News @ M-Media

Category: သုတ၊ရသနှင့်အထွေထွေ

ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်

  • ကျောက်ဆည်နယ် (သို့မဟုတ်) လူမျိုးစုံ အခြေစိုက်နယ်

    ၆၂။ ပုဂံပြည့်ရှင် အနော်ရထာမင်းကောင်းစွာ အစပြုခဲ့သော ဆည်တော်မြောင်းတော်တို့နှင့် လယ်တွင်းဒေသကြီးသည် စီးပွားတော်ကြီးနယ်မြေဟူ၍ အမင်းမင်းတို့၏ အရေးတယူပြုခြင်းခံခဲ့ရသည်။ လူဦးရေနှင့်နှိုင်းစာလျှင် မြေဧရိယာအလွန်ကျယ်ဝန်းသည်ဟု ဆိုနိုင်သည်။ မင်းနေပြည်တော်တို့နှင့်လည်း အနီးဝန်းကျင်ဖြစ်ရကား ပြည်တွင်းပြည်ပ စစ်မက်ရေးရာတို့မှ အနိုင်ရဖမ်းဆီးခဲ့သမျှနှင့် ခိုဝင်ရောက်ရှိလာသမျှ စုလိုက်အုပ်လိုက် သုံ့ပန်းလူသူတို့ကို နေမြေလုပ်မြေပေး၍ အမှုတော်ကို ထမ်းရွက်နိုင်ကြစေရန် ဤလယ်တွင်းဒေသသို့ အမြောက်အမြား ပို့ဆောင်ချထားခဲ့သည်။

    ၆၃။ အနော်ရထာမင်းစောသည် သထုံအောင်ပွဲမှ မွန်သုံ့ပန်းများစွာကို ခေါ်ဆောင်ခဲ့ပြီးလျှင် ဧရာဝတီမြစ်ရိုးတလျှောက်၌ နေရာချထားခဲ့သည်။ နောင်အခါသည် ဆည်မြောင်းတို့ဖြင့် လယ်တွင်းနယ်ကြီး ပေါ်ပေါက်လာရာ အဆိုပါမြစ်ရိုးတလျှောက် မွန်သုံ့ပန်းတို့သည် လယ်တွင်းနယ်သို့ ရွေှ့ပြောင်းခဲ့ကြ၏။ အနော်ရထာမင်းစောသည် မြန်မာနိုင်ငံမြောက်ဘက်စွန်းဒေသသို့ထိတိုင် တိုင်းခန်းလှည့်လည်၍အပြန်တွင် အမှုတော်ထမ်းရန်လိုက်ပါလာကြသော တရုတ်နှင့်ရှမ်းလူမျိုးတို့ကို နေမြေလုပ်မြေပေး၍ ရွာတည်နေကြသည်ကိုလည်း တရုတ်ကုန်းနှင့် ရှမ်းတောင်ဦးရွာတို့အကြောင်းဖြင့် သိရှိနိုင်ပေသည်။
    ၆၄။ အလောင်းမင်းတရားသည် ဟံသာဝတီ မွန်တို့ကို ၁၇၅၆-ခုနှစ်၌ အောင်မြင်စွာတိုက်ခိုက်ပြီး မွန်သုံ့ပန်းများကို ခေါ်ဆောင်ခဲ့၍ လယ်တွင်းနယ်တွင် ချထားပြန်သည်။ ထိုသုံ့ပန်းထဲမှ ရွေးလက်ယာ ရွေးလက်ဝဲတပ်များလည်း ဖွဲ့စည်းသောအခါ တပ်သားပေါင်း (၁၅၇၀)ရရှိခဲ့သည့်အပြင် ရိုးရိုးလက်ယာကြောင်း (၁၀၃၂)ယောက်နှင့် လက်ဝဲကြောင်း (၁၈၄၈)ယောက်တို့ကိုလည်း ဖွဲ့စည်းရရှိခဲ့သည်။
    ၆၅။ အလောင်းဘုရား၏သားတော် ဆင်ဖြူရှင်လက်ထက်တွင်လည်း ယိုးဒယား လင်းဇင်း ရှမ်းတရုတ်နှင့် အာသံမဏိပူရစသည်ဖြင့် သုံ့ပန်းမျိုးစုံတို့ကို အစုအ၀န်းအလိုက် အမှုထမ်းတပ်များဖွဲ့၍ နေရာချထားခြင်း ပြုပြန်သည်။
    ၆၆။ ကုန်းဘောင်ခေတ် ဘိုးတော်ဦးဝိုင်းလက်ထက်၌ အိမ်ရှေ့မင်းသားကြီးဦးဆောင်၍ မြန်မာတပ်များက ရခိုင်သို့ချီတက်တိုက်ခိုက်အောင်မြင်ရာ ရခိုင်သုံ့ပန်းများစွာ ခေါ်ဆောင်ခဲ့ပြန်သည်။ ယင်းတို့ကို ဗုဒ္ဓဘာသာ အစ္စလာမ်ဘာသာ ခွဲခြား၍ ဤလယ်တွင်းဒေသတွင် နေမြေလုပ်မြေပေးပြီး ချထားခဲ့ပြန်သည်။
    ၆၇။ ဘကြီးတော် မှန်နန်းရှင်လက်ထက်၌ မဟာဗန္ဓုလ၏တပ်များက မဏိပူရ ကသည်းပြည်သို့ စစ်ချီ၍ တိုက်ခိုက်အောင်မြင်သည်နှင့် သုံ့ပန်းများခေါ်ဆောင်ခဲ့ပြန်ရာ ကသည်းမြင်းတပ်စုဖွဲ့၍ လယ်တွင်းနယ်တွင်ပင် နေထိုင်စေခဲ့သည်။
    ၆၈။ ဤသည်တို့ကား သမိုင်းစဉ်တလျှောက်ဝယ် လူမျိုးစုံသုံ့ပန်းတို့ကို မင်းမှုလည်းထမ်းကြစေ နေမြေလုပ်မြေလည်း မခဲမငြံ့ရကြစေဟူ၍ လယ်တွင်း လယ်တွင်းရိက္ခာနယ်မြေဒေသကြီးသို့ နေရာပေးခဲ့ကြပုံ သာဓကများဖြစ်၏။ ယုတ်စွအဆုံးဆိုရလျှင် ခရစ်နှစ် ၁၈၈၅-ခုနှစ်၌ မန္တလေးနေပြည်တော်ကို အပြီးသတ် သိမ်း၍ မြန်မာတနိုင်ငံလုံးကို ကျွန်ပြုရေး တတိယအင်္ဂလိပ်မြန်မာစစ်ပွဲအတွက် လိုက်ပါခဲ့ကြသည့် အစ္စလာမ်စစ်သားအချို့တို့သည် ကျောက်ဆည်နယ်ရှိ အစ္စလာမ်ကျေးရွာများသို့ လာရောက်ပူးပေါင်း အခြေချနေထိုင်ခဲ့ကြသည်။
    ၆၉။ လယ်တွင်းဒေသအတွင်းရှိ ကျေးရွာအသီးသီး၏ ရှေးဇစ်မြစ်တို့ကို လေ့လာသောအခါ အထက်ပါ အကြောင်းချင်းရာကိုထောက်ခံသည့် ပိုမိုစိတ်ဝင်စားဖွယ်ကောင်းသော ဖြစ်ရပ်များကို သိရှိလာရပေသည်။ သမိုင်းစဉ်တလျှောက်လူမျိုးအသီးသီးတို့ နေမြေလုပ်မြေမှီ၍ ရောက်လာအခြေစိုက်နေထိုင်ခဲ့ကြရာ ကာလကြာသည့်အလျောက် ကိုးကွယ်သည့်အယူဝါဒတူရာ ပေါင်းနှောသွားကြခြင်းအားဖြင့် ယခုအခါတွင်မူ မြန်မာဗုဒ္ဓဘာသာနှင့် မြန်မာမွတ်စလင်ဟူ၍ နှစ်မျိုးသာ သိသာခြားနားတော့သည်။

    ======================================================================

    ၁၉၈၂-ခု၊ စက်တင်ဘာလ (၁၅)ရက် နေ့စွဲဖြင့် ထုတ်ဝေထားသည့် “မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ မြို့နယ်မှတ်တမ်း၊ (စာမျက်နှာ ၂၇-၂၈)” မှ ကူးယူဖော်ပြပါသည်။

    News@MMSY

  • နာဒီယာ

    တနေ့ ဆွေမျိုးသားချင်းများ ဆီသို့ အလည်အပတ် ထွက်လာမိသည်။တိုက်တိုက်ဆိုင်ဆိုင်ပင် ကျမ ဆွေမျိုးအိမ်ကို လက်နက်ရှာဖွေရန် ဆိုပြီး အမေရိကန်တပ်သားတို့  ရောက်လာပြီး တအိမ်လုံးမွေနှောက်ကြပေတော.သည်။ထို့နောက် လက်နက်ကို အကြောင်းပြကာ တအိမ်သားလုံးကို ဖမ်းဆီးပါတော့သည်။ကျမ ငိုယိုပြီး စကားပြန်မှတဆင့် သူတို့ကိုပြောသည်။ ကျမ ဒီအိမ်ကို လာလည်တဲ့ ဧည့်သည်ပါဟု။သို့သော်သူတို့လက်မခံကြပေ။ကျမ ကို အဘူဂါရေဘ် အကျဉ်းထောင်သို့ ပို့လိုက်ကြတော့သည်။ တလိမ့်လိမ့်  ယိုစီးလာနေသော မျက်ရည်တွေကို လက်ဖမိုးဖြင့်သုတ်ရင်း သူမကြုံဆုံခဲ့ရသော  အနိဋ္ဌာရုံကို ပြန်လည်ပြောပြနေသော သနားစရာ အီရတ်သမီးပျို နာဒီယာ။
    အနံ့အသက်ဆိုးဝါး၍ အမှောင်ထု လွမ်းနေသော အချုပ်ခန်းထဲသို့ ကျမကို ထည့်လိုက်ကြသည်။ ကျမ ကိုယ့်စိတ် ကိုယ်ဖြေနေမိသည်(သူတို့ စုံစမ်းလို့ အမှုမှန်ပေါ်သွားတာနဲ့ ငါ့ကို ပြန်လွှတ်ပေးမယ်ထင်တယ်)။ ရုတ်တရက်အမေရိကန် အစောင့်တပ်သားတို့၏ ရယ်မောသံတွေကြောင့် သတိဝင်လာပြီး စိတ်ထဲ ကြောက်ရွံ့လာမိသည်။ တခဏကြာတော့ အမေရိကန်စစ်တပ်မှ အမျိုးသမီး တစ်ဦး က (အီရတ်မှာ မိန်းမတွေပါ လက်နက်အရောင်းအ၀ယ် လုပ်ကြမယ်လို့ ငါတွေးတောင်မတွေးမိဘူး)ဟု ငေါ့တော့တော့ ဖြင့်ပြောဆိုကာ ၀င်လာလေသည်။ ဖြစ်ကြောင်းကုန်စင်ကို ကျမရှင်းပြသေးသည်။ သို့သော် ထိုအမျိုးသမီး လက်မခံပေ။တသက်မှာ တခါမှ မကြားဖူးခဲ့သော အဆဲများဖြင့် ဆဲဆိုကာ ရိုက်နှက်ပါတော့သည်။ အသားလည်းနာသည်။အသည်းလည်းနာသည်။ နှိပ်စက်လို့ အားရသည်နှင့် ကျမကို ဆေးခပ်ထားသော ရေတစ်ခွက် အတင်းတိုက်ပါတော့သည်။
    ကျမ သတိ ပြန်လည် လာသည့် အချိန်၌ ကျမ အ၀တ်အစားများ ရှိမနေတော့ပါ။ ကျမ အနိုင်ကျင့် ခံလိုက်ရပြီ။ လူသားမဆန်တဲ့ အစော်ကားခံလိုက်ရပြီ။ ရင်ထဲမှာနာလှသည်။ သို့သော်လည်း ကယ်မည့်သူ မရှိခဲ့ပါ။ ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ် ဒီမိုကရေစီ ဥပဒေ က မှ ကျမ ဆုံးရူံးသွားသည့် အရာကို ပြန်ပေးနိုင်တော့မည် မဟုတ်ပါ။ ရှက်စိတ် အားငယ်စိတ်တွေကြောင့်  ခေါင်းကို အုတ်နံရံ နဲ့ဆောင့်ပြီး ငိုးကြွေးနေမိသည်။ အခိုက်အတန့်မှာပင် လူသားမဆန် ယုတ်မာပက်စက်လွန်းသော အမေရိကန်စစ်သား ငါးယောက် အခန်းတွင်းသို့ ၀င်လာကာ ကျမကို ရိုက်နှက်ပြီး အနှိင်ကျင့်ကြပြန်သည်။ နေ့စဉ်ရက်ဆက် ဆိုးဝါးလှသော အနိုင်ကျင့် စော်ကားမှုကို  ခံနေခဲ့ရရှာသည်။ အားကိုရာ မရှိခဲ့ပေ။ နာကျင်လွန်းသဖြင့် မျက်ရည်သာကျနေခဲ့ရသည်။အပြစ်မဲ့ပြည်သူတို့၏ဘ၀ပင်။
    တလခန့်ကြာသော် အမေရိကန် လူမည်းစစ်သားတစ်ယောက် အခန်းထဲဝင်လာပြီး ရေချိုးရန်ပြောပြီး အ၀တ်အစား တစ်စုံ ပစ်ပေးလေသည်။ ရေချိုးလို့မပြီးခင်မှာပင် လူမည်းစစ်သား ပြန်လည်ရောက်ရှိလာသည်။ ကျမ ကြောက်လန့်ပြီး ခွက်ဖြင့် လှမ်းပေါက်သည်။ သို့သော်လည်း ကျမ မျက်နှာကို ပိတ်ရိုက်ပြီး ကန်ကြောက်ပါလေတော့သည်။ သူပြန်ထွက်သွားပြီး စစ်သားနှစ်ယောက်ကို အဖေါ်ခေါ်ကာ ပြန်ရောက်လာလေသည်။ နည်းမျိုးစုံဖြင့် အနိုင်ကျင့်ကြပြန်သည်။ အီရတ်မိန်းမသားတွေအပေါ် မှာ လူစိတ်မရှိပဲ
    ရက်ရက်စက်စက် အနိုင်ကျင့်စော်ကားသော အဖြစ်အပျက် ကို နာဒီယာ ငိုငိုပြီးပြောပြနေလေသည်။
    လေးလခန့်ကြာသော် အမေရိကန်စစ်တပ်မှ အစောင့်အမျိုးသမီး ရောက်လာသည်။ ထိုအမျိုးသမီး အမည်ကို စစ်သားတွေ မာရီ လို့ခေါ်သည်ကိုကြားဖူးသည်။ ထို့နောက် ကျမကို ပြောလေသည်( နင် ဒီက လွတ်ချင်တယ်ဆိုရင် အခွင့်အရေး တခုတော့ရှိတယ်။ မကြာခင် အရာရှိ လာဖို့ ရှိတယ်။ နင်သူ့ ကို လိုက်လိုက်လျောလျော ဆက်ဆံမယ်ဆိုရင် နင်အပြစ်မရှိကြောင်း ငါထောက်ခံပေးမယ်။) ကျမ လည်း ပြန်ပြောမိလေသည်။(ငါ့မှာ အပြစ်မရှိမှန်း သိသိကြီးကြီးနဲ့ ဘာလို့ ဖမ်းထားတာလဲ?) မာရီ စိတ်တိုလာပြီး နံပါတ်တုတ်ဖြင့် ကျမ ကိုရိုက်နှက်ပါတော့သည်။ နှိပ်စက်လို့ဝသည်နှင့် အလှပြင် ပစ္စည်းပေးကာ ရေချိုးခိုင်းသည်။ အလှသေချာ မပြင်ထားပါ က ဒီထက်ပိုနာမည်ဟု ပြောကာ သူမထွက်သွားလေသည်။ ခဏကြာတော့ အခန်းတခုသို့ ကျမ ကိုခေါ်ဆောင်သွားကြသည်။ ထို့နောက်
    မာရီ သည် ဗီဒီယိုကင်မရာ ကိုင်ထားသော အမေရိကန် စစ်သားလေးယောက်နဲ့အတူပြန်ရောက်လာသည်။
    ၎င်းနောက် မာရီသည် ကျမ အ၀တ်အစား များ ကို အတင်းဆွဲချွတ်ပါတော့သည်။ ဆိုးဝါးလွန်းသည့် ကံကြမ္မာပင်။ အ၀တ်အစားကို အတင်းအဓမ္မ ၀ိုင်းချွတ်ကြပြီးနောက် စစ်သားလေးယောက်တို့ ဗီဒီယို စရိုက်ကြလေသည်။ မျက်နှာကို ပြုံထားရန် အမိန့်ပေးပြန်သည်။ ဦးခေါင်း အနီးမှ ကျည်ဆံ လေးချက် ကပ်ပစ်ပြီး မပြုံးပါက နောက်ကျည်ဆံ တစ်တောင့် ကိုခေါင်းထဲ ပစ်ထည့်မည် ဟု ခြိမ်းခြောက်ပြန်သည်။ အဆုံး၌ အကြိမ်ကြိမ် အခါခါ  စော်ကားကြပြန်လေပြီ။ အားကိုးရာမရှိသော မိန်းမသား တစ်ယောက် အပေါ် လူမဆန်ရက်လေခြင်း။
    ဒဏ်ရာ အနာတရဖြင့် နိုးလာတော့ အချုပ်ခန်းသို့ ပြန်ရောက်နှင့်နေပြီးဖြစ်သည်။ တနေ့မှာတော့  ရိုက်ကူးထားသော ဗီဒီယိုခွေကို ကြည့်ပြီး မာရီ ပြောလေသည် ( နင်တို့တွေဟာ ဒို့တွေ အသုံးတော်ခံဖို့ လူဖြစ်လာရတာ)။
    နားကျည်းစရာ စကားလုံးတို့၏ ထိုးနှက်ချက်ကြောင့် ဒေါသဖြစ်လာသဖြင့် မာရီကို တခုခုလုပ်ရန်ကြိုးစားမိသည်။ သို့သော်လည်း အမေရိကန် စစ်သား တို့ ၀ိုင်းဝန်း ရိုက်နှက်မှု ကိုသာ အလူးအလှိမ့်ခံရပြန်သည်။တစ်လခန့် ကြာသော် မာရီနှင့်အတူ အမေရိကန်စစ်သားတွေ ရောက်လာကာ ကျမ ၀တ်ခဲ့သော အ၀တ်အစားကို ထုတ်ပေးလေသည်။ ထို့နောက် အမေရိကန် စစ်ကားဖြင့်ခေါ်ဆောင်လာကြပြီး လမ်းခုလပ်တနေရာ၌ ချပစ်ခဲ့ကြလေသည်။ ဤသည်ကား ဆွေမျိုးသားချင်းထံ သွားလည်မိသဖြင့် အနိဋ္ဌာရုံဖြင့် ကြုံဆုံခဲ့ရသော သနားစရာ နာဒီယာ ၏ဘ၀ပင်။
    ကျူးကျော်သူ အမေရိကန်စစ်သားတို့၏ ရက်စက်ယုတ်မာမှု ၊လူသားချင်း မစာနာမှု တို့ကြောင့် ဒီမိုကရေစီ၏ သားကောင် ဖြစ်ခဲ့ရသူ အပြစ်မဲ့မိန်းမသားတို့၏ အနိဋ္ဌာရုံတခုပင်။ အဖေ ဘယ်သူမှန်းမသိသော ကလေး ကို ၀မ်းတွင် လွယ်ပြီး လူတွေ၏ လက်ညိုးထိုး ကဲ့ရဲ့ခြင်းကို ဒဏ်ရာ ပရပွဖြင့်  ဘ၀တစ်လျှောက် အလူးအလိမ့် ခံရတော့မည်သာ။

    ماتت قلوب الناس

    အပြစ်မဲ့ပြည်သူတွေရဲ့ အသည်းနှလုံးတွေ သေဆုံးကုန်ကြပါပြီ။

    عندما بعث النبي صلى الله عليه وسلم معاذا إلى اليمن فقال: ” اتق دعوة المظلوم فإنها ليس بينها وبين الله حجاب ” البخاري

    မြတ်တမန် ဤသို့မိန့်ခဲ့သည်( လူလူချင်း နိုင်လိုမင်းထက်ပြုခြင်းမှ ကျဉ်ရှောင်ကြလော။ ဧကန်စင်စစ် နိုင်လိုမင်းထက် အပြုခံရသူတို့၏ တောင်းဆု နှင့် အရှင်မြတ် ကြားတွင် အကာအကွယ် မရှိချေ။) တချိန်ချိန်တွင် ပြန်ပေးဆပ်ရမည်သာ။

    فالظلم آخره يأتيك بالندم

    (((နိုင်လိုမင်းထက်ပြုခြင်းသည် နောင်တဖြင့်သာ အဆုံးသတ်စေသည်။)))
    Author –  ကတိုး
  • သုခမိန်နှင် ကင်းမြီးကောက်

    မြစ်ကမ်းနံဘေးတနေရာ၌ အိုမင်းမစွမ်း သုခမိန် တစ်ယောက် ပတ်ဝန်းကျင်၏ အလှအပ ကိုထိုင်ပြီး ခံစားရင်း ပါစပ်ကလည်း တတွတ်တွတ် ရွတ်နေသည်။ရုတ်တရက် ကင်းမြီးကောက်တစ်ကောင် ရေထဲကျသွားသည်ကို ၀ိုးတ၀ါးလေး လှမ်းမြင်လိုက်သည်။ ထိုကင်းမြီးကောက် ရေထဲ၌ အသက်လုနေသည်ကို မြင်သော် သူသည် ရေထဲမှ ဆယ်တင်ပေး ရန် ဆုံးဖြတ်ပြီး လက်ကိုဆန်.တန်.ကာ လှမ်းကယ်ပါလေတော.သည်။ထိုအခါ ကင်းမြီးကောက်လည်း ကိုက်ထည်.လိုက်လေရာ ထိုသူ ငယ်သံပါအောင် အော်ပြီး လက်ကိုအမြန်ပြန်ရုတ်လိုက်ရပါတော.သည်။ တခဏကြာသော် ထိုသူသည် ဒုတိယ တစ်ကြိမ် ကင်းမြီးကောက်၏ အသက်ကိုကယ်ရန် လက်ကိုပြန်ဆန်.လိုက် ရာ ကင်းမြီးကောက်လည်း ကိုက်ထည်.လိုက်ပြန်သည်။

    ထို.နောက် သူ တတိယ တစ်ကြိမ် အသက်ကယ်ရန် ပြင်ဆင်သော် ၊အနီးအနား၌ ထိုအဖြစ်အပျက် ကို ထိုင်ကြည်.နေသော

    လူတစ်ယောက်ရှိလေရာ ထိုသူက (အို သုခမိန် အသင် သည် ပထမ အကြိမ် ဒုတိယ အကြိမ် မှာကတည်း က သင်ခန်းစာ ယူသင်.ပါပြီး ။

    ယခု အသင် တတိယ အကြိမ် အသက်ကယ်ရန် ကြိုးစား ပြန်ပြီးလား?) သုခမိန် လည်း ထိုသူ၏ ငေါက်ငမ်းမှု ကို ဂရုမမူဘဲ ကင်းမြီးကောက်အသက်ကို ရေထဲမှ ရအောင်ဆယ်ယူပြီး ကယ်တင်ပေးလိုက်လေသည်။

    ထို.နောက် သုခမိန် သည် ထိုသူရှိရာ သို.လျောက်သွားပြီး ပခုံးကို သပ် ကာ ဆိုလေသည်။

    ( အို ချစ်သား ကင်းမြီးကောက် ၏ ဗီဇ သည် ကိုက်ခဲ ခြင်းပင်ဖြစ်သည်။ ကျွန်ုပ် ၏ ဗီဇသည် ချစ်ခင်မြတ်နိုးခြင်း ၊ဂရုဏာထားခြင်းပင်ဖြစ်သည်။ သို.ဖြစ်လေရာ ကင်းမြီးကောက် ၏ ဗီဇ သည် ကျွန်ုပ်၏ ဗီဇ အပေါ်လွှမ်းမိုး အောင် အသင်မကြိုးစားပါလေနှင်.။)

    (( လူအပေါင်းကို ဆက်ဆံရာဝယ် မိမိ၏ ဗီဇဖြစ်သော ဖြောင်.မတ်မှန်ကန်သော ဂရုဏာနှလုံးသားဖြင်. သာဆက်ဆံပါလေ။ လူတို.ဆိုးသွမ်း ယုတ်မာမှု ကြောင်.မိမိ နာကျင်ဆုံးရူံးရသည်.တိုင်အောင် ဆိုးသွမ်းသူတို.၏ ဗီဇ မိမိအပေါ်လွှမ်းမိုးပြီး မိမိကိုယ်ကိုမပျက်ဆီးပါစေနှင်.))

    قال الله تعالى

    {وَلَا تَسْتَوِي الْحَسَنَةُ وَلَا السَّيِّئَةُ ادْفَعْ بِالَّتِي هِيَ أَحْسَنُ فَإِذَا الَّذِي

    بَيْنَكَ وَبَيْنَهُ عَدَاوَةٌ كَأَنَّهُ وَلِيٌّ حَمِيمٌ *

    ကျမ်းတော်မြတ် ကုရ်အာန်

    အလိုသဘောမှာ (35

    المسلم الحق مسلم ذو أخلاق حميدة وخصال طيبة صالحة ، وخاصة

    إذا تعامل مع الناس بجميع أنواعها من الاقارب و الاصحاب وحتى

    الاعداء و الجهلاء ،فالتعامل بين الناس فى الاسلام يحتاج لخلق العفو

    و التسامح و هو الخلق الذى ترتاح به القلوب و تزال به الضغائن

    و الحقود ) မွတ်စလင်မ် ဟူသည် သစ္စာသမာဓိရှိသူ ကိုယ်ကျင်.သီလ ပြည်.စုံသူပင်ဖြစ်သည်။

    လူအပေါင်းဖြင်. ဆက်ဆံရာဝယ် ဆွေးမျိုးသားချင်း မှ အစပြု၍ ပညာမဲ.သူ ၊ရန်သူပင် ဖြစ်လင်.ကစား ခွင်.လွတ်တတ်သော နှလုံးသာ ဖြင်.လှိက်လှဲရိုကျိုးစွာ ပေါင်းသင်းအပ်ရာ၏။

    မြတ်တမန် ၏ ရိုကျိုးမှု၊မိမိကိုယ်ကို ထိခိုက်အနာကျင်ခံပြီး ကောင်းသော အကျင်.သီလ ဖြင်.ရန်သူအပေါ် ကိုပင် ဂရုဏာထား ချစ်ခင်မှုတို.ကြောင်. အစ္စလာမ်နှင်.မြတ်တမန် အပေါ် အသည်းခိုက်မတတ် နားကျည်းမုန်းတီးခဲ.

    သော ရန်သူတော်ကြီး အဗူစွဖ်ယာန်း အစပြု၍ အလုံးစုံသော ရန်သူ တို.သည် ၊အဆုံးတွင် အစ္စလာမ်အပေါ်အသက်မကချစ်မြတ်နိုးကြသော ၊နှစ်ကိုယ်.တစ်စိတ် ရင်ချင်းအပ်အဆွေခင်ပွန်း အစ္စလာမ်ညီနောင်ဝင် များအဖြစ် ပြောင်းလည်း ကာ နှစ်ဘ၀နှစ်ငှာန ၏အောင်မြင်သူများပင် ဖြစ်လာကြပေတော.သည်။

    ရေးသူ-ကတိုး

  • မယုံကြည်သူနှင့် ရန်လိုနေသူများအပေါ် ကိုယ်တော့်မေတ္တာ

    မယုံကြည်သူနှင့် ရန်လိုနေသူများအပေါ် ကိုယ်တော့်မေတ္တာ

    အဗူဘ(တ်)စ်ရာ အလ်ဂါရိ ဆိုသော ပုဂ္ဂိုလ်က  မိမိ အစ္စလာမ့်အေးရိပ်ဆာသို့ မရောက်မှီ အဖြစ်အပျက်ကို ပြန်ပြောသည်မှာ “ကျွန်တော် မဒီနာမြို့ကို ရောက်လာခဲ့တယ်။ မုဟမ္မဒ်သခင်(ကိုယ်တော့်အား မေတ္တာပို့သပါ၏)က ကျွန်တော့်ကို တည်းခိုဖို့ စီစဉ်ပေးခဲ့ပါတယ်။ အဲ့ဒီညနေခင်းမှာပဲ ဆိတ်ခုနစ်ကောင်ထွက် နို့တွေအားလုံးကို ကျွန်တော် သောက်ပစ်ခဲ့တယ်။ မုဟမ္မဒ်သခင် (ကိုယ်တော့်အား မေတ္တာပို့သပါ၏)က ကျွန်တော်ရဲ့ ရိုင်းပြမှုအပေါ် ဘာမှပြောဆိုခြင်း မရှိဘဲ နှုတ်ဆိတ်နေတော်မူခဲ့ပါတယ်။ အဲ့ဒီညမှာ ကိုယ်တော်ဟာ စိတ်ဆိုးခြင်း မကျေနပ်ခြင်း အမူအရာ တစက်လေးမှ မရှိဘဲ  ဆာလောင်စွာနဲ့ အိပ်စက်သွားတော်မူခဲ့ပါတယ်။ ဒီမြင့်မားလှတဲ့ အကျင့်စာရိတ္တစံကို ကိုယ်တွေ့ကြုံပြီးနောက်မှာတော့ ကျွန်တော် အသိဥာဏ်နဲ့ ယှဉ်ပြီး ကျင့်မူခဲ့ပါတယ်။ ကျွန်တော် အစ္စလာမ့်အေးရိပ်ဆာကို ဝင်ရောက်ခဲ့ပါတော့တယ်။”

    မုဟမ္မဒ်သခင်(ကိုယ်တော့်အား မေတ္တာပို့သပါ၏)သည် စကြဝဠာခပ်သိမ်းနှင့် လောကအားလုံးတို့အတွက် မေတ္တယျကရုဏာတော်ရှင်အဖြစ် ပွင့်တော်မူခဲ့ခြင်းဖြစ်ရာ ကိုယ့်တော်၏ မေတ္တာကရုဏာသည် ဝေနေယျသတ္တဝါအားလုံးကို လွှမ်းခြုံလျက်ရှိနေပေသည်။ တနေ့သော် ရန်လိုမုန်းတီးသူများနှင့်ပတ်သက်၍ ပြစ်ဒဏ်ကျစေကြောင်း တောင်းဆုသစ္စာပြုရန် ကိုယ်တော့်အား တိုက်တွန်းကြပေသည်။ ထိုအခါ ကိုယ်တော်မြတ်ကြီးက  “ငါကိုယ်တော်သည် ဒီလောကသို့ ပြစ်ဒဏ်ကျစေခြင်းအကြောင်းအနေနဲ့ မဟုတ်ဘဲ မေတ္တယျကရုဏာတော်ရှင်အဖြစ် ပွင့်ပေါ်တော်မူစေခြင်းခံရသူဖြစ်တယ်”ဟု ပြန်လည် မိန့်ကြားတော်မူခဲ့ပေသည်။

    ဝေနေယျခပ်သိမ်းအတွက် ကရုဏာတော်ရှင် မုဟမ္မဒ်သခင်

    မုဟမ္မဒ်သခင်(ကိုယ်တော့်အား မေတ္တာပို့သပါ၏)သည် သွာအိဖ်မြို့သို့ အကျွတ်တရား ဟောတော်မူရန် ကြွချီသွားသောအခါ ထိုမြို့မှ ဒိဌိမြို့သားတို့သည် ခဲများဖြင့် ပေါက်ကာ နှိပ်စက်ညှင်းပန်းကြလေသည်။ ထိုအချိန်တွင် ကောင်းကင်တမန်တော်ကြီး ဂျီဗရာအီလ်(ငြိမ်းချမ်းပါစေ) ရောက်ရှိလာပြီး ဤဒိဌိမြို့သားများနှင့် မြို့ကို တောင်နှစ်လုံးကြားတွင် ညှပ်ပြီး ဖျက်ဆီးပစ်လိုက်မည်ဟုဆိုကာ ကိုယ်တော်မြတ်ထံ ခွင့်တောင်းခဲ့လေသည်။ မုဟမ္မဒ်သခင်(ကိုယ်တော့်အား မေတ္တာပို့သပါ၏)က တားမြစ်တော်မူခဲ့ပြီး မိမိ၏အရှင်ဖြစ်တော်မူသော သစ္စာဓမ္မတည်းဟူသော ဂုဏ်တော်ထွန်းတော်မူသည့် ပရမတ်ဘုရားရှင် အလ္လာဟ်အရှင်မြတ်ထံ တိုင်တည်လျက် မိမိအား ခဲများဖြင့် ရက်ရက်စက်စက် ပစ်ပေါက်လျက်ရှိနေသော လူထုအတွက် အောက်ပါအတိုင်း အထူးဆုတောင်းပေးတော်မူခဲ့ပေသည်။

    “အို ကျွန်တော်မျိုး၏ အရှင်မြတ်၊ ဤလူများကို သစ္စာလမ်းကို ပေးသနားတော်မူပါ။ သူတို့၏ သားသမီးမျိုးဆက်များကို ယုံကြည်ကျိုးနွံသူများ ဖြစ်စေတော်မူပါ။”

    မုဟမ္မဒ်သခင်(ကိုယ်တော့်အား မေတ္တာပို့သပါ၏)၏ ထိုမေတ္တာကရုဏာအပြည့် တောင်းဆုတော်၏ အကျိုးကြောင့် အဆုံးတွင် သွာအိဖ်တစ်မြို့လုံး အစ္စလာမ်အေးရိပ်ဆာယာသို့ ဝင်ရောက်ခဲ့သည်မှာ ယနေ့ ထက်တိုင်ပင်ဖြစ်သည်။

    ကိုး- စာ ၁၄၂၊ မေတ္တယျကရုဏာတော်ရှင် မုဟမ္မဒ်သခင်၏ ဘဝတော်မှ မှတ်တိုင်များ၊ အုစ်မန်နူရီတော့ပ်ဘတ်စ် (English Version)

    Ref: peaceforthewholeuniverse

  • ဘုံပြတ် ခေါ် မြင်းလှည်း ဘယ်ကစ

    “ဘုံပြတ် ခေါ် မြင်းလှည်း လေးနဲ့ ယဉ်ယဉ်ကျေးကျေးထိုင် မမတို့ မော်ရွှေမြိုင် မမတို့ မော်ရွှေမြိုင်” ဒီသီချင်းကတော့ မော်လမြိုင် သားတိုင်း နီးပါးလောက် ကြားဖူးကြမယ်လို့ ထင်ပါတယ်။

    မြင်းလှည်းများကို ဘုံပြတ်လို့ ခေါ်တွင်ဖြစ်ခဲ့တဲ့ သမိုင်းကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်၊ထို့အတူ မြန်မာစာတတ် ပေတတ် လူမျိုးခြား ဘာသာခြား တစ်ဦးအကြောင်းကိုလည်း ချန်လှပ်ထားလို့ မရပါဘူး ။

    ထိုသူကား ဦအလီ(1837-1907)(ကျူလယာလူမျိုး) ပင်တည်း။ ဖခင်ဖြစ်သူမှာ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲတွင် အင်္ဂလိပ်တပ်များနှင့် ပါလာပြီး စစ်ပြီးသော်လည်း မပြန်တော့ပဲ မော်လမြိုင်တွင်အခြချ နေထိုင်သူတစ်ဦးဖြစ်သည်။ဦးအလီ၏ အိမ်ကား ဦးဇိန ဘုရားလမ်း ရွှေပရိယတ္တိ စာသင်တိုက်၏ တောင်ဘက်ကပ်လျက်ရှိသည်။

    ထိုစဉ်က ရွှေကျောင်းဆရာတော်မှာ လေကီ လောကုတ် ပညာများကို စွယ်စုံတတ်မြောက်သည့် ဆရာတော်ဖြစ်သလို ယနေ့ ထိတိုင် ထင်ပေါ်ကြော်ကြားသော ဘုန်းကြီးဘိုး လျှာပွတ်ဆေးကို ဖေါ်စပ်ခဲ့သည့် ဆရာတော်လည်းဖြသ်သည်။

    ဦအလီ စာသင်သည့် အရွယ်တွင်ဆရာတော်ထံ နေ့စဉ်ဆွပ်အုပ်ပို့ရင်း မြန်မာစာနှင့် ပါဠိစာပေကို သင်ယူသည်။ ထိုအပြင် ဆရာတော်ထံမှ သီချင်းကြီး သီချင်းခန့် ကဗျာ လင်္ကာများကိုပါ သင်ယုတတ်မြောက်သည်။ဆရာတော်ထံ သွားလာရေးလွယ်ကူစေရန် ကျောင်းနှင့်အိမ်ကြား တံခါး ဖေါက်ထားရာ ယနေ့တိုင်တွေ့နိုင်သည်။

    ရပ်ရွာတွင် အလှူအတန်းလုပ်သည့်အခါတိုင်း ရတုရကန် ဧချင်းများကို ဦးအလီထံ လာရောက် စပ်ခိုင်းရသည်အထိ မြန်မာစာ ထူးချွန်သူဖြစ်သည်။တခါတရံ သူကိုယ်တိုင် သွားရောက်ရွတ်ဆိုပေးရသည် အထိ သူမပါလျင် ပွဲမစည်ပေ။

    စာတတ်ပေတတ်ဖြစ်လာသော ဦးအလီသည် အလုပ်လျှောက်ရာ အရေးပိုင်ရုံးတွင် လက်ထောက် ဘီလစ်အဖြစ် အလုပ်ရသည်။လစာမှာ ၁၂ကျပ် ၈ပဲ ဖြစ်သည်။(ရွှေတစ်ကျပ်သား ၂၀-၂၅ ကျပ်ခေတ်)

    1840 နောက်ပိုင်းတွင် မော်လမြိုင် တရားရုံးများ၌ ရှေ့ နေများစတင်ပေါ်ပေါက်လာသည်။ထိုစဉ်က ရှေ့ နေ များသည် အင်္ဂလန်မှလာသော ဝတ်လုံများဖြစ်သည်။ အမူကို အင်္ဂလိပ်လိုစစ်ရသည်အတွက် အမူသည်များမှာ ရှေ့ နေခရော စကားပြန်ခပါ ပေးရသည်။အချိန်လည်း ကြန်ကြာကြရသည်။

    မြန်မာ-မွန်-အင်္ဂလိပ်-ကုလား စကားတတ်သော ဦးအလီသည် ရှေ့ နေ အလုပ်ကိုလျှောက်ထားရာ အရေးပိုင်က တစ်နှစ်အစမ်းခန့် သည်။ စကားပြန်မပါပဲ အမူလျှောက်ထားနိုင်သဖြင့် အမူသည်များလည်းကုန်ကျစရိတ် သက်သာလာကာ အမူစစ်ရာတွင်လည်းမြန်ဆန်လာသည်။ ဦးအလီသည် 1870 တွင် အထက်တန်းရှေ့ နေအဖြစ် ခန့်အပ်ခြင်းခံရသည်။

    ဦးအလီထင်ပေါ် ကျော်ကြားလာသည့်အတွက် ဦအလီ၏ အိမ်တွင် ရပ်ဝေးရပ်နီးမှ အမူသည်များ အဝင်အထွက်များ လာသည်။ သိုသော် ကျိုက်မရော နှင့် မုဒုံမှ အမူသည်များ လွယ်လွယ်ကူကူ မလာနိုင်ချေ။
    လှည်းဖြင့်လာလျင် လမ်းတွင်ညအိပ်ရသည်။ထိုစဉ်က မော်လမြိုင်တွင် မော်တော်ကား မရှိပေ။ 1914 ခန့် အထိ မော်လမြိုင်တွင် ကိုယ်ပိုင်မော်တော်ကား ford အမျိုးစား ၁၀ စီးခန့်သာ ရှိသည်။

    ဦးအလီသည် ဘီးလေးဘီး နှင့် မြန်းနှစ်ကောင်တပ် မြင်းရထားကြီးနှစ်စီးကို တီထွင်ပြုလုပ်ပြီး မော်လမြိုင်-ကျိုက်မရော၊ မော်လမြိုင်-မုဒုံ အသွားအပြန် ကို ပြေးဆွဲသည်။ ထိုမြင်းလှည်း နှစ်စီး၏ အမည်ကိုလည်း ဘုံပြန် နှင့် ဘုံဆောင် ဟူ၍ မြန်မာ ဆန်ဆန် အမည်ပေးသည်။ အရှည် ၁၅ ပေခန့် ရှိပြီး လူ ၂၀ ခန့် ချောင်ချောင် စီးနိုင်သည်။

    နံနက် ၅ နာရီတွင် အိမ်ရှေ့  မှ မြင်းရထာကြီးတစီး စထွက်သည်။ မော်လမြိုင်မြို့ မှ ၇ မိုင်ဝေးသော ခရွန်းရွာတွင် ခေတ္တနားသည်။ မြင်းအသစ် နှစ်ကောင်လဲ၍ ဆက်လက်ခရီးဆက်ရာ မော်လမြိုင်မှ ၁၂ မိုင်ဝေးသော ကျောက်တစ်လုံးရွာတွင် ခေတ္တနားသည်။ တဖန် မြင်းအသစ်နှစ်ကောင်လဲ၍ ခရီးဆက်ပြန်ရာ မုဒုံတွင် ခရီးဆုံးလေသည်။ မော်လမြိုင်မှ မုဒုံသို့ အသွား မြင်းခြောက်ကောင် အပြန် မြင်းခြောက်ကောင် ပေါင်း မြင်း ၁၂ ကောင် အသုံးပြုသည်။မြင်းလှည်းခမှာ လူတစ်ယောက်လျှင် အသွား ၁ ကျပ် အပြန် ၁ ကျပ် ယူသည်။

    (မြန်မာနိင်ငံရဲ့  ပထမဆုံးသော ခရီးသည်တင် မြင်းလှည်းလိုင်းလို့ ပြောရမလားပဲ။ ကျွန်တော်ခပ်ငယ်ငယ် လွန်ခဲ့သော အနှစ် ၃၀ လောက်က မော်လမြိုင်တွင် ထိုကဲ့သို့ သော ယာဉ်တစ်စီး ဟိန္ဒူ လူမျိုးများ အသုဘချရာတွင် မသာယာဉ်အဖြစ် အသုံးပြုသည်ကို မြင်ဖူးသည်)

    ဦးအလီ အသက်ကြီးလာသော် နလုံးရောဂါ စွဲကပ်လာပြီး ဘုံပြန် နှင့် ဘုံဆောင်ကို လှည်မကြည့်နိုင်တော့ချေ။
    လှည်းကြီးနှစ်စီးကို မွေးစားသား ၂ ဦးအားပေးလိုက်ရသည်။ သား ၂ ဦးလည်း ရထားကြီး ၂ စီးကို ထိန်းသိမ်းနိုင်စွမ်း မရှိသဖြင့် ဦးအလီ၏ သဘောတူညီချက်ရယူကာ မြင်းလှည်းနှစ်စီးကို အလယ်မှ တိတိဖြတ်ပြီး ဘီး ၂ ဘီး မြင်း ၁ ကောင် မြင်းလှည်းငယ် ၄ စီးဖန်တီးကာ မော်လမြိုင်တွင် ပြေးဆွဲလေသည်။

    မြင်းလှည်းငယ် ၄ စီး အမည်ပေးရာတွင် ဦးအလီက မူလ ဘုံဆောင် နှင့် ဘုံပြန် တို့ ၏ အပြတ်များ ဖြစ်သောကြောင့် မူလအမည် “ဘုံ” လည်းပါရအောင် ရထားပြတ်မှ “ပြတ်” လည်းပါအောင် “ဘုံပြတ် ” ဟုသာ ခေါ်ကြပေတော့ဟု အမည်ပေးရာမှ မော်လမြိုင်တွင် မြင်းလှည်းများကို “ဘုံပြတ် ” ဟု ခေါ်ဝေါ်ခဲ့ကြလေသည်။

    ဦးအလီသည် မွတ်ဆလင် ဘာသာဝင် ဖြစ်သော်လည်း မိမိဆရာ ရွှေကျောင်းဆရာတော် ထံ နေ့စဉ် ဆွမ်းအုပ်ပို့ သည်။ ရွှေကျောင်းဆရာတော် ပျံလွန်သောအခါ ဦးအလီ ကမကထ လုပ်ပြီး လောင်တိုက်နှင့် ပြသာဒ် တို့ ကို ဆောက်လုပ်လှူဒါန်းသည်။ ဘုန်းကြီးပျံ ပွဲ တွင် ဇာတ်ပွဲ ၇ ရက် ခံပေးသည်။ဤတွင် မွတ်ဆလင် ဘာသာဝင်တို့ က ဦးအလီအား ဝိုင်းဝန်းကဲ့ရဲ့ ကာ ဝိုင်းပယ်လိုက်ကြလေတော့သည်။ဦးအလီက တရားရုံးအနီးတွင် ကိုယ်ပိုင်သစ်သားဗလီ ဆောက်ကာ မှန်မှန်တက်သည်။

    ဦးအလီ သည် အသက် ၇၀ အရွယ် 1907 တွင် ကွယ်လွန်ခဲ့လေသည်။

    (ဆရာအံ့ကျော်၏ မော်လမြိုင် ရွှေတောင်ကျောင်းတိုက် သမိုင်းမှ)