News @ M-Media
Category: သုတ၊ရသနှင့်အထွေထွေ
ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်
  • လူ့ အခွင့်အရေး အကြောင်းပြောတဲ့ စစ်ဗိုလ်ဟောင်း ခုတော့ စစ်တပ် လေသံပြန်ပစ်ပြီ
    ခင်ဇော်
    အလွတ်သတင်းထောက်
    ဗဟန်း
    chameleon
    သတင်းလောကထဲ ၀င်ခါစ သတင်းထောက်ပေါက်စဆိုတော့ သင်တန်းတွေလည်းသွားရ၊ တွေ့ ကရ အင်တာနက် စာမျက်နှာတွေဆိုလဲ အသည်းအသန်ဖတ်ဖြစ်တယ်။ အစိုးရဆန့် ကျင်ရေး စာမျက်နှာတို့  စစ်တပ်နဲ့ဆိုင်တဲ့ စာမျက်နှာတို့ ဆိုတာ ကျနော် အမြဲစောင့်ဖတ်တဲ့ စာမျက်နှာတွေပါပဲ။
    ပြီးခဲ့တဲ့ ၂ နှစ်လောက်က မြ၀တီတဖက်ကမ်း မဲဆောက်မြို့ မှာ သတင်းထောက်သင်တန်းတခု တိတ်တခိုးသွားတက်ဖူးတယ်။ အဲ့ဒီမှာ ကျနော် ဖတ်နေကျ စစ်တပ်အကြောင်းဖြေပြတဲ့ အင်တာနက်စာမျက်နှာကို ထောင်ထားတဲ့ စစ်ဗိုလ်ဟောင်တစ်ယောက်ရှိတယ်ဆိုတာ ကြားရတယ်။ နာမည်အတိအကျတော့ မပြောတော့ဘူးပါဘူး။ သူကိုယ်တိုင်က စစ်တပ်က ထွက်ပြေးလာတဲ့ ဗိုလ်ဟောင်းတစ်ယောက်ဖြစ်တော့ သူ့ စာမျက်နှာမှာ စစ်တပ်အတွင်း သတင်းတွေ  ဖော်ပြတာ တော်တော်ကောင်းတယ်။ စစ်တပ်ထဲမှာ အရာရှိတွေက ရဲဘော်ကို ဘယ်လိုနှိမ်ကြောင်း၊ အရာရှိအဆင့်ဆင့်က အောက်က ရဲဘော်တွေနဲ့ မိသားစုတွေကို ဘယ်လိုနှိပ်စက်ကြောင်း၊ ခေါင်းပုံဖြတ်ကြောင်း၊ ဒါတွေက အစ စစ်တပ်ထိပ်သီး ခေါင်းဆောင်တွေရဲ့ အတွင်းရေးတွေပါ ဖော်ပြတယ်။
    စစ်တပ်လူ့ အခွင့်အရေးချိုးဖောက်တဲ့အကြောင်းတွေပေါ့ဗျာ။ သူ့ စာမျက်နှာဖတ်ရတာ လူ့ အခွင့်အရေးကို အမှန်တကယ်သဘောပေါက်ပြီး လေးစားတဲ့ အရာရှိကောင်းတစ်ယောက်လိုပါပဲ။ ကျနော်က လေးစားလို့  တွေ့ ချင်တယ်ပြောတော့ ကျနော့်ဆရာက မတွေ့ ဖို့ မှာတယ်။ ထားလိုက်ပါတော့။
    ခု ရိုဟင်ဂျာကိစ္စဖြစ်တော့ မွတ်စလင်ကိစ္စဖြစ်တော့ စစ်တပ်အရောင် ပြန်ပြလာတယ်ဗျ။ အရင်က သူ့ ဆိုဒ်မှာ လူ့ အခွင့်အရေး ရှေးရှုတဲ့ ပိုစ့်တွေတင်သလောက် အခုဆိုရင် လူမျိုးဘာသာမုန်း တီးရေးတွေပဲတွေ့ ရတယ်။ အရင်က ကိုယ်တိုင်ရေးဆောင်းပါးတွေ တင်သလောက် နောက်ပိုင်း ကုလားမကောင်းကြောင်း ပိုစ့်တွေကိုပဲ ပြန်ရှဲတာတွေ့ ရတယ်။ ခုနောက်ဆုံးတော့ ရိုဟင်ဂျာတွေ မကောင်းကြောင်းဆောင်းပါး ရေးထားလေရဲ့ ။
    ကျနော်တွေးပါတယ်။ ဒီဗိုလ်ဟောင်းအရောင်ပြောင်းသွားတာလား၊ ဒါမှမဟုတ် မူရင်းအရောင် ပြန်ဖြစ်သွားတာလားပေါ့။
    ဒါပေမဲ့ သူ့ စိတ်ထဲမှာ ခုလို ဖိနှိပ်တဲ့စကားပြောဖို့ ဆိုတာ မခက်ခဲပါဘူး။ ဘာကြောင့်လဲဆိုရင် သူကိုယ်တိုင်က ကရင်ရွာတွေကို မီးရှို့ ဖို့  အမိန့် ပေးခဲ့တဲ့ စစ်ဗိုလ်။ ဒုက္ခသည်လျှောက်ပြီး နိုင်ငံခြားသွားဖို့ လုပ်တာ သူ့ နောက်ကြောင်းပေါ်သွားလို့  မသွားလိုက်ရဘူး။ တပ်ကထွက်လာတာလည်း တပ်တွင်း ပြသနာဖြစ်လို့  ထွက်ပြေးပြီး မဲဆောက်ဖက်ကို ရောက်လာတာပါ။ အင်တာနက်စာမျက်နှာလုပ်တာလည်း စားပေါက်ကောင်းမလားလို့  ဆိုပြီးလုပ်တယ်လို့  သိရတယ်။ မဲဆောက်မှာ အထည်ချုပ်စက်ရုံသေးထောင်ပြီး လုပ်ချင်တာလုပ်တယ်ဆိုတာလည်း ကြားရတယ်။
    မဆန်းပါဘူး၊ အဲ့ဒီ စစ်ဗိုလ်ဟောင်းခုချိန်မှာ လူမျိုးမုန်းတီးရေးတွေရေးနေတာ။ စစ်တပ်ထဲမှာတုန်းက လည်း ကရင်ရွာတွေကို မီးရှို့ ဖျက်ဆီး။ တပ်က ပြေးတော့လည်း လူ့ အခွင့်အရေးကြောင့်မဟုတ်၊ တခြားပြသနာတတ်လို့ ။ စစ်တပ်အင်တာနက်စာမျက်နှာလုပ်တာ လည်း အကျိုးစီးပွားအတွက်။ သေချာတာကတော့ စစ်တပ်အရောင်က စစ်တပ်အရောင်ပါပဲ။ သေနတ်ပြန်ပေးလိုက်ရင် ပြည်သူတွေကို ပြန်ဒုက္ခပေးမှာ သေချာတယ်။
    M-Media အီးမေးလ်သို့ ပေးပို့လာသော ဆောင်းပါးဖြစ်ပါသည်။
    **ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်ပါသည်။
  • ”ဥပဒေရှိသော်လဲ အရေးမယူပါ ……………. ဒါဒို့ပြည်”
    မေ-၁-၂၀၁၃
    M-Media
    ရေးသားသူ- အလိမ္မာရဲ့ချိန်ဘာ
    no jutice no peace
    မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေ ပိုင်ဆိုင်တဲ့ နေအိမ်အဆောက်အအုံတွေ၊ ကိုးကွယ်ဝတ်ပြုရာ ဗလီဝတ်ကျောင်းတော်တွေကို ၉၆၉ လို့ တံဆိပ်ကပ်ထားတဲ့ အကြမ်းဖက်များက ရဲဝန်ထမ်းများနဲ့ အများပြည်သူများရှေ့ မီးရှို့ဖျက်ဆီးခဲ့သော်လည်း မြန်မာအစိုးရအနေဖြင့် အရေးယူမှူ့တစုံတရာဖြင့် ထိုအကြမ်းဖက်များကို ထောင်ဒဏ်ချခဲ့သော သတင်း အစနလေးတောင်ကျနော်မကြားရသေးပါ။ ကျနော်ပဲ နားပိတ်မျက်စိပိတ် ဖြစ်နေလို့လားလို့ ကိုယ့်ကိုကိုယ် သံသယဝင်လာမိပါတယ်ဗျာ။
    အစိုးရကလဲ အစိုးရတာဝန်မကျေ ရဲဝန်ထမ်းကလဲ ရဲတာဝန်မကျေ ပြည်သူကလဲပြည်သူ့တာဝန်မကျေ ကိုယ့်လူတွေကလဲ ကိုယ့်တာဝန်မကျေ ကောင်းပါ့ဗျား။
    သူ့အရပ်နဲ့သူ့ဇာတ်ကတော့ဟုတ်နေတာပါဘဲ။
    ပြစ်မှူ့ဆိုင်ရာဥပဒေ ပုဒ်မ ၄၃၆ မှာတော့ – မည်သူမဆို ကိုးကွယ်ဝတ်ပြုသော နေရာအဖြစ်ဖြင့် သော်လည်းကောင်း နေအိမ် အဖြစ်ဖြင့် သော်လည်းကောင်း ပစ္စည်းများသိုလှောင် ထိန်းသိမ်းသောနေရာ အဖြစ်ဖြင့် သော်လည်းကောင်း သာမန်အားဖြင့် အသုံးပြုသော အဆောက်အအုံကို ဖျက်ဆီးရန် အကြံဖြင့် ဖြစ်စေ မိမိကထိုသို့ ပျက်ဆီးတန်ရာသည်ကိုသိလျှက်နှင့် မီးဖြင့်၊ သို့တည်းမဟုတ် ပေါက်ကွဲစေတက်သော အကျိုးဖျက်ဆီးမှူ့ကို ကျူးလွန်လျှင် ထိုသူကို တသက်တကျွန်း ဒဏ်ဖြစ်စေ ဆယ်နှစ်ထိ ထောင်ဒဏ် တမျိုးဖြစ်စေ ချမှတ်ရမည့် အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်လို့ အတိအလင်း ပြဌာန်း ထားပြီးသားပါခင်ဗျာ။ ဒါပေမဲ့ ဒို့ အစိုးရကတော့ …………. ဘာမှမဟုတ်တဲ့ ရန်ဖြစ်မှူ့လေးကိုကျတော့ ၁၄ နှစ်တဲ့၊ မီးရှို့ဖျက်ဆီး မှူ့ကိုကျတော့ …………….?
    သူတို့ရဲလား၊ ပြည်သူ့ရဲလားမသိတဲ့ ရဲသားကြီးများကတော့ သူတို့တာဝန်တွေဖြစ်တဲ့ ပြည်သူ့ကာကွယ်မှူ့များကို တာဝန်ကျေခဲ့တယ် လို့ပြောမလား ? ၉၆၉ အကြမ်းဖက်များအတွက် တာဝန်ကျေခဲ့တယ်လို့ပြောမလား?
    ပြစ်မှူ့ဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၉ မှာ ရဲအရာရှိတိုင်းသည် ကြိုတင်ကာကွယ် ရန် ရည်ရွယ်ချက်ဖြင့် ကြားဝင်ဆောင်ရွက်နိုင်သည့်အပြင် ရဲအရေးယူ ပိုင်ခွင့်ရှိသည့် ပြစ်မှူ့တရပ်ရပ် ကျူးလွန်မည့် အရေး ကို မိမိစွမ်းနိုင်သမျှ ကြိုတင်ကာကွယ် ရမည်လို့ ပြဌါန်းထားသော်လည်း ၉၆၉ အကြမ်းဖက်များအတွက် အကြမ်းဖက်မှူ့လွယ်ကူဖို့ရန် လုံခြုံရေးတောင်ယူပေးခဲ့ကြသေးဗျာ။
    ပြစ်မှူ့ဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၂၇(၁)တွင် မည်သည့်ရာဇ၀တ်တရားသူကြီး သို့မဟုတ် ပြည်သူ့ရဲတပ်ဖွဲ့စခန်းမှူး သို့မဟုတ် ဒုရဲအုပ်အောက် အဆင့်မနိမ့်သော ရဲအရာရှိကမဆို တရားဥပဒေနှင့်ဆန့်ကျင်သည့် အစုအဝေးတစုံတရာကို သို့မဟုတ် အများပြည်သူတို့ငြိမ်းချမ်းခြင်းကို နှောင့်ယှက် ဖျက်ဆီးရန်ရှိသော လူငါးဦးဖြစ်စေ ၄င်းထက်ပို၍ဖြစ်စေ စုဝေးသည့် အစုအဝေးတစုံတရာကို လူစုခွဲစေရန်အမိန့်ပေးနိုင်သည်။ ထိုကဲ့သို့အမိန့်ပေးသည့် အခါတွင်လည်း ၄င်းအစုအဝေးတွင်ပါဝင်သူတို့သည် အမိန့်ပေးခဲ့သည့်အတိုင်း လူစုခွဲရန်တာဝန်ရှိပေသည်။
    ပြစ်မှူ့ဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၂၈ တွင် ထိုကဲ့သို့အမိန့်ပေးသော်လည်း လူစုခွဲခြင်းမပြုလျှင် သို့မဟုတ် ထိုသို့အမိန့်မပေးပါက မုချမဖျက်မည့်အကြောင်း ထင်ရှားစေသည့် အမူအယာကိုပြုလျှင် မည်သည့်ရာဇ၀တ်တရားသူကြီး သို့မဟုတ် မည်သည့်ပြည်သူ့ ရဲတပ်ဖွဲ့စခန်းမှူး သို့မဟုတ် ဒုရဲအုပ်အောက် အဆင့်မနိမ့်သော ရဲအရာရှိကမဆို ထိုအစုအဝေးကို လူစုခွဲအောင် အင်အားသုံး၍ပြုလုပ်နိုင်သည်။ ထိုသို့ပြုလုပ်ရာတွင် ကြည်းရေလေ တပ်သားအရာရှိ မဟုတ်သူ သို့မဟုတ် မြန်မာနိုင်ငံ နယ်ခြားတပ် အက်ဥပဒေ သို့မဟုတ် မြန်မာနိုင်ငံ အရံတပ်အက်ဥပဒေအရ လက်နက်ကိုင်မဟုတ်သူ မည်သည့် အမျိုးသားကိုမဆို အကူအညီတောင်းနိုင်သည်။ (မည်သည့်အမျိုးသားဟုဆိုရာဝယ် မြို့တွင်း မြို့ခံ ပြည်သူများလည်းပါဝင်သည်။) ထိုသူများကိုအင်အားပြုလုပ်၍ လုစုခွဲရမည်။ လိုအပ်လျှင် အစုအဝေးနှင့် ပါဝင်သူတို့ကို လူစုခွဲရန် သို့မဟုတ် တရားဥပဒေနှင့်အညီ ပြစ်ဒါဏ်စီရင်နိုင်ရန် ဖမ်းဆီးချုပ်နှောင်နိုင်သည်။
    ၉၆၉ အကြမ်းဖက်အဖွဲ့များအား ဖြိုခွင်းရန်၊ လူစုခွဲရန်၊ ရဲတပ်ဖွဲ့ဝင်များမှ အထက်ပါကျင့်ထုံးများအရ အနီးဆုံးမြို့ခံပြည်သူများအား အကူအညီတောင်းခံခဲ့ခြင်း မရှိသည်မှာ အကြမ်းဖက်အဖွဲ့များ လူစုကွဲသွားစေရန် ဆန္ဒမရှိသောကြောင့်ဖြစ်ပေလိမ့်မည်။ မြို့ခံ အင်အားဖြင့်ဆိုလျှင် မည်သည့် အကြမ်းဖက် အဖွဲ့အစည်းကိုမဆို ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ လူစုခွဲနိုင်သည်မှာ မုချဧကန်ပင်ဖြစ်ပေသည်။ ထိုအကြမ်းဖက်မှုကို လုပ်ဆောင်ခဲ့သော အကြမ်းဖက်သမားများအား အထက်ပါကျင့်ထုံးများအရ ဖမ်းဆီးခဲ့ခြင်းမရှိသည်မှာလည်း ရဲတပ်ဖွဲ့ဝင်များ၏ ဥပဒေချိုးဖောက်မှုပင်ဖြစ်သည်။
    ပြစ်မှူ့ဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၂၉ တွင် ဆိုခဲ့သည့်အစုအဝေးကို အခြားနည်းဖြင့်လူစုကွဲအောင် မပြုလုပ်နိုင်လျှင် ထို့အပြင် အများပြည်သူတို့၏ဘေး အန္တရာယ်မှ လုံခြုံစေခြင်းငှာ ၄င်းအစုအဝေးကို လူစုခွဲရန်သင့်လျှင် ထိုနေရာတွင်ရှိသော ရာထူးအဆင့်အတန်းအမြင့်ဆုံးဖြစ်သည့် ရာဇ၀တ်တရားသူကြီးက ၄င်းအစုအဝေးကို စစ်အင်အားသုံး၍လူစုခွဲနိုင်သည်။
    ထိုအကြမ်းဖက်မှုဖြစ်ပွားသည့်အချိန်၌ အခင်းဖြစ်ပွားသည့်နေရာရှိ တရားသူကြီးများ မည်သည့်နေရာသို့ ရောက်ရှိနေကြပေနည်း။  ထို့အပြင် မြန်မာနိုင်ငံရှိ အစ္စလာမ်သာသနာရေးရာ အဖွဲ့အစည်းကြီးများမှလည်း ဘယ်ရောက်နေမှန်း မသိလောက်အောင် ပျောက်ခြင်း မလှပျောက်နေကြပါတယ်ဗျာ။ ၄င်းတို့အနေဖြင့် မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များ၏ ကိုယ်စားလှယ်များဟုအမည်ခံ၍ ဖွဲ့စည်းထားသော အဖွဲ့အစည်းကြီးများ အဖြစ် နိုင်ငံတော်နှင့် နိုင်ငံတကာမှ အသိအမှတ်ပြုထားသော်လည်း အစ္စလာမ်ဘာသာဝင်များ အကြမ်းဖက်ခံနေရချိန်တွင် နိုင်ငံတွင်း တည်ဆဲဥပဒေများနှင့် နိုင်ငံတကာ ဥပဒေများအရ နိုင်ငံတော်နှင့် နိုင်ငံတကာ အဖွဲ့အစည်းများထံ အကြမ်းဖက်ခံ အစ္စလာမ်ဘာသာဝင်များအတွက် ဥပဒေအရကုစားမှုပေးရန် တောင်းဆိုနိုင်သော်လည်း တကြိမ်တခါကမှ ပွင့်လင်းမြင်သာစွာ တောင်းဆိုခဲ့ခြင်းမရှိပေ။ ကြောက်နေ၍လား ခြောက်နေ၍လား အဖွဲ့အစည်းကြီးတို့ ရေ ………
    မည်သို့ဆိုစေ နိုင်ငံတော်အစိုးရအနေဖြင့်လည်း တည်ဆဲဥပဒေများအရ အကြမ်းဖက်မှုများကို အရေးယူခြင်းမရှိပဲ လှစ်လျှူရှုနေခြင်းမှာ ဒါဒို့အစိုးရလို့ သမိုင်းဝင်မော်ကွန်းထိုးရလောက်အောင် မြန်မာပြည်သူများအနေဖြင့် မော်ကြွားသင့်ပေသည်။
    ** ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်ပါသည်။
  • သာမာန် ပြည်သူကနေ နာရီပိုင်းအတွင်း သွေးဆာနေတဲ့ သူခိုး ဓားပြတွေ ဘာကြောင့် ဖြစ်ကုန်တာလဲ
    May 1, 2013
    M-Media
    ခွန်သီဟံ
    anti muslim poster
    ဥက္ကံမြို့ မှာဖြစ်ပွားခဲ့တဲ့မွတ်စလင်မ်အကြမ်းဖက်မှုမှာ နာရီပိုင်းအတွင်း လူစုလူဝေးတခုကနေ လူရမ်း ကားလူအုပ်ကြီးတခုလိုဖြစ်သွားခဲ့ပါတယ်။ နေ့ တဓူဝ ကိုယ့်ဝမ်းစာကိုယ်ရှာနေတဲ့ သာမန်မြန် မာတွေ၊ မြို့ သူမြို့ သား ရွာသူရွာသားတွေကနေ ချက်ချင်းလက်ငင်းဆိုသလို လူကြမ်းလူရမ်း ကားတွေ အသွင်ဖြစ်ကုန်ပြီး တကယ့်ကို သူခိုးဓားပြ ဆန်ဆန် ပစ္စည်းတွေဖျက်၊ မီးတွေရှို့ ၊ လူတွေကို ရိုက်နှက်တိုက်ခိုက်၊ ပစ္စည်းတွေခိုးယူ လုယူတဲ့ ဒုစရိုက်သားကောင်တွေလို ချက်ချင်းဖြစ်ကုန်တယ်။ တစ်ယောက်စ နှစ်ယောက်စ မဟုတ်ပဲ လူရာနဲ့ ချီတဲ့ ခိုးဆိုးလုယက်သောင်းကျန်းသူတွေဖြစ်ကုန်တယ်။
    ဒီလို ချက်ချင်းမတ်တပ် သူခိုးဓားပြအုပ်စုလိုဖြစ်သွားတာဟာ ပေါ့သေးသေးကိစ္စမဟုတ်ပါ။
    အမျိုးသမီးတစ်ယောက် လူအများသွားလာတဲ့ ဈေးမှာ ကိုယ်ရင်တစ်ပါးနဲ့ တိုက်မိရာက နာရီပိုင်းအတွင်း လူအုပ်စုကြီးက ခိုးဆိုး လုယက်မှုတွေဖြစ်သွားတယ် ဆိုကတည်းက တိုင်းပြည်အတွက် အတော့်ကို စဉ်းစားရတော့မယ့် အနေအထားပါ။ မြန်မာနိုင်ငံသား အားလုံး ခေါင်းအေးအေးထားပြီး သေချာ စဉ်းစားကြည့်ပါ။ ကုလားမုန်းတာခနထား လက်ရှိ ဖြစ်နေတဲ့ တိုင်းပြည်အနေအထားကို သေချာဆန်းစစ်ကြည့်ပါ။
    မြန်မာပြည်မှာ ထစ်ခနဲဆိုရင် ၀ုန်းဒိုင်းဆိုပြီး ခိုးဆိုးလုယက် ဖျက်ဆီးမီးရှို့ ရိုက်နှက်သတ်ဖြတ်မှုကို နာရီပိုင်းအတွင်း လုပ်လို့ ရအောင် ဖန်တီးထားပြီးတဲ့ အဆင့်ရောက်နေပြီလား။ Organized crime လို့ ခေါ်တဲ့ စနစ်တကျဖွဲ့ စည်းလုပ်ဆောင်တဲ့ ဒုစရိုက်မှုအတွက် အဲ့ဒီလောက် လျင်လျင်မြန်မြန် လုပ်နိုင်အောင် လူတွေကို စည်းရုံး ဖွဲ့ စည်းထားပြီးပြီလား။
    သေချာစဉ်းစားကြည့်ပါ။ အကြမ်းဖက်မှုကိုလုပ်နေတဲ့လူတွေက မနေ့ တနေ့ ကမှ ထောင်ကနေထုတ်ပြီး လုပ်ခိုင်းတဲ့ ဒုစရိုက်သားတွေမဟုတ်ဘူး။ မြို့ထဲ ရွာထဲမှာ နေနေတဲ့ သာမန်ပြည်သူတွေ။ ဒီလူတွေကို ချက်ချင်းဆိုသလို သူခိုးဓားပြတွေလို ဖြစ်အောင်လုပ်လိုက်နိုင်တဲ့၊ လုပ်ထားနိုင်တဲ့ အဆင့်ရှိသွားပြီလား။ သာမန်ပြည်သူတွေကို နာရီပိုင်းအတွင်း သွေးဆာနေတဲ့ လူတွေဖြစ်သွားအောင် လုပ်ထားပြီးပြီလား။
    မိထ္တီလာမှာလည်း ခနလေးအတွင်း လက်က်ရဲဇာတ်ရဲ သတ်ဖြတ်တဲ့ လူအုပ်စုကြီးဖြစ်သွားတယ်။ ကလေးတွေကအစ ဓားတွေဒုတ်တွေနဲ့  လူအရှင်လတ်လတ် မီးရှို့ တဲ့အဆင့်ဖြစ်ကုန်တယ်။ ပဲခူးမှာလည်း ဒီလိုပဲ။ ခုဥက္ကံမှာလည်းဒီလိုပါပဲ။
    wirathu
    ဟုတ်ပါတယ်။ ခုလို နေ့ တဓူဝ လုပ်ကိုင်စားသောက်နေတဲ့ သာမန်မြန်မာတွေကို နေရာအတော်များများမှာ ၉၆၉  နောက်ကာဗာယူပြီး အကြမ်းဖက်မှုတွေလုပ်ဖို့  စည်းရုံးသွေးထိုးနေတာရှိပါတယ်။
    ပြီးခဲ့တဲ့လတုန်းက မြန်မာပြည်အောက်ပိုင်းတစ်နေရာမှာ ကွမ်းယာဆိုင်မှာရပ်နေတဲ့ မွတ်စလင်သူငယ်ချင်းတစ်ယောက်က သူများခေါ်ရာရောယောင်ပြီး လူအုပ်စုတစုနဲ့ လိုက်ပါသွားတယ်။ အဲ့ဒီမှာ ၉၆၉ တရားပွဲကရှိနေတယ်။ အဲ့ဒီ တရားပွဲနေရာနဲ့  မခန့် မလှမ်းမှာ လူဝတ်နဲ့ လူတစ်ယောက်က ကုလားတွေကို အကြမ်းဖက်ဖို့ ဆိုပြီး စည်းရုံးနေတယ်။ ကုလားတွေဟာ မကြာခင် ဗမာတွေကို တိုက်မှာဖြစ်တဲ့အကြောင်း၊ အခုကတည်းက ကုလားတွေကို မတိုက် မနှိပ်ကွပ်ရင် ကုလားတွေက ဗမာတွေကို တိုက်မှာဖြစ်တဲ့အကြောင်း၊ ဗုဒ္ဓဘာသာကိုကာကွယ်ဖို့  ကုလားတွေကို နှိပ်ကွပ်ရမှာမလို့  လူတွေကို သင်တန်းပေးမှာဖြစ်ကြောင်း၊ တိုက်ခိုက်နည်းသင်တန်းတက်တဲ့အချိန်နဲ့  အမှန်တကယ်တိုက်ခိုက်တဲ့နေ့ အတွက် တစ်ယောက်ကို တရက် ၅၀၀၀ ကျပ် ပေးမှာဖြစ်တဲ့အကြောင်းပြောတယ်။
    အဲ့ဒီထဲက လူတစ်ယောက်က ရဲတွေကဖမ်းရင် ဘယ်လိုလုပ်မလဲလို့ မေးတော့ ရှင်းပြနေတဲ့လူက ခင်ဗျားတို့ ကို ကဒ်ထုတ်ပေးထားမယ်၊ ရဲဖမ်းရင် အဲ့ဒီကဒ်ပဲ ထုတ်ပြလိုက်လို့ ပြောတယ်။ တိုက်ခိုက်ရင်း တခုခုဖြစ်ခဲ့မယ်ဆိုရင် မိသားစုကို တာဝန်ယူမဲ့အကြောင်းလဲ ပြောပါတယ်။
    အဲ့ဒီမွတ်စလင်က မွတ်စလင်ရုပ်မထွက်တဲ့အတွက် သူ့ ကို ဗမာလို့ ထင်ပြီး ခေါ်သွားတာဖြစ်တယ်။ ၀ိုင်းထိုင်ပြီးနားထောင်နေရာမှာ သူ့ ကိုမြင်ပြီး မွတ်စလင်မှန်းသိမှာစိုးလို့  ခေါင်းငိုက်စိုက်ထားတာ မလို့  မူးလဲတော့မလိုဖြစ်ပြီး မနည်းထိန်းထားရတဲ့အကြောင်း၊ နောက်နေ့ တွေမှာ မသွားရဲတော့ပဲ သူမလာလို့ ဆိုပြီး နောက်က လိုက်ရှာမှာ စိုးရိမ်လို့  မိသားစုနဲ့  ခရီးထွက်သွားခဲ့ပါတယ်။
    ခုလို စည်းရုံးမှုတွေကြောင့် ရိုးသားပါတယ်ဆိုတဲ့ မြန်မာတွေ၊ ကိုယ့်မြို့ ကိုယ်ရွာမှာ နေ့ ချင်းညချင်း သူခိုးဓားပြတွေလိုဖြစ်ကုန်ပြီး သွေးဆာနေတဲ့ အကြမ်းဖက်သမားတွေဖြစ်ကုန်တာပါ။
    ဒီလိုပဲ ဆက်ကြည့်နေကြမလား၊ ကိုယ့်မြို့ ကိုယ်ရွာမှာရော ကိုယ်တွေ့ နေကျလူတွေကို အကြမ်းဖက်ဖို့  စည်းရုံးထားပြီးပြီလား။ အကြမ်းဖက်မှိုင်းတွေမိနေပြီလား။
    ၂၀၁၅ ရွေးကောက်ပွဲမှာ သာမာန်ပြည်သူကနေ ခုလို သွေးဆာနေတဲ့ သူခိုးဓားပြတွေဖြစ်အောင် လုပ်ပြီး အာဏာသိမ်းအုံးမှာလား။ ကုလားကိုချတာမလို့  ကြိတ်ပြီးကြည့်နေမယ်ဆိုရင် ဖောက်ပြီးသားလမ်းပေါ် လျှောက်လာကြတဲ့အခါ —
    ** ဆောင်းပါးရှင်၏ အမြင်နှင့် သုံးသပ်ချက်သာဖြစ်သည်။
  • ဘာသာခြား မလိုလားတဲ့ သီရိလင်္ကာ ဘုန်းကြီးများ နိုင်ငံကို မည်သို့ ခြယ်လှယ်နေသလဲ
    မူရင်းဆောင်းပါးရှင်-Kapil Komireddi
    ဘာသာခြား (မွတ်စလင်မ်) များကို မလိုလားတဲ့ သီရိလင်္ကာ ဗုဒ္ဓဘာသာ ဘုန်းကြီးများ နိုင်ငံကို မည်သို့ ခြယ်လှယ်နေသလဲ?
    မိမိပြည်တွင်းရှိသူများမှာ တစ်ပြေးညီနိုင်ငံသားများသာဖြစ်သည်၊ အစိုးရအနေနှင့် ခွဲခြားဆက်ဆံခြင်း မပြုပါ ဟု သီရိလင်္ကာနိုင်ငံမှ အတည်ပြုပြောဆို သွားသည်။
    သီရိလင်္ကာနိုင်ငံသမ္မတ မဟင်းဒါး ရာဂျာပတ်ဆာက လူမျိုးရေး သတ်မှတ်ချက်ပေါ် အခြေခံပြီး နိုင်ငံရေးအာဏာ အတွက် လှုပ်ရှားမှုများမှာ မိမိအား စိတ်ကွက်စေသည်ဟုဆို၏။ လူမျိုးပေါ်မူတည်၍ တာဝန်ရာထူးသတ်မှတ်ချက် အသီးသီးကို ကန့်ကွက်သောအားဖြင့် သူက “ လူအဖွဲ့အစည်းအားလုံးအဖို့ တန်းတူညီမျှအခွင့်အရေးရှိမှသာ ဒီနိုင်ငံထဲ အတူယှဉ်တွဲနေထိုင်နိုင်မှာဖြစ်တယ် ” ဟု မကြာသေးမီကပင် အခိုင်အမာပြောကြားလိုက်သည်။
    ၂၀၀၅ ခုနှစ် ရွေးကောက်ပွဲပြီးချိန်မှစ၍ သီရိလင်္ကာမှာ လူမျိုးရေး အခြေတည် ၀ါဒဖက်သို့ ကူးပြောင်းလာခဲ့သည်။ ပြင်းထန်ကြမ်းတမ်းသည့် ပြည်တွင်းစစ် အတွင်း ချေမှုန်းခံရပြီးနောက် တမီလ် လူမျိုးတို့သည် ပြေလည် သင့်မြတ်ရေးပြုလုပ်ကြမည့် အစား တိုင်းပြည်ကို သိက္ခာကျဆင်းစေလျက်ရှိသည်။ ဥပဒေပြုသူများသည်လည်း မျက်ကန်းမျိုးချစ် လူယုတ်မာများ ဖြစ်လာကြသည်။ ၄င်းပြင် သင်္ကန်းခြုံ ဘုန်းတော်ကြီးတို့ကလည်း မိမိကိုယ်ကို ဆင်ဟာလာ လူများစုအား ကာကွယ်ပေးသူများအဖြစ် ပုံဖမ်းကာ လူနည်းစုတစ်စုမဟုတ် တစ်စုအပေါ် နေ့စဉ်နှင့်အမျှ အပြစ်ရှာ နှိပ်ကွပ်လာကြသည်။
    4
    သိရီလင်္ကာ မှ အဓိကရုဏ်းတခု မြင်ကွင်း
    ယမန်နှစ် ဧပြီလတွင် ဗုဒ္ဓဘာသာဝင် အကြမ်းဖက်သမားတို့သည် သီရိလင်္ကာ အလယ်ပိုင်းရှိ ဗလီဝတ်ကျောင်း တစ်ခုအား နှောင့်ယှက်ခဲ့ကြသည်။ ဗုဒ္ဓဘာသာသာသနာ့ နယ်မြေအတွင်း တည်ဆောက်ထားသည်ဟု စွပ်စွဲကာ ချက်ခြင်း ပိတ်ခိုင်းခဲ့သည်။ ရဲအရာရှိများမှာ ယင်းအမှုကို တားဆီး အရေးယူရမည့် အစား မြင်ကွင်းကိုရပ်ကြည့်နေသည် သာမက ၄င်းတို့အား လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်ပင် ပေးခဲ့သည်။ ယင်းစော်ကားမှု သတင်းသည် ကိုလံဘိုရှိ အာဏာပိုင်တို့ထံ ပေါက်ကြားရောက်ရှိသွားသောအခါ ၀န်ကြီးချုပ်က ဗလီဝတ်ကျောင်းတော်အား ရွှေ့ပြောင်းလိုက်ရန် မွတ်စ်လင်မ်တို့ကို အမိန့်ပေးခဲ့သည်။ မွတ်စ်လင်မ်တို့အပေါ်ပြောင်ပြောင်တင်းတင်း အကြမ်းဖက်နေသော ဗုဒ္ဓဘာသာဝင် မျက်ကန်းမျိုးချစ်များဖက်မှ ဘက်လိုက်ရပ်တည်ပြီး ယင်းသို့ လျှပ်တစ်ပြက်ဆုံးဖြတ်လိုက်ခြင်းမှာ မိမိနိုင်ငံသားအားလုံးကို စောင့်ရှောက်သည်ဟူသော သီရိလင်္ကာ၏ ကြွေးကြော်ချက်ကို အရှက်ရသွားစေသည်။
    1တာအထွက်ကောင်းသည်ကို ဇာချဲ့၍ ဗုဒ္ဓဘာသာဘုန်းကြီးအချို့သည် လူထုအတွင်းဝါဒဖြန့်ချိရန်အတွက် နောက်ထပ် ပစ်မှတ်တစ်ခုထံ ချဉ်းကပ်ခဲ့ကြသည်။ ဤနှစ်အစောပိုင်းတွင် မိမိကိုယ်ကို “ ဗုဒ္ဓဘာသာဝင် စွမ်းအားရှင် တပ်ဖွဲ့ ” – Bodu Bala Sena (BBS) ဟု ကင်ပွန်းတပ်ထားကြသော အုပ်စုတစ်စုသည် ကိုလံဘို၌ အခြေပြုလျက် စားပိုင်ခွင့်ရှိ အမှတ်တံဆိပ်စံနစ် Halal System အား စော်ကားရှုတ်ချခဲ့ကြသည်။ ထောင်နှင့်ချီသော ယောက်ျားမိန်းမများသည်  အဆိုပါတပ်ဖွဲ့ဝင် မျက်ကန်း မျိုးချစ်တို့၏ တရားကိုနာယူရန် ကိုလံဘိုမြို့တော်သို့ စုရုံးရောက်ရှိလာခဲ့၏။  “ ငါတို့ နိုင်ငံဟာ ဆင်ဟာလီ လူမျိုးတစ်မျိုးတည်းရဲ့ တိုင်းပြည်ဖြစ်တယ်။ ငါတို့ဟာ ဒီတိုင်းပြည်ရဲ့ သွယ်ဝိုက် ကာကွယ်ရေးသမားတွေဖြစ်တယ် ” ဟု သံဃာတော်တစ်ဦးမှ ကြေငြာသည်။ ရက်သတ္တပတ်အနည်းငယ် လွန်မြောက်ပြီးသော် ဘုန်းကြီးများက ကိုလံဘိုရှိ မွတ်စ်လင်မ်ပိုင် သားသတ်ရုံတစ်ခုကို သားသတ်ခြင်း မပြုနိုင်အောင် ၀င်ရောက် စီးနင်းခဲ့ကြသည်။ သို့သော် ၄င်းပရ၀ုဏ်အတွင်း နွားတစ်ကောင်ကိုမျှ မတွေ့ကြရသဖြင့် အကြီးအကျယ် စိတ်ပျက်သွားသည်။ အကြောင်းမှာ ကိုလံဘို၌  နွားသတ်ခြင်းကို ၂၀၁၂ ခုနှစ် မေလကတည်းကပင် ပိတ်ပင်တားမြစ် ထားပြီးသောကြောင့်ဖြစ်သည်။  အသားသည်များက မြို့ပြင်၌သာ ဆောင်ရွက်ဖြန့်ဖြူးလျက်ရှိသည်။ ယင်းသို့ ရမယ်ရှာမရသည့် အပေါ် မကြေမချမ်းဖြစ်ကာ ကျန်းမာသန့်ရှင်းရေးဆိုင်ရာ (ဟလာလ်) အမှတ်တံဆိပ်ထံသို့ ဘုန်းကြီးများမှ ဦးလှည့် ဆူပူခြင်းဖြစ်သည်။ ရဲဝန်ထမ်းများမှ ထိုဖြစ်စဉ်ရပ်ဝန်းသို့ ရောက်လာကြသော်လည်း ဘုန်းကြီးများကိုသာ အားပေးအားမြှောက် ပြုခဲ့ကြသည် ဟု BBC မှ တင်ပြသည်။
    3
    တိရစ္ဆာန်များ၏ အသက်ကယ်တင်ရေးဟု ယင်းဘုန်းတော်ကြီးအချို့၏ ကြွေးကြော်ချက်အတိုင်း  အစစ်အမှန် ရည်ရွယ်ချက် ဖြစ်ခဲ့လျှင်ပင် ဗုဒ္ဓဖြန့်ချိခဲ့သော “ အကြမ်းမဖက်ရေး” ပင်မတရားတော်နှင့် ဖီလာဆန့်ကျင်နေသည်။ အိန္ဒိယတိုက်အတွင်း နှင့် ၄င်း၏အရှေ့ပိုင်း အိမ်နီးချင်းနိုင်ငံများ၌ တိရစ္ဆာန်များပေါ်စာ နာရေးကိစ္စကို ခန္တီစတရား လက်ကိုင်ပြု၍ ဆွေးနွေးခြင်းဖြင့်သာ ဆောင်ရွက်လေ့ရှိကြ၏။ အနိုင်ကျင့်စော်ကားခြင်း နှင့် ရာဇသံပေးခြင်း အမှုမျိုး မပြုလုပ်ကြချေ။ ဘုန်းတော်ကြီး Zhiwen ၏ ဟောပြောချက်များကြောင့် တရုတ်နိုင်ငံသားများစွာတို့သည် မိမိတို့၏ အိမ်မွေး တိရစ္ဆာန်များကို ဘေးမဲ့ပေးခဲ့ကြ၏၊ မိမိတို့၏ ငါးဖမ်းပိုက်များကို မီးရှို့ ဖျက်ဆီးခဲ့ကြကုန်၏။  မွတ်စ်လင်မ်အပေါင်းသည် တိရစ္ဆာန်များအပေါ် ရက်စက်ကြမ်းကြုတ်သည်ဟု သီရိလင်္ကာနိုင်ငံသားတို့မှ ပြန်တမ်း ထုတ်လိုက်ခြင်းမှာ ၄င်းတို့ကိုယ်တိုင်ကပင် အသိနိမ့်ကျနေကြောင်း ထုတ်ဖော်ရာ ရောက်သွားပေသည်။ အကြောင်းမှာ အာသောကမင်း လက်ထက်ကတည်းက စ၍ အိန္ဒိယနိုင်ငံတွင် တိရစ္ဆာန်များအပေါ် အကြင်နာ အငဲ့ညှာဆုံး ဘုရင်မှာ မွန်ဂိုပြည့်ရှင် မုဟမ္မဒ် အကဗရ် ဖြစ်ခဲ့ခြင်းကြောင့်တည်း။
    2ပြည်ပသို့အမဲသားတင်ပို့သည့် မွတ်စ်လင်မ်ပိုင်လုပ်ငန်းများတွင် ထောင်နှင့်ချီသော ဗုဒ္ဓဘာသာဝင်များကို အလုပ်ခန့် ထားကြသည်။ သို့ပင်သို့ငြား ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်ရေးအလို့ငှာ ဘုန်းကြီးများ၏အလိုကို လိုက်လျောပြီး စားသောက်ကုန်ပေါ်မှ ဟလာလ်တံဆိပ်အား စွန့်လွှတ်ရန် မွတ်စ်လင်မ်ထုမှ ဆုံးဖြတ်ခဲ့ကြသည်။ အပြန်အလှန်အားဖြင့် ဆက်လက် ဒုက္ခမပေးကြစေရန် မွတ်စ်လင်မ်တို့က အဆိုပြုခဲ့ကြသည်။ ပြီးခဲ့သည့်လတွင် ဥပဒေ ကောလိပ်တစ်ခုရှိ မွတ်စ်လင်မ်ဆရာမများကို ကိုယ့်အမျိုးကိုသာ မျက်နှာလိုက်သည်ဟု စွပ်စွဲ၍ ဗုဒ္ဓဘာသာဘုန်းကြီးများက ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့ကြသည်။ ၄င်းပြင် လုံခြုံစွာဆင်ယင်ထားကြသည့် အ၀တ်အစားပုံ ဟန်စံနစ်ကိုလည်း ပစ်ပယ်ဖျက်သိမ်းလိုက်ရန် ခိုင်းစေခဲ့ကြသည်။ “ သီရိလင်္ကာနိုင်ငံမှာ အစ္စလာမ့်စည်းမျဉ်းတွေ ၀င်ရောက်လာခွင့် မရှိအောင် ဒီလိုလုံခြုံတဲ့ အ၀တ်တန်ဆာမျိုးကို ဒီနိုင်ငံကနေ တားမြစ်လိုက်တဲ့အထိ ကျုပ်တို့ တိုက်ခိုက်သွားမယ် ” ဟု ဘုန်းကြီးတစ်ဦးမှ ငါ့စကားနွားရ ဆိုတတ်သော ဥရောပလစ်ဘရယ်များအလား ကြေညာသွားခဲ့သည်။
    BBS အကြမ်းဖက်အုပ်စု၏ အထူးဦးစားပေးရည်မှန်းချက်ဖြစ်သည့် တိရစ္ဆာန်များအားကာကွယ်ရေး မှသည် မွတ်စ်လင်မ် အမျိုးသမီးတို့၏အ၀တ်အစားများအား လှန်လျောကြည့်ရှုလိုခြင်း အဆင့်သို့ ရောက်လာကြသည်။ ကိုလံဘို မြို့လယ်လမ်းပေါ်တွင် မွတ်စ်လင်မ်အမျိုးသမီးတစ်ဦးမှာ တံတွေးဖြင့် အထွေးခံရပြီး၊ ဘူတာရုံတစ်ခု၌ လုံခြုံစွာ ၀တ်စားဆင်ယင်ထားသည့် မွတ်စ်လင်မ်အမျိုးသမီး လေးဦးထက်မနည်း လူရမ်းကားတစ်စု၏ တိုက်ခိုက်ခြင်းကို ခံရသည်။
    ရာစုတစ်ခုနီးပါး တိုင်အောင် ဗုဒ္ဓဘာသာဝင်တို့သည် တိုင်းတစ်ပါးသား လူနည်းစုများမှ အသုံးချမှုခံလိုက်ရ သယောင်ယောင် ယုတ်မာသော လံကြုပ် ဇာတ်လမ်းများကို အသုံးပြု၍ ဆင်ဟာလီလူများစုတို့၏ မူလအသိတရား၌ ညစ်ညမ်းမှုများ ပြန့်နှံ့သွားအောင် ထိုးဆွမှုပြုခဲ့ကြသည်။ “ ဆင်ဟာလီ လူမျိုးတို့က ဒီကျွန်းကို နိဗ္ဗာန်တမျှ ထင်ရှားလှပသာယာအောင် ဖန်တီးခဲ့ကြတာပါ။ အရိုင်းအစိုင်း ဖျက်ဆီးရေးသမားတွေကြောင့် ဒီကျွန်းက ပျက်စီးသွားရတယ်။ တိရစ္ဆာန်တွေကို ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခြင်း၊ ခိုးဝှက်ခြင်း၊ ကာမေသုမိစ္ဆာစာရကံကျူးလွန်ခြင်း၊ မုသားဆိုခြင်း၊ မူးယစ်သေစာသောက်စားခြင်း အလေ့အထတွေအတွက် ခရစ်ယာန်ဝါဒ နဲ့ ဟိန္ဒူဝါဒမှာ တာဝန်ရှိတယ် ” ဟု Anagarika Dharmapala က ၂၀ ရာစု အစပိုင်းတွင် ရေးသားဖော်ပြခဲ့သည်။
    လက်တွေ့၌မူ ခရစ်ယာန်တို့သည် သီရိလင်္ကာရှိ ဗုဒ္ဓဘာသာဝင် ဆင်ဟာလီ လူများစုအပေါ် ထူးထူးခြားခြား လွှမ်းမိုးခြယ်လှယ်ခြင်း မရှိခဲ့ကြချေ။  ဆင်ဟာလီတို့၏အုပ်ချုပ်ရေးကို ဖြိုလဲရန်ကြိုးစားခဲ့သော ဟိန္ဒူဘာသာဝင်တမီလ်အုပ်စုများကသာ ၂၀၀၉ ခုနှစ်တွင် ရက်စက်မှုကို လက်ဦးခံခဲ့ရခြင်းဖြစ်သည်။ သို့သော် စိတ်၏ လုံခြုံမှုမရှိသော လူများစုမှာ မိမိတို့သာလျှင် သာမြတ်မှုရှိကြောင်း ပြသနိုင်ရန်အတွက် အခြားလူနည်းစုဝင်တို့အတွင်းမှ အားနည်းချက်များကို မပြတ်ရှာဖွေကြိုးပမ်းလေ့ရှိသည်။
    လက်ရှိအဖြစ်အပျက်သည် ရာဂျာပတ်ဆာ ၏ နိုင်ငံရေးအာဏာခိုင်မာစေအောင်ပြုလုပ်သော နည်းလမ်းတစ်ရပ်ဖြစ်သည်။ အစိုးရ၏ သြဇာအကြီးဆုံး ရာထူးများ၌ မိမိ၏ မိသားစုဝင်များကိုသာ ခန့်အပ်ထားသည်။ ဆင်ဟာလာ အမျိုးသားရေးဝါဒီများမှာ ၄င်းတို့ကျွေးမွေးထားသော အခြေခံ အင်အားစုမှ ပေါက်ဖွားလာခြင်းဖြစ်သည်။ အတိတ်ကာလမှ အပြန်အလှန်အဓိကရုဏ်းတို့အား အဆုံးသတ်လိုက်သည့် မွတ်စ်လင်မ်များမှာ တမီလ်များနှင့် ရင်ဘောင်တန်းလာနိုင်ကြပြီဖြစ်သည်။ ထိုအချက်ကြောင့် သည်းခံခြင်းနှင့်မေတ္တာတရားအကြောင်းကို သမ္မတက တဖွဖွ ပြောဆိုနေသည့်တိုင် ၄င်း၏ညီဖြစ်သူ ကာကွယ်ရေးဌာနအတွင်းဝန် ဂိုတာဘာယာ က ဗုဒ္ဓဘာသာဝင်ရဟန်းတုများ၏ BBS ဂိုဏ်းကို ဖန်တီးလိုက်ခြင်းဖြစ်၏။ လတ်တစ်လောကျင်းပသွားခဲ့သော BBS အခမ်းအနားတွင် ယင်းဂိုဏ်းသားများ အားလုံးကို မိမိတို့၏ အမျိုးဘာသာသာသနာနှင့်တိုင်းပြည်ကို ကာကွယ်သူများအဖြစ် အမွှမ်းတင်ခဲ့ပြီး “ ဒီ ဘုန်းတော်ကြီးတွေအပေါ် ဘယ်သူမှ သံသယ မထားရ။ အသင်တို့ကို အားပေးကူညီဖို့ ကျွန်ုပ်တို့ ဒီကို လာရောက်ရခြင်း ဖြစ်တယ် ” ဟု ပြောကြားသွားသည်။
    မိမိတို့၏နိုင်ငံသည် ရာဂျာပတ်ဆာ လက်အောက်ရောက်မှ  ဆင်ဟာလီ ဗုဒ္ဓဘာသာဝင် အမြောက်အများ ချိုးနှိမ်ခံရသည် (သိက္ခာကျဆင်းရသည်)။ သို့ပါသော်လည်း သူတို့သည် တမီလ် နှင့် မွတ်စ်လင်မ်များကဲ့သို့ ယနေ့သီရိလင်္ကာနိုင်ငံ၌ အသံတိတ်လျက် ရှိပေသည်။
    **  The Daily Beast  တွင် အိန္ဒိယဂျာနယ်လစ်  Kapil Komireddi  ရေးသားသော  What Intolerant Buddhist Monks Are Doing To Sri Lanka  ဆောင်းပါးကို သစ္စာချို မှ တိုက်ရိုက်မြန်မာပြန်ဆိုဖော်ပြခြင်းဖြစ်သည်။ **
    What Intolerant Buddhist Monks Are Doing To Sri Lanka
  • ဖရက်ဒရစ် အူမာရ် ကနူးတေး (နာမည်ကျော် မွတ်စလင် အားကစားသမားများ ကဏ္ဍ)
    ဧပြီ-၂၉-၂၀၁၃
    M-Media
    စုစည်းတင်ဆက်သူ-ဝေဇင်
    1
    အမည်အပြည့်အစုံ        – ဖရက်ဒရစ် အူမာရ် ကနူးတေး (Frédéric Oumar Kanouté)
    မွေးသက္ကရာဇ်        – ၂၊ ၉၊ ၁၉၇၇
    ကစားသည့်နေရာ        – တိုက်စစ်မှူး
    လက်ရှိကလပ်        – Beijing Guoan
    နိုင်ငံ            – မာလီ
    ဖရက်ဒရစ် အူမာရ် ကနူးတေးကို ပြစ်သစ်နိုင်ငံ အရှေ့ပိုင်း Sainte-Foy-lès-Lyon မြို့တွင် ၁၉၇၇ ခုနှစ် စက်တင်ဘာ ၂ ရက်နေ့၌ ပြင်သစ်မိခင်နှင့် မာလီဖခင်တို့မှ မွေးဖွားခဲ့သည်။ မာလီလက်ရွေးစင် အသင်းအတွက် ကစားပေးခဲ့ကာ ၂၀၀၇ ခုနှစ် အာဖရိက အကောင်းဆုံး ဘောလုံးသမားဆုကို ပထမဦးဆုံး ရရှိခဲ့သည့် အာဖရိကတိုက် ပြင်ပတွင်မွေးဖွားသော ကစားသမားဖြစ်သည်။
    2လိုင်ယွန်
    သူ၏ ဘောလုံးစွမ်းရည်ကို ပြင်သစ်ကလပ် လိုင်ယွန် အသင်းမှ တွေ့ရှိခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် ကနူးတေးအား စာချုပ်ချုပ်ဆိုခဲ့သည်။ လိုင်ယွန်အသင်းတွင် ၅၈ ပွဲကစားပြီး ၉ ဂိုးသွင်းယူပေးခဲ့သည်။
    ၂၀၀၀ ပြည့်နှစ်တွင် အင်္ဂလန်ကလပ် ၀က်စ်ဟမ်းအသင်းသို့ ပြောင်းရွှေ့ခဲ့သည်။ ၀က်စ်ဟမ်းအသင်းအတွက် ၈၄ ပွဲကစားပြီး ၂၉ ဂိုး သွင်းယူပေးခဲ့သည်။ ၀က်စ်ဟမ်းအသင်းတွင် ပြသသည့် သူ၏ ခြေစွမ်းကြောင့် ချီးကျူးခြင်းခံခဲ့ရသည်။ ၂၀၀၂-၂၀၀၃ ဘောလုံးရာသီတွင် အကုန်တွင် ကနူးတေးမှာ တော့တင်ဟမ်ဟော့ စပါးအသင်းသို့ ထပ်မံ ပြောင်းရွှေ့ခဲ့သည်။ အသင်းသို့ရောက်စတွင် ခြေစွမ်းပြခဲ့သော်လည်း နောက်ပိုင်းတွင် မျှော်မှန်းသလောက် ခြေစွမ်းပြနိုင်ခဲ့ခြင်း မရှိပေ။ တော့တင်ဟမ်အသင်းနှင့် ဘောလုံးရာသီ နှစ်ရာသီတွင် ပွဲ ပေါင်း ၆၀ ကစားခဲ့ပြီး ၁၄ ဂိုးသွင်းယူပေးခဲ့သည်။
    3
    ဆီဗီလား
    5 ၂၀၀၅ ခုနှင့် သြဂုတ်လ ၁၇ ရက်တွင် စပိန်ကလပ် ဆီဗီလာ အသင်းသို့ပြောင်းရွှေ့ခဲ့သည်။ အင်္ဂလန်ကလပ် မစ်ဒယ်ဘရော့အသင်းအား ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော ၂၀၀၆ ယူအီးအက်ဖ်အေဖလား ဗိုလ်လုပွဲတွင် ဒုတိယပိုင်း လူစားဝင်ကစားခဲ့ပြီး ၈၉ မိနစ်တွင် အသင်းအတွက် အနိုင်ဂိုးတစ်ဂိုး သွင်းယူပေးခဲ့သည်။ ၂၀၀၇ ခုနှစ်တွင်လည်း ဆီဗီလားနှင့်အတူ ယူအီးအက်ဖ်အေ ဖလားကို ထပ်မံ ရရှိခဲ့သည်။ ကနူးတေးမှာ ဆီဗီလားအသင်းတွင် ပုံမှန် ပွဲထွက်ကစားသမားဖြစ်ခဲ့ပြီး အသင်းအား ၂၀၀၈ ခုနှစ် ယူအီးအက်ဖ်အေ ပြိုင်ပွဲ ၀င်ခွင့်၊ ၂၀၀၉ ခုနှစ်တွင် ချိန်ပီယံလိဂ်ပြိုင်ပွဲ ၀င်ခွင့်ရရှိအောင် ကူညီပေးခဲ့သည်။ ဆီဗီလားအသင်းတွင် ၂၀၉ ပွဲကစားကာ ၈၈ ဂိုးသွင်းယူပေးခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် တရုပ်ကလပ် Beijing Guoan  အသင်းသို့ ပြောင်းရွှေ့ခဲ့သည်။
    နိုင်ငံလက်ရွေးစင် ကစားသမားဘဝ
    4လိုင်ယွန်အသင်းနှင့် ကစားနေစဉ်အတွင်း ကနူးတေးမှာ ၂၁ နှစ်အောက် ပြင်သစ် လူငယ်အသင်း အတွက် ရွေးချယ်ခြင်း ခံခဲ့ရသည်။ သို့ရာတွင် ပြင်သစ်လက်ရွေးစင် အသင်းကြီးတွင်မူ ရွေးချယ်ခြင်းမခံရပေ။ ၂၀၀၄ ခုနှစ်တွင် မာလီလက်ရွေးစင် အသင်းမှ ရွေးချယ်ခဲ့ပြီး ၂၀၀၄ ခုနှစ် အာဖရိကနိုင်ငံများဖလား ဘောလုံးပြိုင်ပွဲတွင် မာလီ လက်ရွေးစင်အသင်းအတွက် ၄ ပွဲကစား ၄ ဂိုးသွင်းယူပေးခဲ့ကာ အသင်းကို ဆီးမီးဖိုင်နယ်အထိ ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။
    ၂၀၀၇ ခုနှစ် အာဖရိကနိုင်ငံများဖလား ခြေစစ်ပွဲတွင် တိုဂိုးအသင်းအား အနိုင်ရရှိပြီးနောက် ကနူးတေးမှာ အသင်းဖော် Mamady Sidibe နှင့်အတူ တိုဂို ပရိတ်သတ်များ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ၂၀၀၇ ခုနှစ် အာဖရိက အကောင်းဆုံးဘောလုံး ကစားသမားအဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။ ၂၀၁၀ အာဖရိကနိုင်ငံများ ဖလား ဘောလုံးပြိုင်တွင် မာလီအသင်း ပြိုင်ပွဲမှထွက်ခဲ့ရပြီးနောက် ကနူးတေးသည် လက်ရွေးစင်ကစားသမား ဘ၀မှ အနားယူကြောင်း ကြေညာခဲ့သည်။ မာလီအသင်းအတွက် ၃၉ ပွဲကစားပြီး ၂၃ ဂိုး သွင်းယူပေးခဲ့သည်။
    အောင်မြင်မှုများ
    7
    ဆီဗီလား
    ယူအီးအက်ဖ်အေဖလား (၂) ကြိမ် (၂၀၀၆၊ ၂၀၀၇)
    စပိန်ဘုရင့်ဖလား (၂)ကြိမ် (၂၀၀၇၊ ၂၀၁၀)
    ယူအီးအက်ဖ်အေ စူပါဖလား (၂၀၀၆)
    စပိန်စူပါဖလား (၂၀၀၇)
    တစ်ဦးချင်း
    အာဖရိက အကောင်းဆုံး ဘောလုံးသမားဆု (၂၀၀၇)