News @ M-Media

Category: အမေရိက

  • ဘရာဇီးလ်သားတစ်ဦး အပျော်သဘောဖြင့် ၉ နှစ်အတွင်း လူ ၄၀ ကျော် သတ်ပစ်ခဲ့

    ဘရာဇီးလ်သားတစ်ဦး အပျော်သဘောဖြင့် ၉ နှစ်အတွင်း လူ ၄၀ ကျော် သတ်ပစ်ခဲ့

    ဒီဇင်ဘာ ၁၄ ၊ ၂၀၁၄
    M-Media
    Gracas-2
    – ဘရာဇီးလ်နိုင်ငံတွင် လူသတ်မှုကြောင့် ဖမ်းဆီးခံထားရသူတစ်ဦးက ၎င်းမှာ ၂၀၀၅ ခုနှစ်မှစ၍ လူပေါင်း ၄၂ ယောက်ကို သတ်ဖြတ်ခဲ့ပြီး မိမိ၏ ပျော်ရွှင်မှုအတွက် ပြုလုပ်ခြင်းဖြစ်သည်ဟု ၀န်ခံပြောကြားလိုက်သည်။

    အသက် ၂၆ နှစ်အရွယ်ရှိ ဆေးလ်ဆန်း ဂျိုဆေး ဒက်ဇ် ဂရာဆက်စ်ဆိုသူဖြစ်ပြီး ရီယိုဒီဂျနေရိုး ဆင်ခြေဖုံးရှိ နိုဗာ အီဂွါကူဒေသတွင် အမျိုးသမီးတစ်ဦးအား ယခုလအတွင်း ဓားဖြင့် ထိုးသတ်ပြီးနောက်ပိုင်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

    `လွန်ခဲ့တဲ့ ၉ နှစ်အတွင်း အမျိုးသမီး ၃၇ ယောက်၊ အမျိုးသား ၃ ယောက်နဲ့ ၂ နှစ်အရွယ် မိန်းကလေး တစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ သူ ၀န်ခံခဲ့ပါတယ်။ အဲဒီလိုသတ်တဲ့အခါ ဓားနဲ့ထိုးတာ လည်ပင်းညှစ်တာမျိုးနဲ့ သတ်ခဲ့တာပါ´ ဟု ရဲအတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

    ရဲအရာရှိ တစ်ဦးကမူ ဂရာဆက်စ်မှာ နောင်တရသည့်ပုံမပေါ်ဘဲ ထောင်မှပြန် လွတ်လာလျှင်လည်း ထပ်မံ၍ လူသတ်လိ့မ်မည်ဟု သတိပေးပြောကြားခဲ့သည်။

    ဂရာဆက်စ်ကမူ ထိုကဲ့သို့ သတ်ဖြတ်ခြင်းကို ပျော်ရွှင်မှုအတွက် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကြေးစားလူသတ်သမားအဖြစ်လည်း လုပ်ဆောင်ပေးသည်ဟု ပြောကြားခဲ့သည်။

    ၎င်းမှာ အသက် ၁၇ နှစ်အရွယ်က လူစသတ်ခဲ့ပြီး အမျိုးသမီးများအား သတ်ဖြတ်ရသည်ကို ပိုမိုနှစ်သက်ကြောင်း၊ မိမိသတ်မည်သူကို လနှင့်ချီ၍ လေ့လာပြီးမှ သတ်ဖြတ်ခြင်းဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

    `ကျွန်တော် အဲဒီလိုမလုပ်ဘူးဆိုရင် စိတ်တွေက တုန်လှုပ်လာပါတယ်။ အဲဒီအချိန်ကျရင် ကျွန်တော် သတ်ဖို့ လူရှာတော့တာပါပဲ´

    Independent

  • စီအိုင်အေ၏ စစ်ဆေးမှုများ လူမဆန်ဟု ဆီးနိတ်လွှတ်တော်ပြော

    စီအိုင်အေ၏ စစ်ဆေးမှုများ လူမဆန်ဟု ဆီးနိတ်လွှတ်တော်ပြော

    ဒီဇင်ဘာ ၁၀ ၊ ၂၀၁၄
    M-Media

    US GUANTANAMO CAMP X-RAY FILER
    – စက်တင်ဘာ ၁၁ တိုက်ခိုက်မှုအလွန် အကြမ်းဖက်မှုအတွက် သံသယူရှိသူများအား စစ်ကြောမေးမြန်းရာတွင် စီအိုင်အေမှ အသုံးပြုခဲ့သော ကြမ်းတမ်းသည့် နည်းလမ်းများနှင့် ပတ်သက်၍ ဆီးနိတ်လွတ်တော်က ရှုတ်ချလိုက်ပြီး အလွန်ဆိုးရွားသော လူမဆန်သော လုပ်ရပ်များဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ၂၀၀၁ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း သံသယရှိသူ ၁၀၀ နီးပါးကို ထိန်းသိမ်းရေးစခန်းများတွင် စီအိုင်အေက စစ်ကြောမှုနှင့်ပတ်သက်၍ စာမျက်နှာ ၄၈၀ ပါသော အစီရင်ခံစာတစ်စောင်ကို ယမန်နေ့က ထုတ်ပြန်မှုအတွင်း ဆီးနိတ်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

    ဆီးနိတ်ထောက်လှမ်းရေး ကော်မတီ ဥက္ကထ ဒီအိန်း ဖိုင်စတိုင်းကမူ စီအိုင်အေက အသုံးပြုခဲ့သော နည်းလမ်းများမှာ ပြည်သူများ ယုံကြည်ထားသည်ထက်ပင် လူမဆန်ခဲ့ကြောင်း၊ ထိန်းသိမ်းထားသူများထဲမှ သတင်းအချက်အလက်များ ရရှိရန်အတွက် နိုင့်ထက်စီးနင်းပြုခဲ့ကြောင်း ပြောကြားခဲ့သည်။

    ပြည်သူများအတွက် ယခုထုတ်ပြန်ခဲ့သော အစီရင်ခံစာမှာ အကျဉ်းချုပ်ဖြစ်ပြီး စီအိုင်အေ၏ လုပ်ရပ်များကို ဖော်ပြထားသော အစီရင်ခံစာအပြည့်အစုံမှာ စာမျက်နှာ ၆၂၀၀ ရှိကာ လျှို့ဝှက်ထားရှိသည်ဟု သိရသည်။

    အလုပ်မဖြစ်

    စီအိုင်အေက ထိုကဲ့သို့ အကြမ်းနည်းသုံးကာ စစ်ကြောမေးမြန်းမှုများ ပြုလုပ်ခဲ့သော်လည်း ရရှိခဲ့သည့် သတင်းအချက်အလက်များမှာ မှန်ကန်ခြင်းမရှိဘဲ အလ်ကိုင်းဒါးက အာဖရိကန်-အမေရိကန်များကို သိမ်းသွင်းနေသည်ဟူသော လုပ်ကြံဇာတ်လမ်းများပင် ပါဝင်ခဲ့ကြောင်း၊  ထိုကဲ့သို့ စစ်ကြောမှုမှာ ထိရောက်မှုမရှိခဲ့ဘဲ အကြမ်းဖက်ခြိမ်းခြောက်မှု တုံ့ပြန်ရေးအစီအစဉ်ကို ပျက်ပြားစေကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ထို့ပြင် စီအိုင်အေမှာ ပြည်သူများ၊ အကြမ်းဖက်မှုတုံ့ပြန်ရေးနှင့်ပတ်သက်၍ ပေါ်လစီချမှတ်သူများကိုလည်း လမ်းမှာစေခဲ့ကြောင်း ထည့်သွင်းဖော်ပြထားသည်။

    စီအိုင်အေ၏ လုပ်ရပ်များအတွက် ဆီးနိတ်ထောက်လှမ်းရေး ကော်မတီမှာ ငါးနှစ်တာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အဆိုပါ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး စီအိုင်အေကမူ ၎င်းတို့၏ ကြမ်းတမ်းသော စစ်ကြောရေးနည်းစနစ်မှာ အလုပ်ဖြစ်ကာ အကြမ်းဖက်များ၏ အကြံအစည်များကို ပျက်ပြားစေခဲ့ကြောင်း ကာကွယ်ပြောကြားခဲ့သည်။

    Al Jazeera and agencies
  • အကျဉ်းသားများအား စီအိုင်အေ၏ နှိပ်စက်ငြှင်းပမ်းမှု အစီရင်ခံစာ ထုတ်ပြန်မည်

    အကျဉ်းသားများအား စီအိုင်အေ၏ နှိပ်စက်ငြှင်းပမ်းမှု အစီရင်ခံစာ ထုတ်ပြန်မည်

    ဒီဇင်ဘာ ၉ ၊ ၂၀၁၄
    M-Media

    _79605257_79605256
    – ၉/၁၁ တိုက်ခိုက်မှုပြီးနောက်ပိုင်း ဖမ်းဆီးထားသည့် သံသယရှိသူများကို CIA ၏ ကြမ်းတမ်းစွာ စစ်ကြောမေးမြန်းမှုများနှင့် ပတ်သက်သည့် အစီရင်ခံစာအား ထုတ်ပြန်ရန်ရှိသောကြောင့် ကမ္ဘာတစ်ဝှမ်းရှိ အမေရိကန် သံရုံးများအား လုံခြုံရေးတိုးမြှင့်ထားလိုက်သည်ဟု သိရသည်။

    အဆိုပါ အစီရင်ခံစာကို ဒီဇင်ဘာ ၉ ရက်နေ့တွင် ထုတ်ပြန်မည်ဖြစ်ပြီး ဥရောပနှင့် အာရှရှိ အမေရိကန်၏ အကျဉ်းစခန်းများတွင် ထိန်းသိမ်းထားသော အကျဉ်းသားများအား အပေါ် CIA က အသုံးပြုခဲ့သော ကြမ်းတမ်းသည့် စစ်ကြောမေးမြန်းမှုများအတွက် ပြည်သူများကို ပထမဆုံး ချပြမည့် အစီရင်ခံစာလည်း ဖြစ်ကြသည်။

    `ဒီအစီရင်ခံစာ ထုတ်ပြန်ခြင်းဟာ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အမေရိကန်နဲ့ သက်ဆိုင်တဲ့ အဆောက်အဦးတွေ၊ အမေရိကန်နိုင်ငံသားတွေ အတွက် ကြီးမားတဲ့အန္တရာယ် ဖြစ်နိုင်တဲ့ အနေအထားတွေဆီကို ဦးတည်သွားမယ့် လက္ခဏာတွေရှိနေပါတယ်´ ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျို့ရှ် အားန်နက်စ်က ပြောကြားခဲ့သည်။

    ပြည်သူများအား ဖွင့်ချမည့် အဆိုပါ အစီရင်ခံစာတွင် ၂၀၀၁ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း အကြမ်းဖက်ဝါဒဆိုင်ရာ တရားစွဲမှုများနှင့် ပတ်သက်ပြီး အမေရိကန်တို့မှ ပြုလုပ်ခဲ့သော စစ်ဆင်ရေးအတွင်း ဖမ်းဆီးခဲ့သည့် သံသယရှိသူ ၁၀၀ ၀န်းကျင်အား CIA မှ စစ်ကြောမေးမြန်းခဲ့မှုများနှင့် ပတ်သက်၍ အနှစ်ချုပ် ဖော်ပြထားပြီး စာမျက်နှာ ၄၈၀ ခန့်ရှိသည်ဟု သိရသည်။

    အစီရင်ခံစာ အပြည့်အစုံမှာ စာမျက်နှာ ၆၂၀၀ ရှိပြီး လျှို့ဝှက်ထားမည်ဖြစ်ကာ ထိုအစီရင်ခံစာအား ဖတ်ရှုပြီးသည့် အမေရိကန် အာဏာပိုင်များကမူ CIA ၏ ကြမ်းတမ်းသော စစ်ကြောမေးမြန်းမှုများက ထူးခြားပြီး အန္တရာယ်ကင်းသည့် ထောက်လှမ်းရေး လုပ်ငန်းတစ်ခုဖြစ်လာရန် မဆောင်ရွက်နိုင်ခဲ့ကြောင်း ထိုအစီရင်ခံစာက ဖော်ပြနေသည်ဟု ပြောကြားခဲ့သည်။

    ကျူးဘားမှ အမေရိကန် စစ်အခြေစိုက် စခန်းရှိ CIA က ဦးစီးသော ဂွာတာနာမို အကျဉ်းစခန်းတွင် အကျဉ်းသားများအား စစ်ကြောမေးမြန်းရာ၌ ရေနှစ်ခြင်း၊ စိတ်ဖိစီးမှုရှိသော အခြေအနေတွင်ထားခြင်းနှင့် အခြားသော ကြမ်းတမ်းသည့် နည်းလမ်းများကို အသုံးပြုခဲ့သည်ဟူသော သတင်းများမှာ ယခင်ကတည်းက ထွက်ပေါ်ထားပြီး နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များက ဝေဖန်ကန့်ကွက်မှုများလည်း ပြုလုပ်ခဲ့သည်။

    ref_Agencies

  • ကမ္ဘာ့ အသက်အကြီးဆုံး ဦးခေါင်း ၂ လုံးပါ ကြောင် ကွယ်လွန်

    ကမ္ဘာ့ အသက်အကြီးဆုံး ဦးခေါင်း ၂ လုံးပါ ကြောင် ကွယ်လွန်

    ဒီဇင်ဘာ ၉ ၊ ၂၀၁၄
    M-Media
    frank-louie-janus-cat
    – အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်မှ  ဂင်းနစ်မှတ်တမ်းဝင် ဦးခေါင်း ၂ လုံးပါဝင်သည့် ကမ္ဘာ့ အသက်အကြီးဆုံး ကြောင်ကြီးမှာ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကင်ဆာရောဂါဖြင့် သေဆုံးသွားခဲ့သည်ဟု သိရသည်။

    ဖရန်ကန်လူဝီဟု အမည်ရသည့် အဆိုပါကြောင်ကြီးမှာ သေဆုံးချိန်တွင် အသက် ၁၅ နှစ်ရှိပြီဖြစ်ပြီး ပိုင်ရှင်ဖြစ်သူ ၀ိုရက်စတာကမူ ဖရန်ကန်လူဝီ၏ ကျန်းမာရေး အခြေအနမှာ ပြီးခဲ့သည့် သီတင်းပတ် အတွင်းမှ စတင်၍ ဆိုးရွားလာခဲ့သည်ဟု ပြောကြားခဲ့သည်။ ဖရန်ကန်လူဝီဆိုသည့် အမည်မှာ တစ်ကောင်းချင်းဆီ၏ အမည်ဖြစ်သော ဖရန့်နှင့် လူဝီတို့ကို ပူးတွဲ၍ မှည့်ခေါ်ထားခြင်ဖြစ်သည်။

    အဆိုပါ ကြောင်မျိုးကို ဂျာနပ်စ်ကြောင် မျိုးနွယ်ဟု သတ်မှတ်ထားပြီး ဖရန်ကန်လူဝီမှာ အရှည်ကြာဆုံး အသက်ရှင်နေထိုင်နိုင်သော ဦးခေါင်းနှစ်ခုပါ ကြောင်အဖြစ် ၂၀၁၂ ခုနှစ်က ဂင်းနစ် ကမ္ဘာစံချိန်တွင် မှတ်တမ်းဝင်ခဲ့သည်။

    ဖရန်ကန်လူဝီတွင် မျက်လုံး သုံးလုံး၊ နှာခေါင်းနှစ်ခုနှင့် ပါးစပ်နှစ်ခု ပါဝင်ပြီး မျက်လုံး ၂ လုံးသာ မြင်နိုင်ကာ ပါးစပ် တစ်ခုမှသာ စားသောက်ခြင်းဖြစ်သည်။ ထို့ပြင် သာမန်ကြောင်များကဲ့သို့ အသက်ရှင်နေထိုင်ခဲ့သည်။ ဦးခေါင်းနှစ်ခု ဖြစ်ခြင်းမှာ သန္ဓေသား ဘ၀တွင် မျက်နှာဖွံဖြိုးမှုကို ဖြစ်စေသော ပရိုတိန်းများ ကမောက်ကမဖြစ်ခြင်းကြောင့်ဟု ဆိုသည်။

    ဦးခေါင်း ၂ လုံးပါဝင်သည့် ဂျာနပ်စ် အနွယ်ဝင်ကြောင်များမှာ များသောအားဖြင့် အသက်ရှင်လေ့မရှိကြပဲ အသက်ရှင်လျင်လည်း ဆိုးရွားသော ကျန်းမာရေး ပြဿနာများကို ကြုံတွေ့ရပြီး သေဆုံးလေ့ရှိကြသည်။

    independent

  • စနိုးဒင် မှတ်တမ်းရုပ်ရှင် အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆုရ

    စနိုးဒင် မှတ်တမ်းရုပ်ရှင် အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆုရ

    ဒီဇင်ဘာ ၆ ၊ ၂၀၁၄
    M-Media
    79864ddd-80df-4f00-8d26-1bd02093fcfc_16x9_600x338
    – အမေရိကန် ထောက်လှမ်းရေးအေဂျင်စီ NSA မှ လျှို့ဝှက်ချက်များကို ဖွင့်ချခဲ့သည့် အေးဂျင့်ဟောင်း စနိုးဒင်၏ မှတ်တမ်းရုပ်ရှင်မှာ ၂၀၁၄ ခုနှစ် အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆုကို ရရှိသွားခဲ့သည်ဟု သိရသည်။

    အဆိုပါမှတ်တမ်းရုပ်ရှင်ကို Citizen Four ဟု အမည်ပေးထားပြီး အမေရိကန် ဒါရိုက်တာ လော်ရာ ပိုအစ်ထရာစ်က ရိုက်ကူးထားကာ ယမန်နေ့တွင် နိုင်ငံတကာ မှတ်တမ်းရုပ်ရှင်အသင်း IDA မှ ချီးမြှင့်သည့် အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။

    Citizen Four မှာ NSA  က အမေရိကန်ပြည်သူသန်းပေါင်းများစွာနှင့် ကမ္ဘာ့ခေါင်းဆောင်များ၏ အင်တာနက် လှုပ်ရှားမှုများ၊ တယ်လီဖုန်းဆက်သွယ်ပြောဆိုမှုများအား လျှို့ဝှက်ထောက်လှမ်းထားမှု အသေးစိတ်ကို စနိုးဒင်က ဟောင်ကောင်တွင် ဂျာနယ်လစ်များသို့ ဖွင့်ချသည့် နေ့ရက်များအကြောင်းကို ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်သည်။

    အဆိုပါမှတ်တမ်းရုပ်ရှင်မှာ ယခုတစ်ပတ်အတွင်း နယူးယောက်တွင် ပေးအပ်ခဲ့သည့် Critics Circle Awards ဆုကိုလည်း ရရှိခဲ့ပြီး Independent Spirit Award ဆုနှင့် အော်စကာဆု ဇကာတင်စာရင်းတို့တွင်လည်း ပါဝင်ခဲ့သည်။

    Citizen Four မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးခဲ့သည့် ဒါရိုက်တာ လော်ရာ ပိုအစ်ထရာစ်မှာ ပြီးခဲ့သည့်နှစ်က စနိုးဒင်၏ မှတ်တမ်းရုပ်ရှင်အတွက် ပူလစ်ဇာဆုကို ရရှိခဲ့သူဖြစ်ပြီး IDA မှ ချီးမြှင့်ခဲ့သည့် Courage Under Fire ဆုကိုလည်း ရရှိခဲ့သည်။