News @ M-Media

Tag: Afghanistan

  • အာဖဂန်ရှိ အဓိက အဝေးပြေးလမ်းကို တာလီဘန်တို့ပိတ်ဆို့

    အာဖဂန်ရှိ အဓိက အဝေးပြေးလမ်းကို တာလီဘန်တို့ပိတ်ဆို့

    အောက်တိုဘာ ၁၄၊ ၂၀၁၅
    M-Media

    afghan

    – အာဖဂန်မြို့တော် ကဘူးလ်တောင်ဘက်ရှိ အဓိက အဝေးပြေးလမ်းမကြီးကို တာလီဘန်များက ယမန်နေ့တွင် ပိတ်ဆို့ခဲ့သောကြာင့် ကဘူလ်းနှင့် ကန်ဒါဟာမြို့များတွင် ကားများ ရာနှင့်ချီ၍ သောင်တင်နေကြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း တာလီဘန်များကို တိုက်ခိုက်မှုများ ပြုလုပ်နေသည်။

    တာလီဘန်များမှာ အဝေးပြေးလမ်းမအား ပိတ်ကာ ဇဘူးလ်ပြည်နယ် နော်ရက်ဒေသကိုလည်း သိမ်းပိုက်ရန် ကြိုးစားနေကြပြီး၊ အဝေးပြေးလမ်းတွင်ရှိနေသည့် တာလီဘန်တပ်မှူး တစ်ဦးကမူ မိမိတို့ခေါင်းဆောင် မွလ္လာ အက်ခ်တာရ် မန်ဆူရ်က ဆုတ်ခွာရန် အမိန့်မပေးမချင်း မိမိတို့က ဖယ်ရှားမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    မန်ဆူအား ခေါင်းဆောင်သစ်အဖြစ် ခန့်အပ်ပြီး ၂ လအကြာတွင်ပင် တာလီဘန်အဖွဲ့မှာ နိုင်ငံမြောက်ပိုင်းနှင့် အရှေ့ပိုင်းများတွင် ဒေသအချို့ကို သိမ်းပိုက်ခဲ့ကြသည်။ ယခုအဖြစ်အပျက်တွင် သေဆုံးဒဏ်ရာရသူ မရှိသေးဘဲ ပြည်သူများကို အခြားလမ်းကြောင်းမှသွားနိုင်ရန် ကူညီနေသည်ဟု တာလီဘန်က ပြောကြားခဲ့သည်။

    Ref: Aljazeera

  • အာဖဂန်ဆေးရုံ တိုက်ခိုက်မှုအတွက် အမေရိကန်က နစ်နာကြေးပေးမည်

    အာဖဂန်ဆေးရုံ တိုက်ခိုက်မှုအတွက် အမေရိကန်က နစ်နာကြေးပေးမည်

    အောက်တိုဘာ ၁၁၊ ၂၀၁၅
    M-Media

    IMG_20151011_1

    – အာဖဂန်မြောက်ပိုင်း ကန်ဒက်ဇက်မြို့တွင် နယ်စည်မခြားဆရာဝင်များအဖွဲ့MSF က ကြီးကြပ်နေသော ဆေးရုံအား ပြီးခဲ့သည့်တစ်ပတ်တွင် မေရိကန်က လေကြောင်းမှ မှားယွင်းဗုံးကြဲမှုအတွင်း သေဆုံးသွားသူများနှင့် ထိခိုက်ဒဏ်ရာရ ရသူများအတွက် နစ်နာကြေးပေးသွားမည်ဟု အမေရိကန် ပြောကြားလိုက်သည်။

    ထိုတိုက်ခိုက်မှုအတွင်း ၀န်ထန်းများနှင့် လူနာ အနည်းဆုံး ၂၂ ဦး သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့သည်။ MSF ကမူ ထိုတိုက်ခိုက်မှုအား စစ်ရာဇ၀တ်မှုမြောက်သည်ဟု ပြောကြားခဲ့ပြီး နိုင်ငံတကာ ခုံရုံးတစ်ခုဖွဲ့၍ စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့သည်။

    “ကာကွယ်ရေးဝန်ကြီးဌာနဟာ MSF ဆေးရုံက ဒီဆိုးရွားတဲ့ အဖြစ်အပျက်ရဲ့ နောက်ဆက်တွဲရလဒ်ကို ဖြေရှင်းဖို့ အရေးကြီးတယ်လို့ ယုံကြည်ပါတယ်” ဟု ပင်တဂွန်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    သေဆုံးသွားသူများ၏ မိသားစုများနှင့် ထိခိုက်ဒဏ်ရာရသူများကို နစ်နာကြေးပေးမယ့်အပြင် အဆိုပါဆေးရုံ ပြန်လည် ဆောက်လုပ်ရေးအတွက်လည်း အမေရိကန်က ရန်ပုံငွေ ပေးအပ်သွားမည်ဖြစ်သည်။

    Ref: BBC

  • UNHCR ၏ တစ်နှစ်တာဂုဏ်ပြုဆု အာဖဂန်မှ ပညာရေးမြှင့်တင်ပေးသူ အမျိုးသမီး ရရှိ

    UNHCR ၏ တစ်နှစ်တာဂုဏ်ပြုဆု အာဖဂန်မှ ပညာရေးမြှင့်တင်ပေးသူ အမျိုးသမီး ရရှိ

    အောက်တိုဘာ ၇၊ ၂၀၁၅
    M-Media

    un

    – ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှ ပေးအပ်ချီးမြှင့်သည့် 2015 Nansen Refugee Award ကို ဒုက္ခသည်များ ပညာရေးအတွက် စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်နေသော အာဖဂန်မှ ကျောင်းဆရာမတစ်ဦးက ရရှိခဲ့သည်ဟု သိရသည်။

    ဆုရရှိခဲ့သူမှာ အကွီလာ အက်စ်အီဖီဖြစ်ပြီး ပါကစ္စတန်နိုင်ငံ မီယန်ဝါလီမြို့မှ အာဖဂန် ဒုက္ခသည်များ နေထိုင်သော ကော့တ် ချန်ဒါနာရွာတွင် မိန်းကလေးငယ်များ ပညာရေးသင်ကြားခွင့်ရရန် ရဲရဲဝင့်ဝင့်နှင့် မမောနိုင်မပမ်းနိုင် ကြိုးပမ်းဆောင်ရွက်ပေးသည့်အတွက် ရွေးချယ်ရခြင်းဖြစ်သည်ဟု UNHCR က ဖော်ပြခဲ့သည်။

    အက်စ်အီဖီမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်ကတည်းက ဒုက္ခသည်ကလေးငယ်များအား ပညာသင်ပေးသည့်အလုပ်ကို လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ ရင်းမြစ်များနည်းပါးပြီး ဓလေ့ထုံးတမ်းဆိုင်ရာ စိန်ခေါ်မှုများ ရှိနေသော်လည်း ထောင်နှင့်ချီသည့် ဒုက္ခသည်မိန်းကလေးငယ်များကို မူလတန်းပညာ ရရှိအောင် သူမက လမ်းညွှန်သင်ကြားပေးနိုင်ခဲ့သည်။ တနင်္လာနေ့က ဂျီနီဗာ၌ ပြုလုပ်ခဲ့သော ဆုပေးပွဲအခမ်းအနားတွင် ၎င်း၏ ဆောင်ရွက်မှုကို သူမက ဖွင့်ဟခဲ့သည်။

    “ကျွန်မ စပြီး ကျောင်းဖွင့်တုန်းက အရမ်းကြီး အကောင်းမမြင်ခဲ့ပါဘူး။ အောင်မြင်မှုကတော့ ကျွန်မ ထင်ထားတာထက်ကို ကျော်လွန်နေပါတယ်။ ငြိမ်းချမ်းရေးချိုးငှက်လေးတွေက ကျွန်မတို့ရဲ့ သတင်းစကား ပေးပို့သူ ဖြစ်ပါစေ။ စစ်ပွဲနဲ့ လက်နက်ယဉ်ကျေးမှုကို ရှောင်ရှားပြီး၊ ဖောင်တိန်ကိုင်တဲ့ ပညာရေးယဉ်ကျေးမှုကို မြှင့်တင်ကြပါစို့။ ကျွန်မတို့တိုင်းပြည်အတွက် ငြိမ်းချမ်းမှုနဲ့ သာယာဝပြောမှုကို ဆောင်ကျဉ်းဖို့ ဒါဟာ တစ်ခုတည်းသော နည်းလမ်းပါပဲရှင်” ဟု အက်စ်အီဖီက ပြောကြားခဲ့သည်။

    UNHCR ကော်မရှင်နာမင်းကြီး အန်တိုနီယို ဂူတီယာရက်စ်ကလည်း သူမ၏ အားထုတ်မှုများအတွက် ချီးကျူးခဲ့သည်။

    “ကလေးတစ်ယောက်ရဲ့ဘ၀က ဆရာတစ်ဦးရဲ့ အခန်းကဏ္ဍဟာ ပြောင်းလဲမှုတွေကို ဖြစ်စေနိုင်ပါတယ်။ အက်စ်အီဖီရဲ့ အခန်းကဏ္ဍဟာ အလွန်နက်ရှိုင်းပါတယ်။ သူမဟာ မိန်းကလေးငယ် ရာပေါင်းများစွာကို ပိုကောင်းတဲ့အနာဂတ် အိပ်မက်မက်ဖို့ အခွင့်အရေးတစ်ခု ဖန်တီးပေးခဲ့ပါတယ်” ဟု ဂူတီယာရက်စ်က ပြောကြားခဲ့သည်။

    အက်စ်အီဖီမှာ ၁၉၉၂ ခုနှစ်တွင် မိသားစုနှင့်အတူ အာဖဂန်နစ္စတန်အား စွန့်ခွာခဲ့ပြီး ပါကစ္စတန်ရှိ ကော့တ်ချန်ဒါနာ ရွာငယ်လေးတွင် ခိုလှုံခဲ့သည်။ ထိုရွာမှ မိန်းကလေးငယ်များ ပညာရေးချို့တဲ့သည်ကို တွေ့ရှိသည့်အခါ အက်စ်အီဖီမှာ စိုးရိမ်ခဲ့ပြီး ပညာရေးလိုအပ်နေသူများအတွက် အခွင့်အလမ်းရရှိရန် စတင် ဆောင်ရွက်ခဲ့သည်။

    သူမမှာ တဲတစ်ခုကိုတည်ဆောက်ကာ ကိုယ်ပိုင်ကျောင်းကို ထူထောင်ခဲ့ပြီး၊ ကျောင်းသားများအတွက် လေ့ကျင့်ခန်းစာရွက်များကို သူမ၏လက်ဖြင့် ကူးယူရေးသားကာ သင်ကြားပေးခဲ့သည်။ သူမ၏ကျေးဇူးကြောင့် ယခုအချိန်တွင် ထိုရွာမှ ကလေးငယ် ထောင်ကျော်မှာ အမြဲတမ်းပညာရေးကို ရရှိနေပြီဖြစ်သည်။

    Ref: UNHCR

  • အာဖဂန်ဆေးရုံအား အမေရိကန်ဗုံးကြဲမှု ကုလက စစ်ရာဇ၀တ်မှုအဖြစ် သတ်မှတ်မည်

    အာဖဂန်ဆေးရုံအား အမေရိကန်ဗုံးကြဲမှု ကုလက စစ်ရာဇ၀တ်မှုအဖြစ် သတ်မှတ်မည်

    အောက်တိုဘာ ၄၊ ၂၀၁၅
    M-Media

    afg

    – အာဖဂန်မြောက်ပိုင်း ကန်ဒက်ဇ်မြို့ရှိ ဆေးရုံတစ်ရုံကို အမေရိကန်ဦးဆောင်သည့် တပ်ဖွဲ့က လေကြောင်းမှ တိုက်ခိုက်မှုမှာ ဆင်ခြေပေး၍မရဘဲ၊ ရဇာဝတ်မှုမြောက်သည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲ ဇီအစ်ဒ် ရာအက်ဒ် အလ်ဟူစိန်က ပြောကြားလိုက်သည်။

    တာလီဘန်များကို တိုက်ထုတ်စဉ် ယမန်နေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF မှ အဖွဲ့ဝင် ၁၂ ဦးအပါအ၀င် လူ၁၉ ဦးသေဆုံးခဲ့ကာ ဒဏ်ရာရရှိသူမှာ ၃၇ ဦး ရှိခဲ့သည်။ ဒဏ်ရာရသူများတွင် MSF မှ ၁၉ ဦး၊ လူနာ ၁၈ ဦးတို့ ပါဝင်သည်ဟု အဖွဲ့က ပြောကြားခဲ့သည်။

    ထိုတိုက်ခိုက်မှုအတွက် မိမိတို့မှာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် အမိန့်ပေးထားသည်ဟု ပင်တဂွန်စစ်ဌာနချုပ်က သတင်းထုတ်ပြန်ခဲ့ပြီး အလ်-ဟူစိန်ကမူ ပြည့်ဝပြီး ပွင့်လင်းမြင်သာမှုရှိသည့် စစ်ဆေးမှုဖြစ်ရန် တောင်းဆိုခဲ့သည်။ ထို့ပြင် ဆေးရုံအား တိုခိုက်မှုမှာ တမင်သက်သက် ရည်ရွယ်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု တရားရုံး၌ စစ်ဆေးတွေ့ရှိပါက စစ်ရာဇ၀တ်မှုအဖြစ် သတ်မှတ်သွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    သေဆုံးသူများထဲတွင် ကလေးငယ် ၃ ဦး ပါဝင်ခဲ့ပြီး MSF ဥက္ကဌ မီနီ နီကိုလိုင်က ထိုတိုက်ခိုက်မှုအား ရှုတ်ချခဲ့ကာ စက်ဆုပ်ဖွယ်ရာကောင်းပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ဆိုးဆိုးရွားရွား ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “မဟာမိတ်တပ်ဖွဲ့တွေဆီက လုံးဝ ပွင့်လင်းမြင်သာမှုကို ကျွန်တော်တို့ တောင်းဆိုပါတယ်။ အသက်တွေ ဒီလို ဆိုးဆိုးဝါးဝါး ဆုံးရှုံးရတာကို သာမန်ပျက်ဆီးမှုမျိုးအဖြစ် သတ်မှတ်လိုက်တာမျိုးကို ကျွန်တော်တို့ လက်ခံမှာ မဟုတ်ပါဘူး”

    အမေရိကန်သမ္မတ အိုဘားမားကလည်း ထိုတိုက်ခိုက်မှုအတွင်း သေဆုံးသွားသူ ကျန်းမာရေးဝန်ထမ်းများ၊ အရပ်သားများအတွက် အမေရိကန်ပြည်သူများကိုယ်စား ကြေကွဲဝမ်းနည်းမိသည်ဟု ပြောကြားခဲ့သည်။

    အမေရိကန်ကာကွယ်ရေးအကြီးအကဲ အက်ရှ်ကာတာရ်က ထိုအဖြစ်အပျက်မှာ ဆိုးရွားသည့်အဖြစ်အပျက်ဖြစ်ပြီး ဗုံးကြဲခံရသည့် ဆေးရုံအနီးတစ်ဝိုက်တွင် အာဖဂန်စစ်တပ်အတွက် အမေရိကန်စစ်သားများက စစ်ဆင်ရေးများ ပြုလုပ်ခဲ့သည်ဟု ၀န်ခံခဲ့သည်။

    အာဖဂန်သမ္မတရုံးမှ ထုတ်ပြန်မှုတွင် အာဖဂန်ရှိ အမေရိကန်ဦးဆောင်သည့် တပ်ဖွဲ့အကြီးအကဲ ကြည်းတပ်ဗိုလ်ချုပ် ဂျွန်ကမ်းဘဲလ်က ထိုအဖြစ်အပျက်အတွက် တောင်းပန်ခဲ့သည်ဟု ဖော်ပြထားသည်။

    Ref: Aljazeera

  • အာဖဂန်ရှိ အကျဉ်းထောင်ကို တာလီဘန်များက ၀င်ရောက်စီးနင်း

    အာဖဂန်ရှိ အကျဉ်းထောင်ကို တာလီဘန်များက ၀င်ရောက်စီးနင်း

    စက်တင်ဘာ ၁၄၊ ၂၀၁၅
    M-Media

    taliban

    – အာဖန်နစ္စတန်နိုင်ငံ အလယ်ပိုင်း ဂါဇ်နီမြို့ရှိ အကျဉ်းထောင်တစ်ခုကို တာလီဘန်များက ၀င်ရောက် စီးနင်းတိုက်ခိုက်ခဲ့သောကြောင့် အကျဉ်းထောင်တာဝန်ရှိသူ ၃ ဦး သေဆုံးခဲ့ပြီး အကျဉ်းသား အမြောက်အများ လွတ်မြောက်ခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    ဒေသစံတော်ချိန် ယနေ့ နံနက်စောစော ၂ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တာလီဘန်များမှာ စစ်ဝတ်စုံများ ၀တ်ထားကာ အကျဉ်းထောင်၏ ဂိတ်ဝ၌ ကားဗုံးခွဲ၍ ၀င်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြယ်နယ် အုပ်ချုပ်ရေးမှူး မိုဟာမက်အလီ အဟ်မာဒီက ပြောကြားခဲ့သည်။ အဆိုပါတိုက်ခိုက်မှုအတွင်း အာရ်ပီဂျီ လောင်ချာများဖြင့်လည်း ပစ်ခတ်ခဲ့သည်။

    အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာနကမူ ထိုအကျဉ်းထောင်ရှိ အကျဉ်းသား ၄၃၆ ဦးအနက် ၃၅၅ ဦး လွတ်မြောက်သွားခဲ့ပြီး အများစုမှာ အမျိုးသားလုံခြုံရေး ရာဇ၀တ်မှုနှင့် အခြားသော ရာဇ၀တ်မှုများဖြင့် ထောင်ကျနေသူများဖြစ်သည်ဟု ပြောကြားခဲ့သည်။

    တာလီဘန်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဇဘီဟွလ္လာဟ် မူဂျာဟစ်ဒ်ကမူ ထိုတိုက်ခိုက်မှုကို မိမိတို့က ဆောင်ရွက်ခြင်းဖြစ်သည်ဟုဆိုကာ လွတ်မြောက်သွားသည့် အကျဉ်းသားများကို ၎င်းတို့က ခေါ်ဆောင်သွားသည်ဟု ပြောကြားခဲ့သည်။

    ၂၀၁၁ ခုနှစ်ကလည်း ကန်ဒါဟာပြည်နယ်ရှိ အကျဉ်းထောင် ဖောက်ပြေးမှုတွင် တာလီဘန် တိုက်ခိုက်ရေးသမား ၅၀၀ နီးပါး လွတ်မြောက်သွားခဲ့ပြီး အစိုးရတာဝန်ရှိသူများက ထိုအဖြစ်အပျက်ကို လုံခြုံရေး ဘေးအန္တရာယ်ကျရောက်ခြင်းဟု ခေါ်ဆိုခဲ့သည်။

    ခေါင်းဆောင် မွလ္လာဟ်အိုမာ သေဆုံးသွားပြီးနောက် ခေါင်းဆောင်သစ်တင်မြှောက်မှုတွင် တာလီဘန်အဖွဲ့အကြား အငြင်းပွားမှုများ ဖြစ်ပေါ်နေသော်လည်း ယခုနောက်ပိုင်းတွင် ၎င်းတို့မှာ တိုက်ခိုက်မှုများကို ပိုမိုတိုးမြှင့် လုပ်ဆောင်လာခဲ့သည်။

    Ref: Aljazeera