News @ M-Media

Tag: Afghanistan

  • ယခုနှစ်အတွင်း အာဖဂန်တွင် တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှု စံချိန်တင်

    ယခုနှစ်အတွင်း အာဖဂန်တွင် တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှု စံချိန်တင်

    ဇူလိုင် ၂၆၊ ၂၀၁၆
    M-Media

    afg

    – အာဖဂန်နစ္စတန်နိုင်ငံမှာ ယခုနှစ်အတွင်း အရပ်သားသေဆုံးမှု စံချိန်တင်မြင့်တက်နေပြီး ဒီအချက်ဟာ စိုးရိမ်ဖွယ်ရာနဲ့ အရှက်ဖွယ်ရာဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။

    အာဖဂန်ဆိုင်ရာ ကုလသမဂ္ဂအကူညီပေးရေးအဖွဲ့ (UNAMA) က ယမန်နေ့မှာ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ပြောကြားလိုက်တာဖြစ်ပြီး ၂၀၁၆ ရဲ့ ပထမ ၆ လအတွင်းမှာ အရပ်သား သေဆုံးသူဦးရေ ၁၆၀၁ ဦး နဲ့ အခြားထိခိုက်ဒဏ်ရာရသူ ၃၅၆၅ ဦးတို့ ရှိတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ယခုကိန်းဂဏန်းတွေဟာ ပြီးခဲ့တဲ့နှစ်က အခုလိုအချိန်မှာ သေဆုံးခဲ့တဲ့ အရပ်သားအရေအတွက်ထက် ၄ ရာခိုင်နှုန်းပိုများနေပြီး၊ အာဖဂန်က ပဋိပက္ခတွေအတွင်း သေဆုံးဒဏ်ရာရရှိခဲ့တဲ့ အရေအတွက်ရဲ့ သုံးပုံတစ်ပုံခန့်ဟာ ကလေးငယ်တွေဖြစ်နေကာ အခုနှစ်အတွင်း ထိခိုက်ဒဏ်ရာရသူ အရပ်သားတွေထဲမှာ ၁၅၀၉ ဦးကလည်း ကလေးငယ်တွေဖြစ်ကြောင်း ကုလက ဆိုပါတယ်။

    UNAMA အကြီးအကဲ တာဒါမီချီ ယာမာမိုတိုကတော့ ပဋိပက္ခအတွင်းမှာ ပါဝင်နေတဲ့အဖွဲ့တွေအနေနဲ့ အရပ်သားတွေ ထိခိုက်မှုကို လျှော့ချရေး အဓိပ္ပါယ်ရှိတဲ့ ဆောင်ရွက်မှုတွေလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    အခုနှစ်အတွင်း အာဖဂန်က အရပ်သားတွေ သေဆုံး၊ ဒဏ်ရာရမှုကိုဖြစ်စေတဲ့ တိုက်ခိုက်မှုတွေရဲ့ ၆၀ ရာခိုင်နှုန်းကို တာလီဘန်တွေက ပြုလုပ်တာဖြစ်တယ်လို့ ကုလရဲ့ ဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    Ref : presstv

  • အာဖဂန်တွင် ၄ နှစ်အတွင်း အိုးအိမ်စွန့်ခွာရသူ ၂ ဆတိုးလာ

    အာဖဂန်တွင် ၄ နှစ်အတွင်း အိုးအိမ်စွန့်ခွာရသူ ၂ ဆတိုးလာ

    ဇွန် ၂၊ ၂၀၁၆
    M-Media

    afghan

    – အာဖဂန်နစ္စတန်မှာ စစ်ဘေးစစ်ဒဏ်တွေကြောင့် နိုင်ငံအတွင်း အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ရသူ အရေအတွက်ဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်း ၂ ဆ တိုးလာခဲ့ပြီး ၁.၂ သန်းအထိ ရှိလာခဲ့တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Amnesty International က ပြောကြားလိုက်ပြီး အဲဒီဒုက္ခသည်တွေကို အစိုးရကိုယ်တိုင်က လျစ်လျူရှုထားတဲ့အပြင် နိုင်ငံတကာက စိတ်ဝင်စားမှုလည်း ကင်းမဲ့နေတယ်လို့ ဆိုပါတယ်။

    My children will die this winter: Afghanistan’s broken promise to the displaced ဆိုတဲ့ ခေါင်းစဉ်နဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဒီလိုဖော်ပြလိုက်တာဖြစ်ပြီး အခြေခံဝန်ဆောင်မှုတွေ မပေးနိုင်မှုကြောင့် သူတို့တွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတာဖြစ်ပြီး အသက်ရှင်ရပ်တည်ရေး အာမ, မခံနိုင်တဲ့ အခြေအနေမျိုး ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

    “အာဖဂန်နစ္စတန်ကို နိုင်ငံတကာက လှည့်မကြည့်တော့တဲ့နောက်ပိုင်း ပဋိပက္ခတွေရဲ့နောက်ကွယ်မှာ ကျန်နေတဲ့သူတွေရဲ့ အခက်အခဲတွေကို မေ့လျော့နေမှုဟာ စိုးရိမ်ရတဲ့အခြေအနေ ရောက်နေပါပြီ” လို့ Amnesty International အဖွဲ့ရဲ့ တောင်အာရှဒါရိုက်တာတစ်ဦးဖြစ်သူ ချမ်ပါ ပတေးလ်က ပြောကြားခဲ့ပါတယ်။

    “ကိုယ့်အိမ်ကနေ ဘေးကင်းရာကို ထွက်ပြေးပုန်းရှောင်ပြီးတဲ့နောက်မှာတောင် ကိုယ့်တိုင်းပြည်ထဲမှာတင် အင်မတန်ဆိုးရွားတဲ့အခြေအနေတွေနဲ့ ကြောင့်ကြနေရတဲ့ အာဖဂန်ပြည်သူတွေရဲ့ အရေအတွက်ဟာ တဖြည်းဖြည်းများပြားလာပြီး ကမ်းမမြင်လမ်းမမြင်ဘ၀နဲ့ အသက်ရှင်နိုင်ဖို့အရေး ရုန်းကန်နေရပါတယ်”

    အစီရင်ခံစာ အဆုံးပိုင်းမှာတော့ နိုင်ငံအတွင်းက စစ်ဘေးရှောင်တွေရဲ့ အကြပ်အတည်းတွေကို သိပ်မနောက်ကျသွားခင်မှာ အဆုံးသတ်ပေးဖို့ အာဖဂန်နစ္စတန်နဲ့ ကမ္ဘာကြီးက အခုချက်ချင်း ဆောင်ရွက်ပေးရမယ်လို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

    Ref: Channel News Asia

  • အာဖဂန် တာလီဘန်ခေါင်းဆောင် အမေရိကန်၏ ဒရုန်းဖြင့် တိုက်ခိုက်မှုအတွင်း သေဆုံး

    အာဖဂန် တာလီဘန်ခေါင်းဆောင် အမေရိကန်၏ ဒရုန်းဖြင့် တိုက်ခိုက်မှုအတွင်း သေဆုံး

    မေ ၂၂၊ ၂၀၁၆
    M-Media

    taliban

    – ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဘာလိုချစ္စတန်ပြည်နယ်တွင် အမေရိကန်က ပြုလုပ်ခဲ့သည့် ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်မှုအတွင်း တာလီဘန်ခေါင်းဆောင် မူလာ အခ်တာရ် မိုဟာမက် မန်ဆူရ် သေဆုံးခဲ့သည်ဆိုသော သတင်းကို အာဖဂန်တာလီဘန်အဖွဲ့က အတည်ပြုခဲ့သည်။

    တာလီဘန်အဖွဲ့၏ အကြီးတန်းတပ်မှူးတစ်ဦးဖြစ်သူ မူလာ အဘ်ဒဲလ် ရာအွဖ်က ယနေ့တွင် ထိုကဲ့သို့ အတည်ပြုခဲ့ခြင်းဖြစ်ပြီး မန်ဆူရ်မှာ သောကြာနေ့က အာဖဂန်-ပါကစ္စတန်နယ်ခြားဒေသတွင် ပြုလုပ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည်ဟု ပြောကြားခဲ့သည်။

    အာဖဂန်နစ္စတန် သမ္မတရုံးကလည်း ထိုကိစ္စအား အတည်ပြုခဲ့သည်။ မန်ဆူရ်အား ပစ်မှတ်ထားကာ ဒရုန်းဖြင့်တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့တွင် ကြေငြာခဲ့ပြီးနောက် တာလီဘန်ခေါင်းဆောင် သေဆုံးခဲ့လားဆိုသည်နှင့်ပတ်သက်၍ မသေချာသော သတင်းများ ထွက်ပေါ်ခဲ့သေးသည်။

    တာလီဘန်မှာ ၎င်းတို့၏ ယခင်ခေါင်းဆောင် မူလာ မိုဟာမက် အိုမာရ် ၂၀၁၃ ခုနှစ်တွင် သေဆုံးခဲ့သည်ကို ၂၀၁၅ ခုနှစ် ဇူလိုင်လကမှ သတင်းထုတ်ပြန်ခဲ့သည်။ ထို့နောက် ခေါင်းဆောင်သစ်အဖြစ် ယခုသေဆုံးသွားသူ မန်ဆူရ်ကို တင်မြှောက်ခဲ့ခြင်းဖြစ်ပြီး ထိုကိစ္စအတွက် အဖွဲ့အတွင်း သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့သည်။

    Ref: Press TV

  • ယခုနှစ် ပထမ ၃ လပတ်အတွင်း အာဖဂန်တွင် တိုက်ခိုက်မှုကြောင့် သေဆုံးသူ အရပ်သား ၆၀၀ ခန့်ရှိ

    ယခုနှစ် ပထမ ၃ လပတ်အတွင်း အာဖဂန်တွင် တိုက်ခိုက်မှုကြောင့် သေဆုံးသူ အရပ်သား ၆၀၀ ခန့်ရှိ

    ဧပြီ ၁၈၊ ၂၀၁၆
    M-Meida

    afghan 3

    – ကုလသမဂ္ဂက နောက်ဆုံးအကြိမ်ထုတ်ပြန်လိုက်တဲ့ စာရင်းဇယားတွေအရ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တာလီဘန်စစ်သွေးကြွတွေအကြား တိုက်ခိုက်မှုတွေ ရှိနေသေးတဲ့ အာဖဂန်နစ္စတန်မှာ ယခုနှစ် ပထမသုံးလအတွင်း အကြမ်းဖက်မှုနဲ့ တိုက်ခိုက်မှုတွေမှုတွေကြောင့် အရပ်သား ၆၀၀ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

    အာဖဂန်နစ္စတန်ဆိုင်ရာ ကုလသမဂ္ဂ အကူအညီပေးရေးကိုယ်စားလှယ်အဖွဲ့ (UNAMA) ရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၆ ဇန်န၀ါရီလ ၁ ရက်နေ့ကနေ မတ်လ ၃၁ ရက်နေ့အထိ စုစုပေါင်း အာဖဂန်ပြည်သူ ၆၀၀ အသက်ဆုံးရှုံးခဲ့ရပြီး ၁၃၄၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

    မနှစ်က ဒီအချိန်ထက်စာရင် သေဆုံးမှုနှုန်း ၁၃ ရာခိုင်နှုန်းလောက် လျော့ကျခဲ့ပေမယ့် ဒဏ်ရာရရှိတဲ့နှုန်းကတော့ ၁၁ ရာခိုင်နှုန်း ပိုတိုးလာပါတယ်။ သေဆုံးသူ ကလေးငယ်ပေါင်း ၁၆၁ ယောက်နဲ့ ဒဏ်ရာရရှိသူ ၄၄၉ ယောက်ရှိတဲ့အတွက် အသက်ဆုံးရှုံးခဲ့တဲ့ အရပ်သားသုံးပုံတစ်ပုံခန့်ဟာ ကလေးငယ်တွေဖြစ်တယ်လို့ UNAMA က ထပ်လောင်းပြောကြားခဲ့ပါတယ်။

    “တကယ်လို့သာ ဖောက်ခွဲရေးလက်နက်တွေနဲ့တိုက်ခိုက်မှုတွေ အထူးသဖြင့် စက်သေနတ်တွေနဲ့ဗုံးထောင်မှုတွေဟာ စာသင်ကျောင်းတွေ၊ ကစားကွင်းတွေ၊ လူနေအိမ်တွေနဲ့ အသင်းအဖွဲ့တွေနားမှာပဲ ဆက်ဖြစ်နေအုံးမယ်ဆိုရင်တော့ ကလေးငယ်တွေရဲ့ သေဆုံးထိခိုက်ဒဏ်ရာရမှုအရေအတွက်တွေဟာ ဆက်လက်မြင့်မားနေအုံးမှာပါပဲ” လို့ UNAMA ရဲ့ လူ့အခွင့်အရေးဒါရိုက်တာဖြစ်သူ ဒန်နီယယ်ဘဲလ်က တနင်္ဂနွေနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

    Ref : Press tv

  • နိုင်ငံအတွင်းရှိ IS အဖွဲ့ကို ချေမှုန်းနိုင်ခဲ့ပြီဟု အာဖဂန်သမ္မတ ပြော

    နိုင်ငံအတွင်းရှိ IS အဖွဲ့ကို ချေမှုန်းနိုင်ခဲ့ပြီဟု အာဖဂန်သမ္မတ ပြော

    မတ် ၆၊ ၂၀၁၆
    M-Media

    afg is

    – နိုင်ငံအရှေ့ပိုင်းရှိ ဝေလံခေါင်ဖျားသော ဒေသအချို့ကို သိမ်းယူထားခဲ့သည့် IS အဖွဲ့ကို ချေမှုန်း သုတ်သင်နိုင်ခဲ့ပြီဟု အာဖဂန်သမ္မတ အက်ရှ်ရက်ဖ် ဂါနီက ယနေ့တွင် ပြောကြားလိုက်သည်။

    ပါလီမန်၏ အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး နန်ဂါဟာရ်ပြည်နယ်မှ IS အဖွဲ့များကို သုတ်သင်နိုင်ခဲ့ကြောင်း၊ အာဖဂန်မှာ IS အဖွဲ့အတွက် သင်္ချိုင်းဖြစ်မည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။ အာဖဂန်တပ်ဖွဲ့ဝင်များမှာ အာချင်နှင့် ရှင်န၀ါရ် ခရိုင်များသို့ ၂၁ ရက်တာ တိုက်ခိုက်မှု အောင်မြင်ခဲ့ပြီး IS သစ္စာခံပေါင်း အနည်းဆုံး ၂၀၀ ကို သတ်ဖြတ် သုတ်သင်နိုင်ခဲ့သည်ဟု ဆိုသည်။

    အာဖဂန်တွင် IS အဖွဲ့ ရှိနေခြင်းမှာ တစ်နှစ်ကျော်ခဲ့ပြီဖြစ်ပြီး IS အဖွဲ့ဝင်များက ၎င်းတို့မှာ တာလီဘန်နှင့် ဘာမှမဆိုင်ဟု ပြောကြားခဲ့ကြသည်။ အာဖဂန်ရှိ IS အဖွဲ့မှာ အာချင်ပြည်နယ်တွင် တစ်နာရီကြာမြင့်သည့် ရေဒီယိုထုတ်လွှင့်မှု စခန်းကိုပင် ဖွင့်လှစ်ခဲ့ကြသည်။

    Ref: Aljazeera