News @ M-Media

Tag: Afghanistan

  • အမျိုးသမီးတစ်ဦးအား အုပ်စုဖွဲ့သတ်ဖြတ်မှုအတွက် အာဖဂန်တွင် ယနေ့အမိန့်ချ၊ သေဒဏ် ၄ ဦး ပါဝင်

    အမျိုးသမီးတစ်ဦးအား အုပ်စုဖွဲ့သတ်ဖြတ်မှုအတွက် အာဖဂန်တွင် ယနေ့အမိန့်ချ၊ သေဒဏ် ၄ ဦး ပါဝင်

    မေ ၆၊ ၂၀၁၅
    M-Media

    afgan

    – ပြီးခဲ့သည့် မတ်လအတွင်းက ကဘူးလ်မြို့တွင် ကုရ်အာန်ကျမ်းတော်မြတ်အား မီးရှို့သည်ဟုဆိုကာ အမျိုးသမီးတစ်ဦးအား လူအုပ်ကြီးက ရိုက်နှက်သတ်ဖြတ်မှုတွင် အဓိကပါဝင်သူ ၄ ဦးကို အာဖဂန်တရားရုံးက ယနေ့တွင် သေဒဏ်ချမှတ်လိုက်သည်။

    အသက် ၂၇ နှစ်အရွယ် ဖာ့က်ဟန်ဒါ အသတ်ခံရမှုအတွက် ရဲတပ်ဖွဲ့ဝင် ၁၉ ဦးအပါအ၀င် စုစုပေါင်း လူ ၄၉ ဦးကို ဖမ်းဆီးထားပြီး မေလ ၂ ရက်နေ့မှ စတင်ကာ တရားစွဲဆို စစ်ဆေးခဲ့ခြင်းဖြစ်သည်။ သေဒဏ်ချမှတ်ခံရသူ ၄ ဦးအပါအ၀င် အခြား ၈ ဦးကို ထောင်ဒဏ် ၁၆ နှစ်စီ ချမှတ်ခဲ့ပြီး၊ ၁၈ ဦးကို သက်သေမခိုင်လုံသည့်အတွက်ကြောင့် လွှတ်ပေးခဲ့သည်။

    တရားသူကြီးမှာ ရုံးချိန်းကို စနေနေ့သို့ ရွှေ့ဆိုင်းခဲ့ပြီး ထိုနေ့တွင် ကျန်ရှိသည့် ၁၉ ဦးအား ပြစ်ဒဏ်ချမှတ်မည်ဖြစ်ကာ ၎င်းတို့အားလုံးမှာ ရဲတပ်ဖွဲ့ဝင်များ ဖြစ်ကြသည်။ သေဒဏ်ချမှတ်ခံရသူ ၄ ဦးမှာ ကြိုးပေးကွပ်မျက်ခံရမည် ဖြစ်သည်။

    တရားစွဲဆိုမှုများတွင် လက်ရောက်ကျူးလွန်မှု၊ လူသတ်မှုနှင့် အခြားသူများအား ပါဝင်စေမှုတို့ ပါဝင်ပြီး ရဲတပ်ဖွဲ့ဝင်များကိုမူ တာဝန်ပျက်ကွက်မှုနှင့် တိုက်ခိုက်မှုကို တာဆီးရန် ပျက်ကွက်မှုတို့ဖြင့် တရားစွဲဆိုထားသည်။ ပြစ်ဒဏ်ချမှတ်ခံရသူများမှာ အယူခံဝင်ခွင့် ရရှိမည်ဖြစ်သည်။

    ဖာ့က်ဟန်ဒါ၏ အကိုဖြစ်သူ မူဂျွဘ် အူလာ ဖာ့က်ဟန်ဒါကမူ အဆိုပါ ရလဒ်အား မကျေနပ်ဟု ပြောကြားခဲ့သည်။

    “သူတို့ ကျွန်တော်တို့ရဲ့ အချိန်တွေကို ဖြုန်းတီးတာပါ။ အစိုးရက ဖိအားပေးလို့ တရားစွဲဆိုမှု ဖြစ်လာတာပါ။ တကယ့် ကြိုးကိုင်သူတွေ အဲဒီအထဲမှာ မပါပါဘူး။ အစိုးရက တကယ့်လူသတ်သမားတွေကို မဖမ်းဆီးခဲ့ပါဘူး။ လမ်ပေါ်က အပြစ်မဲ့သူတွေကိုသာ ဖမ်းခဲ့ပါတယ်။
    အဲဒီအဖြစ်အပျက်မှာ လူ ၁၀၀ ကျော်လောက် ပါဝင်ခဲ့ပြီး သူတို့က ၄ ဦးကိုသာ သေဒဏ်ချခဲ့တာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

    Ref: Aljazeera

  • အာဖဂန် အမျိုးသမီးတစ်ဦးအား ရိုက်နှက် သတ်ဖြတ်မှုအတွက် ကြားနာမှုများ ပြုလုပ်

    အာဖဂန် အမျိုးသမီးတစ်ဦးအား ရိုက်နှက် သတ်ဖြတ်မှုအတွက် ကြားနာမှုများ ပြုလုပ်

    မေ ၃၊ ၂၀၁၅
    M-Media

    afghan

    – မတ်လ ၁၉ ရက်နေ့တွင် အာဖဂန် အမျိုးသမီးတစ်ဦးအား လမ်းမပေါ်၌ လူအုပ်စုကြီးက ရိုက်နှက်သတ်ဖြတ်မှုအတွက် ဖမ်းဆီးထားသော လူ ၄၉ ဦးကို မြို့တော်ကဘူးလ်တွင် ကြားနာမှုများ စတင်ပြုလုပ်နေသည်ဟု သိရသည်။

    အသက် ၂၇ နှစ်အရွယ် ဖာ့ခ်ဟန်ဒါမှာ ကုရ်အာန်ကျမ်းအား မီးရှို့သည်ဟု စွပ်စွဲခံခဲ့ရကာ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ပြီး ဖမ်းဆီးခံထားရသူများထဲတွင် ရဲတပ်ဖွဲ့ဝင် ၁၉ ဦးလည်း ပါဝင်သည်။ ရပ်ကြည့်နေသူတစ်ဦးက မိုဘိုင်းဖုန်းဖြင့် ရိုက်ကူးထားသော ဗီဒီယိုတွင် မြင်ရသည့် ဖာ့ခ်ဟန်ဒါအား ဆံပင်ဆွဲ၍ တရွတ်တိုက် ဆွဲခေါ်သွားမှုအတွက် ၎င်းတို့ထဲမှ တစ်ဦးက ၀န်ခံထားသည်။

    ဖမ်းဆီးထားသူများမှ ၁၀ ဦးကို ကိုယ်ထိလက်ရောက်စော်ကားမှု၊ လူသတ်မှုနှင့် အခြားသူများအား ပါဝင်ရန် လှုံ့ဆော်တိုက်တွန်းမှုတို့ဖြင့် တရားစွဲဆိုထားပြီး ရဲတပ်ဖွဲ့ဝင်များကိုမူ တာဝန်အား လစ်လျူရှုမှုနှင့် ထိုတိုက်ခိုက်မှုအား တားဆီးရန် ပျက်ကွက်မှုတို့ဖြင့် တရားစွဲထားသည်။

    ဖာခ်ဟန်ဒါမှာ အစ္စလာမ့်ဓမ္မပညာရှင်တစ်ဦး ဖြစ်ပြီး အဆောင်လက်ဖွဲ့များ ရောင်းသူများထံမှ အဆောင်လက်ဖွဲ့များကို မ၀ယ်ယူရန် သူငယ်ချင်းမျာအား တိုက်တွန်းရာ လက်ဖွဲ့ရောင်းသူများက မကျေနပ်သောကြောင့် လီဆည်သတင်းလွှင့်ကာ လူအုပ်စုကြီး၏ ရိုက်နှက်သတ်ဖြတ်ခြင်း ခံခဲ့ရသည်ဟု ၎င်း၏ မိသားစုနှင့် သူငယ်ချင်းများ၏ ပြောကြားမှုများအရ သိရသည်။

    အဆိုပါ သတ်ဖြတ်မှုအတွက် အာဖဂန်ပြည်သူများက တုန်လှုပ်ခဲ့ရပြီး၊ ထိုအဖြစ်အပျက်အား ဖုန်းဖြင့် ရိုက်ကူးထားသော ဗီဒီယိုမှာလည်း ဆိုရှယ်မီဒီယာတွင် ပြန့်နှံ့ခဲ့ကာ အာဖဂန်နစ္စတန်တစ်ဝှမ်း ဆန္ဒပြမှုများလည်း ဖြစ်ပွားခဲ့သည်။

    တရားရုံးချုပ် အကြီးအကဲ ဆိုက်ဖွလ္လာဟ် မိုဂျာဒက်ဒီက ယနေ့တွင်ပြုလုပ်မည့် ကြားနာမှုသို့ ကဘူးလ် ရဲတပ်ဖွဲ့အကြီးအကဲနှင့် ပြည်ထဲရေးဝန်ကြီးဌာန၏ ရာဇ၀တ်မှု စုံစမ်းစစ်ဆေးရေး အကြီးအကဲတို့အား တက်ရောက်ရန် တိုက်တွန်းခဲ့သည်။ ထို့ပြင် မိုဂျာဒက်ဒီမှာ သံသယရှိသူတစ်ဦးကို လွှတ်ပေးခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကိုလည်း ဖမ်းဆီးရန် အမိန့်ထုတ်ခဲ့သည်။

    Ref: Aljazeera

  • ကုရ်အာန်အား မီးရှို့သည်ဟု စွပ်စွဲ သတ်ဖြတ်ခံရသည့် အမျိုးသမီးငယ်အတွက် အာဖဂန်ပြည်သူများ ဆန္ဒပြ

    ကုရ်အာန်အား မီးရှို့သည်ဟု စွပ်စွဲ သတ်ဖြတ်ခံရသည့် အမျိုးသမီးငယ်အတွက် အာဖဂန်ပြည်သူများ ဆန္ဒပြ

    မတ် ၂၅၊ ၂၀၁၅
    M-Media

    049f94e610824a6f8c940c982aefc3a9_18

    – ကုရ်အာန်ကျမ်းတော်မြတ်အား မီးရှို့သည်ဟု စွပ်စွဲကာ လူအုပ်ကြီးက ရိုက်နှတ်သတ်ဖြတ်မှုကို ခံခဲ့ရသည့် အာဖဂန် အမျိုးသမီးငယ်အတွက် တရားမျှတမှုကို တောင်းဆိုသည့်အနေဖြင့် မြို့တော်ကဘူးလ်တွင် ထောင်ပေါင်းများစွာသော ပြည်သူများက ယမန်နေ့တွင် ချီတက်ဆန္ဒပြခဲ့သည်ဟု သိရသည်။

    အချိုပါ ချီတက်ဆန္ဒပြမှုတွင် အမျိုးသား၊ အမျိုးသမီး အရွယ်စုံပါဝင်ပြီး တစ်ချို့မှာ ထိုလုပ်ရပ်အား ဆန့်ကျင်သော ပိုစတာများကို ကိုင်ဆောင်ခဲ့ရကြကာ အချို့မှာ အသတ်ခံခဲ့ရသည့် အသက် ၂၇ နှစ်အရွယ် အမျိုးသမီး ဖာ့က်ဟန်ဒါ၏ သွေးများပေကျံနေသော မျက်နှာပုံစံ အနီရောင်များ ချယ်သခဲ့သည်။

    ဖာ့က်ဟန်ဒါမှာ ဘာသာရေး ပညာရှင်တစ်ဦးဖြစ်ပြီး ကုရ်အာန်ကျမ်းတော်မြတ်အား မီးရှို့သည်ဟု စွပ်စွဲခံခဲ့ရကာ ပြီးခဲ့သည့် တစ်ပတ်က လူအုပ်ကြီး၏ ရိုက်နှက်သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ထို့နောက် ၎င်း၏အလောင်းအား မီးရှို့ကာ ကဘူးလ်မြစ်ထဲသို့ ပစ်ချခဲ့ကြသည်။

    ယမန်နေ့က ပြုလုပ်ခဲ့သည့် ချီတက်ဆန္ဒပြမှုကို စီစဉ်သူများကမူ လူပေါင်း ၃၀၀၀ ခန့် ပါဝင်ခဲ့ကြသည်ဟု ဆိုသည်။ ဆန္ဒပြသူများမှာ “ဖာ့က်ဟန်ဒါအတွက် တရားမျှတမှုပေး” “သတ်ဖြတ်သူများကို သေဒဏ်ပေး” စသည့် ကျွေးကြော်သံများကို ကျွေးကျော်ခဲ့ကြသည်။

    အဆိုပါ ချီတက်ဆန္ဒပြမှုမှာ ထိုအဖြစ်အပျက်ဖြစ်ပွားပြီးနောက်ပိုင်း ဒုတိယမြောက် အကြီးအကျယ် ဆန္ဒပြခြင်းလည်း ဖြစ်သည်။

    ထောက်လှမ်းရေး ဒါရိုက်တာဟောင်းဖြစ်ပြီး ယခုတွင် နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်သူ အမ်ရူလ်လာဟ် ဆာလေဟ်က ဖာ့က်ဟန်ဒါအား “မတရားမှု၊ လူအုပ်စုဖြင့် အပြစ်ပေးမှု၊ လမ်းမပေါ် အကြမ်းဖက်မှု၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု၊ တရားမဲ့မှု၊ အစွန်းရောက်ဝါဒ” တို့အား ရုန်းကန်တွန်းလှန်နေရသည့် အမှတ်အသားတစ်ခုဖြစ်အောင် လူအုပ်ကြီးက ဆောင်ရွက်ကြခြင်းဖြစ်ပြီး အထူးသဖြင့် အမျိုးသမီးများ ခံစားနေရသည့် မတရားမှုများအတွက် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “သူမဟာ တရားမျှတမှုကို လိုချင်သူတွေ၊ တရားဥပဒေ စိုးမိုးချင်သူတွေနဲ့ အစွန်းရောက်အမြင်ရှိနေသူတွေ၊ ဥပဒေပ လုပ်ရပ်တွေကို ပေါ်ပေါက်စေသူတွေအကြား သူ့ရဲ့သွေးနဲ့ စည်းတစ်ခု ခြားလိုက်တာပါပဲ” ဟု ဆာလေဟ်က AP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ထိုကဲ့သို့ လုပ်အုပ်ကြီးက ရိုက်နှက်သတ်ဖြတ်မှုကို ရဲတပ်ဖွဲ့က ၀င်ရောက်ဖြေရှင်းခြင်းမပြုဘဲ ရပ်ကြည့်နေသည်ဟု သတင်းများက ဖော်ပြခဲ့သည်။

    အာဖဂန် ပြည်ထဲရေးဝန်ကြီး ဌာနကမူ အဆိုပါအဖြစ်အပျက်အတွက် လူပေါင်း ၂၈ ဦးကို ဖမ်းဆီးထားပြီး ရဲတပ်ဖွဲ့ဝင် ၁၃ ဦးကိုလည်း တာဝန်မှ ရပ်ဆိုင်းထားကာ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

    ဖာ့က်ဟန်ဒါအသတ်ခံရမှုအား ဆိုရှယ်မီဒီယာမှတစ်ဆင့် အားပေးအားမြှောက်ပြုခဲ့သည့် ကဘူးလ်မြို့ ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဟက်ရှ်မတ် စတာနစ်က်ဇိုင်ကိုလည်း ရာထူးမှ ထုတ်ပယ်ခဲ့သည်။

    ဖာ့က်ဟန်ဒါမှာ အစ္စလာမ့်ရေးရာနှင့်ပတ်သက်၍ မကြာသေးခင်က ဘွဲ့ရရှိထားသူဖြစ်ပြီး ဆရာမအဖြစ် တာဝန်ထမ်းဆောင်ရန် စီစဉ်နေသူဖြစ်သည်။ သူမမှာ ကဘူးလ်မြို့ရှိ ထင်ရှားသော Shah-Do Shamshera နေရာရှိ အဆောင်လက်ဖွဲ့ရောင်းသူများထံမှ ငွေကုန်ခံပြီး အဆောင်လက်ဖွဲ့များကို မ၀ယ်ရန် သူငယ်ချင်းများအား တိုက်တွန်းခဲ့သောကြောင့် အဆောင်လက်ဖွဲ့ရောင်းသူများက ဖာ့က်ဟန်ဒါမှာ ကုရ်အာန်ကျမ်းတော်မြတ်အား မီးရှို့သည်ဟု ၀ါဒဖြန့်ခဲ့ကာ ထိုကဲ့သို့ ရိုက်နှက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း
    ဖခင်ဖြစ်သူ မိုဟာမက် နဒီရ်က ပြောကြားခဲ့သည်။

    ယမန်နေ့ကပြုလုပ်ခဲ့သော ချီတက်ဆန္ဒပြမှုတွင် အာဖဂန်အမျိုးသမီးကောင်စီအကြီးအကဲ ဖာတမာ ဂီလာနီအပါအ၀င် ထင်ရှားသည့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ အများအပြား ပါဝင်ခဲ့ကြသည်။ ဂီလာနီကမူ ထိုအဖြစ်အပျက်မှာ စစ်ကြောင့် စိတ်ဒဏ်ရာရနေသော၊၊ ချစားနေသော၊ ခေါင်းဆောင်မှုကင်းမဲ့နေသော အာဖဂန်လူ့အဖွဲ့အစည်းတွင် ပြောင်းလဲရန်အတွက် အကြောင်းတရား
    ဖြစ်လိမ့်မည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ကုရ်အာန်ကျမ်းအား မလေးမစားလုပ်သည်ဟုဆိုကာ အမျိုးသမီးတစ်ဦးကို သတ်ဖြတ်သူများအား အာဖဂန်ဖမ်းဆီး

    ကုရ်အာန်ကျမ်းအား မလေးမစားလုပ်သည်ဟုဆိုကာ အမျိုးသမီးတစ်ဦးကို သတ်ဖြတ်သူများအား အာဖဂန်ဖမ်းဆီး

    မတ် ၂၁၊ ၂၀၁၅
    M-Media

    face78cdb574451090705bc3e69c2e88_18

    – ကုရ်အာန်ကျမ်းတော်မြတ်အား မီးရှို့သည်ဟု စွပ်စွဲကာ အမျိးသမီးတစ်ဦးအား ရိုက်နှက်သတ်ဖြတ်၍ အလောင်းကို မီးရှို့မှုနှင့် ပတ်သက်၍ သံသယရှိသူ ၉ ဦးကို အာဖဂန် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု သိရသည်။

    အဆိုပါ အမျိုးသမီး၏ အလောင်းကို ကဘူးလ်မြစ်ထဲတွင် တွေ့ခဲ့ရပြီးနောက် ယမန်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု အာဖဂန်ရဲတပ်ဖွဲ့ ရာဇ၀တ်မှုစုံစမ်းစစ်ဆေးရေးဌာန အကြီးအကဲက ဗိုလ်ချုပ် ဖာရစ် အက်ဖ်ဇာလီက ပြောကြားခဲ့သည်။

    သေဆုံးသွားသူမှာ အသက် ၂၇ နှစ်အရွယ်ရှိ အမျိုးသမီးဖြစ်ပြီး စိတ်ရောဂါနှင့်ပတ်သက်၍ ကုသမှုခံယူနေရသူဖြစ်ကာ မြို့တော်ကဘူးလ်တွင် အမျိုးသားအုပ်စု၏ ရိုက်နှက်မှုကို ခံခဲ့ရခြင်းဖြစ်သည်ဟု အက်ဖ်ဇာလီက ဆိုသည်။

    အာဖဂန်သမ္မတ အက်ရှ်ရက်ဖ် ဂါနီကမူ ထိုအဖြစ်အပျက်အတွက် စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် အမိန့်ပေးခဲ့ပြီး ထိုကဲ့သို့ အကြမ်းဖက်လုပ်ရပ်ကို ရှုတ်ချကြောင်း သမ္မတရုံးမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    “ကိုယ်ဟာကိုယ် စီရင်ဆုံးဖြတ်တာမျိုး၊ အခြားသူတွေကို အရှက်ရစေတဲ့ပုံစံမျိုးနဲ့ အပြစ်ပေးဖို့ အကြမ်းဖက်မှုကို အသုံးချတာမျိုးတွေကို ဘယ်သူ့ကိုမှ ခွင့်မပြုပါဘူး” ဟု အဆိုပါ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

    အာဖဂန်ရှိ အကြီးဆုံးအစ္စလာမ်ဘာသာရေးအဖွဲ့ဖြစ်ပြီး အစ္စလာမ့်ဥပဒေကို အထူးပြုပြဌာန်းသော အိုလမာကောင်စီကမှ အဖွဲ့ဝင် အဟ်မဒ် အလီ ဂျက်ဘရယ်လီက အဆိုပါအကြမ်းဖက်သတ်ဖြတ်မှုကို ရှုတ်ချခဲ့ပြီး အစ္စလာမ်သာသနာကို ဆန့်ကျင်ဖောက်ဖျက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ကုရ်အာန်ကျမ်းတော်မြတ်ကို မလေးမစားပြုလုပ်သည့်လုပ်ရပ်များနှင့် ပတ်သက်၍ အာဖဂန်တွင် ပြင်းပြင်းထန်ထန် တုံ့ပြန်လေ့ရှိပြီး ၂၀၁၂ ခုနှစ်ကလည်း အမေရိကန်စစ်တပ်မှ ထိန်းချုပ်ထားသည့် ဘာဂရမ်အကျဉ်းထောင်တွင် ကုရ်အာန်ကျမ်းတော်မြတ်အား မီးရှို့သည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် အာဖဂန်တစ်ဝှမ်းတွင် ၅ ရက်ကြာ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကာ လူပေါင်း ၃၀ ခန့် သေဆုံးခဲ့သည်။

    Ref: Aljazeera

  • အာဖဂန်တာလီဘန်နှင့် အမေရိကန်တို့ ကာတာတွင် တွေ့ဆုံဆွေးနွေးမည်

    အာဖဂန်တာလီဘန်နှင့် အမေရိကန်တို့ ကာတာတွင် တွေ့ဆုံဆွေးနွေးမည်

    ဖေဖော်ဝါရီ ၁၉၊ ၂၀၁၅
    M-Media

    taliban

    – အာဖဂန်ငြိမ်းချမ်းရေးအတွက် တာလီဘန်ကိုယ်စားလှယ်များနှင့် အမေရိကန်တာဝန်ရှိသူတို့၏ ပထမအကျော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကာတာနိုင်ငံ၌ ယနေ့တွင် ကျင်းပပြုလုပ်မည်ဟု သိရသည်။

    ၂၀၀၁ ခုနှစ်က စတင်ခဲ့သည့် အမေရိကန်တို့၏ ကျူးကျော်စစ် အဆုံးသတ်ရန် ယခင်က တာလီဘန်နှင့် အမေရိကန်တို့အကြား ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း အရာမထင်ခဲ့ပေ။ သို့သော်လည်း ယခုနောက်ဆုံး ပေါ်ထွက်လာသည့် ကြိုးပမ်းမှုမှာ ငြိမ်းချမ်းရေးကို ဆောင်ရွက်နေသည့် အာဖဂန်သမ္မတသစ် အရှက်ရက်ဖ် ဂါနီအတွက် မျှော်လင့်ချက်များ မြင့်မားလာခြင်းလည်းဖြစ်သည်။

    “ဒီပထမအကျော့ ဆွေးနွေးပွဲဟာ ဒီနေ့ (ဖေဖော်ဝါရီ ၁၉ ရက်နေ့) ကာတာမှာ ပြုလုပ်သွားမှာဖြစ်ပြီး ဒုတိယအကျော့ကိုတော့ သောကြာနေ့မှာ ပြုလုပ်သွားမှာပါ။ အဖြေမထွက်ခင် ဆွေးနွေးပွဲမှာ ဘာတွေဖြစ်မလဲဆိုတာကိုတော့ ကျွန်တော်တို့ စောင့်ကြည့်ရပါမယ်” ဟု အာဖဂန် တာလီဘန်အဖွဲ့မှ အကြီးတန်းအဖွဲ့ဝင်တစ်ဦးက Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

    တာလီဘန်များအား စေ့စပ်ဆွေးနွေးရေး စားပွဲဝိုင်းသို့ ခေါ်ဆောင်နိုင်ခြင်းမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာ ကြာမြင့်ခဲ့သည့် စစ်ပွဲအား သံတမန်နည်းလမ်းအရ ဖြေရှင်းရန် အခက်အခဲတစ်ခုကို ကျော်ဖြတ်နိုင်ခြင်းလည်း ဖြစ်သည်။

    ပါကစ္စတန်စစ်ဘက်မှ တာဝန်ရှိသူတစ်ဦးကလည်း ပါကစ္စတန်ရှိ တာလီဘန်များမှာ မတ်လအစောပိုင်းတွင် တွေ့ဆုံဆွေးနွေးမှုများ စတင်ရန် ဆန္ဒရှိနေသည်ဟု ယနေ့နံနက်ပိုင်းက ပြောကြားခဲ့သည်။ သို့သော်လည်း ဆွေးနွေးပွဲပြုလုပ်မည့် ရက်အတိအကျကိုမူ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။

    Ref: aljazeera