News @ M-Media
Category: ဆောင်းပါး
  • စုံစမ်းစစ်ဆေးရေး ကော်မရှင်သို့ အကြံပြုစာ-အပိုင်း(၃) /ပဋိပက္ခဖြစ်ရသည့် မူလအကြောင်းခံများ
    စုံစမ်းစစ်ဆေးရေး ကော်မရှင်သို့ အကြံပြုစာ-အပိုင်း(၃) /ပဋိပက္ခဖြစ်ရသည့် မူလအကြောင်းခံများ
    စက်တင်ဘာ၊ ၁၉၊ ၂၀၁၂
    စာတမ်းပြုစုရေးသားသူ
    ဖိုးလှိုင် (B.Sc, H.G.P,R.L)
    ဤ စာတမ်းသည် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဖွဲ့စည်းပေးထားသော ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းရေးကော်မရှင်သို့ ဖိုးလှိုင် (B.Sc, H.G.P,R.L) မှ ပေးပို့သော အကြံပြုစာတမ်းဖြစ်ပါသည်။
    အခန်း-၁
    (၁) တည်ငြိမ်အေးချမ်းမူ ပျက်ပြားစေသော ပဋိပက္ခဖြစ်ပွားရသည့် အကြောင်းရင်းများ
    (က)ပဋိပက္ခဖြစ်ရသည့် လတ်တလောအကြောင်းရင်းများ
    (၁) မုဒိန်းမှုကျူးလွန်သူတရားခံများ၊
    (၂) ရဲအချုပ်တွင် ဆွဲကြိုးချသေဆုံးမှုနှင့်စပ်လျဉ်း၍ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ငယ်ဖွဲ့ ၍ဖော်ထုတ်ရန်၊
    (၃) သရက်သီးခူးထွက်သူ တရားခံအတု ၂ဦး၊
    (၄) ရခိုင်ပဋိပက္ခကြီးသည် တိုက်ဆိုင်မှုလား ဖန်တီးမှုလား၊
    (၅) ၁၀လောင်းပြိုင်လူသတ်မှု၊ (အပိုင်း-၁) တွင် ဖော်ပြထားပြီးဖြစ်သည်။
    (ခ)ပဋိပက္ခဖြစ်ရသည့် မူလအကြောင်းခံများ
    (၁) ပြန်ကြားရေးဝန်ကြီးဌာန၏ သဘောထားမမှန်
    (၂) သမိုင်းဖျောက်ဖျက်ခြင်း
    (၃) မမှန်သတင်းဖြန့်ခြင်း၊ ပုံကြီးချဲ့ခြင်း
    (၄) နယ်များတွင် အသုဘချရန် လူငယ်များမရှိ
    (၅) အမိန့်မရလျှင် ရေတောင်မသောက်ရ
    (၆) (၁၉၈၂)ခုနှစ် နိုင်ငံသားဥပဒေကိုဖောက်ဖျက်ကျူးလွန်သူဘယ်သူလဲ အပိုင်း (၂) တွင်ဖော်ပြပြီး
    (၇) ကမ္ဘာကသိသော ကမ္ဘာကျော် နဂါးမင်းစီမံချက်
    (၈) လှေစီးပြီး ပင်လယ်သမုဒ္ဒရာထဲသို့ ထွက်ပြေးကြမလား လိုက်ချင်လျှင် ပိုက်ဆံပေး
    (၉) ပြည်တွင်းနေ ခရီးသွားများအား သတ်ဖြတ်ကြ
    (၁၀) ပင်လယ်သမုဒ္ဒရာထဲသို့ ထွက်ပေါက်ပေးပါ
    (၁၁) ဘယ်ဘက်လက်မောင်းတွင် ကျောက်ရောဂါကာကွယ်ဆေးထိုး ထားပါသလား
    (၁၂) ချင်းပြည်နယ်နှင့် ဘင်္ဂလားဒေ့(ရှ်)နယ်စပ်ရှိ ချင်းပြည်သူများ နိုင်ငံခြားသို့ ဘယ်အပေါက်မှ ထွက်ပြေးကြသလဲ
    (၁၃) ပိန်းရွက်စားကြမလား
    (၁၄) စကပ်ချွတ် – ထဘီဝတ် – ထဘီချွတ် – စကပ်ဝတ် ပဋိပက္ခ၏မူလအကြောင်းခံတစ်ရပ် အပိုင်း (၃) တွင်ဖော်ပြပါမည်။
    (၁၅) ရွာဘုရား ရွာသား မလေးစား
    (၁၆) တော်လှန်ရေးကောင်စီ၏ လူမျိုးစု (၁၃၅)မျိုး
    (၁၇) လူမျိုးစု (၁၄၄)မျိုးစာရင်း ဘယ်ပျောက်နေသလဲ (၉)မျိုး ဘယ်လို ပျောက်သွားသလဲ
    (၁၈) အကြမ်းဖက်သမားက ကိုဆိုဗိုနှင့် ပါလက်စတိုင်းကို ထောက်ပြ၍ လှုံ့ဆော်ခြင်း
    (၁၉) ရခိုင်ပြည်နယ်ပဋိပက္ခသည် ဘာသာရေးပဋိပက္ခဟုတ်/မဟုတ်
    (၂၀) ဝတ်ကျောင်းတော်များနှင့် စာသင်ကျောင်းများကို ဖျက်ဆီးခြင်း
    (၂၁) ပုဒ်မ(၁၄၄)ကို အကာအကွယ်ယူ၍ တိုက်ခိုက်ခြင်း
    (၂၂) လူမျိုး(၂)မျိုးကြား ရန်တိုက်ပေးနေပါသလား
    (၂၃) အင်းစိန်ထောင်မှ နှစ်ရှည်ထောင်ကျ ရိုဟင်ဂျာ-မူဂျာဟစ်များ၊ ဘယ်ပျောက်သွားသလဲ
    (၇) ကမ္ဘာကသိသော ကမ္ဘာကျော် နဂါမင်းစီမံချက်
    ဟင်္သာစီမံချက် ။        ။    ဟင်္သာစီမံချက်သည် နဂါးမင်းစီမံချက်အရ မောင်းထုတ်ခံရသူများကို ပြန်လည်လက်ခံသည့် စီမံချက်ချက်ကြီး ဖြစ်သည်။ နိုင်ငံတော်ကစေတနာအပြည့်အ၀ဖြင့် ပြန်လည်လက်ခံခဲ့သည်ဟု အာဏာရှင်ကအသံကောင်း ဟစ်ခဲ့သည်။ရိုဟင်ဂျာများကိုလည်း ဇာတိချက်ကြွေ မွေးရပ်မြေသို့  ပြန်ကြရန် နိုင်ငံတကာကဖိအားပေးခဲ့ကြပါသည်။အချို့ ရိုဟင်ဂျာများက အာဏာရှင်၏ ကြေညာချက်ကို ယုံကြည်၍ အိမ်ပြန်လာခဲ့ကြပါသည်။အချို့ ရိုဟင်ဂျာများက၊ အာဏာရှင်၏ ကြေညာချက်ကို လှည့်စားမှုတစ်ရပ်အဖြစ်သာ မှတ်ယူကြသည်။ယနေ့ တိုင် အိမ်မပြန်ကြသူများ ရှိပါသည်။ယခုအနှစ်၄၀ ၀န်းကျင်ရှိခဲ့ပြီဖြစ်သော်လည်း၊ ယနေ့ တိုင် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ထုတ်မပေးသေးပါ။ စိစစ်ဆေးရေးကိစ္စများလည်း မပြီးသေးပါ။ အချို့ ရိုဟင်ဂျာများဆိုလျှင် ၁၂ကြိမ်၊၁၂ခါ၊ စစ်ဆေးခံထားပြီးဖြစ်သည်။           သို့ သော်မပြီးသေးပါ။လူတစ်ဦးတစ်ယောက်ကို တစ်သက်တွင် တစ်ကြိမ်သာစစ်ဆေးဆုံးဖြတ်သင့်သည်။ မီးသေ ဆုံးဖြတ်ချက်မျိုး ဖြစ်သင့်ပါသည်။မသေမချင်း အခါခါ ခေါ်ယူစစ်ဆေး ဒုက္ခပေးခြင်းမျိုးဖြစ်နေပါသည်။ အခါခါစစ်ဆေးခံ နေရသည်ကို စုံစမ်းစစ်ဆေးရေးကော်မရှင်မှ သိရန်လိုအပ်ပါသည်။ သို့ မှသာပဋိပက္ခဖြစ်ရသည့်အကြောင်းခံကို အမှန်အတိုင်း ကောက်ချက်ချနိုင်မည်။ ယခုအခါရိုဟင်ဂျာများ၊ ကမန်များ၏ နိုင်ငံသားစိစစ်ရေးကဒ်ပြားနှင့်စပ်လျဉ်းသည့် ဒုက္ခဆင်းရဲများကို အပြီးသတ်စေလိုပါသည်။ နိုင်ငံသားသံသယဆိုသည့် လက်ကိုင်တုတ်ကို အပြီးမြေမြုပ်သင်္ဂြိုဟ်ရန်အထူး အရေးကြီးပါသည်။ဒီတုတ်ကြီးဖြင့် ရိုက်နေသည်မှာ အနှစ်၄၀ကျော်ခဲ့ပြီ၊ ယခုအချိန်ထိ၊ ဒီတုတ်ကြီးဖြင့် ရမ်းနေသည်မှာ ရှက်ဖွယ်ကောင်းလှပါသည်။လ၀ကအာဏာရှိသူများလည်း အလွန်ချမ်းသာနေပြီ ဖြစ်သည်။ တော်သင့်ပါပြီ။ နိုင်ငံသားသံသယဆိုသည့် စကားရပ်၏ နောက်ကွယ်တွင် စားမကုန်သောက်မကုန် ဖြစ်နေကြပါသလား။ ဤအချက်ကို စုံစမ်းစစ်ဆေးရေးကော်မရှင် မှအလေးအနက်သိစေလိုပါသည်။ယခုဖြစ်ရသည့် ပဋိပက္ခ၏ အကြောင်းခံများအနက်မှ တစ်ခု လည်းဖြစ်ကြောင်း သုံးသပ်လျှင်ရနိုင်မည်ဟု ယုံကြည်ပါသည်။ဤအချက်ကို အစိုးရကိုယ်တိုင်က ဖြေလျှော့ရန် လိုအပ်သည်ဟု ယုံကြည်ပါသည်။
    (၈) လှေစီးပြီး ပင်လယ်သမုဒ္ဒရာထဲသို့  ထွက်ပြေးကြမလား၊ လိုက်ချင်လျှင် ပိုက်ဆံပေး ။    
    ရခိုင်ပြည်နယ်တွင် ကျန်ရစ်သူရိုဟင်ဂျာများကလည်း တစ်ယောက်မကျန် အလားတူပြေးလိုကြပါသည်။ ၎င်းရိုဟင်ဂျာများကို ဖိနှိပ်ချုပ်ချယ်မည့်အစား၊ ထွက်ပြေးခွင့်ပေးသင့်သည်။ ပိုက်ဆံလည်းမတောင်းသင့်ပါ။ ဤသို့  ထွက်ပြေးခွင့်ပေးခြင်းသည် ဖိနှိပ်ချုပ်ချယ်ခြင်းထက် ပို၍ကောင်းပါသည်။သို့ မဟုတ်လျှင် အကြမ်းဖက်သမား၊ ဘာသာရေး အစွန်းရောက်သမားများ၏ အသုံးချခံများလည်းဖြစ်သွားနိုင်ပါသည်။စာမတတ်ပေမတတ်ဖြင့် အရိုင်းအစိုင်းများလည်း ဖြစ်သွားနိုင်ပါသည်။ နောင်ရေးအတွက် စိုးရိမ်ပူပန်နေရသော၊လူငယ်အုပ်စုကြီးပေါ်ပေါက်လာနိုင်သည်။ အနာဂတ်ပျောက်နေသည့် လူငယ်များပေါ်ပေါက်မည့်အစား ၎င်းတို့ ကိုပိုက်ဆံမယူဘဲ ထွက်ပြေးခွင့်ပေးသင့်သည်။   ၎င်းတို့ ကလည်း အခြေအနေဆိုးရွားသည့် မွေးရပ်မြေတွင် နေထိုင်ခြင်းထက် ပင်လယ်ထဲတွင်သေခြင်းက ပို၍ကောင်းမြတ် သည်။သို့ မဟုတ်ပါက နိုင်ငံတကာအဖွဲ့ အစည်းများ၊ ဒုက္ခသည်စခန်းများတွင် နေထိုင်ခြင်းကပို၍ကောင်းသည်။ နိုင်ငံတကာအဖွဲ့ အစည်းများ၊နိုင်ငံတကာ အစိုးရများက ထောက်ပံ့ကျွေးမွေးကြမည်။မွေးရပ်မြေတွင် ရိုဟင်ဂျာများ မနေလိုတော့ပါ။ ထို့ ကြောင့်ရိုဟင်ဂျာများ၏ ကိစ္စကိုအပြီးသတ်ဖြေရှင်းပေးသင့်ပါသည်။ ယခင်ပါလီမန်ဒီမိုကရေစီခေတ်က ရိုဟင်ဂျာကိစ္စကို အပြီးသတ်ဖြေရှင်းပေးပြီးဖြစ်ပါသည်။အကယ်၍သာ ဦးနေ၀င်းကစစ်အာဏာမသိမ်းခဲ့လျှင် ရိုဟင်ဂျာကိစ္စ ပေါ်ပေါက်ရန် အကြောင်းမရှိ၊ စစ်အာဏာသိမ်းခဲ့ခြင်း၏ ဆိုးရွားသော ရလဒ်အဖြစ်ယခုအမွေရရှိခဲ့ခြင်းဖြစ်သည်။ စစ်အာဏာရှင်များက ကိုယ်မွှေးတဲ့မီးကို ကိုယ်မငြှိမ်းနိုင် ဖြစ်နေပါသည်။ပြသနာသည်သည် ယခုအချိန်ထိမရောက်သင့်ပါ။ ယခုအချိန်သည် ဒီမိုကရေစီစနစ်ဆီသို့  ဦးတည်နေသည့်အလွန်အရေးကြီးသည့် အချိန်အခါလည်းဖြစ်သည်။ပြသနာကြီး ကလည်း ဆွေးမြေ့ နေပြီဖြစ်သည်။ပြသနာအဟောင်းကြီးဖြစ်သည်။ ဤပြသနာထပ်ခါတလဲလဲပေါ်နေခြင်းသည် လုံးဝ မဖြစ်သင့်ပါ။ယခင်ပါလီမန်ဒီမိုကရေစီ အစိုးရလက်ထက်က မေယုနယ်ခြားခရိုင်ကို ဗဟိုအစိုးရက တိုက်ရိုက်အုပ်ချုပ်ခဲ့သည် ကိုသတိပြုသင့်ပါသည်။ယခု ရခိုင်ပြည်နယ်အစိုးရ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရန်၊ လက်ရှိဖွဲ့ စည်းပုံဖြင့် ဖြစ်နိုင်မဖြစ်နိုင် သုံးသပ်သင့်ပါသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် ဖြစ်ခါစအချိန်တွင်ပင်လျှင် ဤမျှ ကြီးမားသော ပဋိပက္ခများဖြစ်လျှင် အနာဂတ်တွင် ယခုထက်ပို၍ကြီးမားသော ပဋိပက္ခများလည်း ဖြစ်လာနိုင်ပါသည်။      ထို့ ကြောင့် ဘက်စုံထောင့်စုံသုံးသပ်ရာတွင် ဤအချက်ကိုလည်း အလေးအနက်ထည့်သွင်းသုံးသပ်ရန်လိုပါသည်။
    ရိုဟင်ဂျာများသည် ယခုအခါမိမိတို့ ၏ အမည်ကိုပင်လျှင် မိမိတို့ ကိုယ်တိုင်ဆုံးဖြတ်ပြဋ္ဌာန်းခွင့်မရ၊ မိမိတို့  မကြိုက်နှစ်သက်သည့်အမည်အမျိုးမျိုးဖြင့် ခေါ်ဆိုခံနေရပါသည်။ ဤသို့ ဆိုလျှင်လှေစီးပြေးသူများကို အပြစ်ဆို၍မရ၊ ၎င်းတို့ လူစာရင်းတွင်ပင် မ၀င်တော့၊နိုင်ငံသားဖြစ်ရေး မဖြစ်ရေးကို အစိုးရကဥပဒေနှင့်အညီ ဆောင်ရွက်ခွင့်ရှိပါသည်။    သို့ သော်ရိုဟင်ဂျာသည် မိမိတို့ ၏ အမည်ကို မိမိတို့ ကိုယ်တိုင် စိတ်ကြိုက်ရွေးချွယ်ပြဋ္ဌာန်းခွင့်ရှိပါသည်။စုံစမ်းစစ်ဆေးရေး ကော်မရှင် အနေဖြင့် ဤအချက်ကို အလေးအနက်သုံးသပ်သင့်ပါသည်။ ဤအငြင်းပွားမှုသည် ရေရှည်မဖြစ်သင့်ပါ၊ ဤအငြင်းပွားမှုသည် ယခုပဋိပက္ခဖြစ်ရသည့် အကြောင်းရင်းခံများနက်မှ တစ်ခုလည်းဖြစ်ကြောင်းရှုမြင်ပါသည်။
    (၉) ပြည်တွင်းနေခရီးသွားများအား သတ်ဖြတ်ကြ ။
    ယခုအခါ နိုင်ငံခြားသားခရီးသွားများအား ကူညီကြပါဟု ကြော်ငြာဆိုင်းဘုတ်များ နေရာအနှံ့ တွေ့ နေရပါသည်။ ပြည်တွင်းခရီးသည်များ တောင်ကုတ်တွင် သတ်ဖြတ်ပြီး၊ တရားခံမဖော်နိုင်သည့် ယခုအချိန်မျိုးတွင် ထိုကြော်ငြာမျိုး ဖတ်ရသည့်အခါ တောင်ကုတ်လူသတ်မှုကို သတိရမိပါသည်။နိုင်ငံခြားသားခရီးသည်များထက် ပြည်တွင်းခရီးသည်များက ပို၍အရေးကြီးပါသည်။ပြည်တွင်းနေခရီးသည်များ သတ်ဖြတ်ခြင်းသည် ပဋိပက္ခကြီးတစ်ခုအသွင်ဖြင့် ကြီးကြီးမားမား ဆိုးကျိုးသက်ရောက်ခဲ့ပြီး ဖြစ်သည်။နိုင်ငံခြားခရီးသည် ဂျပန်အမျိုးသမီးအား သတ်ဖြတ်ခဲ့သည့်အမှု၊ ဘာမျှကြီးကြီးကျယ်ကျယ် ဖြစ်လာသည်ကိုမကြားရပါ။ပြည်တွင်းခရီးသည်များကို ဟိုနေရာဂိတ်ဖွင့်စစ်၊ဒီနေရာဂိတ်ဖွင့်စစ်၊ စစ်ဆေးမှုအထပ်ထပ်၊ငွေတောင်းမှုအမျိုးမျိုး၊ ထောက်ခံချက်အမျိုးမျိုးပြရန် ကြုံတွေ့ ရပါသည်။အထူးသဖြင့်  အစ္စလာမ်ဘာသာဝင် ခရီးသည်များ အခက်ခဲအမျိုးမျိုးကြုံရပါသည်။ ထိုအခက်ခဲများကိုလက်တွေ့ ကျကျ ဖယ်ရှားရန် လိုအပ်ပါသည်။ နဂါမင်းစီမံချက်အချိန်မှစ၍ ယခုနှစ်ပေါင်း၄၀တိုင် ပြည်မမှအစ္စလာမ်ဘာသာဝင်များ ရခိုင်ဒေသသို့ မသွားရဲ ကြပါ။လ၀ကများကို ကြောက်ရသည်၊ အပြန်တွင်ပြန်လမ်းမရှိ၊ တဖက်နိုင်ငံမှခိုးဝင်လာသည်ဟု စွပ်စွဲခံရပြီး၊ အဖမ်းခံရပါမည်။ အတင်းအကြပ်ဖြေင့်ချက်၊၀န်ခံချက်၊ များပေးရမည်ဖြစ်သည်။ ထောင်အတွင်းအရိုးဆွေးသွားမည်ကို ကြောက်ရပါသည်။
    ယခုအခါ လ၀က ထက်ဆိုးသော မျက်ကန်းမျိုးချစ်အစွန်းရောက်များကိုလည်း ကြောက်ရပါသည်။ရခိုင်ဒေသသည် အလွန်ဆင်းရဲသော ဒေသဖြစ်သည်။ပြည်တွင်းခရီးသွားများအားလုံး ခရီးသွားရန်ကြောက်ရွံ့ သောဒေသလည်းဖြစ်သည်။ ထိုသို့ ဆိုလျှင် ဤဒေသသည် အဘယ်သို့ စီးပွားဖွံ့ ဖြိုးအံ့၊ ပြည်တွင်းခရီးသည်များ မသွားဝံ့သောနေရာသို့  နိုင်ငံခြားခရီးသည်များ အဘယ်ကဲ့သို့  သွားအံ့။နိုင်ငံခြားခရီးသည်များကို ကူညီပါဟု မည်သို့ ပင်ဆိုစေကာမူ မည်သူမျှ သွားရဲကြမည်မဟုတ်။အထူးသဖြင့် နိုင်ငံခြားသားအစ္စလာမ်ဘာသာဝင်ခရီးသည်များ သွားဝံ့ကြမည်မဟုတ်ပေ။ယနေ့ တိုင် အစ္စလာမ်ဘာသာဝင်များ၏ ဒုက္ခသည်စခန်းများသို့  သွားရောက်ကြည့်ရှု ကူညီလိုသူများဟန့် တားနှောက်ယှက်ခံနေရ ကြောင်းသိရပါသည်။အစွန်းရောက်များက ယခုတိုင်အုပ်စုဖွဲ့ နှောင့်ယှက်နေကြောင်း သိရပါသည်။ထိုအခြေအနေများ အောက်တွင် ခရီးသွားလှုပ်ရှားခွင့်သည် လုံးဝမဖြစ်နိုင်။ထို့ ကြောင့်အုပ်စုဖွဲ့  အကြမ်းဖက်နေသူများကို ချက်ခြင်းအရေးယူ ဆောင်ရွက်ရန်လိုပါသည်။ တောင်ကုတ်လူသတ်မှု ကျူးလွန်သူများ အရေးယူဖမ်းဆီးခြင်းမခံရသေးသည့်အတွက် ထိုအဖွဲ့  က ဆက်လက်အကြမ်းဖက်နေသည်ဟု သုံးသပ်မည်ဆိုလျှင် ရနိုင်ပါသည်။တည်ငြိမ်အေးချမ်းသောအခြေနေသို့  ရောက်ရှိနိုင်ရန် အကြမ်းဖက်များ၊ အစွန်းရောက်များကို ထိထိရောက်ရောက် အရေးယူနိုင်မှသာလျှင် အနာဂတ်တွင် ပဋိပက္ခများ မဖြစ်အောင်တားဆီးနိုင်မည်ဟု ယုံကြည်ပါသည်။
    (၁၀) ပင်လယ်သမုဒ္ဒရာထဲသို့  ထွက်ပေါက်ပေးပါ။
    လ၀က၀န်ကြီးနှင့် နိုင်ငံခြားသတင်းဋ္ဌာန၏ မေးမြန်းခန်းတွင် ရခိုင်ပြည်နယ်မှအစ္စလာမ်ဘာသာဝင်များ၊(ရိုဟင်ဂျာများ)သည် လွန်ခဲ့သည့်နှစ်ပေါင်း၁၂၀ခန့် က ရွှေ့ ပြောင်းလာသူများ ဖြစ်သည်။ လ၀ကမှ လာဘ်စား၍ ခိုသွင်းလာခြင်းဆိုသည်မှာ မဟုတ်မမှန်ပါ။ ခိုးသွင်းလာလျှင်လည်း အထောက်အထားဖြင့်တိုင်ကြားပါ၊ အရေးယူပါမည်၊လွန်ခဲ့သည့်နှစ်ပေါင်း၁၂၀ကျော် က ရောက်လာသူများဆိုလျှင် အလိုအလျှောက် နိုင်ငံသားမဖြစ်ဘူးလားဟူ၍မေးရာတွင် ၀န်ကြီးက လျှောက်ထားရန် လိုသည်ဟု ဖြေပါသည်။အနည်းအကျဉ်းလည်း နိုင်ငံသားစိစစ်ရေးလက်မှတ်ပေးထားပြီးဟု ဖြေသည်။ ကျွန်တော်များ နားလည်ထားသည်မှာ လျှောက်ထားသူများ ဘယ်လောက်ကြာကြာစောင့်ရမည်ကို မသိနိုင်ပါ။ ရနိုင်မရနိုင်အဖြေ ကိုပင်လျှင် ရနိုင်မည်မဟုတ်ပါ၊ ယခုအချိန်ထိ အနည်းအကျဉ်းသာ ထုတ်ပေးရသေးသည်ဟုဆိုလျှင် ၊ နောက်ထပ်ထုတ်မပေး ပါနှင့်ဟု အကြံပေးလိုပါသည်။၎င်းတို့ အားလုံးကို ပင်လယ်ထဲသို့  မောင်းထုတ်လိုက်သည်က ပို၍ ကောင်းသည်ဟု အကြံပြုလိုပါသည်။ မျိုးချစ်မျက်ကန်းများကလည်း လူကြီးမင်းအား သူရဲကောင်းတစ်ယောက်သဖွယ် လက်ခုပ်သြဘာတီး၍ သောင်းသောင်းဖြဖြ အားပေးကြပါလိမ့်မည်။ လူထုထောက်ခံကြိုဆိုပွဲများလည်း အင်တိုက်အားတိုက် ပေါ်လာပါလိမ့်မည်။ နေ့ ချင်းညချင်း အမျိုးသားသူရဲကောင်းကြီး အဖြစ်ရောက်ရှိသွားပါမည်။
    အကယ်၍ထိုသို့ မောင်းထုတ်ရန် မဖြစ်နိုင်လျှင် ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေကို ပြင်ပါ။ နိုင်ငံသားဖြစ်ရန် နှစ်ပေါင်း ၂၀၀ လိုအပ်ကြောင်း ပြဋ္ဌာန်းပါ။ ဤပြဋ္ဌာန်းချက်သည် နောက်ကြောင်းပြန်အာဏာ သက်ရောက်ခွင့်ရှိကြောင်းပါ ပြဋ္ဌာန်းပါ။ ၎င်းရိုဟင်ဂျာတို့ ကို နှစ်ပေါင်း၁၂၀အထိ နိုင်ငံသားမပေးဘဲ၊ ရက်စက်စွာဖိနှိပ်ထားမည့်အစား၊ပြတ်ပြတ်သားသား ၊ ဆုံးဖြတ် ရမည့်အချိန်သို့  ရောက်ပြီဟု ယုံကြည်ပါသည်။ ယခုပဋိပက္ခဖြစ်ရသည့်မူလ အကြောင်းခံများကို စဉ်းစားမည်ဆိုလျှင် ဤအချက်ကို မေ့လျော့ထားရန် မသင့်ပါ။
    လ၀က ဋ္ဌာနအနေဖြင့် ပြည်မမှာလည်း နိုင်ငံသားစိစစ်ရေးကဒ်မရရှိသူများ၊ များစွာရှိသည်ဟုသိရပါသည်။ လျှောက်ထားသူများလည်း ပြန်ကြားချက်တစ်စုံတစ်ရာမရဘဲ၊ အချိန်စွဲခံရကြောင်း သိရပါသည်။ ထို့ ကြောင့်နိုင်ငံသား ဥပဒေ ဘယ်လောက်ကောင်းကောင်း လုပ်ထုံးလုပ်နည်း လည်းကောင်းရန် လိုအပ်ပါသည်။ ၀န်ထမ်းများစေတနာမှန်ရန်လည်း လိုပါသည်၊ ကျွန်တော်များအနေဖြင့် ရခိုင်ပြည်နည်ပဋိပက္ခသည်၊ လ၀ကလုပ်ထုံးလုပ်နည်းနှင့်လည်းကောင်း၊ လ၀က၀န်ထမ်းများ၏ စေတနာနှင့်လည်းကောင်း၊ တိုက်ရိုက်ဆက်စပ် ပတ်သက်မှုရှိကြောင်း သုံးသပ်လိုပါသည်။
    (၁၁) ဘယ်ဘက်လက်မောင်းတွင် ကျောက်ရောဂါကာကွယ်ဆေး ထိုးထားပါသလား ။
    မြန်မာနိုင်ငံတွင် ကျောက်ရောဂါကာကွယ်ဆေးကို ဘယ်ဘက်လက်မောင်းတွင်သာ ထိုးကြရပြီး ဘင်္ဂလားဒေရှ်နိုင်ငံတွင် ညာဘက်လက်မောင်းတွင်ထိုးကြရပါသည်။ လက်မောင်းကို စစ်ဆေးကြည့်ရုံဖြင့် ဘယ်နိုင်ငံသားဖြစ် သည်ကို အကြမ်းအားဖြင့် ခွဲခြားနိုင်ပါသည်။ ရိုဟင်ဂျာများသည်၊မြန်မာနိုင်ငံသားများ ဖြစ်ကြောင်း အခြားအထောက်အထား များစွာလည်း တင်ပြနိုင်ပါသည်။   ၎င်းတို့ ကို ခိုးဝင်ပါသည်ဟု မတော်မတရားစွပ်စွဲသူတို့ က ၀ါလုံးရှည်ဖြင့်မရမ်းသင့်ပါ။ မောင်ဖြူ၊ မောင်နီ စသည်ဖြင့်အတိအကျ စွပ်စွဲသင့်ပါသည်။တရားဥပဒေရှိပြီးဖြစ်၍ တရားဥပဒနှင့်အညီသာအရေးယူသင့် ပါသည်။စွပ်စွဲခံရသူများကိုလည်း ဥပဒေနှင့်အညီ ခုခံဖြေရှင်းခွင့်ပေးရပါမည်။ ပွင့်လင်းသောလူအဖွဲ့ အစည်းဖြစ်ရပါမည်။ INGO,NGOများကို တက်ရောက်နားထောင်ခွင့်ပြုရပါမည်။ ဥပဒေအရ မီးသေဆုံးဖြတ်ပြီး သူများကို  နိုင်ငံသားစိစစ်ရေးကဒ် ထုတ်ပေးရန် လိုအပ်သူများကို နိုင်ငံသားစိစစ်ရေးကဒ် ချက်ချင်းထုတ်ပေးရန် လိုအပ်ပါသည်။ တရားဥပဒအရ ဆောင်ရွက်ခြင်းမရှိဘဲ၊ ၀ါလုံးရှည်ဖြင့် ရမ်းနေခြင်းမှာ ပဋိပက္ခဖြစ်စေလိုသူများ၏ မမှန်ကန်သည့်စေတနာပါသည်ဟု ဆိုခြင် ပါသည်။ကျွန်တော်များ အနေဖြင့် ရိုဟင်ဂျာများအား အထပ်ထပ်စစ်ဆေးခြင်းကို ရပ်သင့်ပြီဟု မြင်ပါသည်။ နိုင်ငံသားစိစစ်ရေးကဒ်ပြားများကို အမြန်ဆုံး(ချက်ချင်း) ထုတ်ပေးပါရန် မေတ္တာရပ်ခံပါသည်။
    (၁၂) ချင်းပြည်နယ်နှင့် ဘင်္ဂလားဒေ(ရှ်) နယ်စပ်ရှိချင်းပြည်သူများ နိုင်ငံခြားသို့ ဘယ်အပေါက်မှ ထွက်ပြေးကြသလဲ။
    ချင်းများသည် ဘင်္ဂလားဒေ့(ရှ်)နိုင်ငံ၏ တိုင်းရင်းသားလူမျိုးတစ်မျိုးတွင် ပါဝင်သည်။အချို့ ချင်းလူမျိုးများလည်း၊ ရိုဟင်ဂျာများနည်းတူ ဖိနှိပ်ခံကြရပါသည်။ဘာသာရေးအရလည်း ဖိနှိပ်ခံကြရသည်ဟု ယုံကြည်သူများရှိသည်။အချို့ မြန်မာ တိုင်းရင်းသား ချင်းပြည်သူများ ပြည်ပသို့ ထွက်ပြေးလိုကြပါသည်။ထိုသို့ ထွက်ပြေးရာတွင် ဘင်္ဂလားဒေ့(ရှ်)နိုင်ငံကိုဖြတ်၍ ပြည်ပသို့ ထွက်ပြေးကြပါသည်။ဘင်္ဂလားဒေ့(ရှ်) နိုင်ငံသို့ ရောက်လျှင်လွတ်လပ်သည့်ကမ္ဘာကြီးထဲရောက်သွားသည်နှင့်တူ သည်။ ဘယ်နိုင်ငံသို့ မဆိုအလွယ်တကူသွားနိုင်သည်။ဟုတ် မဟုတ် ပြည်ပရောက်ချင်းများကိုပွင့်လင်းသော လူ့ အဖွဲ့ အစည်းထူထောင်သူများ အနေဖြင့်မေးမြန်းလေ့လာနိုင်ပါသည်။ပိုက်ဆံတတ်နိုင်သောရိုဟင်ဂျာများလည်း ဘင်္ဂလားရဲများကို ပိုက်ဆံပေး၍ပြည်ပနိုင်ငံများသို့  ဘင်္ဂလားဒေ့(ရှ်)နိုင်ငံမှ အလွယ်တကူသွားနိုင်ကြပါသည်။
    အကယ်၍ ရန်ကုန်မှသွားမည်ဆိုလျှင် ဘင်္ဂလားဒေ့(ရှ်)မှသွားသည်ထက် ငွေကုန်ကြေးကျ ၂ဆမှ၃ဆအထိ ပိုကုန်ပါမည်။ ထိုကြောင့် ဘင်္ဂလားဒေ့(ရှ်)မှ ဖြတ်သန်းသွားလာသည်က ပို၍များသည်။ဘင်္ဂလားဒေ့(ရှ်)နိုင်ငံသားများ ထောင်နှင့်တူသောနိုင်ငံသို့  ခိုးဝင်ရန် အကြောင်းမရှိဟု အများကဆိုကြသည်။မြန်မာနိုင်ငံဘက်မှသာ ဘင်္ဂလားဒေ့(ရှ်)ကိုဖြတ် ၍နိုင်ငံတကာသို့  သွားကြောင်း၊ နိုင်ငံတကာသတင်းများအရ သိရသည်။ထိုကြောင့် ဤအချက်ကိုစုံစမ်းစစ်ဆေးရေးကော်မရှင်မှသတိပြုလိမ့် မည်ဟု ယုံကြည်ပါသည်။ လက်တွေ့ အဖြစ်မှန်များ နှင့်မကင်းကွာသင့်ဟု ယုံကြည်ပါသည်။အစိုးရသတင်းစာနှင့် ၀န်ထမ်းများ၏ အာဘော်ကိုသာယံကြည်မည်ဆိုလျှင် လက်တွေ့ အဖြစ်မှန်များနှင့် ကင်းကွာသွားပါမည်။နား၊ မျက်စိ ဖွင့်၍ အစိုးရက မသိနားမလည်သေးသော လက်တွေ့ အဖြစ်အပျက်အမှန်များကို သိအောင်ကြိုးစားရပါမည်။
    ဘင်္ဂလားဒေ့(ရှ်)နိုင်ငံ ဒါကာမြို့ တော်တွင်ခိုလှုံ၍ ရခိုင်ဒီမိုကရေစီအင်အားစုများ နိုင်ငံရေးတက်တက်ကြွကြွ လှုပ်ရှား သံများကို နိုင်ငံခြားသတင်းဋ္ဌာနများမှ မကြာမကြာ ကြားရပါသည်။အကယ်၍ ဘင်္ဂလားဒေ့(ရှ်)နိုင်ငံသားများ ရန်ကုန်သို့ လာ၍ဤသို့ နိုင်ငံရေး လှုပ်ရှားလျှင်  နှစ်ရှည်ထောင်နန်းစံရမည်သာဖြစ်သည်။ ဘင်္ဂလားဒေ့(ရှ်)နိုင်ငံနှင့်မြန်မာနိုင်ငံသည် ဤသို့ ခြားနားသည့် အခြားအချက် များစွာရှိသည်။ လွတ်လပင်ခွင့်များလည်း များစွာခြားနားပါသည်။ဘင်္ဂလားဒေ့(ရှ်)မှ ခိုးဝင်သည်ဟု စွပ်စွဲရာတွင်လက်တွေ့ အခြေအနေများကိုပါ ထည့်သွင်းစဉ်းစားရန်လိုပါသည်။ ရိုဟင်ဂျာများကိုလူမျိုးရေး၊ ဘာသာရေးအရ မုန်းတီး၍ဘင်္ဂလားဒေ့(ရှ်)မှ ခိုးဝင်လာသည်ဟု စွပ်စွဲကြခြင်းလည်းဖြစ်သည်။
    ထို့ ကြောင့် ရခိုင်ပြည်နယ်တွင် ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေး၊တည်ငြိမ်အေးချမ်းရေး၊ အနာဂတ်တွင်ပဋိပက္ခထပ်မံ မပေါ်ပေါက်ရေးအတွက် အရှိတရားများကို မျက်ကွယ်ပြု၍ ဖြေရှင်းကြမည်ဆိုလျှင်မည်သို့ မျှအောင်မြင်မည်မဟုတ်ပါ။ နောက်ထပ် အနှစ်၄၀ကျော် ထပ်မံအချိန်ကုန်ရန်သာ ရှိပါသည်။ ဘင်္ဂလားဒေ့(ရှ်)မှ ခိုးဝင်လာသည်ဆိုသည့်အချက်သည် ယုတ္ထိလုံးဝမရှိပါ။ ရိုဟင်ဂျာများကို တရားဥပဒေနှင့်အညီ အမြန်ဆုံးနိုင်ငံသားစိစစ်ရေးကဒ်ပြားများထုတ်ပေးပါရန် ထပ်မံ အကြံပြုတင်ပြအပ်ပါသည်။
    (၁၃) ပိန်းရွက်စားကြမလား။
    နွားများသည် မြက်စားကြပါသည်၊သို့ သော် ပိန်းရွက်မစားပါ။မြောက်ကိုရီးယားတွင် ပြည်သူများမြက်စားကြရသည် ဟုသတင်းဋ္ဌာနများတွင် ကြားရပါသည်။ သို့ သော်ရိုဟင်ဂျာများသည် ပိန်းရွက်သာမက၊ပိန်းဥလည်းစား၊ပိန်းနွယ်လည်းစား၊ ပိန်းရိုးလည်းစား၊ပိန်းပွင့်လည်းစား၊ ပိန်းတစ်ပင်လုံးစားကြရပါသည်။ အကယ်၍ရိုဟင်ဂျာ လူမျိုးများနေရတွင် အခြားလူမျိုး တစ်မျိုးဖြစ်လျှင် မျိုးတုံးပျောက်ကွယ်သွားနိုင်ပါသည်။ရိုဟင်ဂျာလူမျိုးများ ဖြစ်၍သာ  ဤသို့ ဒုက္ခခံ၍သစ်ဥ၊သစ်ဖု၊သစ်ရွက် မျိုးစုံစား၍ အသက်ရှင်ရပ်တည်နေနိုင်ရန် ကြိုးစားနေခြင်းဖြစ်သည်။ ငှက်ပျောဖူးနှင့်ငှက်ပျောအူတိုင်များကိုလည်း စားကြ ရသည် ။ ထင်းခုတ်၊၀ါးခုတ်၊တောတက်၊ငါးဖမ်းလုပ်ငန်းများကို လုပ်ကိုင်ကြသည်။မည်သူမျှ သူဋ္ဌေးဖြစ်ရန်မျှော်လင့်နေကြ သူများ မဟုတ်၊ပြေးလိုကြသူများသာဖြစ်သည်။၎င်းရိုဟင်ဂျာများကို ဘာသာရေးအရတိုက်ခိုက်နေကြသူများက ရိုဟင်ဂျာများ ငါးဖမ်းသွားကြသည့်အခါ၊ ငါးပါလျှင်ပါ၊ မပါလျှင်ကုလားပါသည်ဟု စော်စော်ကားကားစွပ်စွဲကြသည်။ ရေတပ်ကို ပိုက်ဆံပေး၍ ခိုးဝင်ကြသည်ဟု စွပ်စွဲကြသည်။ ဤသို့ မတရားစွပ်စွဲချက်များ ရပ်တံ့သွားအောင် ဤစုံစမ်း စစ်ဆေးရေးကော်မရှင်မှ ဖော်ထုတ်နိုင်မည်ဟု ယုံကြည်ပါသည်။
    (၁၄) စကပ်ချွတ်ထမီဝတ်၊ ထမီချွတ်စကပ်ဝတ်၊ ပဋိပက္ခ၏ မူလအကြောင်းခံတစ်ရပ်။
    စာရေးဆရာမ (နှင်းပန်းအိမ်)၏အမှောင်ခန်းအတွင်းမှ သူရဲကောင်းတို့ ၏ တိုင်းပြည်ခေါင်းစဉ်ဖြင့် နိုင်ငံခြား သတင်းဋ္ဌာနတစ်ခုမှ အသံလွှင့်ခဲ့ပါသည်။ ဘူးသီးတောင်ထောင်တွင် ထောင်ဝင်စာသွားရောက်တွေ့ ဆုံသော အစ္စလာမ်ဘာသာဝင် အမျိုးသမီးငယ် (ရိုဟင်ဂျာ)များထောင်ဝင်စာတွေ့ ရန်အမည်စာရင်းခေါ်သည့်အခါ အလျှင်အမြန် စကပ်ချွတ်၍ ထမီပြောင်းဝတ်ရပါသည်။ ပြီးနောက်အမည်စာရင်း ခေါ်သည့်နေရာသို့  သွားရပါသည်။အမည်ပါမပါနားထောင် ရပြီး အမည်မပါလျှင် ပြန်သွားရပြီး ထမီချွတ်၍ စကပ်ပြန်ဝတ်ရပါသည်။နောက်တခါ အမည်ခေါ်သည့်အခါ စကပ်ချွတ်၍ ထမီ ပြန်ဝတ်ကြရပါသည်။
    ဤသို့ ကြိမ်ဖန်များစွာပြုလုပ်ပြီးမှ ထောင်ဝင်စာတစ်ကြိမ် ခေတ္တခဏသာ တွေ့ ခွင့်ရကြပါသည်။ ထောင်ဝင်စာမှာလည်း ငငြုတ်သီးတောင့်အနည်းငယ်နှင့်ဆားအနည်းငယ်သာ ပါရှိပါသည်။အခြားစားစရာများ မပါရှိပါ။ ဆင်းရဲလွန်း၍၊ ဆားနှင့်ငငြုတ်သီးတောင့်သာ တတ်နိုင်ကြပါသည် ။အလွန်ကြေကွဲစရာဖိနှိပ်မှု၊ရက်စက်မှု ၊ အနိုင်ကျင့်မှု၊ လူ့ ဂုဏ်သိက္ခာကိုဆိုးရွားစွာချိုးနှိမ်မှု၊စက်ဆုတ်ဖွယ်ရာအပြုအမူဖြစ်၍၊ကမ္ဘာကသိအောင်၊ နိုင်ငံ့ခေါင်းဆောင်ကြီးများ သိအောင် ဗုဒ္ဓဘာသာစာရေးဆရာမတစ်ဦးက ရဲရင့်စွာ အသံလွှင့်ခဲ့ပါသည်။
    ၎င်းအပြင်မောင်းတောထောင်တွင် အဖမ်းခံထားရသော အစ္စလာမ်ဘာသာဝင်လူငယ် (ရိုဟင်ဂျာ) တစ်ဦးအကြောင်း အသံလွှင့်ခဲ့ပါသည်။ ထိုလူငယ်သည် မောင်းတောမှ ဘူးသီးတောင်သို့ ထောက်ခံချက်မပါဘဲ အလုပ်လာလုပ်သည့်အတွက် အဖမ်းခံရခြင်းဖြစ်သည်။ သားဇောနှင့်မိခင်အိုကြီးသည် အလွန်ကြမ်းတမ်းသည့်တော ၊တောင်ကိုဖြတ်၍ ခြေလျှင်ခရီးဖြင့် မောင်းတောမှ ဘူးသီးတောင်ထောင်သို့  သားကိုတွေ့ ရန်လာပါသည်။ထောင်ရှေ့ တွင်ရှိနေကြသော ပြည်သူများက မိခင်အို အတွက် စိုးရိမ်ပူပန်ကြ၍ မိခင်အိုကြီးတွင် မှတ်ပုံတင်ရှိသလားဟုမေးကြပါသည်။ အမေအိုကြီးက မရှိဟု ဖြေသည်။ထိုအခါ ပတ်ဝန်းကျင်ရှိလူအားလုံးက စိုးရိမ်ပူပန်သွားကြကာ အမေအိုကြီးကိုလည်း ထောင်ဝင်စာမတွေ့ ဘဲ ပြန်သွားကြရန် ၀ိုင်းဝန်း၍ ဖြောင်းဖျကြပါသည်။ အမေအိုကြီးပါ ထပ်မံအဖမ်းခံရမည်ကို အားလုံးကရှင်းပြကြပါသည်။သားဇောကပ်နေသော အမေအိုကြီးသည် သားဇော်ဖြင့် ဘာကိုမျှမသိတော့ပါ။အားလုံးက အတန်တန်ဖြောင်းဖျမှ ဘူးသီးတောင်မှမောင်းတောသို့  ပြန်သွားပါသည်။
    ဤအဖြစ်အပျက်များသည် ပုံပြင်မဟုတ်၊ဇတ်လမ်းထွင်ခြင်းမဟုတ်၊ ကမ္ဘာကသိပြီးသား အဖြစ်အမှန်များထဲမှ တစ်ခုသာဖြစ်သည်။ဤသို့ ကြေကွဲစရာ အဖြစ်အပျက်များစွာရှိသည်။ ထို့ ကြောင့် အကြောင်းခံများမရှိဘဲ ပဋိပက္ခ မဖြစ်ပေါ်နိုင်။ ဤအကြောင်းခံများကို ဖယ်ရှားကုစားနိုင်ရန်အတွက် ရိုဟင်ဂျာများအား တရားဥပဒေနှင့်အညီ အမြန်ဆုံး နိုင်ငံသားစိစစ်ရေးကဒ်များ ထုတ်ပေးပါရန် အလေးအနက်အကြံပြုတင်ပြအပ်ပါသည်။ ဤနေရာမှနေ၍ စာရေးဆရာမ နှင်းပန်းအိမ် အားအထူးကျေးဇူးတင်ကြောင်း၊ ဗုဒ္ဓဘာသာတစ်ဦးအနေဖြင့် လူမျိုးဘာသာ မခွဲခြားဘဲ အရှိကိုအရှိအတိုင်း ကမ္ဘာသိအောင်ဆောင်ရွက်ခဲ့သည့်အတွက် အထူးလေးစားမိပါသည်။ဆရာမ၏ ပြောင်မြောက်သည့် သတ္တိကိုလည်း ချီးကျူးပါသည်။ ကော်မရှင်လူကြီးများလည်း လူမျိုးဘာသာမခွဲခြားဘဲ တရားဥပဒေနှင့် အညီ စုံစမ်းဖော်ထုတ်မည်ဟု ယုံကြည်ပါသည်။
  • နာတတ်ရင်တော့ ကိုယ်ချင်းစာတတ်သင့်ပြီ
    နာတတ်ရင်တော့ ကိုယ်ချင်းစာတတ်သင့်ပြီ
    အောက်တိုဘာ၊ ၆၊ ၂၀၁၂
    M-Media
    ဇေယျာသူ
    အခုတလော ကျွန်မလည်း စာမရေးဖြစ်ပဲ စာတွေပဲဖတ်ဖြစ်နေတယ်။ ဒီရက်ပိုင်းမှာ ထူးထူးခြားခြား သတိထား ဖတ်မိနေတာက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘုန်းကြီးကျောင်းတွေကို မီးရှို့တဲ့သတင်းကစထွက်ပေါ်လာကတည်းက အခုနောက်ဆုံး အခြေအနေထိကို ဆက်တိုက်ဖတ်ဖြစ်နေတယ်။
    ကျွန်မကတော့ ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်ကပဲဖြစ်ဖြစ် အကြမ်းဖက်လုပ်ရပ်လုပ်တာမျိုးကို မနှစ်သက်ပါဘူး။
    ဘင်္ဂလားဒေရှ် နိုင်ငံ သတင်းနှင့် ပြန်ကြားရေး ၀န်ကြီး ကန့်ကွက် ဆန္ဒပြနေစဉ်။ (ဓါတ်ပုံ- Star)
    “ဘင်္ဂလားဒေ့ရှ် နိုင်ငံ ပြည်ထဲရေး ဝန်ကြီးက မိမိတို့ အစိုးရ အဖွဲ့သည် နိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာဝင်များကို အကာအကွယ် ပေးသွားမည်ဟု အတည်ပြု ပြောကြားလိုက်သည်။ ဝန်ကြီးချုပ် ရှိတ်ခ်ခီနာ အစိုးရသည် နိုင်ငံအတွင်းရှိ လူနည်းစုဖြစ်သော ဗုဒ္ဓဘာသာဝင်များအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့် အစ္စလာမ်မစ် အစွန်းရောက် ဝါဒီများကို တိုက်ရိုက် ဝေဖန်မှု ပြုလုပ်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ပြည်ထဲရေး ဝန်ကြီးက မိမိတို့ အစိုးရ အဖွဲ့သည် နိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာဝင်များကို အကာအကွယ် ပေးသွားမည်ဟု အတည်ပြု ပြောကြားလိုက်သည်။ ဝန်ကြီးချုပ် ရှိတ်ခ်ဟဆီနာ အစိုးရသည် နိုင်ငံအတွင်းရှိ လူနည်းစုဖြစ်သော ဗုဒ္ဓဘာသာဝင်များအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့် အစ္စလာမ်မစ် အစွန်းရောက် ဝါဒီများကို တိုက်ရိုက် ဝေဖန်မှု ပြုလုပ်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ် တောင်ပိုင်းတွင် အစ္စလာမ် ဘာသာဝင်များက ဗုဒ္ဓဘာသာ ဘုရားကျောင်းများနှင့် ဗုဒ္ဓဆင်းတုတော်များကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့မှုနှင့် ပတ်သက်ပြီး မိမိတို့ ရှုတ်ချကြောင်း ပြည်ထဲရေးဝန်ကြီး မိုဟေဒင် ခန်အလမ်ဂီက သတင်းထောက်များနှင့် တွေ့ဆုံစဉ် ထုတ်ဖော် ပြောကြားသွားခဲ့သည်။”
    “အတိုက်အခံ ပါတီ၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ခါလီဒါဇီရာကမူ အစိုးရသည် လူနည်းစု ဗုဒ္ဓဘာသာဝင်များကို အကာအကွယ်ပေးရန် ပျက်ကွက်ခဲ့ကြောင်း စွပ်စွဲသွားသည်။ သူမက အစိုးရအနေဖြင့် ယခုကိစ္စကို အမြတ်ထုတ်ကာ အတိုက်အခံ အင်အားစုများကို ဖြိုခွဲရန် ရည်ရွယ်ထားကြောင်း အပြစ်ဖို့ခဲ့သည်။ “သိပ်ကောင်းတဲ့ အစီအစဉ် တစ်ခုပါပဲ။ ဖြစ်ရပ်အားလုံးရဲ့ နောက်ကွယ်မှာ ရည်ရွယ်ချက် မကောင်းတဲ့ လှုံ့ဆော်မှုတွေ ရှိနေပါတယ်”ဟု ဇီရာက ဆိုသည်။ မြန်မာနိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေသော နေရာဒေသ တစ်လျှောက်တွင် ယခုအခါ ဘင်္ဂလားဒေ့ရှ် အစိုးရက လူအများ စုရုံးမှုကို ပိတ်ပင်တားဆီးထားပြီ ဖြစ်သည်။”
    ဘင်္ဂလားဒေ့ရှ်တွင် ဗုဒ္ဓဘာသာ ကိုးကွယ်သူ အရေအတွက်မှာ နိုင်ငံလူဦးရေ၏ (၁)ရာခိုင်နှုန်း ဝန်းကျင်သာ ရှိပြီး ယခင်ကမူ မတူညီသော ကိုးကွယ်ယုံကြည်မှု နှစ်ခုကြား အများအားဖြင့် ငြိမ်းချမ်းစွာ နေထိုင်ခဲ့ကြသည်။ တနင်္လာနေ့ကလည်း ရွက်ဖျင်တဲများဖြင့် ယာယီနေထိုင်နေရသော ဗုဒ္ဓဘာသာဝင်များအား အစ္စလာမ် ဘာသာဝင် မိသားစုများက အစားအသောက်များ လာရောက် ကူညီ လှူဒါန်းခဲ့သလို အိုးမဲ့အိမ်မဲ့ ဖြစ်သွားသည့် ဗုဒ္ဓဘာသာဝင် အချို့ကို အစ္စလာမ် ဘာသာဝင်များ၏ နေအိမ်ဘေးတွင် ယာယီအခန်းများ ဆောက်လုပ်ပေးကာ နေထိုင်နေစေကြောင်း သတင်းများက ဖော်ပြသွားသည်။
    နောက်သတင်းတပုဒ်မှာ  ဗုဒ္ဓဘာသာဝင်များကို အကာအကွယ်ပေးမည်ဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီး ပြောကြားသွားတဲ့သတင်းကို ဖတ်ရတော့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းပုံကို လေးစားမိတယ်။ တောင်ကုတ်မှာ အပြစ်မဲ့ မြန်မာမွတ်စလင်မ် (၁၀) ယောက် လူမဆန်တဲ့ နည်းလမ်းတွေနဲ့ နေခင်းကြောင်တောင်ကြီး မင်းမဲ့စရိုက်ဆန်ဆန် ရိုက်သတ်ခံရတုံးက ဘယ်တာဝန်ရှိသူ တစ်ဦးမှ ဝမ်းနည်းကြောင်း တရားဝင်မပြောခဲ့ဘူး။ လူနည်းစုကို ကာကွယ်မယ်ဆိုတဲ့ အသံ မထွက်ခဲ့ဘူး။ မြန်မာအများစုရဲ့ စာနာဖေးမမှုအစား ဆိုရှယ် မီဒီယာတွေမှာ အဆဲသံတွေ မိုးမွှန်နေခဲ့တယ်။ ကျွန်မတို့မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ကိစ္စရပ်ဟာ အခုဆိုရင် ၄-လအထိ ကြာမြင့်လာပြီဖြစ်ပေမယ့် ဘာတစ်ခုမှ ရေရေရာရာ မထွက်ပေါ်လာခဲ့ပါဘူး။ ဒီကြားထဲ ကိုယ်ချင်းစာမေတ္တာတရားကြီးမားပါတယ်ဆိုတဲ့ မြန်မာအများ(အများစု)က ဘာမသိညာမသိ ရခိုင်က အခြေအနေတွေကို သေချာမသိပဲ မျက်ကန်းမျိုးချစ်တွေအဖြစ် တိုးပွားလာခဲ့ကြတယ်။ တကယ်တမ်း ရခိုင်မှာဖြစ်နေတဲ့ အခြေအနေတွေဟာ Media တွေရဲ့ တဘက်သတ်ဆန်လွန်းတာတွေကြောင့် ပြဿနာတွေပိုကြီးလာခဲ့တယ်။
    တကယ်တမ်းတော့ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ ကိစ္စရပ်ကို ကျွန်မတို့အဝေးကနေသူတွေက ဘာကိုမှရေရေရာရာ မသိကြတာပါ။ ရခိုင်ကပြန်လာသူတွေကို သူတို့အတွေ့အကြုံတွေကို ကျွန်မမေးကြည့်တော့ ဖျက်ဆီးခံရတဲ့ ဗလီတွေလည်းရှိပါတယ်။ မွတ်စလင်မ်အများစုက ပိုပြီးဒုက္ခရောက်နေကြရပါတယ်။ ကဲ … ဒီလိုဖြစ်နေတဲ့ အခြေအနေတွေကို ကျန်တဲ့မြန်မာပြည်သူပြည်သားတွေ ဘာကြောင့်မြင်အောင် မကြည့်တတ်ကြတာလဲ။ မမြင်ချင်ယောင် ဆောင်နေကြတာလဲ။ ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေလို့ပဲ ဘာကြောင့် တထစ်ချ စွတ်စွဲနေကြတာလဲ။ ရခိုင်ပြည်နယ်မှာ ဘိုးဘွားစဉ်ဆက် နေထိုင်လာကြတဲ့ မွတ်စလင်မ်တွေ ရှိနေတယ်ဆိုတာကို ဘာလို့လက်မခံကြတာလဲ။ မြေမြိုလို့လူမျိုးမပြုတ်၊ လူမြိုမှ လူမျိုးပြုတ်မယ် ဆိုတဲ့စကားကို လက်ကိုင်ထားပြီး လူသားချင်းစာနာမှုကို ဘာလို့မျက်ကွယ်ပြုကြတာလဲ။ ဒါက ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ ကိစ္စရပ်ပါ။ အခု ဘင်္ဂလားဒေ့ရှ်မှာ ဖြစ်သွားတဲ့ကိစ္စရပ်ဟာလည်း ရခိုင်ကိစ္စနဲ့ပြောင်းပြန် အချိုးကျနေတယ်လို့ ကျွန်မသုံးသပ်မိတယ်။ ဒီလိုအခြေအနေမှာ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ပြည်သူတွေက ဘယ်လိုတုန့်ပြန်ဖြေရှင်းနေကြသလဲ။ ကျွန်မတို့ မြန်မာနိုင်ငံနဲ့ ကွာခြားချက်ကတော့ သိသိသာသာကြီးကို မြင်လိုက်ရပါတယ်။ မေတ္တာတရား ကြီးမား ပါတယ်ဆိုတဲ့ မြန်မာတို့ရဲ့ မေတ္တာတရားတွေ ဘယ်မှာလဲ။
    ကဲ – အဓိကပြောချင်တဲ့အကြောင်းအရာကို ဆက်ပြောပါ့မယ်။
    အဲဒါတွေကိုတွေ့တော့ ကျွန်မ တော်တော်တော့ရီချင်တယ်။ ကိုယ့်အမိမြန်မာနိုင်ငံမှာ ကိုယ့်လူအများစုက လူနည်းစုကို အနိုင်ထက်စီးနင်းလုပ်နေတာကို တစ်ခြားသူတွေက ပြောတော့ ဟိုလူ့ကန့်ကွက်၊ ဒီလူကန့်ကွက်နဲ့ လုပ်လိုလုပ်။ အမျိုးချစ်နေရင် ခေါ်သွားကြဆိုပြီးတော့တောင် ပြောလိုက်ကြသေးတယ်။ ထားပါတော့။ ‘ဂျူးမား၊ မရမာကြီးများသင်တို့နှင့်ကျွန်ုပ်တို့ ထပ်တူရှိပါသည်။’  ‘လူနည်းစုတို့၏ အခွင့်အရေးကို လေးစားပါ’တဲ့ တကယ်ကောင်းတဲ့ ဖေးမမှုလေးပါပဲ။ ဖြစ်သင့်ပါတယ်။ ကျွန်မလည်း ကိုယ့်အမိမြန်မာနိုင်ငံကို ထိပါးစော်ကားလာရင် အားလုံးနဲ့တစ်သားတည်း အဲလိုပဲ ရှိမှာပါပဲ။ မကောင်းမှုလုပ်ရင် ၀ဋ်ဆိုတာလည်တတ်တယ်၊ သံသရာရဟတ် တပတ်လည်တတ်တယ်ဆိုတာကို ကျွန်မတို့ လုံးဝမမေ့သင့်ပါဘူး။ ဒီတော့ ကိုယ့်ကို ထိတော့ နာတတ်ကြသလို “သြော် သူတို့မှာလည်း ……….” ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေးရှိခဲ့မယ်ဆိုရင်တော့ ………………………. ။
  • “ရန်ကုန်မြို့ရဲ့ သမိုင်းတစွန်းတစ နဲ့ လူမျိုးများ ဝင်ရောက် အခြေချနေထိုင်ပုံ”
    “ရန်ကုန်မြို့ရဲ့ သမိုင်းတစွန်းတစ နဲ့ လူမျိုးများ ဝင်ရောက် အခြေချနေထိုင်ပုံ”
    မူရင်းဆောင်းပါးရှင် – ဝါးလုံးရှည်အတီး
    တို့မြန်မာတွေရဲ့ အမြင်စူးရှပြီး တလွဲဆံပင်ကောင်းပုံတချို့ကိုအနည်းငယ်ထင်ပြလိုပါတယ်ခင်မျာ။အခုတလော အတီးတင်တဲ့ရှေးဟောင်းပုံတွေမှာပါလာတတ်တဲ့ ကိုယ့်အဘိုးအဘွား အရွယ်လောက်ရှိတဲ့ လူမျိုးခြားတွေကို တချို့ကဘုမသိ၊ဘမသိနဲ့ အသားလွတ် ဝင်ရောက် ဆဲဆိုတာတွေ၊နောက်ပိုင်းမှ နိုင်ငံကို အခြေချလာပြီး အောက်တန်းစားအလုပ်တွေကို လုပ်ကိုင်နေကြသူတွေ အဖြစ် ရှု့မြင်လာကြတာကို အတော်များများတွေ့လာရပါတယ်။
    အလောင်းမင်းတရားကြီးလက်ထက် ရန်ကုန်မြို့မြေပုံ(၁၇၅၅ ခုနှစ်)
    Photo via Ye Myat Thu
    ဒီလို မိုက်ရိုင်းတဲ့ အယုတ္တ အနတ္တ စကားလုံးတွေကိုတော့ ကောမန့်ကနေဖယ်ရှားတာကလွဲပြီး ဘာမှတုံ့ပြန်မှာမဟုတ်ပေမဲ့လဲ ပြန်ကြားရေး စာအုပ်ထဲက လေသံဖြင့် ရန်ကုန်မြို့ သမိုင်းကို ဝေဖန်မိသော လူများအတွက်တော့ ဖြေရှင်းချက်ပေးပါရစေ။ တကယ်တော့ ဒါတွေဟာ သိပ်အထူးအဆန်းတော့လဲ မဟုတ်လှပါဘူး။ ကျွန်တော်တို့ရဲ့ ပညာရေးစနစ်ကြီးဟာ မျိုးဆက်နှစ်ခုစာမက အမှောင်ချခံထားရတဲ့ ဖတ်စာအုပ်တွေနဲ့ ကြီးပြင်းလာရလို့ပါပဲ။ ဒီလိုပြောလို့ ကျွန်တော်ဟာလဲ သမိုင်းပညာရှင်ကြီးမဟုတ်ပဲ ဝါသနာအရ အလွတ်တန်း လေ့လာလိုက်စားတဲ့ ဝါသနာရှင်တဦးသာဖြစ်ကြောင်းကိုကြိုတင်အသိပေးထားပါရစေ။ ဆက်လက်ပြီး “ရန်ကုန်မြို့ရဲ့ သမိုင်းတစွန်းတစ နဲ့ လူမျိုးများ ဝင်ရောက်အခြေချနေထိုင်ပုံကို ကျွန်တော် လက်လှမ်းမှီသလောက်လေး တင်ပြပေးပါရစေ။
    တကယ်တော့ ဒီ တရုတ်၊ကုလားစတဲ့ လူမျိုးတွေဟာ အများထင်သလို အင်္ဂလိပ်လက်ထက်လောက်မှာမှ ရုတ်တရက်ကြီး ဝင်ရောက်အခြေချပြီး လူဦးရေဗုံးဘောလလော တိုးပွါးလာတာမဟုတ်ပါဘူး။ကိုလိုနီခေတ်မရောက်မှီ အောက်မြန်မာနိုင်ငံကိုမြန်မာများမသိမ်းပိုက်မှီ မွန်ဘုရင်များ အာဏာသက်ရောက်စဉ်ကာလတွင်းမှာပင် ဒဂုံ၊သန်လျင်၊ အစရှိတဲ့ အရပ်ဒေသများကိုဝင်ရောက်အခြေချနေထိုင်မှူတွေရှိနေပြီဖြစ်ပြီး မြန်မာဘုရင်များ ရန်ကုန်မြို့ကို အာဏာသက်ရောက်စဉ်မှာတော့ သူတို့ရဲ့အခြေချမှုဟာ အတော်လေးကို ခိုင်မာနေပြီဖြစ်ပါတယ်။ ဒီလိုပြောလို့ ကျွန်တော်လက်လွတ်စံပယ်ရမ်းပြောတာမဟုတ်ပါဘူး။ တကယ်ရှိခဲ့တဲ့ ရန်ကုန်မြို့ရဲ့ သမိုင်းအမှန်ကိုတင်ပြနေခြင်းသာဖြစ်ပါတယ်။ကောင်းပါပြီ။ ဆက်လက်ပြီး အထောက်အထားများနဲ့တင်ပြပေးပါ့မယ်။
    ၁၃ ရာစုမတိုင်မှီကပင် အိန္ဒိယ၊အာရပ် ရေကြောင်းသွား ကုန်သည်တို့သည်မလက္ကာရေလက်ကြားနှင့် အင်ဒိုနီးရှား ဂျာဗားကျွန်းသို့ အသွား သန်လျင်မြို့တွင် ခရီးတထောက် နားကာ ရေချိုနှင့်စားနပ်ရိက္ခာဖြည့်တင်းခြင်း၊ သင်္ဘောကြံ့ခိုင်မှူများ ပြန်လည်စစ်ဆေးခြင်း၊တည်ဆောက်ခြင်းများရှိနေပြီဖြစ်ပါသည်။
    မွန်ဘုရင် ရာဇာဓိရာဇ်(ခေါ်)ဗညားနွဲ့(၁၃၈၃-၁၄၂၁) ဟာ အိမ်နိမ့်စံ မင်းသားဘဝနှင့် ဒဂုံ(ရန်ကုန်)အရပ်ကို အခြေစိုက်ပြီး ဟံသာဝတီထီးနန်းကို ပုန်ကန်ခြားနားစဉ်က ရာဇာဓိရာဇ်ဟာ အိန္ဒိယပင်လယ်မှရောက်ရှိလာကြတဲ့ မွတ်စလင် အာရပ် သင်္ဘောသားတွေရဲ့အကူအညီကို ရယူခဲ့တာ ယုံမှားသံသယဖြစ်ဖွယ် မရှိကြောင်းကို B. R. Pearn ရေးသားတဲ့ A History of Rangoon စာအုပ်မှာ ဒီလိုရေးသားထားပါတယ်။
    During his occupation of Dagon, Razadarit had been aided by certain Muslim seamen, doubtless some of the Arabs who traded across the Indian Ocean so freely in these days; and this would suggest that the River was now being frequented by foreign sailors who took their merchandise through the Delta creeks to Pegu.
    အလောင်းမင်းတရားကြီး လက်ထက် ၁၇၅၅ အရောက်မှာတော့ လူမျိုးခြားများရဲ့ ရန်ကုန်မြို့မှာ အခြေချနေထိုင်မှူကို နဂါးဗိုလ်ထိပ်တင်ဒွေးပြုစုသော ရန်ကုန်မြို့ သမိုင်းစာအုပ်ရဲ့ စာမျက်နှာ ၂၄ မှာဒီလိုရေးသားထားပါတယ်။
    (အရှေ့နှင့်အနောက်ဖောက်လုပ်ထားသော လမ်းမှာယခုကမ်းနားလမ်း မြောက်ဘက်အနီးတွင်ရှိ၍ကုလားတန်းဟုခေါ်သည်။ကုလားတန်းဟုခေါ်ခြင်းမှာ အိန္ဒိယတိုင်းသားများနှင့် ဥရောပတိုက်သားများ ထိုစဉ်အခါက ဝင်ရောက်အခြေချနေထိုင်သည်ကို အစွဲပြု၍ကုလားတန်းဟုခေါ်သည်။အင်္ဂလိပ်ကိုကုလားဖြုဟုခေါ်၍ အိန္ဒိယတိုင်းသားများကို ကုလားမဲဟုခေါ်သည်။မြို့တွင်း၌ မြို့ဝန်မင်းအိမ်တော်နှင့် ရုံးတော် စစ်ကဲ၊စစ်ကြပ်၊ဗိုလ်မှူးစသော အရာရှိအိမ်များ၊ မဟာမေဒင် ဘလီ ၊ဘုရင်ဂျီ ဘုရားရှိခိုးကျောင်း၊အာမေနိယံ ဘုရားရှိခိုးကျောင်းနှင့် အကောက်ရုံးတော်နှင့် ဆင်းရဲသားအိမ်များရှိသည်။နိုင်ငံခြားသားများသည် ရောင်းဝယ်ဘောက်ကား၍နေထိုင်ကြသည်။သင်္ဘောဆိပ်များနားတွင် ကုန်တင်ကုန်ချရန်ပစ္စည်းများကို သိုလှောင်ရန်ဂိုဒေါင်များရှိသည်။၎င်းသင်္ဘေင်္ာဆိပ်သုံးခုအနက် တခုမှာ ယခုလတ္တာလမ်းတွင် တရုတ်လူမျိုးတို့၏ သင်္ဘောများ ဆိုက်ကပ်ရန်မြန်မာမင်း၏ ခွင့်ပြုချက်အရ သင်္ဘောဆိပ် တခုရှိသည်။တရုတ်လူမျိုးများလည်းတစတစဝင်ရောက်စီးပွါးရှာပြီးလျှင် ဆိပ်ကမ်းအနီးတွင် ရပ်ကွက် သီးခြားနေထိုင်ကြသည်။ ကျန်သင်္ဘောဆိပ်တခုမှာ အခြားနိုင်ငံများမှလာသော သင်္ဘေင်္ာများဆိုက်ကပ်ရန်ဖြစ်သည်။ဥရောပတိုက်သားများသည် ရန်ကုန်မြို့၌လာရောက်နေထိုင်ကြသည်။၎င်းတို့အနက် အချို့ကား ကုန်သည်များဖြစ်ကြ၏။ တချို့ကား မြန်မာဘုရင်များထံ၌ ကျေးတော်မျိုး၊ကျွန်တော်မျိုး အဖြစ် ဝင်ရောက်အမှုထမ်းကြ၏။မစ္စတာ ဂျောင်းဆေးဆိုသူနှင့် ဘာဘာရှိန်(Mr Jhaunsay and Baba Sheen)တို့သည် အကောက်ခွန်အရာရှိနှင့် အခွန်ဝန်အဖြစ် ဆောင်ရွက်ကြသည်။) ဟူ၍ အထင်အရှားပါရှိပါသည်။
    တဖန် B. R. Pearn ရေးသားတဲ့ A History of Rangoon စာအုပ်ထဲမှာလဲ ဒီလိုဖော်ပြထားပါသေးပါတယ်။
    inside the stockade, which, as suburbs grew up, came to be known as “the Fort” (the strict meaning of the Burmese myo), the town consisted primarily of three streets running east to west, and two running south to north; l there were other minor streets also, including one immediately behind and parallel to the southern side of the sodckade. The southernmost of the major east-west streets, running slightly north of the present Strand Road, came to be known as the Kaladan, “the street of the foreigners”, because most of the foreign merchants lived there.
    အင်္ဂလိပ်လူမျိုးကော၊မြန်မာလူမျိုးက ပါပြုစုထားတဲ့ရာဇဝင်ကျမ်းအချက်မှန်၊မမှန်ကို ကျွန်တော်တင်ပြထားတဲ့ပုံမှာပါရှိတဲ့ ဗလီများ။ ဘုရားရှိခိုးကျောင်းများ၊အာမေးနီးယမ်း သချိုင်းနေရာများနဲ့တိုက်ဆိုင်စစ်ဆေးနိုင်ပါတယ်။
    ဒီအထောက်အထားတွေကိုကြည့်ချင်းအားဖြင့် ဝင်ရောက်အခြေချနေထိုင်သူတွေဟာ သူတို့ရဲ့ ကိုယ်ပိုင် သာသနာကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ရှိသလိုဒေသခံများကနေ တခြားဘာသာများကို ကူးပြောင်းကိုးကွယ်တာမျိုးရှိနိုင်သလို လူမျိုးခြားကနေ ထေရဝါဒ ဗုဒ္ဓဘာသာ ကိုမိမိနှလုံးသားမှ ကြည်ဖြူစွာကူးပြောင်းသွားသူများလဲ ရှိပါတယ်။ သက်သေအဖြစ်ပြရမယ်ဆိုရင်ဖြင့် B. R. Pearn ရဲ့ A History of Rangoon စာအုပ်မှာပဲ ဒီလိုဖော်ပြထားပါတယ်။
    The easternmost road, which was an extension of the town road corresponding with modern Lewis Street, passed out through the Wungyi’s gate and was known as the Wungyi’s Road; the name was derived from the circumstance that the town road of which the Wungyi’s Road was the extension ran past the Myowun’s residence. This road ran from the gate in a direction slightly west of north and at about the point where the Sots Kirk now stands came on to the line of the modern Signal Pagoda Road and so to the Pagoda. These roads were both paved with bricks by a Muslim merchant who turned Buddhist.
    ဒါကိုကြည့်ချင်းအားဖြင့် ဝန်ကြီးလမ်း(ယခု အလံပြဘုရားလမ်း အနီးဟုခန့်မှန်းရ)လို့ခေါ်တဲ့ လမ်းကို အလံပြဘုရားလမ်းနှင့် ရွှေတိဂုံဘုရားထိရောက်အောင် ဖောက်လုပ်လှုဒါန်းခဲ့သူမှာ ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည်လာသူ မွတ်စလင် ကုန်သည်တယောက် ( Muslim merchant who turned Buddhist.) ဖြစ်ခဲ့တယ်ဆိုတာကို အထင်အရှားမြင်တွေ့နိုင်ပါတယ်။
    ဒီလောက်ဆိုရင်တော့ လူမျိုးခြားတွေဟာ အင်္ဂလိပ်ခေတ်လောက်မှ တပြုံတခေါင်းကြီးဝင်ရောက်လာတာမဟုတ်ဘူးဆိုတာကိုအားလုံး သဘောပေါက်ကျေနပ်နိုင်ကြမယ်ထင်ပါတယ်။ ကိုလိုနီခေတ်ရောက်မှ လူဦးရေတိုးတက်လာတာတော့ အမှန်ပါပဲ။ ဒီအကြောင်းကို လက်လှမ်းမှီသလောက်လေး ကျွန်တော်တင်ပြပေးပါရစေ။ အင်္ဂလိပ်တွေဟာ အောက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက်ပိုင်းမှာတော့ မြို့များတည်ဆောက်ရန်နှင့် မီးရထားလမ်းဖောက်လုပ်ရန် အတွက် လိုအပ်တဲ့လုပ်သားအများအပြင် စီးပွါးရေးလုပ်ကိုင်နိုင်တဲ့ အရင်းရှင်ကုန်သည်တချို့ကိုပါ အိန္ဒိယနိုင်ငံမှတဆင့်ခေါ်သွင်းလာခဲ့ပါတယ်။ ဒီနေရာမှာတော့ ဘာသာရေးနဲ့မဆိုင်တော့ဘူးလို့ထင်ပါတယ်၊ဘာကြောင့်ဒီလိုပြောနိုင်သလဲဆိုတော့ ဝင်ရောက်လာတဲ့ အလုပ်သမားအများစုမှာ ယေဘုယျအားဖြင့် အိန္ဒိယလူမျိုး ဟိန္ဒုဘာသာဝင်တွေဟာ မြို့ပြတည်ဆောက်ရေးလုပ်ငန်းခွင်တွေနဲ့အခြေခံလုပ်ငန်းခွင်များ။ အိန္ဒိယလူမျိုး ခရစ်ယာန်ဘာသာဝင်တွေ အတော်များများဟာ မီးရထားလမ်းဖောက်ရေး လုပ်ငန်းခွင်အတွင်း(ရန်ကုန် ပဲခူးမီးရထားလမ်းမတလျှောက် ထို အိန္ဒိယ -ခရစ်ယာန် ဘာသာဝင် ကျေးရွာကြီး တွေကို အခုထိတွေ့မြင်နိုင်ပါတယ်)အိန္ဒိယလူမျိုး အစ္စလာမ်ဘာသာဝင်တွေဟာ အရောင်းအဝယ်နှင့် ကုန်သည်လုပ်ငန်း၊အိန္ဒိယတောင်ပိုင်းသားဖြစ်တဲ့ ချစ်တီးလူမျိုးတွေဟာ ငွေတိုးချေးတဲ့လုပ်ငန်းတွေကို အားသန်လုပ်ကိုင်ကြတာကိုတွေ့ရပါတယ်။ ဒီတင်ပြချက်ဟာ ကျွန်တော်သိထားသလောက် အကြမ်းဖျင်းတင်ပြချက်သာဖြစ်ပြီး လူမျိုးတမျိုးကို အလုပ်အကိုင်တခုနဲ့ ဘယ်လိုမှတရားသေ တွဲစပ်လို့မရနိုင်ပါဘူးခင်မျာ။မည်သည့်လူမျိုးက မည်သည့်လုပ်ငန်းကိုလုပ်ကိုင်သည်ဖြစ်ပါစေ သမ္မာအာဇီဝါကျပြီး ရိုးသားဖို့ပဲလိုအပ်ပါတယ်။သူ့ဟာသူ ချီးပုံးပဲထမ်းထမ်း၊အမှိုက်ပဲ ကျုံးကျုံး ရိုးသားစွာရတဲ့ ငွေဖြစ်တဲ့ အလွန်ဖြုစင်ပါတယ်။
    ဒီအလုပ်တွေကိုအောက်တန်းစားအလုပ်အဖြစ် နှိမ့်ချရှုမြင်တဲ့လူဟာ သူရဲ့ပင်ကိုယ်အတွင်းစိတ်မကောင်းမှူနဲ့ စာဖတ်အားနည်းသူများလို့ပဲကျွန်တော်ရှူမြင်မိပါတယ်။ နောက်ပြီး တချိန်က ဒီလိုဘယ်သူမှမလုပ်ချင်ခဲ့တဲ့ အလုပ်တွေကိုလုပ်ခဲ့တဲ့ အိန္ဒိယနိုင်ငံဟာ အနူမြုဗုံးတောင် ပိုင်ဆိုင်နိုင်ပြီး ကျွန်တော်တော့ ရွှေမြန်မာတွေကတော့ လူများနိုင်ငံတွေမှာ ဒီလိုအလုပ်တွေလုပ်ဖို့ တစတစနဲ့ မွေးရပ်မြေကို စွန့်ခွါနေရတာကို လူတိုင်းသိနိုင်ပါတယ်။ ကံကြမ္မာ လှည်းဘီးဆိုတာမျိုးဟာ တပတ်လည်တတ်ပါတယ်။ဆင်ခြင်နိုင်ကြပါစေ။
    ဒီနေရာမှာ ကြုံလို့ပြောချင်တာကတော့ အများသိထားတဲ့နာမည်ကျော် ချစ်တီးလူမျိုးတွေဟာ မွတ်စလင်တွေမဟုတ်ကြပါဘူး။ခရစ်ယာန်ဘာသာကိုးကွယ်တဲ့လူများရှိသလို အမဲသား၊ဝက်သား မစားပဲ ဟိန္ဒု၊ဗုဒ္ဒဘာသာများဖြစ်ပါတယ်။ ကျွန်တော်ပြောတာကို မယုံဘူးဆိုရင်တော့ ရန်ကုန်မြို့က ချစ်တီးထမင်းဆိုင်တဆိုင်ထဲကို ဝင်ထိုင်ပြီး ဟေ့၊ အမဲသားဟင်းနဲ့တပွဲပေးစမ်းကွာလို့သာမှာကြည့်လိုက်ကြပါခင်မျာ။ နောက်ပြီး ကျွန်တော်တို့ ဖတ်စာအုပ်ထဲမှာ သင်ခဲ့ရတဲ့ တောင်သူလယ်သမားတွေကိုနှိပ်စက်ခဲ့တဲ့ ချစ်တီးတွေရဲ့ အတိုးနှုန်းဟာလေးကျပ်တိုးပါ။ ယခုအချိန်ကိုယ့်မြန်မာအချင်းချင်း အပေါင်မပါပဲချေးငှါးကြည့်လိုက်ပါ။ အနည်းဆုံး ၂၀ တိုးနဲ့ပဲရပါလိမ့်မယ်။ အပေါင်ပစ္စည်းပါရင်တော့ ဘယ်ဈေးလဲဆိုတာလူတိုင်းသိမှာပါ။ အင်္ဂလိပ်ခေတ်နဲ့ လက်ရှိခေတ်ငွေဖောင်းပွမှူကတော့ ကွာတာပေါ့လေ။
    တကယ်တော့ ဒီလိုပုံထဲမှာပါလာကြပြီး ဆဲဆိုခံနေရတဲ့လူတွေဟာ ဒုတိယကမ္ဘာစစ်မီး မြန်မာနိုင်ငံကို ကူးစက်လာချိန် ၁၉၄၂ ခုနှစ်မှာ အိန္ဒိယနိုင်ငံဘက်ကို မှီရာ သင်္ဘော၊ကား၊ရထားသုံးပြီး အမြန်ပြန်ပြေးရပါတော့တယ်။ဘာယာဉ်မှ အသုံးပြုဖို့ မမှီလိုက်သူတွေကတော့ ကြမ်းတမ်းတဲ့လမ်းခရီး ကို ကခြေလျင် ပြန်ပြေးရပါတော့တယ်။ အဲလိုပြန်ပြီး စစ်ဘေးဒါဏ်ရှောင်တဲ့လူတွေရဲ့တဝက်လောက်ကတော့ စစ်ဘေးဒါဏ်၊ရာသီဥတု၊ငတ်မွတ်ခေါင်းပါးမှူနဲ့ ရောဂါဘယများအစရှိတဲ့ အကြောင်းအမျိုးမျိုးကြောင့် အိန္ဒိယနိုင်ငံဘက်ကို မရောက်မှီလမ်းမှာပဲ ဇီဝန်ကြွှေသွားကြပါတော့တယ်။
    ကိုလိုနီခေတ်ရန်ကုန်မြို့နေလူထုဟာ မြန်မာလူမျိုးများထက် ဥရာပတိုက်သားများ၊ လူမျိုးခြားများက ပိုမိုများပြားပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ရောင်စုံသူပုန်သာင်းကျန်းသူတွေရဲ့ ရန်ကြောင့် နယ်ဝေးနေ မြန်မာလူမျိုးများရန်ကုန်မြို့ကိုတိုးတက် အခြေချလာခြင်းသာဖြစ်ပါတယ်။
    အချုပ်အားဖြင့်ပြောရမယ်ဆိုရင်ဖြင့် အတီးတင်ပေးထားတဲ့ဓာတ်ပုံဟာ တချိန်ကကိုယ့်နိုင်ငံရဲ့ သမိုင်းဟာ ဒီလိုတောက်ပြောင်ခဲ့တယ်ဆိုတာတယ်၊ အများပြည်သူ ဗဟုသုတရစေနိုင်ဖို့သာရည်ရွယ်ပါတယ်ခင်မျာ။သူ့ဟာသူ တကယ်တည်ရှိခဲ့လို့ ဓာတ်ပုံထဲမှာပါလာတဲ့ ကိုယ့်အဘိုး၊အဘွားအရွယ်တွေကို တလွဲမာန နဲ့ အသားလွတ်ထိုင်ဆဲဖို့မဟုတ်ပါဘူးခင်မျာ။ ဒါမှ မဟုတ်ပဲ ဒါငါ့နိုင်ငံကွ မနေချင်ထွက်သွားဆိုတဲ့လူများအတွက်လဲ တခုပြောချင်ပါတယ်။ သူတို့တွေကို ဘယ်သူမှ မောင်းထုတ်ဖို့မလိုပါဘူးခင်မျာ။ တစတစ ယိုယွင်းလာပြီဖြစ်တဲ့ မွေးရပ်မြေကို လူမျိုးခြားတွေရော၊ မြန်မာလူမျိုးတွေ ကိုယ်တိုင်ပါ ရေကြည်ရာမျက်နုရာ ထွက်ခွါနေကြတာ လူတိုင်းအမြင်ပါပဲ။ဒါမှ မဟုတ်ရင်လဲ အတီးတင်ပေးထားတဲ့ ပုံလေးတွေကို ဒေါင်းလုပ်ချ။ ပြီးရင် ဖိုတိုရှော့ထဲထည့်။ မမြင်ချင်တဲ့ ကုလားများ၊တရုတ်များ ကို ဖယ်ရှားပစ်ပြီးတော့ “တချိန်တုန်းက အရှေ့တောင်အာရှမှာ အလှဆုံးဖြစ်ခဲ့ဖူးသော မြန်မာလူမျိုးသီးသန့် နေထိုင်သည့် မဟာရန်ကုန်ရွှေမြို့တော်” တို့ “လူမျိုးခြား ကင်းစင် မြန်ပြည်တခွင်” တို့ဘာတို့လို ခေါင်းစဉ်များတပ်ပြီး ပျော်ပျော်ပါးပါးကြီးသာ ရှဲကြပေလေတော့။
    ကျွန်တော်ဟာ သမိုင်းပညာရှင်မဟုတ်ပဲ အလွတ်တန်း လေ့လာတဲ့ ဝါသနာရှင်တယောက်သာဖြစ်တဲ့ အတွက် ကျွန်တော့တင်ပြချက်မှာ အမှားအယွင်းများ ပါရှိခဲ့သည်ရှိသော် ထောက်ပြဝေဖန်ပေးပါရန်စာရှူသူမိတ်ဆွေများအား လေးစားစွာပန်ကြားအပ်ပါသည်။ ဒီပို့စ်ဟာ ကုလားသမိုင်း၊တရုတ်သမိုင်း မဟုတ်သလို ရိုဟင်ဂျာသမိုင်းလဲမဟုတ်ပါ။ရန်ကုန်မြို့သမိုင်းစစ်စစ်သာဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အပြုသဘော ဆောင်သော ဆွေးနွေးချက်များ၊ဝေဖန်ချက်များကို တလေးတစားနှင့်ပြန်လည်ဖြေကြားမှာဖြစ်သောလည်း ပို့စ့်နှင့်မဆိုင်သော ကိစ္စများနှင့် ရိုင်းစိုင်းသော ကောမန့်များကိုတော့ ဖယ်ရှားရမည်ဖြစ်ကြောင်းကိုဝမ်းနည်းစွာဖြင့် ကြိုတင်အသိပေးလိုက်ရပါတယ်ခင်ဗျာ။
    အကိုးအကား
    နဂါးဗိုလ်ထိပ်တင်ဒွေးပြုစုသော ရန်ကုန်မြို့သမိုင်း
    B. R. Pearn, Corporation of Rangoon, American Baptist Mission Press, Rangoon, 1939 ရေးသားသော A History of Rangoon
    http://www.tuninst.net/Myanmar/Hist_Rgn/found-rgn/alaungpaya-rgn1/alaungpaya-rng1.htm#ALAUNGPAYAS-RANGOON-1
    Photo via Ye Myat Thu
    မူရင်းဆောင်းပါးရှင် – ဝါးလုံးရှည်အတီး ၏ FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
  • စုံစမ်းစစ်ဆေးရေး ကော်မရှင်သို့ အကြံပြုစာ-အပိုင်း(၂) /ပဋိပက္ခဖြစ်ရသည့် မူလအကြောင်းခံများ
    စုံစမ်းစစ်ဆေးရေး ကော်မရှင်သို့ အကြံပြုစာ-အပိုင်း(၂) /ပဋိပက္ခဖြစ်ရသည့် မူလအကြောင်းခံများ
    စက်တင်ဘာ၊ ၁၉၊ ၂၀၁၂
    စာတမ်းပြုစုရေးသားသူ
    ဖိုးလှိုင် (B.Sc, H.G.P,R.L)
    အခန်း-၁
    (၁) တည်ငြိမ်အေးချမ်းမူ ပျက်ပြားစေသော ပဋိပက္ခဖြစ်ပွားရသည့် အကြောင်းရင်းများ
    (က)ပဋိပက္ခဖြစ်ရသည့် လတ်တလောအကြောင်းရင်းများ
    (၁) မုဒိန်းမှုကျူးလွန်သူတရားခံများ၊
    (၂) ရဲအချုပ်တွင် ဆွဲကြိုးချသေဆုံးမှုနှင့်စပ်လျဉ်း၍ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ငယ်ဖွဲ့ ၍ဖော်ထုတ်ရန်၊
    (၃) သရက်သီးခူးထွက်သူ တရားခံအတု ၂ဦး၊
    (၄) ရခိုင်ပဋိပက္ခကြီးသည် တိုက်ဆိုင်မှုလား ဖန်တီးမှုလား၊
    (၅) ၁၀လောင်းပြိုင်လူသတ်မှု၊  (အပိုင်း-၁) တွင် ဖော်ပြထားပြီးဖြစ်သည်။
    (ခ)ပဋိပက္ခဖြစ်ရသည့် မူလအကြောင်းခံများ
    (၁) ပြန်ကြားရေးဝန်ကြီးဌာန၏ သဘောထားမမှန်
    (၂) သမိုင်းဖျောက်ဖျက်ခြင်း
    (၃) မမှန်သတင်းဖြန့်ခြင်း၊ ပုံကြီးချဲ့ခြင်း
    (၄) နယ်များတွင် အသုဘချရန် လူငယ်များမရှိ
    (၅) အမိန့်မရလျှင် ရေတောင်မသောက်ရ
    (၆) (၁၉၈၂)ခုနှစ် နိုင်ငံသားဥပဒေကိုဖောက်ဖျက်ကျူးလွန်သူဘယ်သူလဲ အပိုင်း (၂) တွင်ဖော်ပြပါမည်။
    (၇) ကမ္ဘာကသိသော ကမ္ဘာကျော် နဂါးမင်းစီမံချက်
    (၈) လှေစီးပြီး ပင်လယ်သမုဒ္ဒရာထဲသို့ ထွက်ပြေးကြမလား လိုက်ချင်လျှင် ပိုက်ဆံပေး
    (၉) ပြည်တွင်းနေ ခရီးသွားများအား သတ်ဖြတ်ကြ
    (၁၀) ပင်လယ်သမုဒ္ဒရာထဲသို့ ထွက်ပေါက်ပေးပါ
    (၁၁) ဘယ်ဘက်လက်မောင်းတွင် ကျောက်ရောဂါကာကွယ်ဆေးထိုး ထားပါသလား
    (၁၂) ချင်းပြည်နယ်နှင့် ဘင်္ဂလားဒေ့(ရှ်)နယ်စပ်ရှိ ချင်းပြည်သူများ နိုင်ငံခြားသို့ ဘယ်အပေါက်မှ ထွက်ပြေးကြသလဲ
    (၁၃) ပိန်းရွက်စားကြမလား
    (၁၄) စကပ်ချွတ် – ထဘီဝတ် – ထဘီချွတ် – စကပ်ဝတ် ပဋိပက္ခ၏မူလအကြောင်းခံတစ်ရပ်
    (၁၅) ရွာဘုရား ရွာသား မလေးစား
    (၁၆) တော်လှန်ရေးကောင်စီ၏ လူမျိုးစု (၁၃၅)မျိုး
    (၁၇) လူမျိုးစု (၁၄၄)မျိုးစာရင်း ဘယ်ပျောက်နေသလဲ (၉)မျိုး ဘယ်လို ပျောက်သွားသလဲ
    (၁၈) အကြမ်းဖက်သမားက ကိုဆိုဗိုနှင့် ပါလက်စတိုင်းကို ထောက်ပြ၍ လှုံ့ဆော်ခြင်း
    (၁၉) ရခိုင်ပြည်နယ်ပဋိပက္ခသည် ဘာသာရေးပဋိပက္ခဟုတ်/မဟုတ်
    (၂၀) ဝတ်ကျောင်းတော်များနှင့် စာသင်ကျောင်းများကို ဖျက်ဆီးခြင်း
    (၂၁) ပုဒ်မ(၁၄၄)ကို အကာအကွယ်ယူ၍ တိုက်ခိုက်ခြင်း
    (၂၂) လူမျိုး(၂)မျိုးကြား ရန်တိုက်ပေးနေပါသလား
    (၂၃) အင်းစိန်ထောင်မှ နှစ်ရှည်ထောင်ကျ ရိုဟင်ဂျာ-မူဂျာဟစ်များ၊ ဘယ်ပျောက်သွားသလဲ
    (၁) ပြန်ကြားရေးဝန်ကြီးဋ္ဌာန၏ သဘောထားမမှန်
    ပြန်ကြားရေးဝန်ကြီးဋ္ဌာနသည် မူလကတည်းက သဘောထားမမှန်သည့် အကြောင်းခံများစွာရှိပါသည်၊ အချို့ ကို တင်ပြလိုပါသည်၊ ကျောက်နီမော် မုဒိန်းမှုနှင့် တောင်ကုတ်လူသတ်မှုတို့ နှင့်စပ်လျဉ်း၍ သတင်းကြေညာပုံ သဘောထား မမှန်ကြောင်း၊ အားလုံးသိပြီးဖြစ်သည်။ သတင်းစာပြင်ဆင်ချက်တွင်လည်း သဘောထားမမှန်ကြောင်း သိရပြန်ပါသည်။ ၎င်းတို့ ၏ပြင်ဆင်ချက်တွင် “ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်များ’’ ဟု ပြင်ဆင်ရေးသားပါသည်။ အဓိပ္ပါယ်မှာ အစ္စလာမ်ဘာသာဝင်များသည်၊ နိုင်ငံမဲ့များဖြစ်သည်ဟုဆိုလိုရာရောက်ပါသည်၊ စော်ကားရာလည်း ရောက်ပါသည်။ အရေအခင်းဖြစ်ရန် လှုံဆော်ရာလည်း ရောက်သည်။ အင်္ဂလိပ် အစိုးရ အုပ်ချုပ်စဉ်အချိန်ကစ၍ အစိုးရအဆက်ဆက်က တရားဝင်ပြန်တမ်းဝင် အမည်များစွာရှိပါလျက်၊ ပြန်တမ်းဝင်အမည်များကို မသုံးစွဲဘဲ သဘောထားမမှန်သည့်အမည်များကို တီထွင်သုံးစွဲခဲ့ပါသည်။
    ယခင်အခါများကလည်း အစ္စလာမ်ဘာသာဝင်များနှင့် စပ်လျဉ်း၍ အခြားသူများထက်ပို၍ ကန့် သတ်ခံခဲ့ရပါသည်။ နှိမ့်ချဆက်ဆံခံရပါသည်။ ထိုသို့ သဘောထားမမှန်သည့် အချက်အလက်များသည် ပဋိပက္ခများကို ဖြစ်ပွားစေသည့် မူလအကြောင်းခံများဟု မှတ်ယူပါမည်။ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အမှန်အတိုင်းတင်ပြခွင့်၊ဖော်ပြခွင့်၊ရေးသားခွင့် များကို မရရှိသဖြင့် အစ္စလာမ်ဘာသာဝင်များ၏ ခံစားချက်များ၊အသံများကို ၊ပြန်ကြားရေးဝန်ကြီးဋ္ဌာနအနေဖြင့်လုံးဝ နားမလည်နိုင်ပါ။ အစ္စလာမ်ဘာသာဝင်များ၏စာအုပ်စာတမ်းများလည်း မရှိသလောက် ရှားပါးပါသည်။ မြန်မာမင်းများ၊ ရခိုင်မင်းများ လက်ထက်က စာအုပ်စာတမ်းများတောင် ပြန်လည်၍ ဖော်ပြရန် အလွန်ခက်ခဲပါသည်။မြန်မာဘာသာပြန် ကျမ်းစားများလည်း ရှားပါးပါသည်။ ဤသို့ ဖြင့် အစ္စလာမ်ဘာသာဝင်များနှင့် အခြားပြည်သူများ နားလည်မှု လွဲမှားနိုင်ပါသည်။
    အစ္စလာမ်ဘာသာဝင်များ၏ စာအုပ်စာတမ်းများကို ပြည်ထောင်စုသားအားလုံးဖတ်ရှု သိရှိနိုင်ရန်၊ နားလည်မူရနိုင်ရန်၊ တရားဝင် ရေးသားထုတ်ဝေလိုသူများရှိကြပါသည်။ သို့ မှသာပြည်ထောင်စုသားအားလုံး တစ်ဦးကိုတစ်ဦးနားလည်နိုင်ကြ ပေမည်။ ယခုတွင်မူ ပြန်ကြာရေးဝန်ကြီးဋ္ဌာနကိုယ်တိုင်က အစ္စလာမ်ဘာသာဝင်များနှင့် စပ်လျဉ်း၍ နားလည်မှုခေါင်းပါး ကြောင်းတွေ့ ရပါသည်။ သဘောထားလည်းမမှန်ကြောင်း သုံးသပ်၍ရပါသည်။အကယ်၍ ဤပဋိပက္ခများ မဖြစ်မီကတည်းက တည်ရှိနေသော စွပ်စွဲချက်အချို့ ကို အစ္စလာမ်ဘာသာဝင်များ ကြိုတင်၍ အဖြေများပေးနိုင်ပါလျက်နှင့် ပေးခွင့်မရခဲ့ကြပါ။ အကယ်၍သာ ထိုစွပ်စွဲချက်များ၏ အဖြေကို အချိန်မီပေးခွင့်ရနိုင်ခဲ့လျှင် ယခုပဋိပက္ခကြီးကို ရှောင်ကောင်း ရှောင်နိုင်ခဲ့မည် ဖြစ်သည်။
    အစ္စလာမ်ဘာသာဝင်များသည် ရခိုင်ပြည်နယ်အပါအ၀င် ပြည်သူအားလုံး အေးချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်ရန်၊ အစ္စလာမ်ဘာသာဝင်များ အပေါ် နားလည်မူများရှိရန်၊ စာနယ်ဇင်းများတွင်၊ဆောင်းပါများ၊သတင်းများ၊ စာအုပ်စာတမ်းများ ရေးသားလိုကြပါသည်။သို့ သော် ရေးသားခွင့်မရှိပါ၊ ပြန်ကြားရေးဝန်ကြီးဋ္ဌာန၏ လွဲမှားသောသဘောထားအမြင်ဖြင့်၊ ဒေါက်ထောက်ကြည့်ခြင်းကိုသာ ခံရပါသည်။ နိုင်ငံခြားသား/နိုင်ငံမဲ့များအဖြစ်သာလျှင် ဆက်ဆံခံရပါသည်။ ပြစ်မှုကျူးလွန် အံ့ဆဲဆဲသော ပုဂ္ဂိုလ်များ အဖြစ်သာ ဆက်ဆံခံရသည်က များပါသည်။ထို့ ကြောင့် အစ္စလာမ်ဘာသာဝင်များအပေါ် ပြန်ကြားရေးဝန်ကြီးဋ္ဌာနမှ အမြင်ကြည်လင်ရန်လိုပါသည်။သို့ မှသာ ပြည်သူများကလည်း အမြင်ကြည်လင်လာနိုင်ပါသည်။ သွေးထိုးလှုံဆော်မူများ အထိုက်အလျှောက်လျော့နည်းသွားနိုင်ပါသည်။ ထိုကြောင့်ပဋိပက္ခဖြစ်ရသည့် အကြောင်းရင်းများ တွင် မူလအကြောင်းအရင်းခံအဖြစ် ပြန်ကြားရေးဝန်ကြီးဋ္ဌာန၏ သဘောထားအမြင်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း အကြံပြုပါသည်။
    (၂) သမိုင်းဖျောက်ဖျက်ခြင်း
    ရိုဟင်ဂျာများသည် ခိုးဝင်လာသူများ၊ တရားမ၀င် ၀င်ရောက်လာသူများ၊ အင်္ဂလိပ်ကလယ်ယာလုပ်ငန်းလုပ်ကိုင်ရန် ခေါ်လာသူများ၊ ဖြစ်သည်ဟူ၍လည်းကောင်း၊ တစ်ဖက်နိုင်ငံတွင်လူဦးရေးများနေသည်ဟူ၍လည်းကောင်း၊ အကြောင်းပြ လျှက်ဝါဒဖြန့် ချီမှုအမျိုးမျိုး၊သွေးထိုးလှုံ့ ဆော်မှုအမျိုးမျိုး ပြုလုပ်ကြပါသည်။ နိုင်ငံရေးပါတီ၂ခုကစာစောင်များ၊ အင်တာဗျူးများ၊ထုတ်ပြန်ချက်များ၊ အမျိုးမျိုးထုတ်ပြန်ကြပါသည်။သမိုင်းလိမ်များကို အမျိုးမျိုးအသုံးပြုကြပါသည်။ ရခိုင်မင်း အချို့  အစ္စလာမ်ဘာသာဝင်အမည်များ ရှိခြင်းကိုလည်း ဖုံးကွယ်ကြပါသည်။ ဒင်္ဂါးများအပေါ်တွင် ရိုဟင်ဂျာစာများ ရှိနေခြင်းကိုလည်း ဖုံးကွယ်ပါသည်။ အခြားထင်ရှားသည့် သမိုင်းအထောက်အထားများကိုလည်း လိမ်ညာဖော်ပြကြ ပါသည်။ထိုသို့ လိမ်ညာဖော်ပြနိုင်ရန်၊ ပဋိပက္ခဖြစ်သည့်အခါတိုင်း သမိုင်းဝင်ရိုဟင်ဂျာဝတ်ကျောင်းတော်များ၊ စာသင်ကျောင်းများ၊ဒရ်ဂါများ၊ အခြားထင်ရှားသည့် အဆာက်အဦးများကို ဖျက်ဆီးဖျောက်ဖျက်ကြပါသည်။ အစိုးရအဆက်ဆက်ကလည်း ၀တ်ကျောင်းတော်များ၊စာသင်ကျောင်းများ၊သမိုင်းဝင်သင်္ချိုင်းများနှင့် အခြေားအဆောက်အဦးများကိုပါ၊ ဖျက်ဆီးတတ်ကြပါသည်။
    ထိုကြောင့်သမိုင်းလိမ်ရေးသားလိုသူများအတွက်၎င်း၊ ရိုဟင်ဂျာသမိုင်းကို ဖျောက်လိုသူများအတွက်လည်းကောင်း၊ များစွာအထောက်အကူပြုရာကြသည်။ယခုအခါ ရခိုင် ပြည်နယ်သမိုင်း ဆွေးနွေးကြသည့်အခါ၊ ဓါးထမ်း၍ ဆွေးနွေးကြရမည့်အခြေအနေသို့ ရောက်နေပါသည်။ပဋိပက္ခကိုသာ ဦးတည်နေပါသည်။အနာဂတ်တွင် ပဋိပက္ခမဖြစ်ပေါ်စေရန် ၊အထူးလိုအပ်ပါသည်။နိုင်ငံတကာသမိုင်းဝင်သုတေသီများက ရေးသားသည့် သမိုင်းများကိုသာ ဘက်မလိုက်သမိုင်းများ အဖြစ်ရှာဖွေစုဆောင်း၍ သုံးသပ်ရန်လိုအပ်ပါသည်။
    ရခိုင်မင်းများသည် စစ်တကောင်းမြို့ မှ၊မော်လမြိုင် ထားဝယ်အထိ အုပ်ချုပ်ခဲ့သည်ကိုသမိုင်းအထောက်အထားများတွင် တွေ့ နိုင်သည်။ ထိုသို့ ကြီးမားကျယ်ဝန်းသော နိုင်ငံတော်ကြီးကို လူမျိုးတစ်မျိုး၏ အင်အားဖြင့်တည်ထောင်ခဲ့သည်မဟုတ် ရိုဟင်ဂျာများအပါအ၀င်၊ နိုင်ငံသားလူမျိုးပေါင်းစုံက စည်းစည်းလုံးလုံး ပါဝင်ထမ်းဆောင်ခဲ့ကြောင်းတွေ့ ရပါသည်။ ဘုရင်မင်းမြတ်များကလည်း ကျောသားရင်သားမခွဲခြားပဲ အုပ်ချုပ်ခဲ့သည့်အပြင် ဘုရင်မင်းမြတ်တို့ ၏အမည်များတွင် ရိုဟင်ဂျာအမည်များ ၊ဒင်္ဂါများတွင်လည်း ရိုဟင်ဂျာစာသားများ အတိအလင်းဖေါ်ပြခဲ့ကြောင်း အထင်ရှားတွေ့ ရပါသည်။ ယခုအချိန်တွင် စည်းလုံးမူ ပျက်ပြားလျက် တဖက်တစ်မျိုး လိုရာအဓိပ္ပါယ်ဖွင့်ဆိုနေကြပါသည်။အငြင်းအခုန်ပြင်းထန်နေကြ ပါသည်။ ရခိုင်မင်းများ၏ အထက်ပါစေတနာများမှာ ယခုအခါဝေဒနာဖြစ်နေပါသည်။ကြားလူများ ၀င်ကူမှငြိမ်းချမ်းပါ တော့မည်။အနာဂတ်တွင်ပဋိပက္ခများ မဖြစ်စေရေး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် ဆောင်ရွက်ရပါမည်။ ကိုယ်လိုရာရေးဆွဲသည့် သမိုင်းလိမ်များ၊ ဘက်လိုက်သမိုင်းများကိုရှောင်ရပါမည်။ကျန်ရှိနေသည့် သမိုင်းဝင် အဆောက်အဦးများအပါအ၀င်၊သမိုင်းအထောက်အထားများကို နိုင်ငံတော်မှ တာဝန်ယူထိန်းသိမ်းရန်လိုအပ်ပါသည်။ သမိုင်းဝင်အထောက်အထားအနည်းငယ်သာ ကျန်ရှိတော့သည်ဟု ယုံကြည်ပါသည်။ထပ်မံဆုံးရူံးပျောက်ပျက်မည်ကို အလွန်စိုးရိမ်ပါသည်။
    မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ ထုတ်ဝေသည့် အခြေပြမြန်မာ့နိုင်ငံရေးသမိုင်း စာအုပ်သည်ဘက်မလိုက် ကြားနေစာအုပ်အဖြစ် မှတ်ယူပါသည်။ ထိုစာအုပ်အရ မိုဟာမက်ရှား အမည်ပါရခိုင်ဘုရင်ကိုတွေ့ ရပါသည်။ မိုဟာမက် ဟူသည့်အမည်သည် ကမ္ဘာက သိသည့်ကမ္ဘာကျော်အမည် ဖြစ်သည်။ ဒင်္ဂါများပေါ်တွင်လည်း ‘ အလ္လာအရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ခံထိုက်သူမရှိ၊ မိုဟာမက်သခင်သည် အလ္လာ၏တမန်တော်ဖြစ်သည်ဟု ၊ဖော်ပြကြောင်းသိရပါသည်။ အလားတူ အင်္ဂလန်နိုင်ငံပြတိုက်များတွင်လည်း ရခိုင်ပြည်၏သမိုင်းအထောက်အထား များစွာရှိကြောင်း တွေ့ ရပါသည်။ ထို့ ကြောင့် နိုင်ငံတကာအပါအ၀င် ကျန်ရှိနေသည့် သမိုင်းအထောက်အထား အကြွင်းအကျန်များ၊ ရှေးဟောင်းစာအုပ်များ စုဆောင်း၍ ထိန်းသိမ်းရန် လိုအပ်ပါသည်။ သို့ မှသာ ပဋိပက္ခဖြစ်ရသည့်မူလအကြောင်းခံများကို ဖယ်ရှားနိုင်မည်ဖြစ်သည်။
    (၃) မမှန်သတင်းဖြန့် ခြင်း၊ ပုံကြီးချဲ့ ခြင်း
    ပဋိပက္ခဖြစ်ရသည့်မူလအကြောင်းခံများတွင်၊ မမှန်သတင်းဖြန့် ခြင်း ပုံကြီးချဲ့ ခြင်းများလည်းပါဝင်ပါသည်။ DVB ဒီမိုကရက်တစ်မြန်မာ့သံနှင့် စာစောင်အချို့ က ရခိုင်အမျိုးသားများတင်ပြသည့်သတင်းကိုသာ အဓိကဖေါ်ပြကြပါသည်။ ပုံကြီးချဲ့ ကြပါသည်၊ လှုံ့ ဆော်ကြပါသည်၊ရိုဟင်ဂျာများဘက်မှ မဖော်ပြကြပါ၊ထိန်ချန်ကြပါသည်၊ဖြေရှင်းခွင့်လည်း မရကြပါ၊ ရိုဟင်ဂျာဒုက္ခသည်များ၏ အခြေအနေကိုမသိကြရပါ၊သွားရောက်ကူညီလိုသူများ အတွက်လည်း သွားရောက်ခွင့်မရှိပါ။ ထိုသို့ တစ်ဖက်သတ်ဖေါ်ပြခြင်းသည် ပဋိပက္ခကြီးထွားပြန်နှံ့ စေရန် လှုံ့ ဆော်သည့်သဘော သက်ရောက်ပါသည်။ တည်ငြိမ်အေးချမ်းမှု ပျက်ပြားရပါသည်။
    ကမန်အမျိုးသားများ သတ်ဖြတ်ခံရသလို အိမ်များမီးရှို့ ခံရပါသည်။သို့ သော် ကမန်အမျိုးသားများ၏သတင်း လုံးဝမကြားရပါ။ အားလုံးမျိုးပြုတ်သေကုန်ကြပြီလား။ ရန်ကုန်ရှိ ကမန်အမျိုးသားများ အကြီးအကျယ်ငိုကြွေး ပူဆွေးနေကြ ပါသည်။ အကူအညီပေးသည့် အဖွဲ့ အစည်းများကလည်း ၎င်းတို့ ထံသွားရောက်နိုင်ခြင်းမရှိ။ အကူအညီများလည်း မျှမျှတတရရှိပုံမရ၊ လူနည်းစုများ၏ အသံပျောက်နေပါသည်။ လူနည်းစုများကိုကာကွယ်ရန် အထူးအရေးကြီးပါသည်။ လူနည်းစုများ မျိုးပြုတ်မသွားအောင် ကာကွယ်ရပါမည်။ ကောင်းမွန်သည့်အစီအစဉ်များ ရှိရပါမည်။ သတင်းဋ္ဌာနများ ကလည်း ၎င်းတို့ ကိုမေ့နေပုံရသည်။ အကြီးအကျယ်ဘက်လိုက်မှုများရှိသည်။ ဖုံးကွယ်ခြင်း၊လိမ်လည်ခြင်း၊ ထိန်ချန်ခြင်း သည်အစဉ်အလာဆိုးဖြစ်သည့်အပြင် လူနည်းစုများကို ပို၍ထိခိုက်စေပါသည်။ အနာဂတ်တွင် ထိုသို့ မဖြစ်စေရန် အစဉ်လာ ဆိုးများကို ဖယ်ရှားရပါမည်။ဤအကြောင်းအချက်များသည် ပဋိပက္ခဖြစ်ရသည့် မူလအကြောင်းခံလည်း ဖြစ်သည်။
    (၄) နယ်များတွင် အသုဘချရန် လူငယ်များမရှိ
    မြန်မာနိုင်ငံအနှံ့ နယ်များတွင် အသုဘချရန် လူငယ်များမရှိ၊ ဘယ်လူမျိုးသေသေ၊ ဘယ်ဘာသာ သေသေ အသုဘ ချရန် လူငယ်များမရှိ၊ အားလုံးနိုင်ငံခြားသွား၍ အလုပ်လုပ်နေကြသည်။ ဒီအသံကျယ်ကျယ်ပြန့် ပြန့် ကြားနေရပါသည်။ သို့ သော် ရခိုင်ဒေသတွင် ထိုသို့ မဟုတ်။ ရခိုင်လူငယ်များ နိုင်ငံခြားသွားအလုပ်လုပ်ကြသည်။ ရိုဟင်ဂျာလူငယ်များ နိုင်ငံခြားထွက်၍ အလုပ်လုပ်ခွင့်မရှိ၊ နိုင်ငံခြားထွက်ခွင့်မရှိ၊ ရွာပုန်းများအဖြစ်နေကြရပါသည်။ အခြားရွာများသို့ လည်း သွားခွင့်မရှိ၊ မြို့ တက်ခွင့်မရှိ၊ အကန့် အသတ်ဖြင့်သာ နေကြရပါသည်။ မိန်းမယူ၊ကလေးမွေး အလုပ်မှလွဲ၍ အခြားအလုပ် မရှိပါ။ ထို့ ကြောင့်လူဦးရေတိုးနှုန်းလည်း များလာရပါသည်။ ရိုဟင်ဂျာလူမျိုးများနှင့် ကမန်လူမျိုးများက မွေးဇာတိကို အခြားလူမျိုးများထက် ပို၍ပို၍ ချစ်နေရပါသည်။ ဇာတိချက်ကြွေ မွေးရပ်မြေသည်၊ သူတို့ ၏သင်္ချိုင်းမြေလည်းဖြစ်သည်။ ဘယ်မှပြောင်းမရ ရွေ့ မရ၊ ဤသည်ကား လက်တွေ့ ဖြစ်ရပ်မှန်၊ သရုပ်မှန်သာဖြစ်သည်။
    ထို့ ကြောင့် ခိုးဝင်လာသူများ တရားမ၀င် ၀င်ရောက်လာသူများဟု မတရားစွပ်စွဲလာသည့်အခါ အသည်းနာအောင် ခံစားကြရပါသည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် အကျဉ်းထောင်တွင် မည်သူတစ်ဦးတစ်ယောက်မျှ ၀င်ရောက်လာရန် အကြောင်းမရှိ၊ ယုတ္ထိမတန်။ ရိုဟင်ဂျာများ၏ ရွာများတွင် ၀င်လမ်းလည်းမရှိ၊ထွက်လမ်းလည်းမရှိ။ ပြည်တွင်းပြည်ပ ဧည့်သည်များလည်းမလာ၊ နိုင်ငံတကာသံတမန်များလည်း မရောက်၊ ပြည်တွင်းပြည်ပသတင်းဋ္ဌာနများလည်းမရောက်၊ ကယ်မဲ့သူ၊ကူမဲ့သူလည်း မရောက်ပါ။ ရိုဟင်ဂျာများအာလုံး ထားရာနေ စေရာသွားအဆင့်သာ ရှိပါသည်။
    ရိုဟင်ဂျာများနှင့် ကမန်လူမျိုးများသည် နိုင်ငံသားမှတ်ပုံတင်များလည်း မရရှိကြပါ၊ အစိုးရအလုပ်အကိုင် များလည်း မရကြပါ။အခြားလူမျိုးများ နည်းတူ တန်းတူဆက်ဆံခြင်းများ မခံရပါ၊ အမျိုးမျိုးသော ခွဲခြားဆက်ဆံမှုများကိုသာ ခံရပါသည်။ဖိနှိပ်မှုအမျိုးမျိုး ၊ပိတ်ဆို့ မှု အမျိုးမျိုးခံရသဖြင့်အစွန်းရောက်အခြားလူမျိုးများက အားရကြပါသည်။၎င်းတို့ ကပါ လူမျိုးရေး၊ဘာသာရေးခွဲခြားဆက်ဆံမှုများ ပြုလုပ်ပြီး ပဋိပက္ခအမျိုးမျိုးဖန်တီးလိုကြပါသည်။ ရန်စမှုအမျိုးမျိုး ကြုံကြ ရ ပါသည်။နိုင်ငံတကာလူ့ အခွင့်ရေးစောင့်ကြည့်သည့်အဖွဲ့ များကလည်း ဤအချက်များကိုထောက်ပြကြပါသည်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ အစည်းများကလည်း ထောက်ပြကြသည်။ခံရသူများကလည်း နှစ်ရှည်လများ ခံနေရသဖြင့် ဘာသာရေးအရ ခွဲခြားဖိနှိပ်ချုပ်ချယ်သည်ဟု မှတ်ယူကြသည်။ အမေရိကန်အစိုးရ၏ ဘာသာရေးအရခွဲခြားဖိနှိပ်ချုပ်ချယ် မှုရှိကြောင်း နှစ်စဉ်ထုတ်ပြန်ကြေညာချက်များလည်း ရှိနေသည်။ကမ္ဘာ့ နိုင်ငံအစိုးရများ၊နိုင်ငံရေးပါတီများကလည်း ဤအတိုင်း ယုံကြည်ကြပါသည်။ဤသတင်းဆိုးကျော်ကြားမှုကြီးကို အချိန်မီဖယ်ရှားရန် လိုပါသည်။သို့ မဟုတ်ပါက ပဋိပက္ခဖြစ်ပေါ်ရန် လှုံ့ ဆော်ဘိသကဲ့သို့ ဖြစ်နေပါမည်။ဤအချက်သည် ပဋိပက္ခဖြစ်ရသည့် မူလအကြောင်းရင်းခံတစ်ချက် လည်းဖြစ်ပါသည်။နိုင်ငံတော်အစိုးရ၏ ဥပဓိရုပ်ကို ဆိုးရွားစွာ ပျက်စီးစေပါသည်။
    ထို့ ကြောင့် အခြားနယ်များတွင် အသုဘချရန် လူငယ်များမရှိသည့်အချိန်တွင် ရိုဟင်ဂျာနှင့်ကမန်လူငယ်များကို ဒေသအတွင်း အသုဘချရန် လှောင်ပိတ်ထားသကဲ့သို့ ဖြစ်နေပါသည်။ လူဦးရေတိုးပွားနေသည်ဟု မလှုံ့ ဆော်သင့်ပါ။ တစ်ဖက်နိုင်ငံမှ ခိုးဝင်လာသည်ဟု မစွပ်စွဲသင့်ပါ။ယမ်းပုံမီးကျ မလှုံ့ ဆော်သင့်ပါ။ ကျွန်တော်များအနေဖြင့်အနာဂတ်တွင် မတူကွဲပြားခြားနားသူ အားလုံး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေနိုင်မည့် အခြေအနေမျိုးကိုသာ လိုလားပါသည်။ထိုအခြေအနေ မျိုးကို ထိခိုက်ပျက်စီးစေမည့် လှုံ့ ဆော်မှုမျိုးစုံကို ဖယ်ရှားရန် မေတ္တာရပ်ခံလိုပါသည်။ပဋိပက္ခတွင် ပါဝင်သူအသီးသီး ကလည်း ရှောင်ရှားရန်လိုပါသည်။အစိုးရကလည်း တရားဥပဒေနှင့်အညီ တားဆီးသင့်ပါသည်။စုံစမ်းစစ်ဆေးရေးကော်မရှင် ကလည်း ဤအချက်ကို ပဋိပက္ခဖြစ်စေသည့် မူလအကြောင်းခံ တစ်ရပ်အဖြစ် မှတ်ယူသင့်ကြောင်း အကြံပြုလိုပါသည်။
    (၅)အမိန့် မရလျှင် ရေတောင်မသောက်ရ
    ရိုဟင်ဂျာလူမျိုများ၊ကမန်လူမျိုးများသည် အမိန့် မရလျှင် လက်မထပ်ကြရ၊ အမိန့် မရလျှင် ကလေးမမွေးရ၊ခရီးမထွက်ရ၊ အမိန့် မရလျှင် ဆေးရုံမတက်ရ၊ ဘုရားဝတ်မပြုရ၊ စာမသင်ရ၊ စာသင်ကျောင်းမဖွင့်ရ၊ အမိန့် မရလျှင် အိမ်မဆောက်ရ၊ အိမ်ယာမရွေ့ ရ၊ အမိန့် မရလျှင် အိမ်ထောင်ကျသားသမီးများ အိမ်ခွဲမနေရ၊ သန်းခေါင်စာရင်းမခွဲရ၊ အမိန့် မရလျှင် ၀တ်ပြုကျောင်းမဆောက်ရ၊ စသည်စသည်ဖြင့် ကန့် သတ်မှု၊ ဖိနှိပ်ချုပ်ချယ်မှု အမျိုးမျိုးခံရပါသည်။ ယုတ်စွအဆုံး အမိန့် မရလျှင် ရေတောင်မသောက်ရဟုဆိုရပါမည်။ ရိုဟင်ဂျာများ အားလုံး အကြောက်တရားအောက်တွင် ကြီးပြင်း ခဲ့ရပါသည်။လူမြင်တိုင်း ကြောက်လန့် ၍ပြေးပုန်းနေကြရပါသည်။ အထူးသဖြင့် ယူနီဖောင်းဝတ်လာသူများကိုမြင်လျှင် တစ်ရွာလုံး ကလေး၊လူကြီးမကျန် ပြေးပုန်းနေရပါသည်။ကြာလျှင်အခြေအနေ အလွန်ဆိုးရွားနိုင်ပါသည်။သံသယအကျိုး ကို ဆိုးရွားစွာ ခံစားနေကြရသည်။ ဤအကြောင်းတရားများသည် ပဋိပက္ခဖြစ်ရသည့် မူလအကြောင်းခံများသာဖြစ်သည်။
    အစိုးရ၀န်ထမ်းဟောင်းများ၊ပင်စင်စားများ၏သားသမီးများပင် အလုပ်မရကြပါ။အစိုးရအလုပ် လုံးဝမရ၊ ခွဲခြားဆက်ဆံ ခံကြရပါသည်။ ရိုဟင်ဂျာများ၏လက်ရှိ၊ လက်တွေ့ အခြေအနေများကို ပြည်မမှပြည်သူများ၊အခြားပြည်နယ်များမှ ပြည်သူများ မသိရှိကြပါ။ သတင်းဋ္ဌာနများ၊ စာစောင်များကလည်း ရေးသားတင်ပြခြင်းမရှိကြပါ။ သို့ သော် နိုင်ငံတကာ သတင်းဋ္ဌာနများ၊ အဖွဲ့ အစည်းများ၊ အစိုးရအဖွဲ့ အစည်းများက အချို့ အခြေအနေများကို သိကြပါသည်။အလားတူ မြန်မာနိုင်ငံပြည်သူများကလည်း အခြေအနေအရပ်ရပ်ကို အမှန်တိုင်းသိရန်လိုအပ်ပါသည်။ ပွင့်လင်းသောလူ့ အဖွဲ့ အစည်း ဖြစ်လာရန် လိုအပ်ပါသည်။ ပွင့်လင်းသောလူ့ အဖွဲ့ အစည်း ဖြစ်လာအောင် အားလုံးက ၀ိုင်းဝန်းဆောင်ရွက်ကြရပါမည်။ သို့ မှသာ ၀ါဒဖြန့် သူများ အစွန်းရောက်သူများ၏နယ်ပယ် ကျဉ်းမြောင်းသထက်ကျဉ်းမြောင်း သွားပါမည်။အမျိုးသားရေး ကို တရားဥပဒေ၏အထက်တွင် နေရာမပေးသင့်ပါ။တစ်ချို့ က မြန်မာနိုင်ငံ၏ထူးခြားသည့်အခြေအနေကိုကောင်းကောင်း မသိဟု ပြောဆိုကြသည်၊အထင်သေးကြသည်၊ နိုင်ငံတကာက မြန်မာနိုင်ငံအကြောင်းကိုကောင်းကောင်းသိသည်ဟု ကျွန်တော်ယုံကြည်ပါသည်။ယနေ့ ကမ္ဘာကြီးသည်ကျဉ်းမြောင်းလာပါသည်။သတင်းခေတ်သို့ ရောက်နေပါသည်။ ဘယ်သူ့  ကိုမျှ လျှော့မတွက်သင့်ပါ၊ပြည်တွင်းတွင်သာ ဖုံးကွယ်၍ရမည်၊လိမ်လည်၍ရမည်၊ကမ္ဘာကြီးကိုတော့ ဘာမှမသိဟုဆိုပြီး လိမ်၍မရနိုင်ပါ။ပွင့်လင်းသောလူအဖွဲ့ အစည်းကို ထူထောင်နိုင်မှသာလျှင် အနာဂတ်ပဋိပက္ခများကိုရှောင်လွဲနိုင်မည်ဟု ယုံကြည်ပါသည်။ပွင့်လင်းသောလူ့ အဖွဲ့ အစည်း မရှိခြင်းကပဋိပက္ခဖြစ်ရသည့် မူလအကြောင်းခံတစ်ရပ်ဟု သုံးသပ် လိုပါသည်။
    ပွင့်လင်းသောလူ့ အဖွဲ့ အစည်းမဟုတ်သည့်အတွက်၊လူမျိုးရေးတစ္ဆေဘာသာရေးတစ္ဆေများ၏ ခြိမ်းခြောက်မှုကို ခံနေရသူများစွာရှိသည်၊ လှုံ့ ဆော်မှုအမျိုးမျိုးလည်းရှိသည်၊ ထိုသူများသည် ကိုယ့်မျက်ဝတ်ကို ကိုယ်မမြင်အခြားသူများ၏ မျက်ဝတ်ကိုသာ မြင်ကြသည်။ပွင့်လင်းသောလူ့ အဖွဲ့ အစည်းကို ထူထောင်နိုင်မှသာလျှင်အနာဂတ်ပဋိပက္ခများကို ရှောင် လွဲနိုင်မည်။တရားလမ်းမှန်အပေါ် လျှောက်လှမ်းနိုင်ရန်အတွက်အလင်းရောင် တည်းဟူသောပွင့်လင်းမှု့ လိုအပ်ပါသည်။ သို့ မှသာ တရားလမ်းမှန်ကိုလည်း သိမြင်ကြရမည်။ပြည်သူများ လမ်းမမြင်ကမ်းမမြင် သွားနေရသည့်အဖြစ်မှကျွတ်မည်၊ ငြိမ်းချမ်းသာယာသော လူ့ အစုအဝေးကိုလည်း တည်ဆောက်နိုင်မည်။ အနာဂတ်ပဋိပက္ခများ မပေါ်ရန် ကြိုတင်ကာကွယ် ရာလည်းရောက်မည်။
    (၆) ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေကို ဖောက်ဖျက်ကျူးလွန်သူ ဘယ်သူလဲ
    ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေသည် မတရားသောဥပဒေဖြစ်သည်။ သို့ သော်လည်း ထိုမတရားသောဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရှိသူများ၊ နိုင်ငံသားလက်မှတ်လျှောက်ထားလာသည့်အခါတွင်လည်း ထပ်ဆင့်၍ မတရားဆက်ဆံ ခံကြရပါသည်။ ပြည်သူအမြောက်အများ ၊ နိုင်ငံသားစိစစ်ရေးကဒ် မရကြပါ။ အစ္စလာမ်ဘာသာဝင်အားလုံးနီးနီး၊ နိုင်ငံသား စိစစ်ရေးကဒ်ရရှိရန်၊ အခက်ခဲမျိုးစုံကြုံကြရပါသည်။အချိန်စွဲခံကြရသည်၊ ခွဲခြားဆက်ဆံခံကြရပါသည်။ လ၀ကအရာရှိကြီးများသည် ကျွန်တော်တို့ ၏ အရှင်သခင်များဖြစ်ကြပါသည်။ ၎င်းတို့ ကို အရှင်သခင်အဖြစ် ဆက်ဆံကြရပါသည်။ သူတို့ သနားမှ ကျွန်တော်များ မှတ်ပုံတင်ရကြပါသည်။ သို့ မဟုတ်ပါက ၁၉၉၀ခုနှစ်ဘူးသီးတောင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်း ကဲ့သို့ ထောင်နှစ်ရှည်ကျခံရနိုင်ပြီး မိသားစုတစ်ခုလုံး ဘ၀ပျက်သွားနိုင် ပါသည်။စိစစ်ဆေးရေးကဒ်ပြားလျှောက်ထားသူများကို အချိန်မီထုတ်မပေးဘဲ အချိန်ဆွဲထားခြင်းသည်၊ ဥပဒေချိုးဖောက်ခြင်း သာဖြစ်သည်။ ပါးစပ်ဟထားခြင်းလည်း ဖြစ်သည်ဟု သုံးသပ်၍ ရသည်။ ဥပဒေချိုးဖောက်သူ ဘယ်သူလဲ သုံးသပ်၍လည်း ရသည်။
    ရိုဟင်ဂျာလူမျိုးများနှင့်ကမန်လူမျိုးများ သည်လည်း အမျိုးသားမှတ်ပုံတင်များ မရရှိကြပါ။ သိက္ခာမဲ့သောအဖြူရောင် စက္ကူများသာ ရရှိကြသည်။ အဖြူရောင်စက္ကူသည် ခွဲခြားဆက်ဆံမှု၏ သက်သေခံတစ်ရပ်သာဖြစ်သည်။ ဖိနှိပ်မှု၏သင်္ကေတ လည်းဖြစ်သည်။ပဋိပက္ခ ဖြစ်ရန်အကြောင်းခံတစ်ရပ်လည်းဖြစ်သည်။လှုံ့ ဆော်မှု တရပ်လည်း ဖြစ်သည်။ထို့ ကြောင့် အနာဂတ်ပဋိပက္ခကို ရှောင်ရှားရန်အတွက် တရားဥပဒေနှင့်အညီ၊ ရိုဟင်ဂျာနှင့်ကမန်များကို အမြန်ဆုံး (ချက်ချင်း) နိုင်ငံသားစိစစ်ရေးကဒ်များ ထုတ်ပေးရန်လိုအပ်ပါသည်။နယ်ခြားဒေသဖြစ်၍ နိုင်ငံသားစိစစ်ရေးကဒ်ပြား အမြန်ဆုံး ထုတ်ပေးရန် အရေကြီးပါသည်။ မလိုလားအပ်သည့်သံသယများ ဖယ်ရှားရန်အတွက် နိုင်ငံသားစိစစ်ရေးကဒ်ပြားသည် မရှိ မဖြစ် လိုအပ်ပါသည်။ အစိုးရကနိုင်ငံမဲ့များအဖြစ် ပြုမူဆက်ဆံမှုများ ရှောင်သင့်သည်။တရားဥပဒေကို လေးစားသင့်သည်။ ခေါင်ကမိုးမလုံ မဖြစ်သင့်ပါ၊ ပြည်သူများအကြား သံသယပွားအောင် မလှုံ့ ဆော်သင့်ပါ။ အကယ်၍ ဥပဒေနှင့်အညီ မှတ်ပုံတင်ရထိုက်သူများ၊ မရရှိဘဲအချိန်စွဲနေလျှင် ပဋိပက္ခများကို ဖိတ်ခေါ်ရာကျမည်။ ဤအချက်သည် ယခုဖြစ်ပွားခဲ့ ရသည့် ပဋိပက္ခ၏ မူလအကြောင်းခံတစ်ရပ်လည်း ဖြစ်သည်။
  • စုံစမ်းစစ်ဆေးရေး ကော်မရှင်သို့ အကြံပြုစာ-အပိုင်း(၁) /ပဋိပက္ခဖြစ်ရသည့် လတ်တလော အကြောင်းရင်းများ
    စုံစမ်းစစ်ဆေးရေး ကော်မရှင်သို့ အကြံပြုစာ-အပိုင်း(၁) /ပဋိပက္ခဖြစ်ရသည့် လတ်တလော အကြောင်းရင်းများ
    စက်တင်ဘာ၊ ၁၉၊ ၂၀၁၂
    စာတမ်းပြုစုရေးသားသူ
    ဖိုးလှိုင် (B.Sc, H.G.P,R.L)
    သို့
    ဥက္ကဌ
    စုံစမ်းစစ်ဆေးရေးကော်မရှင်
    ရန်ကုန်မြို့
    (၂၀၁၂)ခုနှစ်၊ စက်တင်ဘာလ(၁၉)ရက်
    အကြောင်းအရာ ။  ။ရခိုင်ပြည်နယ် ပဋိပက္ခနှင့်စပ်လျဉ်း၍ အကြံပြုစာတမ်းပေးပို့ခြင်း။
    လူကြီးမင်းခင်ဗျား-
    ပုဂံရာဇဝင်ကို လေ့လာဆွေးနွေးလိုလျှင် တုတ်ထမ်းပြီး ဆွေးနွေးကြရမည် ဟုအဆိုရှိပါသည်။ ယခု ရရခိုင်ရာဇဝင် ဆွေးနွေးလိုလျှင် ဓားထမ်းဆွေးနွေးရမည့်  အခြေအနေရောက်နေသည်ဟု နားလည်မိပါသည်။ သမိုင်းကို မျက်ကွယ် မပြုလိုပါ။ လူကြီးမင်းတို့ ဌာနတွင် သမိုင်းအထောက်အထား အများအပြားရှိနေသည်ဟုယုံကြည်ပါသည်။ ဘက်နှစ်ဖက်ကလည်း သမိုင်းအထောက်အထား အများအပြားကို တင်ပြကြမည်ဟုလည်း ယုံကြည်ပါသည်။
    ကျွန်တော်များအနေဖြင့် လောလောဆယ် ဖြစ်ပျက်နေသည့် အကြောင်းအရာများ၊ လောလောဆယ် ပြည်တွင်း ပြည်ပ သတင်းဌာနများမှ ထုတ်ပြန်ချက်များကို အခြေခံ၍ တင်ပြလိုပါသည်။သမိုင်းအထောက်အထားများ အရေးပါသကဲ့သို့လောလောဆယ်ဖြစ်ပျက်နေသည့် ပြည်တွင်းပြည်ပသတင်းများသည်လည်းအထိုက် အလျောက်အရေးကြီးသည်ဟု မှတ်ယူပါသည်။ နည်းနည်းပါးပါးတော့ သတိပြုသင့်ပါသည်။ အလေးထားသင့်ပါသည်။
    ထို့ကြောင့် ကျွန်တော်များအနေဖြင့် အချို့အချက်အလက်များကို ဤစုံစမ်းစစ်ဆေးရေး ကော်မရှင်အတွက် အသုံးတည့်မည်ဟုယုံကြည်ပါသည်။ အချက်အလက်များကိုလည်းအတိုချုပ် တင်ပြခြင်းဖြစ်ပါသည်။ အနှစ်(၅၀)ခန့် အမှောင်ချခံထားရသည့်အတွက် ပြည်သူများသည်လည်း သတင်းအချက်အလက် အတော်များများကို မျက်ခြည်ပြတ်နေကြပြီးဖြစ်သည်။
    အချို့ပြည်သူများက ယခုပဋိပက္ခကြီးသည် တိုက်ဆိုင်၍ ရုတ်တရက်ထဖြစ်သည်ဟု ယုံကြည်ကြပါသည်။ အချို့ကလည်း ဤပဋိပက္ခကြီးဖြစ်ရန် မူလကတည်းက အကြောင်းခံများစွာ ရှိနေသည်ဟု ယုံကြည်ကြပါသည်။ ကျွန်တော်များကလည်း ထိုသို့ယုံကြည်သည့်အတွက် ယုံကြည်သည့်အတိုင်း ယခု အကြံပြုစာတမ်းကို ရေးသားတင်ပြအပ်ပါသည်။
    လေးစားစွာဖြင့်
    ဖိုးလှိုင် (B.Sc, H.G.P,R.L)
    အခန်း-၁
    (၁) တည်ငြိမ်အေးချမ်းမူ ပျက်ပြားစေသော ပဋိပက္ခဖြစ်ပွားရသည့် အကြောင်းရင်းများ
    (က)ပဋိပက္ခဖြစ်ရသည့် လတ်တလောအကြောင်းရင်းများ
    (၁) မုဒိန်းမှုကျူးလွန်သူတရားခံများ၊
    (၂) ရဲအချုပ်တွင် ဆွဲကြိုးချသေဆုံးမှုနှင့်စပ်လျဉ်း၍ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ငယ်ဖွဲ့ ၍ဖော်ထုတ်ရန်၊
    (၃) သရက်သီးခူးထွက်သူ တရားခံအတု ၂ဦး၊
    (၄) ရခိုင်ပဋိပက္ခကြီးသည် တိုက်ဆိုင်မှုလား ဖန်တီးမှုလား၊
    (၅) ၁၀လောင်းပြိုင်လူသတ်မှု၊
    (၁) တည်ငြိမ်အေးချမ်းမူ ပျက်ပြားစေသော ပဋိပက္ခဖြစ်ပွားရသည့် အကြောင်းရင်းများ
    မကြာမီက ဖြစ်ပွားခဲ့သော ရခိုင်ဒေသတည်ငြိမ်အေးချမ်းမှုပျက်ပြားစေသော ပဋိပက္ခဖြစ်ပွားရသည့် အကြောင်းရင်းများ ကို အကြမ်းအားဖြင့် ၂ပိုင်းခွဲခြား၍ တင်ပြလိုပါသည်။ ပထမပိုင်းမှာ အရေအခင်းဖြစ်ရသည့် လတ်တလော အကြောင်းရင်းများ နှင့် ဒုတိယပိုင်းမှာ ပဋိပက္ခဖြစ်ပွားရသည့် မူလအကြောင်းခံများဟူ၍ တင်ပြပါမည်။
    (က)ပဋိပက္ခဖြစ်ရသည့် လတ်တလောအကြောင်းရင်းများ
    ပဋိပက္ခဖြစ်ရသည့် လတ်တလောအကြောင်းရင်းများတွင် ကျောက်နီမော် မုဒိန်းမှု နှင့်တောင်ကုတ်လူသတ်မှု ပြစ်မှုနှစ်ခုကို တင်ပြပါမည်။ ထိုပြစ်မှုနှစ်ခုကို ပြစ်မှုဆိုင်ရာဥပဒေနှင့်အညီ ရိုးရိုးသားသားအမြင်နှင့်ဖြေရှင်းအရေးယူရပါမည်။ နိုင်ငံရေး၊ဘာသာရေး လှုံဆော်မှု မပြုလုပ်သင့်ပါ။ ယခုမု ဤပြစ်မှုနှစ်ခုကိုအရင်းတည်၍ အမြတ်ထုတ်ခဲ့သူများရှိပါသည်။ ထိုအမြတ်ထုတ်ခဲ့သူများမှာ
    (က) လုံထိန်းတပ်ဖွဲ့ နှင့်ဒေသဆိုင်ရာအာဏာပိုင်အချို့ 
    (ခ) ပြန်ကြာရေးဝန်ကြီးဋ္ဌာ နှင့်
    (ဂ)နိုင်ငံရေးပါတီနှစ်ခုတို့ က ဘာသာရေးနှင့်နိုင်ငံရေး အမြတ်ထုတ်ခဲ့ကြပါသည်။
    (၁) မုဒိန်းမှုကျူးလွန်သူတရားခံများ
    မုဒိန်းမှုကျူးလွန်သူဟု စွတ်စွဲခံရသူ တရားခံ(၃)ဦးရှိပါသည်။ စွတ်စွဲခံရသူအဆင့်တွင် တရားခံ(၃)ဦးသည်အစ္စလာမ် ဘာသာဝင်များဖြစ်ကြောင်း ၊ ကျူးလွန်သူတရားခံ အစစ်များဖြစ်ကြောင်း အပြီးသတ်ဆုံးဖြတ်ပြီးသကဲ့သို့ ကြေညာချက်ထုတ် ပြန်ခဲ့ပါသည်။ ပြန်ကြားရေးဝန်ကြီးဋ္ဌာန၏ သတင်းစာများကလည်း ဤသို့ ထပ်ဆင့်သတင်း ထုတ်ပြန်ခဲ့သလို နိုင်ငံရေး ပါတီကြီး(၂)ခုကလည်း အလံများထူ၍ ပဋိပက္ခများကို အမျိုးသားရေး ကြွေးကျော်သံဖြင့် အကြမ်းဖက်မှုများကျူးလွန်လာကြ ပါသည်။ စွတ်စွဲခံရသူ တရားခံ(၃)ဦးတွင် အဓိကတရားခံဖြစ်သူမှာ အစ္စလာမ်ဘာသာဝင် မဟုတ်ပါ။ အစ္စလာမ်ဘာသာဝင် မွေးစားမိဘများနှစ်ပါးက မွေးစားထားသည့် ရခိုင်လေးသာဖြစ်သည်၊ ခန္ဓာကိုယ်တွင်လည်းဆေးမင်ကြောင်များထိုးထားပါ သည်။အစ္စလာမ်ဘာသာဝင်မှန်ခဲ့လျှင် ဆေးမင်ကြောင်ထိုးမည်မဟုတ်ပါ။ ဆေးမင်ကြောင်တွင် ဘာသာရေးယုံကြည်ချက် များထိုးထားပါသည်။ သို့ သော်၎င်းအဓိက တရားခံသည် ရက်ပိုင်းအတွင်း ရဲအချုပ်တွင်အပြီးသတ်နှုတ်ပိတ်ခံလိုက်ရသည် ဟုယုံကြည်ပါသည်။ ရဲက ဆွဲကြိုးချသေဆုံးသည်ဟု ကြေညာပါသည်။ အချုပ်ခန်းအတွင်း အချုပ်သားများ ပြည့်ကျပ် ပြွတ်သိပ်သောအနေအထားတွင် ဆွဲကြိုးချသေနိုင်ပါသလား။ ယုတ္တိရှိပါသလား၊ မေးခွန်းများစွာပေါ်လာပါသည်။ လူမျိုးရေး ဘာသာရေး ပဋိပက္ခကို မဖြစ်မနေဖြစ်စေလိုပါသလား၊ ရဲအချုပ်တွင်ပေးသည့် ၀န်ခံချက်၊ဖြောင့်ချက်သည် ဘယ်အတိုင်း အတာအထိ ယုံကြည်ရပါသလဲ၊ ဘယ်အတိုင်းအတာအထိ မှန်ကန်ပါသလဲ၊ သန်လျင်ရေနံချက်စက်ရုံ ဗုံးခွဲမှု တရားခံများ၏ ၀န်ခံချက်သည် ကမ္ဘာကျော် ၀န်ခံချက်ကြီးအဖြစ် ကျော်ကြားနေဆဲပင်ရှိပါသည်။ ယခုအမှုတွင် အမှုတွဲပါနှစ်ဦးသည်လည်း တရားခံအစစ်များမဟုတ်ဘဲ သရက်သီးခူးထွက်သည့် သာမန်ရွာသား (၂)ဦးသာဖြစ်ကြောင်း ကြားသိရပါသည်။
    ဤမုဒိန်းမှုမတိုင်မီ ဖြစ်ပွားခဲ့သည့် ဂျပန်အမျိုးသမီး မုဒိန်းမှုနှင့်စပ်လျင်း၍ နိုင်ငံတော်တည်ငြိမ်ရေးနှင့်အေးချမ်းရေး ကိုမည်သို့ မျှ မထိခိုက်ခဲ့ပါ၊ မြန်မာတစ်နိုင်ငံလုံးတွင်ဖြစ်ပွားခဲ့သည့် အခြားမုဒိန်းမှုများ ဖြစ်ပွားဆဲ မုဒိန်းမှုများလည်း တည်ငြိမ်ရေးနှင့်အေးချမ်းရေးကို မထိခိုက်ခဲ့ပါ။ ယခုဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်ပဋိပက္ခမျိုး မဖြစ်ပေါ်ခဲ့ပါ။ မဖြစ်ပေါ်စေရန် လည်း ပြည်သူ့ ရဲများအပါအ၀င် တာဝန်ရှိသူများက အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်ဟု ယုံကြည်ပါသည်။ ထို့ ကြောင့် ဤမုဒိန်းအမှုကို ရန်ကုန်တွင်ပြန်လည်စစ်ဆေး၍ အမှုမှန်ဖော်ထုတ်နိုင်မှသာလျှင် ရခိုင်ပြည်အနာဂတ်တွင် ပဋိပက္ခများ အလျှင်း မပေါ်ပေါက်စေရန် စီမံချက်များ ရေးဆွဲဆောင်ရွက်နိုင်မည်ဟု အလေးအနက်အကြံပြုတင်ပြအပ်ပါသည်။ ထို့ ကြောင့် ရန်ကုန်မြို့ တွင်ပြန်လည်စစ်ဆေးဆေးပါရန် အကြံပြုအပ်ပါသည်။
    (၂) ရဲအချုပ်တွင် ဆွဲကြိုးချသေဆုံးမှုနှင့် စပ်လျဉ်း၍ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ ငယ်ဖွဲ့ ၍ဖော်ထုတ်ရန်။
    သေဆုံးသူတရားခံ၏ ခန္ဓာကိုယ်တွင် ဒဏ်ရာမျိုးစုံရှိသည်၊ ညှင်းပန်းနှိပ်စက်မှုဒဏ်ရာမျိုးစုံခံရသည်။ သေလောက်သည့် ဒဏ်ရာများရှိသည်။ နှုတ်ပိတ်သည်၊ အဖွဲ့ အစည်းဖြင့် အုပ်စုဖွဲ့ ၍ နှုတ်ပိတ်ခဲ့သည်။ စသည် စသည့်ဖြင့် ယုံကြည်ရန် အခြားအကြောင်းများစွာလည်းရှိပါသည်။ ဤသေဆုံးမှုကို ဖော်ထုတ်နိုင်လျှင် သေဆုံးသူသည် အစ္စလာမ်ဘာသာဝင် မဟုတ်ကြောင်းသိရပါမည်။ အစ္စလာမ်ဘာသာဝင်ဟု သတင်းထွက်ရခြင်းမှာ ဘာသာရေး၊လူမျိုးရေး ပဋိပက္ခ ဖန်တီးလို၍ဖြစ်သည်။ ပဋိပက္ခဖန်တီးသူများတွင် အဖွဲ့ အစည်းများ ပါဝင်ကြောင်းသိရပါမည်။ အမှုမှန်ဖော်ထုတ်နိုင် မှသာ အနာဂတ်တွင် လူမျိုးရေးပဋိပက္ခများ မပေါ်ပေါက်ရန် စီမံနိုင်ပါမည်။
    ရဲတပ်ဖွဲ့ ဝင်များတွင် ရခိုင်ရဲတပ်ဖွဲ့ များအပြင် ခရစ်ယာန်ရဲတပ်ဖွဲ့ ဝင်များ၊ ဟိန္ဒူရဲတပ်ဖွဲ့ ဝင်များစသည်ဖြင့် မတူကွဲပြားသူများရှိပါသလား ၊၄င်းမတူကွဲပြားသူအားလုံးကို စစ်ဆေးရန်လိုပါသည်။ ဤအမှုတွင်မတူကွဲပြားသည့်အသံများ ကိုစိတ်ရှည်သည်းခံစွာ နားထောင်ရန်လိုအပ်ပါသည်၊ အုပ်စုတစ်ခုတည်း၏ အသံတစ်မျိုးတည်းကိုသာ နားထောင်ရန်မသင့် အုပ်စုဖွဲ့ ၍ ကျူးလွန်သည်မျိုးကို ဖော်ထုတ်ရန် ပို၍ ပို၍ အရေးကြီးပါသည်။
    အကယ်၍ သေဆုံးသူ၏ခန္ဓာကိုယ်ပေါ်တွင် ဆေးမင်ကြောင်များ၊ ဘာသာရေးယုံကြည်ချက်များ ထိုးထားသည်ကို ဖေါ်ထုတ်နိုင်လျှင် တရားခံက တရားလို၊ တရားလိုက တရားခံ ပြောင်းပြန်ဖြစ်သွားနိုင်ပါသည်။အမေရိကန် သမ္မတကြီး အီဘရာဟင်(မ်)လင်းကွန်း လိုက်ပါဆောင်ရွက်ခဲ့သည့် လူသတ်မှုကြီးတွင် တရားခံက၊တရားလိုအဖြစ်ပြောင်း သွားပြီး၊ တရားလိုက တရားခံအစစ်ဖြစ်ကြောင်း ၀န်ခံခဲ့ရပါသည်။လကွယ်ညနှင့် လပြည့်ညခွဲခြားပေါ်လွင်အောင် ဖော်ထုတ်ရုံဖြင့် အမှုကြီးတစ်ခုလုံး ပြောင်းပြန်ဖြစ်သွားခဲ့ရပါသည်။ ယခု ဆွဲကြိုးချသေခဲ့သူ၏ ခန္ဓာကိုယ်ကိုစစ်ဆေး ဖော်ထုတ်ရုံဖြင့် အမှုကြီးတစ်ခုလုံး ပြောင်းပြန်ဖြစ်သွားနိုင်ပါသည်။
    (၃) သရက်သီးခူးထွက်သူ တရားခံအတု ၂ ဦး
    မုဒိန်းမှုဖြင့် အပြစ်ပေးခံရသူ ကျန်နှစ်ဦးသည် ရွာအပြင်သို့ သရက်သီးခူးထွက်ကြသူများဖြစ်သည်။ မုဒိန်းမှု ကျူးလွန်သူများမဟုတ်၊ တွေ့ ရာလူကို ဖမ်း၍ တရားခံလုပ်ပါသလား၊သန်လျင် ဗုံးခွဲမှုတွင် တရားခံအတုများ သေဒဏ်ပေးခံ ရပါသည်။ နောက်မှ တရားခံအစစ်များ ပေါ်ခဲ့ပါသည်။ ယခုအမှုသည် ပြည်ထောင်စုဖွား အစ္စလာမ်ဘာသာဝင်တစ်ရပ်လုံး သိက္ခာချခံရသော အမှုကြီးဖြစ်သည်။ ဘာသားရေးအသွင်ဆောင်သော အရေးအခင်းကြီး [ပဋိပက္ခ]ကြီးဖြစ်ခဲ့သည်။ အပြစ်မရှိသော ပြည်သူအများအပြား [လူ ၁၀၀၀ ကျော်] သေခဲ့ရသည်။ အိမ်ခြေ [၁၀၀၀၀] နီးပါးပျက်စီးခဲ့ရသည်။ ဘာသာရေးအဆောက်အဦးများ မီးရှို့ ဖျက်စီးခံခဲ့ရသည်။အမွေဆိုးအဖြစ် လူမျိုးရေးမုန်းတီးမှု၊ ဘာသာရေးမှုန်းတီးမှု ကျန်ရစ်ခဲ့ပါသည်။
    ထိုကြောင့် ပြည်ထောင်စုဖွားအစ္စလာမ် ဘာသာဝင်များအနေဖြင့် အမှုစစ်ဆေးပုံကို သဘောမကျနိုင်ပါ။ တစ်ပတ်အတွင်း အကျဉ်းချုပ်စစ်ဆေး၍ အမိန့် ချခဲ့ပါသည်။အလွန်ကြီးမားသော၊ ပြည်သူအများဒုက္ခရောက်ခဲ့သော၊ သေဆုံး ပျက်စီးခဲ့ရသော ပြစ်မှုကြီးကို ရဲအလိုကျ အပြစ်မပေးထိုက်ပါ။ အမှုမှန်ပေါ်ပေါက်ပေါက်စေရန်၊ တရားခံအစစ်များ ဖော်ထုတ်နိုင်ရန် ၊ ဥပဒေနှင့်အညီ ဆောင်ရွက်ရပါမည်။ လွယ်လွယ်နဲ့ ဖျောက်ဖျက်မခံနိုင်ပါ၊ ပြည်သူတစ်ရပ်လုံးမှ အမှုမှန်ကို သိလိုကြပါသည်။ သမိုင်းစာမျက်နှာတွင်လည်း ကြီးကြီးမားမား၊ အမည်းစက်စွန်းထင်ပြီးဖြစ်သည်။အနာဂတ်တွင်လည်း တစ္ဆခြောက်ခံရနိုင်ပါသည်။ထို့ ကြောင့်ပေါ့ပေါ့စစ သဘောမထားနိုင်ပါ။အနာဂတ်ပဋိပက္ခများ မပေါ်စေရန်အလေးအနက် ထား၍ ဆောင်ရွက်ရပါမည်။ဆောင်ရွက်ရမည့်ကိစ္စများစွာ ရှိပါသည်။ သို့ သော် ဤအမှုကို ဤအတိုင်းအလေးအနက်မထား ဘဲချန်လှပ်ခဲ့လျှင် ထိရောက်မှု အလွန်နည်းပါလိမ့်မည်။ ထို့ ကြောင့်စုံစမ်းစစ်ဆေးရေးကော်မတီမှ ဤရာဇ၀တ်မှုကြီးကို ပြီးခဲ့ပြီ ဟုသဘောမထားသင့်ပါ။ မိမိတို့ ၏ စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်အားလုံး အောင်မြင်မှုရစေရန်၊ ဤရာဇ၀တ်မှုကြီး အမှုမှန်ပေါ်ပေါက်ရေးသည် အခရာကျပါသည်။ ထို့ ကြောင့်အဆင့်မကျော်ပါနှင့်၊ အနာဂတ်တွင် ပဋိပက္ခများ ထပ်မံ မပေါ်ပေါက်စေရန် ရည်ရွယ်၍ အကြံပြုရပါသည်။
    (၄) ရခိုင်ပဋိပက္ခကြီးသည် တိုက်ဆိုင်မှုလား ဖန်တီးမှုလား။
    ဤပဋိပက္ခကြီးဖြစ်ပွားစဉ်က အင်တာဗျူးများ၊သတင်းထုတ်ပြန်ချက်များ၊ ကြေညာလွှာများ၊စသည်ဖြင့်ပုံစံအမျိုးမျိုးဖြင့် လှုံ့ ဆော်ခဲ့ကြပါသည်။ ဤသို့  လှုံ့ ဆော်ရာတွင်လည်း အမျိုးသားရေးအမြင်ဖြင့်၊လှုံ့ ဆော်ရသည်ဟု ကြွေးကြော်ကြပါသည်။ တရားဥပဒေနှင့်ညီသော အမျိုးသားရေးဝါဒကို ကျွန်တော်များ လက်ခံပါသည်။ တရားဥပဒေကို ရှုံးနိမ့်စေသော အမျိုးသားရေးဝါဒကို လုံးဝလက်မခံပါ။ အမျိုးသားရေးဝါဒ သည်တရားဥပဒေအထက်တွင် မရှိသင့်ပါ။မျက်ကန်းမျိုးချစ်များ မရှိသင့်ပါ။ ဟစ်တလာ၊ မူဆိုလိုနီ၊ မိလိုစီဗစ် ၊ ရာဒိုဗန်ကာရာဇစ် စသည်တို့ သည် အမျိုးသားရေးကြွေးကြော်သံဖြင့် ရာဇ၀တ်မှုများစွာကို ကျူးလွန်ခဲ့သည့် မျက်ကန်းမျိုးချစ်များဖြစ်သည်။ ထို့ ကြောင့် ရခိုင်ပဋိက္ခတွင် အဖွဲ့ စည်းများကလည်း ကြေညာချက်အမျိုးမျိုး ထုတ်ခဲ့ကြပါသည်။ မီးလောင်နေစဉ် မီးငြှိမ်းရမည့်အစား၊ ဓာတ်ဆီလောင်းခဲ့ကြပါသည်။ ထိုသို့  ဓာတ်ဆီလောင်းခဲ့သည့် စာရွက်စာတမ်းများ၊ စာစောင်များ၊ အင်တာဗျူးများ၊အထောက်အထားအပြည့်အစုံကို ရနိုင်သမျှ စုံစမ်းရေးကော်မရှင်မှ စုဆောင်းပါရန် အကြံပြုအပ်ပါသည်။ သို့ မှသာလျှင် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ လုပ်ငန်းပြည့်စုံ၊ မှန်ကန်စွာ အောင်မြင်မှု အပြည့်အ၀ရမည်ဟု ယုံကြည်ပါသည်။ ဤစာရွက်စာတမ်းများကို မျက်ကွယ်ပြုမည်ဆိုလျှင် ဆင်ကန်းတောတိုး ခရီးမပေါက်ဖြစ်နိုင်ပါမည်။ ကျွန်တော်များအနေဖြင့် ဤပဋိပက္ခကြီးသည် တိုက်ဆိုင်မှုသက်သက်မဟုတ်
    (က) လုံထိန်းတပ်ဖွဲ့ နှင့် ဒေသဆိုင်ရာအာဏာပိုင်အချို့
    (ခ) ပြန်ကြားရေးဝန်ကြီးဋ္ဌာန နှင့်
    (ဂ)နိုင်ငံရေးပါတီနှစ်ခု တို့ က တက်တက်ကြွကြွ ဖန်တီးခဲ့သည်ဟု သုံးသပ်မိပါသည်။
    (၅) ၁၀လောင်းပြိုင်လူသတ်မှု
    ဤလူသတ်မှုကြီးကိုအုပ်စုဖွဲ့ ၍ လူ၃၀၀ခန့် ရှိသော အုပ်စုကြီးက ကျူးလွန်ခဲ့ခြင်းဖြစ်သည်။ ပြစ်မှုမကျူးလွန်မီ ကြိုတင်၍ လူစုခဲ့ကြသည်။ ပါတီအလံထောင်၍ ကြွေးကြော်သံများဖြင့်၊ လူစုလူဝေးလုပ်ခဲ့ကြပါသည်။ ထိုလူစုလူဝေးတွင် ရဲများ၊ ဒေသခံအာဏာပိုင်များ ပါဝင်ခဲ့ပါသည်။ အကယ်၍ နိုင်ငံရေးလုပ်ရန်၊ လူစုလူဝေးလုပ်လျှင် ၃ယောက်၊ ၄ယောက် စု၍ အော်ရုံဖြင့် ရဲများ၊ လုံခြုံရေးတာဝန်ရှိသူများ ချက်ချင်းရောက်၊ချက်ချင်းဖမ်း၊ချက်ချင်းမိ၊ချက်ချင်းအချုပ်ပို့ ။ ထိုသို့ မမိလျှင်လည်း ညဖက်အိမ်တိုင်ရာရောက် သွားဖမ်းကြမည်၊လွတ်လမ်းမရှိ။ ယခုမူ တရားခံ ၁ ယောက်မျှမမိ၊ ၁ယောက်မျှမသိ၊ သက်သေလည်းမရှိ၊ အမှုလည်းမပေါ် ၊ အားလုံးဇာတ်တူများ ဖြစ်နေပါသလား။ အုပ်စုကြီးကြီးက ကျူးလွန်သည့် အမှုကြီးဖြစ်နေပါသလား၊ အာဏာပိုင်းများကျယ်ကျယ်ပြန့် ပြန့် ပါဝင်နေပါသလား၊အမှုမှန်ဖော်လိုသူများ သက်သေများ အပေါ်တွင်ကြီးမားသော ဖိအားများရှိနေပါသလား၊ တရားဥပဒေ ဘက်တော်သားများ အတွက် လုံခြုံမူကင်းမဲ့ နေပါသလား၊ ယခုဖွဲ့ စည်းသည့်စုံစမ်းစစ်ဆေးရေးကော်မရှင်များ၊ တောင်ကုတ်သို့ သွား၍ အမှုမှန်ဖော်ထုတ်ရန်လိုအပ်ပါ သလား၊ အကယ်၍ အမှုမှန်မဖော်ထုတ်နိုင်လျှင် ပဋိပက္ခဖြစ်ရသည့် အကြောင်းရင်းမှန်လည်း မပေါ်နိုင်ပါ။ ကလိမ်စေ့ငြမ်းဆင် အစီရင်ခံစာမျှလောက်သာ ထွက်နိုင်ပါမည်။ အနာဂတ် ပဋိပက္ခများကို ဟန့် တားရန် အသုံးဝင်မည် မဟုတ်။
    ဤ ၁၀ လောင်းပြိုင်လူသတ်မှု တရားခံများကို ဖော်ထုတ်နိုင်လျှင် တရားခံတစ်ပုံကြီး ထွက်လာပါမည်။ ၄င်းအုပ်စုကြီးက ဤပဋိပက္ခကြီးကို စနစ်တကျ ဒေသအသီးသီးသို့  ပြန့် ပွားအောင် လုပ်ခဲ့ပါသလား၊ အဖွဲ့ ခွဲ များဖွဲ့ ၍ ဒေသအသီးသီးသို့  တာဝန်ပေးစေလွှတ်၍ ပဋိပက္ခများတွင် ဦးဆောင်ခဲ့ပါသလား၊ ရန်ကုန်မြို့ သို့ ပင်လျှင် ပဋိပက္ခဖန်တီးရန် အဖွဲ့ ခွဲများ စေလွှတ်ခဲ့ပါသလား၊ စသည်စသည်ဖြင့် အရေးကြီးသည့် သက်သေခံချက်များ ဤတောင်ကုတ်လူသတ်မှုတွင် ပေါ်ပေါက် နိုင်ပါသည်။ ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါး ကူးဆက်ခဲ့ရသည့်အကြောင်းအရင်းများ ဤလူသတ်မှုတွင် ရှိနေပါသည်။ ထို့ ကြောင့် ဤပဋိပက္ခကြီးကို ဦးဆောင်ကျူးလွန်ခဲ့သည့် အဖွဲ့ အစည်းများက တောင်ကုတ်လူသတ်မှုကြီးကို ၀ိုင်းဝန်း၍ ဖုံးကွယ်ကြမည်၊ ဖိအားပေးကြမည်၊ အင်အားသုံးကာကွယ်ကြမည်။ ထို့ သို့ ကာကွယ်ရန် အမျိုးသားရေးတာဝန်ဟုလွဲမှား သည့်အမြင်ဖြင့် သက်စွန့် ကြိုးပမ်း အားထုတ်ကြမည်ဖြစ်သည်။ သို့ မှသာ ပဋိပက္ခဖြစ်ရသည့် ဖြစ်စဉ်ကြီးတစ်ခုလုံး၏ အကြောင်းအရင်းကို ဖုံးကွယ်နိုင်ပါမည်။ဤ အမှုကြီးကို အမှန်ဖော်ထုတ်နိုင်လျှင် ပဋိပက္ခကြီး တစ်ခုလုံး၏ ဖြစ်ရသည့် အကြောင်းအရင်းကို ဖော်ထုတ်နိုင်မည်ဖြစ်သည်။ ထို့ ကြောင့်အမှုမှန်ပေါ်ရန်အတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ဖော်ထုတ်ရန် တာဝန်ရှိသည်ဟု ယုံကြည်ပါသည်။ တောင်ကုတ်လူသတ်မှုအတွက် ယခင်ကကော်မရှင် ရှိခဲ့ပြီးဖြစ်၍ ယခု စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ထပ်မံစုံစမ်းစစ်ဆေးရန် မလို ဟုသုံးသပ်လျှင် အမှားကြီးမှားလိမ့်မည်ဟု ယုံကြည်ပါသည်။
    အနာဂတ် ပဋိပက္ခ တားဆီးရေးအတွက်လည်းကြီးမားသောဆုံးရူံး မှုကြီးတစ်ရပ်ဟု မှတ်ယူရပါမည်။ အကြမ်းဖက်သမားများအား ၊ အားပေးသည့်မှားယွင်းမှုဟု မှတ်ယူရပါမည်။ အကြမ်းဖက်သမားများ ပို၍အတင့်ရဲလာမည် ကို စိုးရိမ်ရပါသည်။ ဤကိစ္စကို ဦးဆောင်ခဲ့သည့် နိုင်ငံရေးပါတီကြီးကလည်း၊ ဟစ်တလာ၏ နာဇီပါတီကဲ့သို့ အင်အား အဆမတန် ကြီးမားလာပါလိမ့်မည်။ ယခုပင်လျှင် တောင်ကုတ်NLD ချိနဲ့ သွားပြီဟုသိရပါသည်။ ထိုနာဇီပါတီကြီးသည် ရခိုင်ပြည်နယ် တစ်ခုလုံးတွင် အင်အားအဆမတန် ကြီးထွားနေပြီ ဖြစ်သည်။၂၀၁၀ ရွေးကောက်ပွဲမတိုင်မီကထက် များစွာ အင်အားတောင့်တင်းလာပြီဖြစ်သည်။ ရခိုင်ပြည်နယ်ရှိ အခြားပါတီများ အင်အားချိနဲ့ သွားပြီဖြစ်သည်။ ထို့ ကြောင့် တောင်ကုတ် လူသတ်မှုကြီးသည်၊ နိုင်ငံရေးအမြတ်ထုတ်ပါတီကြီး၏ အကျိုးစီးပွားနှင့် တိုက်ရိုက်ဆက်နွယ်မှု ရှိသည်။ တစ်ချိန်တွင် အင်အားကြီးသော နာဇီပါတီကြီး အဖြစ် အသေအခြာတွေ့ ရမည်ဖြစ်သည်။ အမှုမှန်ပေါ်ပေါက်ရေးသည် ကာယကံရှင်များအတွက်သာမက တစ်တိုင်းပြည်လုံးအတွက် သေရေးရှင်ရေးတမျှ အရေးကြီးပါသည်။ စုံးစမ်းစစ်ဆေးရေး ကော်မရှင် အနေဖြင့် အမျိုးသားအမြင်ဖြင့် အမှုမှန်ကို ဖော်ထုတ်ရန်လိုအပ်ပါသည်။ တရားဥပဒေကို ရှုံးနိမ့်အောင် လုပ်ဆောင်နေသည့် နိုင်ငံရေးပါတီရှိပါသည်။ ၎င်းပုဂ္ဂိုလ်များ သည် ၎င်းတို့ ၏ ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒကို တရားဥပဒေ၏အထက်တွင် နေရာပေးလိုကြပါသည်။
    တစ်ချိန်တွင် ၎င်းတို့ ပါတီကြီး မဟာမိတ်ကြီးအဖြစ် ရောက်လာပြီး ၊ထိန်းမရ သိမ်းမရ ၊ အခြေအနေ ရောက်မှဆိုလျှင် အချိန်သိပ်နောက်ကျ သွားပါလိမ့်မည် ဖြစ်ပြီး နာဇီပါတီကြီးလို အခြေအနေမျိုးရောက်မှဆိုလျှင် နိုင်ငံအတွက်များစွာ နစ်နာသွားနိုင်ပါမည်။ ထို့ ကြောင့်တောင်ကုတ် ၁၀ လောင်းပြိုင် လူသတ်မှုကြီးသည် ရိုးရိုးသာမန်လူသတ်မှုကြီး မဟုတ်ပါ။ ကျွန်ုပ်တို့ တစ်နိုင်ငံလုံး၏ အနာဂတ်ကိုခြောက်လှန့် နေသော လူသတ်မှုကြီးဖြစ်ပါသည်။ ပေါ့ပေါ့ဆဆ သဘောမထား စေလိုပါ၊ လူကြီးမင်းများလည်း နားလည်သဘောပေါက်မည်ဟု ယုံကြည်ပါသည်။ နေ့ ခင်းကြောင်တောင် လူပုံအလည်ကျူးလွန်သည့် ၁၀လောင်းပြိုင်တရားခံမမိ၊ လူကွယ်ရာကျူးလွန် သည့် မုဒိန်းမှုတရားခံ၃ဦး ချက်ချင်းမိသည်။ ကျွန်တော် ဟာသပြောနေခြင်းမဟုတ်ပါ။ မြန်မာနိုင်ငံ၊ပြည့်သူ့ ရဲတပ်ဖွဲ့  အပါအ၀င် လုံခြုံရေးတာဝန်ရှိသူများ၏ အဆင့်အတန်းကို၊ ဆိုးဆိုးဝါးဝါးထိခိုက်မှု ရှိကြောင်းထောက်ပြခြင်းဖြစ်ပါသည်။ ကျွန်တော်သည် ဤကိစ္စကို စာရှည်မည်စိုး၍ ၊ဤမျှနှင့်သာ အဆုံးသတ်လိုပါသည်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေဖြင့်၊ ဤတောင်ကုတ် လူသတ်မှုကြီးကို ပဋိပက္ခဖြစ်ရသည့် အကြောင်းအရင်းများအနက် အရေးကြီးသည့် အကြောင်းအရင်း တစ်ခုဖြစ်သည်ဟု မှတ်ယူလျက် အလေးအနက် စုံစမ်းစစ်ဆေးလိမ့်မည်ဟု ယုံကြည်ပါသည်။
    ဆက်လက်ဖော်ပြပါမည်။