News @ M-Media

Category: Media To Monitor

  • ‘ရန်ကင်းစင်တာအနီး ဗလီဆောက်နေသည်ဆိုသည့် FB မဟုတ်မမှန် သွေးထိုးလှုံ့ဆော်မှုအား Ko Navana မှ ဖြေရှင်းရေးသားထားမှု”

    ‘ရန်ကင်းစင်တာအနီး ဗလီဆောက်နေသည်ဆိုသည့် FB မဟုတ်မမှန် သွေးထိုးလှုံ့ဆော်မှုအား Ko Navana မှ ဖြေရှင်းရေးသားထားမှု”

    fake news mosque buit in yagon
    ဒီကိစ္စကို ပြောမှဖြစ်တော့မယ်..။ အဲ့ဒီသတင်းက.. သိပ်မှားတဲ့သတင်း..။ မူလသတင်းဖော်ထုတ်သူက.. မှန်/မမှန် confirm လုပ်နိုင်တယ်လို့ ရေးထားတော့.. ဒီအတိုင်းဖတ်ရသူတွေအနေနဲ့ ဟုတ်လောက်တယ်လို့ ထင်ပြီး.. မဟားဒယား share ကြတာ အုတ်အော်သောင်းနင်းနဲ့.. စိတ်ပျက်စရာကောင်းလွန်းလို့ ကျွန်တော်ပြန်ရေးတာပါ။

    ဒါပေမယ့်.. သူပြောတဲ့ သတင်းအချက်အလက်အားလုံး တစ်ခုမှ .. မမှန်ပါ..။

    ပိုင်ရှင်က.. ကျောက်ပန်းတောင်းသား- ဗမာစစ်စစ်ဖြစ်ပြီး ကျောက်ပန်းတောင်မြို့မှာ.. မိဘမဲ့ကလေးငယ် သုံးရာကျော်ကို ဘုန်းတော်ကြီးသင် ရွှေနဒီပရဟိတ ပညာရေးကျောင်း တည်ထောင်လှူဒါန်းထားသူဖြစ်ပါတယ်..။

    လက်ရှိအဆောက်အဦကလဲ.. ဗလီဖြစ်ဖို့ဝေးလို့.. office tower တည်ဆောက်နေခြင်း ဖြစ်ပါတယ်..။

    မူလပိုင်ရှင်က.. ၀ါဝါ၀င်းဆောက်လုပ်ရေးဖြစ်ပြီး ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်နဲ့ ဘာမှ မဆိုင်ပါ..။

    ရှေ့က ရေကန်က.. မီးသတ်ရေကန်ဖြစ်ပြီး ဂါလံသုံးသောင်းဆန့်ပါတယ်..။ ခြေဆေးရုံမက.. ရေပါချိုးလို့ရပါတယ်..။

    မေလ ၂၅ရက်နေ့က.. စည်ပင်ဝန်ထမ်းများနဲ့ ပြည်သူ့ရဲဝန်ထမ်းတွေ လာရောက်ဖျက်ခိုင်းတာက.. အဆောက်အဦ ရှေ့ ဆိုက်ပရ၀ုဏ် ကာရံထားတဲ့ ယာယီငါးထပ်သားများကို.. စည်ပင်နယ်နမိတ်နဲ့ မလွတ်လို့ ဖျက်ခိုင်းခြင်းမျှသာ ဖြစ်ပါတယ်..။

    မူရင်းရေးသူအနေနဲ့.. ဗလီဆောက်တယ်- နိုင်ဂရုကဆောက်တယ်- ရှေ့က ရေကန်က ခြေဆေးကန်- ယခင်က ဦးခင်ညွှန့်ပိုင်- လေလံပစ်တော့ တရုတ်တစ်ယောက်ရသွား- စသဖြင့်.. တစ်ခုမှ မမှန်တဲ့
    အချက်အလက်တွေကို.. ဘယ်ကနေ.. ဘယ်လိုစိတ်ကူးနဲ့.. ရယူရေးသားသွားသလဲ ကတော့.. တော်တော်အံ့သြဖို့ကောင်းပါတယ်..။

    ကျွန်တော်အနေနဲ့.. ဟိုးတစ်ရက်ကတည်းက.. ပြန်ရေးဖို့ စိတ်ကူးရှိပေမယ့်.. ဒီလိုပဲ ပြီးသွားမယ်ထင်လို့ ပြန်မရေးခဲ့တာပါ..။

    ဟုတ်ကဲ့.. ပိုင်ရှင်က ကျွန်တော်မိတ်ဆွေဖြစ်ပြီး.. အဲ့ဒီအဆောက်အဦရဲ့  လက်ရှိတာဝန်ယူ တည်ဆောက်နေသူက.. ကျွန်တော်ပါ.. ခင်ဗျား..။

    မှန်/မမှန် confirm လုပ်ချင်ရင်.. အဲ့ဒီတိုက်ကိုသာ ကြွခဲ့ပါ..။ ကျွန်တော်ကိုယ်တိုင် ရှိနေပါကြောင်း..။

    သိပ်စိတ်ပျက်အံ့သြရပါတယ်..။ ကျွန်တော်တို့လူမျိုး.. သတင်းမြင်တိုင်း.. အဟုတ်ထင်- အလွယ်ယုံ- အလွယ် share သူတွေ သိပ်များပါ့လားဗျာ..။
    http://www.facebook.com/photo.php?fbid=200748913410602&set=a.105796989572462.15040.100004264836168&type=1

    အဲဒီ သတင်းအမှားကို ပြန်ပြီး Share လုပ်ထားကြတာလည်း လူပေါင်း ၁၂၀၀ လောက်ရှိတယ်ဗျာ။
    ဘယ်လောက်အန္တရာယ်များလိုက်သလဲ။
    ဒီလို ဆတ်ဆတ်ထိမခံအချိန်မှာ အစစအရာရာ ဆင်ခြင်ဥာဏ်နဲ့ သုံးသပ်နိုင်ကြဖို့ လိုအပ်ပါတယ်

    Ko Navana  FB မှ ကူးယူဖော်ပြပါသည်။
    Link =>https://www.facebook.com/photo.php?fbid=10201937652864579&set=a.4901700741996.2199859.1282279262&type=1&theater

  • မဟတ္တမဂန္ဓီ ကို လုပ်ကြံသတ်ဖြတ်ခဲ့တာ ဘယ်ဘာသာဝင်လဲ ?

    မေ-၁၂၊ ၂၀၁၃
    M-Media
    မောင်ပုည

    မဟတ္တမဂန္ဓီ ကို လုပ်ကြံသတ်ဖြတ်ခဲ့တာ ဘယ်ဘာသာဝင်လဲ ?(သို့) မန္တလေးနေ့စဉ် သတင်းစာ အယ်တီတာချူပ်သို့ အိတ်ဖွင့်ပေးစာ

    Mandalay Daily
    Photo. Ze Ro FB

    ၁၁.၅.၂၀၁၃ နေ့ထုတ် မန္တလေးသတင်းစာ၌ပါရှိသော နိုင်ငံတကာသတင်းစာမျက်နှာမှာ မဟတ္တမဂန္ဓီကို လုပ်ကြံသတ်ဖြတ်သူကို မွတ်ဆလင် အစွန်းရောက်ဆိုပြီး ပုံပါအတိုင်း သုံးထားတွေ့ရပါသည်။ မြန်မာနိုင်ငံ မီဒီယာ အချို့တွင် မီဒီယာကျင့်ဝတ်မဲ့စွာ သေချာလေ့လာမှုမရှိဘဲ အချက်အလက်များကို လက်လွတ်စပါယ် အသုံးပြုလာကြတာကို တွေ့ရသည်။ အထူးသဖြင့် အစ္စလာမ်ဘာသာဝင်တွေနဲ့ ပတ်သက်ပြီးတော့ပေါ့။

    ယခုကဲ့သို့ မဟတ္တမဂန္ဓီကို လုပ်ကြံသတ်ဖြတ်သူမှာ မွတ်စလင်မ် တယောက်ဖြစ်ကြောင်း လွန်ခဲ့သည့် ၂ နှစ် ကျော်ခန့်က ၂၇ – ၁၀ – ၂၀၁၀ နေ့ထုတ် စောင့်ကြည့်သတင်းဂျာနယ် (News Watch)အတွဲ(၆)၊ အမှတ်(၁၅) စာမျက်နှာ ၃၀ မှာ ဒေါက်တာစိန်စိန်သိန်း က ”ပေးဆပ်ခဲ့သူသာ အလေးမြတ်ပြုခံရ” ဆောင်းပါးမှ မဟတ္တမဂန္ဓီကြီးကို လုပ်ကြံသတ်ဖြတ်သူဟာ ”အလွန်အယူသည်းသော မွတ်စလင်လူငယ်တစ်ဦး”ဆိုပြီး သုံးနှုန်းရေးသားခဲ့ဘူးပါတယ်။

    ယင်းကဲ့သို့ေ၇းသားချက်ကို စာရေးဆရာ မောင်သဲနီမှ ဒေါက်တာစိန်စိန်သန်းကို အိတ်ဖွင့်ပေးစာပေးပြီး ပြန်လည်ရေးသား တုံ့ပြန်ခဲ့ပါတယ်။ အိတ်ဖွင့်ပေးစာမှ ဖြေရှင်းချက်အချို့ကို ကောက်နှုတ်ဖော်ပြပေးလိုက်ပါတယ်။
    ဂန္ဓီကို ဘယ်သူသတ် သလဲဆိုတဲ့ သမိုင်းအထောက်အထားတွေကို ကျွန်တော်အမြောက်အများ တင်ပြနိုင်ပါတယ်။ ဒါပေမယ့် အခိုင်လုံဆုံး အထောက်အထား တစ်ခုနဲ့တင် လုံလောက် လို့ အဲဒီတစ်ခုကိုပဲ ကျွန်တော်တင်ပြပါရစေ။

    ဂန္ဓီကြီး ကျဆုံးပြီး (၈)နှစ်ပဲကြာသေးတဲ့ ၁၉၅၆ ခုနှစ်မှာ ရန်ကုန်မြို့ မြန်မာနိုင်ငံဘာသာပြန်စာပေ အသင်း၊ စာပေဗိမာန်ရဲ့ ရုပ်ပြဗဟုသုတဘဏ်အဖြစ်ထုတ်ဝေတဲ့ မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)၊ စာမျက်နှာ (၉၁-၉၄)မှာ ဖော်ပြထားတဲ့ မဟတ္တမဂန္ဓီကြီး အကြောင်းကို ဖတ်ကြည့်ဖို့ မူရင်းအတိုင်း ဖော်ပြပေးလိုက်ပါတယ်။

    (၁၉၄၈ ခုနှစ်) ”ဇန္န၀ါရီ ၂၁ ရက်နေ့တွင် ဟိန္ဒူလူငယ်တစ်ဦးသည် ဟိန္ဒူမွတ်စလင် ငြိမ်းချမ်းရေးကို မလိုလားသော ဆန္ဒကိုပြသည်အနေနှင့် ဂန္ဓီ၏ နေအိမ်အနီး၌ ဗုံးဖောက်ခွဲသည်။ ဂန္ဓီသည် ထိုလူငယ်အား အပြစ်မှ ခွင့်လွှတ်ပါရန် မေတ္တာရပ်ခံလေသည်။
    ဇန္န၀ါရီ ၃၀ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်အချိန်တွင် ဂန္ဓီသည် ဒေလီမြို့ရှိ သူ၏နေအိမ် ဗီယာလာ နေအိမ်၌ ဘုရားဝတ်ပြုရန်အလာတွင် ဟိန္ဒူလူငယ်တစ်ဦးဖြစ်သော ဂတ်ဆေးဆိုသူသည် ဂန္ဓီကို ခြောက်လုံးပူး နှင့် သုံးချက်ပစ်သည်။ ဂန္ဓီသည် နာရီဝက်ခန့်ကြာသောအခါ အနိစ္စရောက်လေသည်။”

    ဒါကြောင့် ဆရာမ စွပ်စွဲရေးသားထားသလို ဂန္ဓီကြီးကို သတ်တာ မွတ်စလင်လူငယ်မဟုတ်ပါဘူး။ ဟိန္ဒူ လူငယ်သာဖြစ်တယ်ဆိုတာ သိလောက်ပြီထင်ပါတယ်။ စာပေဗဟုသုတများကို ဆက်လက်လေ့လာပြီး အများအကျိုးပြု စာပေများ ရေးသားနိုင်ပါစေလို့ ဆန္ဒပြုလျက် –

    အပြည့်အစုံဖတ်ရန်။ http://www.m-mediagroup.com/news/832

    ဒါကြောင့် မန္တလေးနေ့စဉ်ထုတ် သတင်းစာ အယ်တီတာချူပ်အနေဖြင့် အမှားပြင်ဆင်ချက်ကို ထင်သာမြင်သာရှိအောင် အမြန်ဆုံး ထည့်သွင်းကြေညာပေးဖို့ တောင်းဆိုလိုက်ပါသည်။

  • နေမျိုးဝေ၊ မွတ်စလင်မ်၊ ကုရ်အာန်နှင့် ကောင်လေးကို ကောင်မလေး ပါးရိုက်ခန်း

    မေ ၇ ၊ ၂၀၁၃

    ရေးသူ- အီစွတ် မာမွတ်

    Ka lay

    ငြိမ်းချမ်းရေးနဲ့  မတူကွဲပြားပါတီ ဥက္ကဌ ဦးနေမျိုးဝေက အစ္စလာမ်ဘာသာရဲ့  ကုရ်အာန်နဲ့ ပတ်သက်ပြီး ပြောနေ တာကို ကြားကြားနေရပါတယ်။ တလောကလည်း ဘုန်းကြီးကျောင်းမှာ သွားပြီး ကုရ်အာန်ကျမ်းစာထဲမှာ ဘယ်အပိုဒ်ကဖြင့် ဘာသာ မတူသူတွေကို သတ်ခိုင်းကြောင်း စသဖြင့် အပိုဒ်တွေကို ထုတ်ပြပြီး ဘုန်းကြီးကို ဖတ်ခိုင်း ဟောခိုင်းသတဲ့။

    ပါတီဥက္ကဌ စွတ်ကျယ်လက်ပြတ်ကုတ်စုတ်စုတ်နဲ့  ကျမ်းပြင်ပေါ်မှာထိုင်ပြီး ကုရ်အာန်စာပိုဒ်တွေကို ပရိုဂျက်တာက တဆင့် တရားနာတဲ့ ပြည်သူတွေမြင်အောင် ဖွင့်ပြနေတယ်။ ဘုန်းကြီးက ထိုင်ခုံမှာထိုင်ပြီး မိုက်တလုံးနဲ့  စာရွက်ကိုကိုင်ပြီး ဖတ်ပြနေတယ်။ ကြမ်းပြင်မှာတော့ တရားနာသူတချို့  တရိုတသေထိုင်ပြီး မျက်နှာသူငယ်လေးတွေနဲ့ ။

    ဘုန်းကြီးက ကုရ်အာန်ကို အာရဗီဘာသာ စကားနဲ့ ဖတ်လိုက် ဗမာလိုဘာသာပြန်ကို ဖတ်လိုက်နဲ့ ။ အာရဗီလိုဖတ်တာမှာ သာမန်အသံနဲ့ မဟုတ်ပဲ ဗလီဆရာတွေဖတ်သလို ဆွဲပြီးဖတ်နေတာပါ။

    မွတ်စလင်မ်မိဘကမွေး၊ မွတ်စလင်မ်လိုမွေး၊ မွတ်စလင်မ်လိုနေ၊ မွတ်စလင်မ်လိုကြီးလာတဲ့ကျနော် (ကုလားပဲဆိုပါတော့) –

    ကုလားဘုန်းကြီးရဲ့ မြေး၊ ကုလားဘုန်းကြီးရဲ့ တူ ကုလားကျနော် ဗုဒ္ဓဘာသာဘုန်းကြီးတပါးက သင်္ကန်းစီးပြီး ကုရ်အာန်ကို ဗလီဆရာတွေလို အသံလိုက်တုပြီး ဆွဲပြီးဖတ်နေတာကြားတော့ ရယ်လိုက်တာ ဗိုက်ပါအောင့်တယ်။ သင်္ကန်းမှအားမနာ၊ ဗမာအသံ ထွက်နဲ့ ရေးထားတဲ့ အာရဗီစာလုံးကို မိုက်ခွက်နဲ့ အသံချဲ့ စက်နဲ့ ပါဖွင့်ပြီး အသံဆွဲပြီးဖတ်ပြနေတာ အတော့်ကို ပြောင်စပ်စပ်နိုင် ပါတယ်။ ဖတ်နေတာတွေကလည်း တလွဲတွေပါ။ တပည့်နေမျိုးဝေမကောင်း ဆရာခေါင်းပေါ့။ ဒါမှမဟုတ် မြောက်ပေးတဲ့လူက ဆရာလား ဆိုတာတော့ သူတို့ ပဲသိမှာပါ။

    အဲ့ဒီမှာဖတ်သွားတာက ဟိုနား တစ်ပိုဒ်တို ဒီနားတစ်ပိုဒ်စ။ စာတစ်ပုဒ်လုံး စဆုံးဖတ်သွားတာလည်းမဟုတ်။ အခန်း (၁) အခန်း (၂) စသဖြင့်လည်းမဟုတ်။ အစ္စလာမ်က လူသတ်ခိုင်းတဲ့ဆိုပြီး လူအမြင်မှားနိုင်လောက်တဲ့

    စာကြောင်းလေးတွေကိုပဲ ဟိုနားတစ်ကြောင်း ဒီနားတစ်ကြောင်းဖတ်ပြသွားတာ။ ဦးနေမျိုးဝေက ဘုန်းကြီးကို ဖတ်ခိုင်းတယ်ဆိုရင် ပိုမှန်မယ်။

    သူတို့ လုပ်ပုံဘာနဲ့ တူလဲဆိုရင် ၀တ္ထုတစ်အုပ်ဖတ်တာမှာ တစ်အုပ်လုံးကို မဖတ်ဘဲ ကောင်မလေးက ကောင်လေးကို ပါးချလိုက်တဲ့ စာကြောင်းလေးပဲဖတ်၊ ပြီးတော့ ကောင်မလေးက ကောင်လေးကိုပါးချတဲ့အ ကြောင်းနေရာတကာ လိုက်ပြောနေသလိုဖြစ်နေတယ်။ ဇာတ်လမ်း အကြောင်းအရာတို့ ၊ ဇာတ်လမ်းအဆုံးမှာ ကောင်မလေးနဲ့  ကောင်လေးညား သွားတာတို့ ဆိုတာမျိုးအထိ မဖတ်တော့ဘူး။

    ဘာသာတခုရဲ့  ကျမ်းစာကို အဲ့လောက် လွယ်လွယ်လေး ဖတ်လို့ ရရင်၊ တစ်ကြောင်းစ နှစ်ကြောင်းစလောက် နဲ့ ဖတ်ရုံနဲ့  နားလည်နိုင်တယ် သဘောပေါက်နိုင်တယ်၊ စာပိုဒ်တပိုဒ်စ နှစ်ပိုဒ်စဖတ်တာနဲ့  နားလည်တယ်ဆိုရင်  အဲ့ဒီကျမ်းစာက ကျမ်းစာရယ်လို့  (Sacred Holy Book) ဖြစ်လာပါ့အုံးမလား။ လူတွေ အသည်းနှလုံးထဲ ထည့်ပြီး အသက်နဲ့ ပါလဲလောက်တဲ့ထိ နက်နဲတဲ့ ကျမ်းစာအုပ်ဖြစ်ပါ့အုံး မလား။ အပေါစား စာအုပ်ပဲဖြစ်မှာပေါ့။

    အပေါ်စားကလေး ကာတွန်းကိုတောင် တစ်ကြောင်းစ နှစ်ကြောင်းစ ဖတ်ရုံနဲ့  ဆိုလိုရင်း မသိနိုင်တာ နှစ်ထောင် ပေါင်းများစွာ ကြာလာတာတောင်  ပုဒ်ထီး ပုဒ်မ တစက်လေးမှ မလွဲတဲ့ကျမ်းစာ၊ မူရင်းအတိုင်း မပျက်မယွင်းဘဲ ကျန်နေသေးတဲ့ တခုတည်းသော ကျမ်းစာ၊ အာရဗီဘာသာ စကားတတ်ရုံနဲ့ တောင် နားမလည်နိုင်တဲ့ ကျမ်းစာ၊ ပညာရှင်တွေတောင်မှ နှစ်ပေါင်းများစွာ အချိန်ပေး သင်ယူရတဲ့ ကျမ်းစာ၊ အမြဲ လေ့လာနေရတဲ့ စာအုပ်ကို ဦးနေမျိုးဝေ ဖတ်သလိုဖတ်လို့  ဘယ်နည်းနဲ့ မှမဖြစ်နိုင်ပါ။

    ဒါမှမဟုတ် ဦးနေမျိုးဝေက ဘုရားလောက်နီးနီးတော်နေလို့ လား။

    သေချာတာကတော့ ကုရ်အာန်ကျမ်းကို ကောင်မလေး ပါးရိုက်တဲ့ အခန်းလောက်ဖတ်တဲ့ အဆင့်နဲ့ ပဲ ဖတ်နေ  (သို့ ) ဖတ်နိုင်လို့ ပါ။

    သတ္တိရှိရင် တကြောင်းစ နှစ်ကြောင်းစမဖတ်ဘဲ ကုရ်အာန် တအုပ်လုံး စ၊ လယ်၊ ဆုံး ဖတ်ကြည့်လိုက်ပါ။ အခန်း ၁၊ ၂၊ ၃ စသဖြင့် ပြီးအောင်ဖတ်ကြည့်ပါ။ အင်ရှာအလ္လာဟ် ခင်ဗျား အမြင်မှန်ရပါလိမ့်မယ်။ အဲ့ဒီနေ့ ကျရင် ကျနော် မောင်ကုလား သက္ကဗီလ်ဆိုပေးပါ့မယ်။

    အီစွတ် မာမွတ်ဆိုတဲ့ ကျနော် မောင်ကုလားက စိမ်ခေါ်နေတာပါ။ သတ္ထိရှိရင် စိမ်လိုက်ပါ။ ဦးနေမျိုးဝေမုန်းတဲ့ ကုလားက ဦးနေမျိုးဝေမုန်းတဲ့ ကျမ်းစာကို စ၊ လယ်၊ ဆုံး ဖတ်ရဲတဲ့သတ္တိရှိရင် ဖတ်လိုက်ပါလို့  စိန်ခေါ်နေတာပါ။ ဦးနေမျိုးဝေ သတ္ထိရှိပါစေ။ အာမီန်း။

    ** ဆောင်းပါးရှင်ရဲ့အမြင်သာဖြစ်သည်။

     

     

  • သွေးစွန်းနေတဲ့ သမ္မာဒိဌိ

    M-Media
    မေလ ၅ ရက်၊ ၂၀၁၃
    ဆောင်းပါးရှင် – ဗြတ်ဝိ

    396949_10200959355563709_367952536_n
    မိတ္ထီလာမြို့ မီးလောင်ပြင်အား စိတ်ပျက်အားငယ်စွာ ငေးမောကြည့်နေသည့် မိသားတစ်စု

     

    ကျီးလန့်စာ

    ယနေ့ မြန်မာမွတ်စလင်တွေကတော့ နယ်ဒေသတွေမှာသာမက မိတ္ထီလာနဲ့ ဥက္ကံမြို့တွေကနေတဆင့် ပျံ့ပွားလာတဲ့မီးကြောင့် စီးပွားရေးအချက် အချာ မြို့ကြီးနှစ်မြို့ဖြစ်တဲ့ ရန်ကုန်နဲ့ မန္တလေးတို့မှာပါ ကျီးလန့်စာ စားနေရတဲ့ အဖြစ်ကို ရောက်ရှိနေပါတယ်။

    အခြေအနေကို ၀င့်ရောက်ဟန့်တားပေးဖို့၊ ပြဿနာရဲ့ အဓိကအရင်းအမြစ်ကို တိုက်ရိုက်တင်ပြပေးဖို့ ဆိုတာတွေက ဘယ်သူ့ဘယ်သူမှရဲ့ တာဝန် မဟုတ်လို့ လူကြီးတွေကိုယ်တိုင် ခံယူထားကြသလိုပါပဲ။

    ဟိုမှာ မီးရှို့တော့မယ်၊ ဒီမှာအကြမ်းဖက်တော့မယ်စတဲ့သတင်းတွေကို အချိန်အတော်ကြာ ကြားနေရတော့ တရားဥပဒေဆို တာ ဘာလဲ၊ အခွန် ထမ်း နိုင်ငံသားတစ်ယောက်အတွက် လုံခြုံငြိမ်းချမ်းရေးဆိုတာဘာလဲ စတာတွေက မှုန်ဝါးလာသလို နှလုံးသည်း ပွတ်တွေလည်း နာကျည်းခက်ထန်ပြီး အမာရွတ်တွေ တက်စပြုလာပါပြီ။

    ကန်မုန်းတီးရေးကို ဖြစ်စေတာ ကန်အစိုးရရဲ့ နိုင်ငံခြားရေး ပေါ်လစီကြောင့်လား (ဘယ်သူမပြုမိမိမှု)

    အမေရိကန်ကို မုန်းတီးတဲ့ လူတွေ ဘာကြောင့် မုန်းကြသလဲ။ အဲဒီအမေးကို ရုရှတူဒေးရဲ့ labeling terrorists ဆိုတဲ့ cross talk မှာ အမေရိကန်စာရေးဆရာ ၀ီလျံဘားမ် ကတော့ အမေရိကန် နိုင်ငံခြားရေးပေါ်လစီကြောင့် လို့ ဆိုပါတယ်။

    သူ့ရဲ့ ဥပမာက ဒီကနေ့ အမေရိကန်ဒုံးပျံတိုက်ခိုက်ရေးစနစ်က အကြမ်းဖက်သမားတွေကို ရည်ရွယ်ပြီးပြစ်လွှတ်တာပါလို့ ဆိုတယ်၊ အဲဒီဒုံးကြောင့် အရပ်သားအများအပြား သေကြရတယ်၊ အမေရိကန် က တောင်းပန်လိုက်တယ်။ နောက်နေ့ ကျတော့ ထပ်ပြစ်တယ်၊ အရပ်သားထပ်သေတယ်၊ အဲဒီလို နေ့စဉ်ရက်စက်ဖြစ်နေရင်တော့ နိုင်ငံတနိုင်ငံရဲ့ အစိုးရကိုယ်တိုင် လုပ်ဆောင်နေတဲ့ ကိစ္စဖြစ်ပေမယ့်၊ အရပ်ဘက်အပြစ်မဲ့တွေ ဓားစာခံနေရ တာကြောင့် “အကြမ်းဖက်မှု” လို့ ခေါင်းစဉ်တပ်နိုင်လောက် တဲ့ အဆင့် ရောက်သွားပြီလို့ ဆိုပါတယ်။ ဒီလိုကိစ္စတွေကပဲ အမေရိကန်ကို မုန်းတီးတဲ့ အကြမ်းဖက်ဝါဒီတွေ မွေးထုတ်ပေးနေတာဖြစ်ပါတယ်တဲ့။

    နုတ်ဆိတ်နေတဲ့ သတင်းလွတ်လပ်ခွင့်အရေး လှုပ်ရှားကြသူ မြန်မာ့မီဒီယာကြီးများ

    အထက်မှာ အမေရိကန်အဖြစ်ကို ဥပမာပေးဖော်ပြခဲ့သလိုပါ။ အပြစ်မဲ့မြန်မာမွတ်စလင် ၁၀ ဦး အသတ်ခံရတဲ့ တောင်ကုတ် အရေးအခင်းကနေ စတယ်၊ မွတ်စလင်ဆန့်ကျင်ရေး အမုန်းတရားတွေကို တစထက်တစ တိုးလို့သာ လှုံဆော်လာကြတယ်။ အမုန်းတရားကြီးထွားစေမယ့် “ဆွ” ပေးတဲ့ မမှန်သတင်းဟော ဘုန်းကြီးတရားတွေ ပျံ့နှံ့သထက်ပျံ့လာတယ်။

    အင်တာနက်လူမှုကွန်ယက်ကနေလည်း အစ္စလာမ်ဆန့်ကျင်ရေးဗန်းပြပြီး နိုင်ငံရေးကို အကြီးအကျယ်အမြတ်ထုတ်ကြတယ်။

    ဖြစ်ပျက်နေတာကြာခဲ့ပါပြီ။ သွေးစွန်းပြီးမှအော်လံထောင်ကြတယ်။ ဘာကြောင့်လဲ။ ဓားစာခံတွေက မြန်မာ့မီဒီယာသမားကြီးတွေနဲ့ ဘာသာမတူလို့များလား။

    မြေစာပင်

    မြေစာပင်ရွေးတိုင်း မြန်မာပြည်ဖွား မွတ်စလင်တွေချည့်ဖြစ်နေတာဘာကြောင့်လဲ။ အရင်းစစ်တော့ အမြစ်မြေကဆိုသလို အိမ်တိုင်းအိမ်တိုင်းရဲ့ အမိအဘတွေ ကိုယ်နှိုက်က ကုလား၊ ကုလားရယ်လို့ ပုတ်ခတ်ပြီး အမုန်းတရားတွေ သွတ်သွင်းပေးနေမှတော့ မျိုးဆက်တွေအလိုက် ကုလားမုန်းသမားတွေထွက် လာတော့တာပါပဲ။ ဒါကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ထောက်ပြခဲ့ဖူးပါပြီ။

    ဒီတော့ လွယ်ရာလိုက်ပြီး ကုလားကို ထိုးကျွေးရင် အချိန်တိုအတွင်း ပေါ်ပြူလာဖြစ်နိုင်တယ်ဆိုတာ လူတိုင်းရဲ့ ရင်ထဲမှာ အရိုးစွဲနေပြီပေါ့။

    တဖက်နဲ့တဖက်၊ တစ်အုပ်စုနဲ့ တစ်အုပ်စု အာဏာပြိုင်ကြတဲ့အထဲ မြေစာပင်တွေက အစုလိုက်အပြုံလိုက် သေကြ၊ အိုးအိမ်မဲ့ ခိုကိုးရာမဲ့ဖြစ်နေပါပြီ။

    နိုင်ငံခြားခြိမ်းခြောက်မှုနဲ့ မြန်မာမွတ်စလင်

    မြန်မာမွတ်စလင်တွေဟာ အကြမ်းဖက်နည်းစနစ်ကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ဖို့နေနေ၊ အားပေးအားမြှောက်လည်း ဘယ်တုန်းကမှ မပြုလုပ်ကြပါဘူး။ ဒါဟာ မှတ်ကျောက်တင် စစ်ဆေးစရာမလိုတဲ့အမှန်တရားပါ။

    နိုင်ငံခြားခြိမ်းခြောက်မှုတွေကြောင့် မြန်မာ့မွတ်စလင်ခေါင်းဆောင်တွေ သဘောထားထုတ်ပြန်ဖို့လိုရင် လက်ရှိဖြစ်ပျက်နေတဲ့ ပြည်တွင်း အကြမ်းဖက် မှုတွေကိုလည်း နိုင်ငံတော်အဆင့် ဗုဒ္ဓဘာသာ အဖွဲ့အစည်းတွေက သဘောထားထုတ်ပြန်ဖို့လိုပါတယ်။

    ခေတ်သစ်ငရဲခွေးကြီး ခုမှလွတ်?

    မေလ ၅ ရက် ဒီနေ့မှာတော့ ဒေါက်တာဆိတ်ဖွားအမှုမှာ ခေါ်ယူမေးမြန်းခံခဲ့ရတဲ့ ပုဂ္ဂိုလ်တစ်ဦးက “မောင်ကာဠု” ဆိုတဲ့ ငရဲခွေးကြီးလွတ်နေ တဲ့အကြောင်း ထောက်ပြပြောဆိုခဲ့ပါတယ်။ ဒါကိုအလဲဗင်းမီဒီယာဂရုကဆောင်းပါးကဏ္ဍကနေဖော်ပြပေးခဲ့ပါတယ်။

    အပိုဒ် နံပါတ်စဉ် ၅ မှာ “မြန်မာမွတ်စလင်” ဆိုတဲ့အသုံးအနှုံးကို တွေ့ရသလို အပိုဒ် နံပါတ်စဉ် ၇ မှာတော့ “မတရားမှုတွေကို ခံစားခဲ့ရတဲ့ မြန်မာ မွတ်စလင်တွေအတွက် ” ဆိုတဲ့ အရေးအသားကိုလည်း တွေ့မြင်ဖတ်ရှုရပါတယ်။ ကြိုဆိုပါတယ် မီဒီယာသမားကြီးများခင်ဗျား။

    သို့သော် သမ္မာဒိဌိတရားထူးက မြန်မာမွတ်စလင်တွေရဲ့ သွေးစွန်းနေတာ ကြာပါပြီ၊ ငရဲခွေးကြီး ခုမှ လွတ်တာမဟုတ်ပါ။

    နောက်တချက်က – ခင်ဗျားတို့ထောက်ပြ ပြောဆိုတော့မှပဲ အာဏာပါဝါရှိတဲ့ လူတွေကိုယ်တိုင် မောင်ကာဠုဝင်စားထားတယ်ဆိုတာ သိရသလို အဲဒီအာဏာပါဝါရှိသူတွေကတော့ အန်အဲလ်ဒီမုန်းတီးရေး သမားတွေ ဖြစ်နေတယ်ဆိုတာပါ သိလိုက်ရပါတယ်။

    အာဏာပါဝါအရသာကို ကောင်းကောင်းကြီး သိကြတာ ဘယ်သူတွေလဲ၊ အဲဒီသူတွေအကြောင်းကို မြန်မာပြည်သူလူထု၊ အထူးသဖြင့် ဗုဒ္ဓဘာသာဝင်အများ စုကြီးကို ပြောပြပြီး ဒါက ဒီလိုရှိတယ်၊ ဒီလိုကြောင့် ဒီလိုတွေ ဖြစ်နေတယ်၊ လုပ်နေတယ် စသဖြင့် မျက်စိဖွင့်နားဖွင့် လုပ်ပေးဖို့ရာ “ခေါင်းဆောင်မီဒီယာ” ကြီးတွေမှာ တာဝန်ရှိတာ မဟုတ်ဖူးလားခင်ဗျာ။ ခုမှထလုပ်တော့ သွေးစွန်းခဲ့တဲ့အမှုတွေထဲက အသက်ဇီဝိန်တွေ ပြန်ရှင်လာမှာမှ မဟုတ်တာ။

    ၉၆၉ နဲ့ ဦးဝီရသူ

    အလဲဗင်းမီဒီယာကြီး တင်ပေးခဲ့တဲ့ ” ခေတ်သစ်ငရဲခွေးကြီးလွတ်နေပြီ ” ဆိုတဲ့ဆောင်းပါးမှာ ဦးဝီရသူနဲ့ သူ့ဝါဒ ကိုးခြောက်ကိုးကို အကာအ ကွယ်ပေး ဖော်ပြသွားတာကတော့ စိတ်ပျက်ဖွယ်ပါပဲ။ တောက်လျှောက် ကောင်းလာ တဲ့ ဆောင်းပါးတပုဒ်ဟာ အဆုံးသတ်ခါနီးကျမှ နို့မလိုင်ထဲ မစင် တစက်ကျတဲ့အဖြစ် ရောက်မှန်းမသိ ရောက်သွားရပါတယ်။

    ” ခေတ်သစ်ငရဲခွေးကြီးလွတ်နေပြီ ” ဆိုတဲ့ဆောင်းပါးရှင်သည်လည်း ထဲထဲဝင်ဝင်တယောက်တော့ ဖြစ်နေမှာ မလွဲဧကန်ပါပဲ။ သူထောက်ပြ တဲ့ ဒေါက် တာဆိတ်ဖွား = စစ်အောင် = မောင်ကာဠုသည် ယခင်စစ်အစိုးရလက်ထက် သုံးစွဲလာတဲ့ အမည်တူ၊ စကားပြေအရေးအသားတူလူစုဖြစ်နေရင် ကုလားမုန်းတီးရေးမှာ ယခင်ကတည်းက အညှာလွယ်တဲ့ ဦးဝီရသူလို လူမျိုးကို သာသနာဗန်းပြပြီး ကောင်းကောင်းကြီးစည်းရုံးစေ ခိုင်းထားတာ မျိုးရော၊ မဖြစ်နိုင်ဘူးလားခင်ဗျာ။

    ဦးဝီရသူရဲ့ တရားတွေကို နားထောင်ကြည့်တော့၊ သူ့ဟန်ပန်က ရဟန်းတပါးရဲ့ ဟန်ပန်မျိုးမဟုတ်ပါ။ ဥပမာ – နှာခေါင်းလေး တရှုံ့ရှုံ့ လုပ်တတ်တဲ့ ဓမ္မဓူတ အရှင်ဆေကိန္ဒ နဲ့ သြဇာသံပိုင်ရှင် သီတဂူဆရာတော်တွေရဲ့ ပါဠိတော်ကိုးကားပြီး ချပြပြောဆို ဝေဖန်ပြတဲ့တရားတော်များနဲ့ ဘုရားဟော ပါဠိနတ္ထိဖြစ်နေတဲ့ ဦးဝီရသူရဲ့ ၉၆၉ အမည်ခံ အမုန်းတရားတွေဟာ အရှေ့နဲ့အနောက်လို ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတဲ့ အဖြစ်မျိုးပါ။

    ဒါကိုလည်း သမ္မာဒိဌိအမြင်မှန်နဲ့ကြည့်ပြီး လေ့လာစုံစမ်းသင့်ပါတယ်။ မဟုတ်တန်းတရားတွေ ရပ်တန့်ဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုရင် ၉၆၉ တရားပွဲကျင်းပတဲ့နေရာတိုင်းမှာ တရားပွဲအပြီး ပြဿနာတွေ ပေါ်ပေါက်ခဲ့တဲ့ သာဓက တွေ ရှိနေလို့ပါပဲ။

    ၉၆၉ လှုပ်ရှားမှု ကိစ္စနဲ့ စပ်လျဉ်းပြီးတော့ ဆရာတော် အရှင်ဆန္ဒာဓိက ကိုယ်တိုင် ရှင်းလင်းပြောပြတဲ့အခါ ၉၆၉ ဆိုတာ ဘယ်လိုအဓိပ္ပါယ် မျိုးဆို တာတွေပါဝင်ခဲ့သလို အကြမ်းဖက်ခံခဲ့ရတဲ့ မွတ်စလင်တွေအတွက်လည်း ၀မ်းနည်းပါတယ် ဆိုတာလည်း ပါဝင်ခဲ့ပါတယ်။ ဒါကို မြန်မာတိုင်းမ်စ် အင်္ဂလိပ် ပိုင်းက ဖော်ပြခဲ့ပါတယ်။

    မြန်မာတိုင်မ်းစ် ဖော်ပြတဲ့ အဲဒီဆောင်းပါးမှာပဲ မကွေးမြို့က ဆရာတော် ဦးကုန္ဒလ ကုမာရရဲ့ အဆိုကို လေ့လာနိုင်ပါတယ်။ ဦးကုန္ဒလကုမာရကတော့ ၉၆၉ စတစ်ကာတွေ အများအပြား ပျံ့နှံ့နေတဲ့ မိတ္ထီလာနဲ့ ပဲခူးဒေသတ၀ိုက်မှာတော့ အကြမ်းဖက်မှုပြဿ နာက လျင်လျင်မြန်မြန် ကူးစက်သွားတယ်လို့ ဆိုပါတယ်။

    အမုန်းတရားကြီးထွားရေးအတွက် ပါဠိတော်မပါတဲ့ ဟောပြောမှုတွေမှာ ၉၆၉ ဆိုတဲ့စကားလုံး အသုံးချခံနေရသလို ၉၆၉ သည် မွတ်စလင်တိုက် ခိုက်ရေး ရဟန်းဟောတရားတွေမှာ ( motivation ) စိတ်ဓာတ်စစ်ဆင်ရေး စကားလုံးတစ်လုံးဖြစ်နေတာ မြေကြီးလက်ခတ်မလွဲဘူး ဆိုတာ အထက်က ရဟန်းတော်တွေရဲ့ ထွက်ဆိုချက်တွေက သက်သေပါပဲ။

    ဒါ့ပြင် မြန်မာနိုင်ငံတော်အစိုးရက မေလ ၄ ရက်နောက်ဆုံးထားပြီး လှိုင်းဘွဲ့ကနေ ထွက်သွားခိုင်းထားတဲ့ လက်နက်ကိုင် ဒီကေဘီအေ ဆက်စပ်အဖွဲ့ အစည်းတွေနဲ့ အဆက်အဆံရှိနေတဲ့ ဦးဝီရသူကို ” ခေတ်သစ်ငရဲခွေးကြီးလွတ်နေပြီ ” ဆိုတဲ့ဆောင်းပါးရှင်က ဘယ်လိုမှ သဘောမထားတဲ့အပြင် အကာအကွယ်ပေးထားတာကတော့ အန္တရာယ်တစ်ခုကို အဖွဲ့အစည်းတစ်ခုဆီ အရောက်ပို့နေသလိုပါပဲ။

    395760_254191624724353_1187194972_n-1
    ဒီကေဘီအေ တပ်ဖွဲ့ဝင်များနှင့်အတူတွေ့ရသည့် ဦးဝီရသူ

    အင်ဒိုအဖွဲ့အစည်းတွေရဲ့ ခြိမ်းခြောက်မှုက အလှမ်းကွာနေပေမယ့် ဦးဝီရသူနဲ့ ဒီကေဘီအေအဖွဲ့တွေ တွဲရိုက်ထားတဲ့ဓာတ်ပုံကတော့ လက်တကမ်း အကွာမှာရှိနေသလို အဲဒီဓာတ်ပုံကရော မြန်မာမွတ်စလင်တွေကို ဘယ်လောက်ထိ စိတ်သောကအဟုန် ပူပန်စိုးရိမ်မှုတွေ ဖြစ်စေခဲ့၊ ဖြစ်နေစေသလဲ ဆိုတာကိုတော့ တရေးတယူလုပ်သူ မရှိသေးပါခင်ဗျား။

    ဆက်တိုက်ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှု

    ဒီလိုဆက်တိုက်ဖြစ်ပေါ်နေတဲ့အကြမ်းဖက်မှုတွေကို မဖြစ်ခင်ကာကွယ်နိုင်တဲ့အနေအထားတွေ ရှိပေမယ့် မကာကွယ်ဘဲ ဖြစ်ပြီးမှ နာမည်ကောင်း ခံကြတာတွေ၊ မဖြစ်စလောက်ဖမ်းဆီးပြတာ၊ ပြစ်ဒဏ်ချပြတာတွေ လုပ်နေတာဟာ စိတ်ပျက်စရာပါပဲ။

    ပြဿနာရဲ့ အရင်းအမြစ်ကို စစ်ရပါမယ်။ မောင်ကာဠု (ခ) ဒေါက်တာဆိတ်ဖွားသည် စစ်ဘက်ဆိုင်ရာတွေနဲ့ အဆက်အဆံရှိတယ်ဆိုတာကိုတော့ အလဲဗင်းဆရာကြီးတွေက ဖွင့်ချပြပြီးသွားပါပြီ။ ” ဦးသိန်းစိန်အစိုးရအနေနဲ့ မိမိကိုယ်တိုင်ရဲ့ အာဏာစက်မထိရောက်တဲ့ အဖွဲ့စည်းတခုကို ဒီအတိုင်းလွှတ် ထားနေရတယ်ဆိုတဲ့ သံသယ” ကိုရော ဟုတ်မဟုတ်ဆိုတာ ဘယ်နေ့ဘယ်အချိန်များမှ ဖွင့်ချနိုင်မလဲဆိုတာ…..

  • ဘားအံမြို့တွင် ပြုလုပ်ခဲ့သည့် တရားပွဲ၌ ဘာသာရေး မုန်းတီးမှု တရားများဟောကြားခဲ့

    ဧပြီ ၂၃၊ ၂၀၁၃
    M-Media
    ဇွဲကပင်သား

    5
    ဓါတ်ပုံ- FB ( ၉၆၉ အဖွဲ့ဝင်များ ဦးဝီရသူနဲ့ တွေ့ဆုံစဉ်)

    ဘားအံ ။         ။   ဘားအံမြို့ပေါ်ရှိ မဲဘောင်ကျောင်းတွင် ဦးဝီရသူ၏ တရားဟောပွဲပြုလုပ်ခဲ့သော်လည်း တရားပွဲတွင် ဘာသာရေးမုန်းတီးမှု တရားများသာ ဟောကြားခဲ့ပြီး ယင်းတရားပွဲအား ဧပြီလ ၂၀-ရက်နေ့မှ ၂၂-ရက်နေ့အထိ ည(၇)နာရီ (၉)နာရီထိ ၃-ရက်တိုင် ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ တရားပွဲ လော်စပီကာဖြင့် ထုတ်လွှင့်ခဲသောကြောင့် တရားပွဲကျင်းပရာ အနီးနား ရပ်ကွက်ရှိ နေထိုင်သူများအားလုံး ကြားခဲ့ရကြောင်း သိရပါသည်။

    အဆိုပါပွဲတွင် တရားတော်များကို ဟောကြားခြင်းထက် သူတစ်ပါးရဲ့ ဘာသာ သာသနာကို စော်ကားပြီး ပြောကြားသွားခဲ့သည်။ တရားပွဲတွင်  ဦးဝီရသူမှ ပြောကြားခဲ့သည်များထဲမှ ကြားသိခဲ့ရသည့် ဘားအံမြို့ခံများက ဦးဝီရသူပြောကြားခဲ့သည့်အတိုင်း ပြန်လည်ပြောပြလာပါတယ်။

    ဦးဝီရသူပြောကြားခဲ့သည့် မုန်းတီးရေးတရားများမှာ –

    (၁)  ဗလီဆိုတာ ရန်သူ့အဆောက်အအုံဖြစ်တယ်။ ဒါကြောင့် ဗလီကိုဖြိုတာဟာ ရန်သူ့အဆောက်အအုံကို ဖြိုချခြင်းဖြစ်လို့ ငရဲမကြီးပါဘူး။

    (၂)  မွတ်စလင်မ်ကုလားတစ်ယောက်ဟာ ဗမာမိန်းကလေးတစ်ယောက်ကို မုဒိန်းကျင့်နိုင်ရင် မြင့်မြတ်ခြင်းကို ရတယ်။

    (၃)  ရိုဟင်ဂျာတွေကိစ္စမှာ သမ္မတကြီးဟာ ပြတ်သားစွာရပ်တည်ပေးခဲ့အတွက် အလွန်လေးစားဖို့ကောင်းတဲ့ပုဂ္ဂိုလ်ပါပဲ။ အများက ခေါ်ခေါ်နေတဲ့ အမေစုဟာ ဘာများလုပ်ပေးနိုင်ခဲ့လို့လဲ။ ဒါကြောင့် သမ္မတကြီးအတွက် ဆုတောင်းပွဲတွေကို မန္တလေးတစ်ခွင်မှာ ကျင်းပခဲ့ကြတယ်။

    (၄)  မဆီမဆိုင် ပဲခူးမှာ ဗလီတွေလိုက်ဖျက်ကြတဲ့ ဗမာတွေကို ဦးဇင်းရှက်မိတယ်။ မဆီမဆိုင် လိုက်လုပ်ကြတဲ့အတွက် မတရားမှုပါပဲ။ ဦးဇင်း အလွန်ပဲရှက်မိတယ်။

    (၅)  မြန်မာနိုင်ငံမှာလည်းနေသေးတယ်။ ဝက်သားလည်း မစားကြဘူး။ မြန်မာနိုင်ငံမှာ ဝက်သားပဲရတာလေ။ ကုလားတွေ ဝက်သားစားကြပေါ့။ ဝက်သားတော့ဖြင့် မစားကြဘူး။ ဝက်သားစားတဲ့ ပါးစပ်တွေရှိတဲ့ ဗမာမိန်းကလေးတွေကိုတော့ ငမ်းငမ်းတက်ဖြစ်နေကြတယ်။ ဦးဇင်းတို့က သူတို့ကို ဘယ်လိုနားလည်ပေးရမတုန်း။

    (၆)  မွတ်စလင်မ်ကုလားမတွေကဆိုရင် တကိုယ်လုံးကိုခြုံပြီးနေကြတာ။ တချို့ဆို မျက်နှာတွေမျက်လုံးတွေကိုပါ ပိတ်နေရတာ။ ရာသီဥတုပူတဲ့အချိန်ဆို ငရဲကျသလိုပါပဲ။ ဦးဇင်းတို့ မြန်မာအမျိုးသမီးတွေကိုများ သူတို့က မယဉ်ကျေးဘူးပြောသေးတယ်။ လွတ်လပ်ခွင့်ရှိတဲ့ တို့သာသနာကို တို့ပိုင်ဆိုင်ထားတာ ကံမကောင်းပေဘူးလားဟေ့။

    (၇)  NLD မှာ ကြည့်လိုက်ရင်လည်း မုတ်ဆိတ်တကားကားနဲ့ တိုက်ပုံဝတ်တဲ့ကုလားတွေကလည်း ရှိသေး။ ကြည့်လိုက်ရင် ဆိတ်သိုးတွေလိုပဲ သိပ်ရွံစရာကောင်းတယ်။ မဝတ်တတ်တော့ အကျီင်္ကို ဟိုဆွဲချ ဒီဆွဲချနဲ့ လုံးဝပုံမကျလှဘူး။

    (၈)  မြန်မာအမျိုးသမီးတစ်ယောက်ဆိုရင် ကုလားတစ်ယောက်ကို ကြိုက်လွန်းလို့ သဘောမတူတဲ့ ကိုယ့်မိဘကိုတောင် အဆိပ်ခပ်သတ်ပြီး ဘုရားပုံတော်ကို ခြေနဲ့နင်းလို့ ကုလားတွေက သူတို့ဘာသာထဲ ပြောင်းခိုင်းခဲ့တာကို ခံခဲ့ရတယ်။

    (၉)  မိတ္ထီလာလို လူညီဖို့လိုတယ်နော။ ကရင်ပြည်နယ်ကို ကုလားပြည်နယ် ဖြစ်ချင်သလားဟေ့။

    (၁၀)  ဦးဇင်းကို Facebook မှာ တိုက်ခိုက်သူတွေအများကြီးပဲ။ ဦးဇင်းက သောက်ဂရုမစိုက်ပါဘူး။ ဦးဇင်းက သာသနာ့အာဇာနည်တစ်ယောက်ပါ။

    (၁၁)  ငမဲတွေကိုကြောက်စရာမလိုဘူး။ ကုလားတွေအကုန်လုံးက မြန်မာတွေကိုမြင်ရင် ခေါင်းငုံ့သွားစေရမယ်။

    (၁၂)  ကုလားတွေက နောက်ဆုံးမရတော့မှ ဦးဇင်းဆီ လာဆွေးနွေးကြတယ်။ ကုလားတွေနဲ့ သွားမပတ်သက်မိစေနဲ့။ ကိုယ်ပါ အလိုလိုရိုင်းသွားလိမ့်မယ်။

    ယင်းတရားပွဲ၌ ယခုကဲ့သို့သော စကားလုံးများသုံးနှုန်း၍ ဦးဝီရသူပြောကြားသွားသည်မှာ သာမန် ဘုန်းတော်ကြီးများ တရားဟောကြားသည့်ပုံစံ မဟုတ်ကြောင်း၊ စကားပြောသည့် ပုံစံလည်း မူမမှန်ကြောင်း၊ ၃-ညတိုင်တိုင်ပြောသည့် စကားများဟာလည်း တစ်ခုနှင့်တစ်ခု အဆက်အစပ်မဲ့ပြီး တရားပွဲဟု အမည်ခံထားသော်လည်း ဘာသာရေးမုန်းတီးမှုလှုံ့ဆော်ပွဲသက်သက်သာဖြစ်ကြောင်း၊ စကားပြောရာတွင်လည်း လျှာလိပ်နေတဲ့အ သံတွေဟာလည်း တားမြစ်ဆေးဝါး တစ်ခုခုသုံးစွဲထားပြီး စကားပြောသည့် လူတစ်ဦးကဲ့သို့သာဖြစ်နေကြောင်းကိုလည်း ဘားအံမြို့ခံတစ်ဦးမှလည်း ပြောပြလာပါတယ်။