပ်စုတွေဟာ ကနေဒါမှာ နှစ်ပေါင်း ရာ ထောင်ချီကတည်းကရှိတဲ့ အင်တီးဂျီးနက်စ်တွေလို့ ယူဆစရာမလိုပါ။
    အချုပ်အားဖြင့်ပြောရရင်
    – အက်သနစ် (Ethnic) ဆိုတာ လူစုတစု (Cultural group) ပဲဖြစ်ပြီး မူရင်းဌာနေလူမျိုး (Native သို့ Indigenous) နဲ့ ကွာပါတယ်။
    – သျှမ်း၊ ကချင်၊ ကရင် စတဲ့ နာမည်တွေဟာ အသစ် အသစ်တွေချည်းဖြစ်ပါတယ်။ ဘာသာစကားနဲ့  သွင်ပြင်လက္ခဏာတချို့ တွေက လည်း ပြောင်းလဲ၊ တီထွင်၊ လျစ်လျူရှု စသဖြင့် ရှိတတ်ပါတယ်။
    ဒါကြောင့်
    – ရိုဟင်ဂျာဆိုတာ အက်သနစ်ဟုတ်ပါသလားဆိုရင် ဟုတ်ပါတယ်။ သွင်ပြင်လက္ခဏာ၊ လူစုလူဝေးရှိလို့ ။
    – ရိုဟင်ဂျာဆိုတဲ့ နာမည် ရှိလို့ ရပါ့မလားဆိုရင် ရှိနိုင် ရနိုင်ပါတယ်။ တခြား လူမျိုးနာမည်လည်း တီထွင်ပြောင်းလဲခဲ့ကြတာပါပဲ။
    – ရိုဟင်ဂျာတွေ နိုင်ငံသားနဲ့ နိုင်ငံသားအခွင့်အရေး ပေးသင့်သလားဆိုရင် စည်းကမ်းနဲ့ ညီရင် ပေးသင့်ပါတယ်။ တိုင်းပြည်အပေါ် သစ္စာလည်းရှိ၊ နိုင်ငံသားဝတ္ထရားလည်း ထမ်းဆောင်ဖို့ လိုပါတယ်။
    – ရိုဟင်ဂျာတွေဟာ မူရင်းဌာနေလူမျိုးတွေဟုတ်သလားဆိုရင်တော့ ဒီအချက်က ဆွေးနွေးစရာပါ။ အခု ဆွေးနွေးမယ် ဆိုရင်  ဆွေးနွေးရမှာက ရိုဟင်ဂျာ နာမည် ရှိမရှိမဟုတ်ပါ၊ ရိုဟင်ဂျာ အက်သနစ်ဟုတ်မဟုတ်ပါ။ မူရင်းဌာနေလူမျိုးဟုတ်မဟုတ် ဆိုတာပဲဖြစ်ပါတယ်။
    စာရေးသူသည် ကနေဒါနိုင်ငံ Simon Fraser တက္ကသိုလ်တွင် ပါရဂူဘွဲ့ယူစာတမ်း ပြုစုနေသူ ဖြစ်သည်။
  • အမုန်းတရားတွေနဲ့  ဝေးချင်ပါပြီ
    အမုန်းတရားတွေနဲ့  ဝေးချင်ပါပြီ
    နိုဝင်ဘာ၊ ၂ ၊ ၂၀၁၂
    M-Media
    ရေးသူ -တင်မင်းထွဋ်
    ၁၀တန်းဖြေပြီး ခါစလောက်က ရန်ကုန်ဘူတာကြီးရဲ့ စာအုပ်အရောင်းဆိုင်မှာ အရောင်ဝန်ထမ်းလုပ်တုန်းက အကြောင်းလေးတစ်ခုပေါ့။ သာမန်ရိုးကျလေးပါပဲ။ ဘူတာကြီးဆိုတော့ အနယ်အရပ်ရပ်ကို သွားမယ့် ခရီးသည်တွေ အနယ်နယ်အရပ်ရပ်ကနေ ရန်ကုန်မြို့ တော်ကြီး ကို လာတဲ့ခရီးသည်တွေနဲ့  ၂၄နာရီ နီးပါး စည်းကားခဲ့တယ်။ အခုလို ခြောက်ကပ်ကပ်ကြီးနဲ့  အချိန်ပိုင်းလာက်သာ စည်ကားတဲ့နေရာ မဟုတ်ခဲ့ပါဘူး။
    ကျွန်တော်တို့ က စာအုပ်ဆိုင်ဆိုတော့ မုန့် ဆိုင်တွေ – စားသောက်ဆိုင်တွေလို့ တော့ ခရီးသည် အစုံမလာကြပါဘူး။ နောက်ပြီး လွန်ခဲ့သော ၁၅နှစ်လောက်ကလည်း အခုလို ဂျာနယ်တွေ များစားစား မထွက်သေးသလို ဂျာနယ်ခေတ်လည်း မဟုတ်သေးဘူး။ ဂျာနယ်တွေက တစ်ရက်ကို တစ်စောင်နီးပါးတောင် အသစ်မရှိသေးပါဘူး။  နှစ်ရက်ခြား သုံးရက်ခြားလောက်တောင် လက်ချိုးရေလို့ ရတဲ့ ဂျာနယ်တွေပဲ ရှိသေးတယ်။ အဲဒီအချိန်တုန်းက စာအုပ်ဖတ်တဲ့သူ တော်တော်ကို များသေးတယ်။ စာအုပ်ဆိုင် အများစု ရပ်တည်နိုင်ကြသေးတယ်။ အထွေထွေ စရိတ်တွေကလည်း သိပ်မကြီးသေးတဲ့ အတွက် လူအများစု စာအုပ်ဘက်ကို ခြေဦးလှည့်နိုင်ခဲ့ကြတယ်။ နောက်ပိုင်းနှစ်တွေမှာ တစ်စတစ်စ ရုန်းကန်လာခဲ့ရတာ အများစုက စာအုပ်တွေနဲ့  အလှမ်းဝေးခဲ့ကြတယ်။ အခုချိန်မှာ စာအုပ်တစ်အုပ်ရဲ့  ဈေးနှုန်းက အနည်းဆုံး ဒံပေါက်တစ်ပွဲစာ ဖြစ်သွားခဲ့ပြီ။
    ဆက်ပြောရရင်ဗျာ အဲဒီတုန်းက ကျွန်တော်တို့ ကို အများဆုံးဝယ်ယူအားပေးတာက သံဃတော်တွေရယ် မွတ်စ်လင်မ်မဟုတ်တဲ့ အခြားအလွှာစုံက ပုဂ္ဂိုလ်တွေရယ်ပေါ့။ ကျွန်တော်တို့  မွတ်စ်လင်မ်အများစုကတော့ စာအုပ်တောင် ၀င်မမြည်းကြပါဘူး။ မတတ်နိုင်တာမဟုတ်ဘူးနော်။ နားမလည်ကြတာ။ ၁၀ယောက်မှာ တစ်ယောက်လောက်ပဲ ၀င်ကြတာများတယ်။
    နောက်ပိုင်း ဂျာနယ်ခေတ်ရောက်တော့လည်း အားကစားဂျာနယ်ကို တစ်ပြိုင်ထဲ ၃-၄စောင် ၀ယ်ကြပင်မဲ့ ပညာရပ်ဆိုင်ရာ ကျန်းမာရေးဆိုင်ရာတို့ ကြတော့ ၀ယ်ဖို့ တွန့် ကြပါတယ်။ အခုနောက်ပိုင်း ၅နှစ်၆နှစ်မှာတော့ ဘယ်လို့  လည်း မသိတော့ပါဘူး။ ကျွန်တော် တွေ့ ခဲ့တဲ့ အပိုင်းလောက်အထိကတော့ အများအားဖြင့် အဲဒီလိုပါပဲ။ စာအုပ်ကတော့ ကိုယ့်ဘသာသာရေးက လွဲပြီး တခြားစာအုပ်ကတော့ မ၀ယ်တာများတယ်။  မ၀ယ်တာများတော့ မဖတ်ဖြစ်တော့ဘူးပေါ့။
    အရောင်းရဆုံးက ဗုဒ္ဓဘာသာတရား စာအုပ်တွေပေါ့။ အဲဒီတုန်းက ရသပိုင်းတွေကလည်း နံပါတ်(၂)မှာ ရှိသေးတယ် ၊ အခုလို ဟာသနဲ့ အချစ်စာအုပ်တွေက နံပါတ် ၂ မဟုတ်သေးဘူး။ တက်ကျမ်းလို့ ပဲခေါ်ခေါ် စိတ်ဓါတ်မြင့်တင်ရေးဘဲ ခေါ်ခေါ် စာအုပ်တွေလည်း ရောင်းကောင်းပါတယ်။ ဒီတော့ဗျာ အများဆုံးဆက်ဆံရတာက အနယ်နယ် အရပ်ရပ်က ဘုန်းတော်ကြီးတွေ၊ တိုက်အုပ် ဆရာတော်တွေရယ် ၊ စာသင်သားတွေ များပါတယ်။ ၀န်ထမ်း ၄ယောက်မှာ ကျွန်တော်က လွဲပြီး ကျန်တာက ဗုဒ္ဓဘာသာဝင်တွေပါပဲ ။ အခုလိုခွဲခြားဆက်ဆံတာတွေ မရှိခဲ့ပါဘူး။ ဘုန်းတော်ကြီးတွေ နဲ့ လည်း  အဆင်ပြေပါတယ်။ ပုံမှန် တစ်လတစ်ခါ နှစ်လ တစ်ခါလောက်ခရီး သွားလိုက် လာလိုက် လုပ်တဲ့ ဆရာတော်ကြီးတွေ ၊ စာသင်သားဘုန်းဘုန်းတွေ နဲ့ လည်း တွေ့ ပါများတော့ မျက်မှန်း တန်းမိလာတယ်။
    ပြောကြဆိုကြရင်းနဲ့  တစ်စတစ် ရင်းနှီးလာခဲ့တယ်။ တစ်ချို့ စာအုပ်တွေ ကျွန်တော်တို့ ဆိုင်မှာ မရှိသေးတာတွေ ရောင်းသင့်တဲ့ စာအုပ်တွေကို ဆရာတော်တွေက အကြံပေးခဲ့ကြပါတယ်။ ပြောရရင် နယ်ကရထားစီး ခရီးသည်လာရင် ကအစ ဘယ်ဆရာတော်က လွှတ်လိုက်တာပါ၊ ဒီစာအုပ်ရှာပေးပါ ။ စသဖြင့်ပေါ့ ဆိုင်မှာ မရှိတဲ့စာအုပ်တွေ ကြတော့ အပြင်ကရှာပေးလိုက်တာတွေ ရှိပါတယ်။ ဒီလိုကူညီမှုတွေ ကြောင့် နယ်က ဆရာတော်တွေတော်တော်များနဲ့  ရင်းနှီးမှုတွေများလာတယ်။ အရေးကြီးရင် ဆိုင်ကို ဖုန်းဆက်မှာတဲ့အခါ ကျွန်တော်တို့  တွေ ချောနဲ့  ပိုခဲ့ရတာတွေလည်းများပါတယ်။
    ဒီလိုတွေလုပ်တာ ကျွန်တော့်တို့ ဆိုင်ပိုင်ရှင်က ဗုဒ္ဓဘာသာလို့ ထင်ကြမယ်။ မဟုတ်ဘူးဗျ အစ္စလာမ်ဘာသာဝင်။ ကျွန်တော်ဟိုးငယ်စဉ် ကာလကတည်းက အစွဲကင်းတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ခဲ့ရတယ်။ ကုလားဆိုတဲ့ စကားလုံးက ကျွန်တော်နဲ့ တော်တော်စိမ်းခဲ့တယ်။ သူတို့ စိတ်ထဲမှာတော့ ရှိရင်လည်း ရှိမှာပေါ့ ။ ဒါပင်မဲ့ ကျွန်တော်တို့ ကို ခေါ်ဖို့  အားနာလောက်အောင် ကျွန်တော် ပတ်ဝန်းကျင်က လူတွေက စိတ်ဓါတ်မြင့်ခဲ့တယ်လို့ ပြောလို့ မယ် ထင်တယ်။ နောက်ပြီး ကျွန်တော့် ပတ်ဝန်းကျင်က တွေ့ သလောက် မွတ်စ်လင်မ်တွေက အနေအထိုင် အပြောအဆို ပြုမှု ပုံတွေက လေးစားစရာ ကောင်းလောက်အောင် နေထိုင်ခဲ့တာတွေ့ ခဲ့တယ်။ ကြာခဲ့ပါပြီ။ နောက်ပြီး အလုပ်လုပ်စဉ်ကာလ တစ်လျှောက်မှာလည်း အထက်လူကြီး တော်တော်များများက ခွဲခြားမှုနည်းခဲ့ပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ်နဲ့ မတူတဲ့ ဘာသာခြားကို ပိုတောင် ဦးစားပေးမှုတွေ တွေ့ ခဲ့ရပါတယ်။
    ဆရာတော်ကြီး နှစ်ပါး သုံးပါး ပြောခဲ့တာလည်း မှတ်မိပါသေးတယ်။
    ဘုန်းကြီးတို့  နယ်က ဖုန်းဆက်မှာတိုင်း အချိန်မြန်မြန်နဲ့ ရောက်တယ် စာအုပ်တန်ဖိုးတွေ ချောခတွေ အမြဲတမ်းအမှန်ပဲ တစ်ခါမှ များခဲ့တာမရှိဘူး ။ အရင်ဘုန်ကြီးတို့  လူမျိုးတူ ဆိုင်၃-၄ ဆိုင်ကြုံဖူးပါတယ်။ အစပိုင်းတွေကတော့ ဟုတ်တုတ်တုတ် နောက်ပိုင်းတွေကျတော့ ဘုန်ကြီးတွေနဲ့  ကိုယ့်သာသနာကိုတောင် အမြတ်ကြီး စားချင်ကြတယ်။
    တစ်ချို့ ဒကာတွေက ပြောတယ်။ ဒီကုလားဆိုင်မှာ အားမပေးနဲ့ လို့ ပြောကြတယ်။ ဒါပင်မဲ့ ဒကာလေးတို့ ဆိုင်က ဈေးမှန်တယ် စေတနာကောင်းတယ်။ အကုန်လုံးက စီးပွားရှာကြတာပဲ။ ဒါပင်မဲ့ စိတ်ဓါတ်နဲ့ စေတနာ ကောင်းဖို့ ကလည်း အရေးကြီးတယ်။  ဘုန်းကြီးတို့ မှာ အဲဒီလို အစွဲတွေ မရှိပါဘူး။ လူတစ်ယောက်ဖြစ်လာဖို့ က ထင်သလောက် မလွယ်ပါဘူး။ ဖြစ်လာတဲ့ လူ ချင်းအတူ  ခွဲခြားတာတွေကို ဘုန်းကြီးတို့  လုံးဝမကြိုက်ပါဘူး။”
    ဒီဆရာတော်ကြီးနဲ့  ကျွန်တော်အခုအချိန်ထိ ဆက်သွယ်ရှိနေပါသေးတယ်။ တရားစာအုပ်လောကမှာ နာမည်ကြီးတဲ့ ဆရာတော်တစ်ပါးလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တစ်လလောက်ကတောင် ဆရာတော်ကြီးနဲ့ ဖုန်းအဆက်အသွယ်ရတော့
    “အခုအဖြစ်အပျက်တွေမှာ ပါတဲ့သံဃာတွေဟာ ရဟန်းတု ရဟန်းယောင်တွေပဲ သာသနာ့ရဲ့ အဆုံးအမကို မသိ၍သော်လည်ကောင်း သိသော်လည်း ငါ စွဲဆိုတဲ့ မထားသင့်တဲ့ စိတ်ဓါတ်တွေနဲ့  လုပ်နေကြတာ။ သံဃာအစစ်မှန်တွေက ဘယ်တော့မှ ဒီလိုလုပ်ရက်တွေကို မလုပ်ဘူး၊သူတို့ လုပ်ရပ်တွေကြောင့် ဘုန်းကြီးတို့  သာသနာဟာ ကမ္ဘာ့ အလယ်မှာ မျက်နှာပျက်ရပြီ ဒကာလေး” တဲ့ ဆရာတော်ကြီးက စိတ်မကောင်းစွာနဲ့ ပြောတာပါ။
    ကျွန်တော် ဒီလိုနဲ့ စာအုပ်ဆိုင်နဲ့  စာအုပ်လောကမှာ ၅နှစ်ကျော် ကျင်လည်ခဲ့ပါတယ်။ ဆရာတော်ကြီးတွေ၊ တိုက်အုပ်ဆရာကြီးတွေက သူတို့ ရဲ့ နယ်က ကျောင်းတိုက် လိပ်စာတွေ ၊ ဖုန်းနံပါတ်တွေ ပေးကြတယ်။ ကျွန်တော့်ကို တော်တော် ရင်းနှီးခဲ့ကြပါတယ်။ အဲဒီအကျိုးတရားတွေက ကျွန်တော် စာအုပ်လောကကနေ Company လုပ်ငန်းစုတွေဘက် ရောက်တဲ့အခါမှာ တော်တော်ကို အကျိုးရှိခဲ့ပါတယ်။ အကျိုးလို့ လို ညောင်ရေလောင်းတဲ့ စိတ်ဓါတ်နဲ့  ကူညီခဲ့တာ မဟုတ်တဲ့ အတွက်ထင်ပါတယ်။
    အရောင်းသမားဘ၀မှာ နယ်တကာကို marketing ဆင်းရပါတယ်။ အဲဒီအချိန်တွေတုန်းကလည်း နယ်တွေမှာ မွတ်စ်လင်မ်တွေဟာ ကျီလန့် စားစား နဲ့ နေရတာပါပဲ။ ဦးခင်ညွန့် ရဲ့ ခဏခဏ လူမျိုးရေးအဓိကရုန်းတွေကြားမှာ ရှင်သန်နေခဲ့ရတာ။ ကျွန်တော်တို့ ကလည်း marketing ဆင်းတော့ ကားဒရိုင်ဘာကလွဲပြီး ကျန်တဲ့သူက မွတ်စ်လင်မ်။ ဒီတော့ လုံခြုံစိတ်ချရအောင် ကျွန်တော် ဆရာတော်ကြီးတွေရဲ့  ကျောင်းတွေမှာပဲ တည်းခိုနေထိုင်ခဲ့တာပါ။ ခဏ ခဏ ကြုံခဲ့တာပါ။ တစ်ခုမှ အပြုံးမပျက်ခဲ့သလို့  ကာကွယ်မှုအပြည့်ပေးခဲ့တာပါ။ marketing သမား ၇နှစ်ကျော် အတွင်းမှာ တောင်ငူ မြစ်သား ပဲခူး မှာဖြစ်တုန်းကလည်း ကျွန်တော်တို့  နယ်တွေမှာပါပဲ။ နောက် ဟိုးဘက် ရေနံချောင်း ချောက်ဘက်သွားတဲ့ အခါမှာလည်း (ပုံမှန် အချိန်တွေမှာလဲ စိတ်ချရအောင်)  ဘုန်းတော်ကြီးကျောင်းတွေမှာ ကျွန်တော်တို့  စိတ်အေးလက်အေး အိပ်ခဲ့ရပါတယ်။
    ကျွန်တော်တို့  သွားခဲ့တဲ့ကာလတစ်လျှောက်မှာ တည်းခိုနေထိုင်ခဲ့တဲ့ ဘယ်ကျောင်းတိုက်ကိုမှ ၀တ္ထူငွေလှူဒါန်းလို့  မရခဲ့ပါဘူး။ စေတနာသန့် သန့် အစွဲကင်းကင်းတွေနဲ့  ကူညီခဲ့တယ်။ အခုအချိန်ထိလည်း နယ်ကဆရာတော် များများနဲ့  ရင်းနှီးနေဆဲပါ။ ဒါကျွန်တော့် ဘ၀ရဲ့ တွေ့ ခဲ့ရတဲ့ အစိတ်အပိုင်းတွေပါ။ အခုအချိန်မှာတော့ ငခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်ခံနေရတယ်။
    တစ်ဘက်နဲ့ တစ်ဘက်လည်း အမုန်းတရားတွေပွားများလာတယ်။ နောက်ပြီး အာဏာရှင်အစိုးရအဆက်ဆက်ရဲ့  ဆိုးမွေတွေထဲက အဆိုးဆုံးတစ်ခုဖြစ်တဲ့ ခွဲခြားဆက်ဆံမှုတွေကလည်း ဆယ်စုနှစ်တွေနဲ့ ချီပြီး အရိုးစွဲခဲ့တာ ရာစုနှစ်ထိတော့  မကူးသင့်တော့ဘူး ထင်ပါတယ်။ ခံရတာ ကျွန်တော်တို့  တိုင်းရင်းသားလူမျိုးစု အားလုံးပါ။
    ကျွန်တော်တို့ ဟာ မြန်မာနိုင်ငံ အတွင်းမှာ ရှေးရိုးစဉ်ဆက် နေထိုင်လာခဲ့တဲ့ နိုင်ငံသားတွေပါ။ ခေတ်အဆက်ဆက် သမိုင်းတွေကိုလည်း အားလုံး အတူတူ ဒုက္ခခံပြီး ရေးခဲ့တာပါ။  ပေးဆပ်ခဲ့တာပါ။ သူသာတယ် ငါသာတယ်ဆိုတဲ့ စိတ်ဓါတ်နဲ့  ရှေးလူကြီးတွေ လုပ်ခဲ့မယ်ဆိုရင် ကျွန်တော့်တို့ တွေ အာဖရိက နိုင်ငံအချို့ လို့ ပဲ သံသရာကနေ လွတ်နိုင်မှာ မဟုတ်ပါဘူး။
    မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု အစဉ်အလာတွေကလည်း ကျွန်တော်တို့ နဲ့  ဆိုင်ပါတယ်။ ကျွန်တော်တို့ ကတော့ ဘိုးဘွားတွေလည်း မြန်မာပြည်မှာ မွေးခဲ့သလို ဒီမှာပဲ ခေါင်းချသွားပါတယ်။ ကျွန်တော်တို့ လည်း ဒီမှာပဲ အရိုးဆွေးတဲ့အထိ နေမှာပါ။ ဘယ်လိုဒုက္ခရောက်ရောက် ဘာပဲကြုံကြုံ နားကျည်းချက်တွေပဲရှိရှိ၊  ကိုယ်နိုင်ငံမှာပဲ အချိန်တန်ရင် ခေါင်းချချင်တာပါပဲ။  မြန်မာစကား အလွန် အဓိပ္ပါယ်ရှိပါတယ်။ အမိမြန်မာနိုင်ငံ ။  အလွန်အဓိပ္ပါယ်ပြည့်စုံလေးနက်တဲ့ အမိနဲ့  တင်စားထားတာပါ။ ဆိုးဆိုး မိုက်မိုက်ဘယ် သားသမီးကို မဆို မိခင်က ပစ်ရိုးထုံးစံမရှိပါဘူး။  ကျွန်တော်တို့ ကို ဘယ်သူတွေ ဘာပြောပြော ဘာလုပ်လုပ် အမိမြန်မာနိုင်ငံတော်ကြီး ကတော့ သမိုင်းကြောင်းများစွာနဲ့  ရင်ဝယ်ပိုက်ထားမှာပါ။ မိခင်ရှိသေးသရွေ့ တော့ အမွေလိုချင်တဲ့ သားသမီး ရှေ့  မတိုးသင့်ပါဘူး။ မတော် လောဘနဲ့  မိခင်ကိုပါ သတ်ဖို့ ကြံစည်ရင်တော့ ကျန်တဲ့ သားသမီးတွေရဲ့ သွေးနီးလာလိမ့်မယ်နော်။ သွေးဆိုတာ အချိန်တန်ရင်တော့ နီးစမြဲပါ။
    အားလုံး၏ အငြိုအတေးများ တတ်နိုင်သလောက် လျော့နည်းနိုင်ပါစေလို့ 
    ဆုတောင်းလျက်
    တင်မင်းထွဋ်
    ၂ရက် – နိုဝင်ဘာ -၂၀၁၂
  • Eleven Media: မသန့်ရှင်းသော ၀ိညာဉ်၏ ခြောက်လှန့်မှု
    Eleven Media: မသန့်ရှင်းသော ၀ိညာဉ်၏ ခြောက်လှန့်မှု
    နိုဝင်ဘာ ၊ ၃ ရက်၊ ၂၀၁၂
    M-Media
    ဆောင်းပါးရှင်- ရွှေဘိုသား
    အလဲဗင်းမီဒီယာဂရုက ဦးကျော်စိန်(ပညာရေး) ဆိုသူရေးသားထားတဲ့ နောက်ကွယ်မှ ကြိုးကိုင်သူ…ဘယ်သူလဲဆို တဲ့ ဆောင်းပါးကို အောက်တိုဘာ ၂၈ ရက်၊၂၀၁၂ ရက်စွဲနဲ့  ရခိုင်ပြည်နယ်၊ ပဋိပက္ခ ရေချိန်တက်နေချိန်မှာ  ဖြန့်ချိခဲ့ပါတယ်။
    အံ့သြစရာကောင်းတာက နိုင်ငံတကာအသိုင်းအ၀ိုင်းကနေ ရခိုင်မှာအကြမ်းဖက်ခံရလို့ အိုးအိမ်မဲ့ခဲ့သူ စုစုပေါင်း ၂၂၅၈၇ မှာ ၂၁၇၀၀ က မွတ်စလင်မ်တွေဖြစ်ပါတယ်လို့ ဖော်ပြထားနေကြတာတွေ၊ နိုင်ငံတကာမီဒီယာတွေမှော သမ္မတရုံး အရာရှိ ဦးဇော်ဌေးရဲ့ မလွှဲမရှောင်သာဝန်ခံခဲ့ရမှုတွေရှိနေတာတောင် စောင့်ဆည်းရမဲ့ သိက္ခာကို မငှဲ့ကွက်နိုင်တော့ဘဲ “ပြည် တွင်းမှ အစွန်းရောက် မော်လ၀ီဆရာများ” ဆိုတဲ့ အသုံးအနှုံးမျိုးကို သုံးစွဲပြီးတော့ ကလိမ်စေ့ငြမ်းဆင်ထားမှုပါ။
    အချိန်ကိုက်ဖြန့်ဝေခဲ့တဲ့ အဲဒီဆောင်းပါးမှာတော့
    ၁) နိုင်ငံတော်သမ္မတရဲ့ အာဏာရပါတီဝင် မြန်မာနိုင်ငံသား လွှတ်တော်ကိုယ်စားလှယ်တွေကို အထောက်အထားမဲ့ စွပ်စွဲပြီးတော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို ထိကပါး ရိကပါး သွယ်ဝိုက်စွာ လှောင်ပြောင်ထားပါတယ်။
    ၂) အခုလိုအချိန်မျိုးမှာ မည်သူသည်နိုင်ငံသား၊ မည်သူသည်နိုင်ငံသားမဟုတ်လို့ ခွဲခြားပြောဆိုပြီး နိုင်ငံသားမဟုတ်သူများတွေကသာ လက်သည်တရားခံတွေဖြစ်တယ်လို့ အထောက်အထားမဲ့ ရော်ရမ်းပြောဆိုထားပါတယ်။
    ၃)  မောင်တောအကြမ်းဖက်မှုကို တောင်ကုတ်ကိစ္စနဲ့ ဆက်စပ်မှုမရှိဘဲ မွတ်စလင်မ်ဗလီဆရာအယောက် ၃၀ ပါဝင်တဲ့ အဖွဲ့ အဲဒီဒေသကို ရောက်ရှိခဲ့တာကြောင့် အကြမ်းဖက်မှု ဖြစ်ပွားခဲ့ရတာပါလို့ ဆိုထားပါတယ်။
    ၄) ထုံးစံအတိုင်းရိုဟင်ဂျာကို သပ်လျှိုပြီး ဗုဒ္ဓဘာသာရခိုင်လူမျိုးများသာ ဓားစာခံဖြစ်နေရတာပါလို့ တဘက်သတ်တင်ပြထားပါတယ်။
    အဆိုးဆုံးကတော့ ပစ်မှတ်ကိုတိုက်ရိုက် မထိခိုက်စေအောင် ကွေ့ဝိုက်ရှောင်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ တည်ဆဲ သမ္မတကို ရှုံ့ချထားတာပါပဲ။
    အဲဒီဆောင်းပါးမှာ ရေးသားထားတာက – “စီးပွားရေးပြည့်ဝလာသော ဘင်္ဂါလီလူမျိုးတို့၏ ထိုးစစ်ကို နိုင်ငံရေးလက်နက် တပ်ဆင်ခွင့်ပြု လိုက်သောအခါတွင် အရာရာသည် ရိုဟင်ဂျာဆိုသော စိတ်ကူးအိပ်မက်ကို အကောင်ထည်ဖော်ရန် အချိန်ကိုက် ဖြစ်နေပါတော့သည်။”
    အဲဒီစာသားတွေက မြန်မာနိုင်ငံရဲ့ အာဏာရပါတီလွှတ်တော် ကိုယ်စားလှယ်တွေကို တိုက်ရိုက်ပျက် ရယ်ပြု စော်ကားလိုက်ပြီးသကာလ ဆက်လက်ရေးသားပြန်တာက –
    “နိုင်ငံအတွင်း တရားဝင်ဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီတစ်ခုမှ ပြောရေးဆိုခွင့်ရှိသူက ………….. သမ္မတကြီး၏ ပြောစကားကိုပင် လက်မခံနိုင်သော ထိုပုဂ္ဂိုလ်သည် မည်သို့သော သဘောထားမျိုး ရှိနေပါသနည်း။ ထိုပါတီသည် မည်သို့သော ပါတီမျိုးဖြစ်နိုင်ပါသနည်း။” လို့ လမ်းမမှန်နည်းမကျ ရေးသားထားပြန်ပါသည်။
    လက်ရှိမြန်မာနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတရဲ့ ဆုံးဖြတ်ချက်ပြောစကားကို ထောက်ခံလို့လည်းရသလို ကန့်ကွက်လို့လည်းရပါတယ်။
    လက်ရှိ လွှတ်တော်ထဲမှာ ကိုယ်စားလှယ်အဖြစ်ရောက်ရှိနေကြတဲ့ ဘာသာခြားအမတ်တွေကို လွှတ်တော်တွင်းနေရာပေးတာ အဘယ်သို့သော ပါတီမျိုးဖြစ်နိုင်ပါသနည်းလို့ သွယ်ဝိုက်စွာ မေးခွန်းထုတ်လိုက်ခြင်းဖြစ်ပါသလားဆိုတာ အလဲဗင်းဆရာကြီးများ မိမတို့ စိတ်ထဲ ပြန်လည်မေးမြန်းကြည့်ကြဖို့ပါ။
    သဘောထားမမှန်တဲ့ ဦးကျော်စိန်နဲ့ အလဲဗင်းဂရုတို့ဟာ တဘက်မှာတော့ ဖော်လန်ဖားသယောင်နဲ့ နောက်တဘက်မှာချောင်ပိတ်ရိုက်ဖို့ အားသန်နေတာကြောင့် မူလတန်းကျောင်းသားတောင် သတိထားမိတဲ့ ဒီတစ်ချက်ကို သတိထားမိဖို့များ မေ့လျော့ခဲ့လေသလား။
    ရခိုင်ပြည်နယ်ကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံရဖူးတဲ့ ဦးခင်ညွှန့်နဲ့အတူ အစ္စလာမ် ဘာသာဝင်တွေ ရဟတ်ယာဉ်နဲ့ ရောက်လာဖူးတာက ဘာများအဆန်းရှိပါသလဲ။ ဦးခင်ညွှန့် ခရစ်ယာန်ဘာသာဝင်၊ ကေအင်ယူတွေနဲ့လည်း နီးနီးကပ်ကပ် ဆက်ဆံခဲ့ဖူးသလို အဲဒီခရစ်ယာန် ဘာသာဝင် ကေအင်ယူတွေ၊ ဝ အဖွဲ့တွေ ကိုးကန့် အဖွဲ့ တွေ ကတော့ မြို့တော်ရန်ကုန်ထိတက်ပြီး လက်နက် တရားဝင်ကိုင်နိုင်ခဲ့ကြတာပါပဲ။
    ရခိုင်မှာ မွတ်စလင်မ်တွေ ကြီးပွားပြီး ဗလီကျောင်းတွေ တိုးချဲ့ဆောက်လုပ်နေနိုင်ပေမယ့် ပြဿနာတစ်ခု စတင်မီးမွှေးဖို့အတွက်တော့ ဗလီကျောင်းများ ပြုပြင်ခွင့်ကိုတောင် ပိတ်ပင်ခံထားရတဲ့  ရန်ကုန်က ဗလီဆရာ အယောက် ၃၀ က သွားရောက်သင်ကြားပြသပေးရသယောင် ရေးသားထားတာတော့ ရယ်စရာ ပျက်လုံးပါပဲ။
    ရန်ကုန်မြို့လယ်ခေါင်က ချမ်းသာကြွယ်ဝလှတဲ့ မြန်မာမွတ်စလင်မ်ကြီးတွေတောင် နိုင်ငံတကာ အစ္စလာမ့်အသိုင်းအ၀ိုင်း အကူအညီမရှိ၊ သာသနိက အဆောက်အဦ ပြုပြင်ခွင့်မရှိ၊ အချို့မြို့နယ်တွေမှာ အာဇန်သံ ကျယ်ကျယ်ပေးပိုင် ခွင့်မရှိ စတဲ့ ချုပ်ချယ်မှုတွေကို ဦးစီးဦးရွက်ပြုပြီး မဖယ်ရှားနိုင်သေးပါဘူး။ အဲဒီလိုအချိန်မျိုးမှာမှ ရခိုင်ပြည်နယ်က ခရီးသွားလာဖို့ ပိတ်ပင်ခံထားရတဲ့ isolated အုပ်စုထွက် ပညာတတ်လက် တစ်ဆုပ်စာ လူတန်းစားက နိုင်ငံတကာ အစ္စလာမ့်အသိုင်း အ၀ိုင်းရဲ့ အထောက်အပံ့နဲ့ ကြီးပွားပြီး ဗလီတွေဆောက်လုပ်နေတာပါ ဆိုတာကတော့ အလဲဗင်းရဲ့ ကူလီကူမာတစ်ခုပါပဲ။
    နိုင်ငံတော်အစိုးရရဲ့ ကြေငြာချက် ၂/၂၀၁၂ အရဆိုရင် အစိုးရနဲ့တရားဝင် ငြိမ်းချမ်းရေးယူထား သူတွေကတောင် ဒီရခိုင်ပြဿနာမှာ ဒေသန္တရထွက် လက်နက်တွေ ကိုင်ပြီး လှုပ်ရှားနေကြတယ်ဆိုတာ ဖော်ပြထားပါတယ်။
    ဒီမှာလည်း မြန်မာမီဒီယာရဲ့ ခွဲခြမ်းစိတ်ဖြာလေ့လာနိုင်စွမ်းအား အလွန်တရာ နည်းပါးလှတာကို ကွက်ကွက်ကွင်းကွင်း သိနိုင်ပါတယ်။ ခွဲထွက်ရေးနဲ့ ကိုယ်ပိုင် အုပ်ချုပ်ရေးလုပ်တဲ့ နေရာမှာ လက်နက်ကိုင်ခြင်းက တာအသွားဆုံး နည်းလမ်းပါ။
    မြန်မာပြည်တွင်းမှာ အိုင်အန်ဂျီအိုတွေ၊ အန်ဂျီအိုတွေ မှိုလိုပေါက်နေခဲ့တာ ဆယ်စုနှစ်များစွာ အရင်ကတည်းကပါ။ ထင်ရှားပြီး အုပ်စုကြီးတဲ့ World Vision, Save The Children တို့တွေဟာဆိုရင် ဘယ်ဘာသာဝင်တွေ ကျောထောက်နောက်ခံ လုပ်ထားသလဲဆိုတာ တော်တော်များများသိနေပါတယ်။ အခုမြန်မာပြည်ရဲ့ ပဋိပက္ခမှာ အနောက်ချည့်ပြောမနေကြေးဆိုရင် အနောက်ထက်ဆိုးတာ မြောက်ဘက်မှာပါ။
    လက်ရှိ ကိုယ်ပိုင်အုပ်ချုပ်ရေး ရထားတဲ့အထဲ မြန်မာပိုက်ဆံ မသုံး၊ မြန်မာဆက်သွယ်ရေးက ဖုန်းမကိုင်၊ မြန်မာအစိုးရရဲ့ ရွေးကောက်ပွဲကို သူတို့နယ်မြေမှာ ပေးပြီးမကျင်းပ၊ အဲဒီဒေသက ကျောင်းတွေမှာ မြန်မာစာမသင်၊ မြန်မာစကားမပြောတာ ဘယ်သူတွေများလဲ အမြင်ကျဉ်းပြီး တဘက်ကမ်းနေတဲ့ အလဲဗင်းအုပ်စုဝင်များ အဖြေပေး စေချင်ပါတယ်။
    အခုလိုအချိန်မျိုးမှာ ငြိမ်းချမ်းရေးရှေးရှုတဲ့ အချက်အလက်တွေကို ဖော်ပြပြီး တာဝန်သိစွာနဲ့ အခြေအနေကို ထိန်းရမယ့်အစား ပြည်တွင်းမှာ ငြိမ်းချမ်းစွာနဲ့ နေထိုင်လာခဲ့တဲ့ လူနည်းစု မွတ်စလင်မ်တွေ၊ တိုင်းရင်းသား ကမန်တွေကိုပါ စိတ်ညှိုးနွမ်းငယ်ရအောင်၊ လုံခြုံမှုကင်းမဲ့သွားအောင်၊ အကြောက်တရား အမုန်းတရားတွေ များပြားလာအောင် ပြုလုပ်နေတဲ့ ဒေါက်တာသန်းထွဋ်အောင် ဦးဆောင်တဲ့ အလဲဗင်းက နို်င်ငံတကာမှာ ပြည်သူ့ချဉ်ပတ် ဖြစ်မှန်းမသိ ဖြစ်နေပါပြီ။ အာဘော်တွေကလည်း နိုင်ငံတကာရဲ့ အသိအမှတ်ပြုခြင်းမခံရတဲ့ အပြင် ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရတာကြောင့် ပြည်တွင်းမှာ သာနေတဲ့ အိမ်ကြက်ကြီး နေ့ခင်းကြောင် တောင် ဦးနှောက်ပျက်လို့ တွန်နေပုံမျိုး ဖြစ်နေတာကို သတိထားကြစမ်းစေချင်ပါတယ်။
    စိတ်ခံစားချက်နဲ့ အစွဲအလမ်းတွေဖုံးလွှမ်းပြီး ဆုံးဖြတ်လို့မရနိုင်တဲ့ အချက်ကတော့ မည်သူသည် နိုင်ငံသား မည်သူသည် နိုင်ငံသားမဟုတ်ဆိုတဲ့အချက်ဖြစ်သလို အလဲဗင်းမီဒီယာသည်လည်း နိုင်ငံတော်ရဲ့ တည်ဆဲဥပဒေတွေကို တိတိကျကျလိုက်နာကာ ၀ါဒဖြန့်မှိုင်းတိုက်ခြင်းမှ ကြဉ်ရှောင်ဖို့လိုကြောင်း သတိပေးလိုက်ရပါတယ်။