News @ M-Media

Tag: Bercelona

  • အနာဂတ်မငြိမ်သော်လည်း ဘာကာတွင်ဆက်နေရန် နေးမာ ဆန္ဒရှိနေ

    အနာဂတ်မငြိမ်သော်လည်း ဘာကာတွင်ဆက်နေရန် နေးမာ ဆန္ဒရှိနေ

    နိုဝင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    neymar

    – အသင်းမှထွက်ခွာတော့မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည့် တိုက်စစ်မှူးနေမားက မိမိမှာ ဘာစီလိုနာအသင်းတွင်ပင် တတ်နိုင်သလောက် ကစားသွားမည်ဟု ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်နွေရာသီက နေးမာကို မန်ယူအသင်းက ခေါ်ယူရန် ဆက်သွယ်မှုများရှိခဲ့ပြီး၊ ၎င်း၏ အေးဂျင့်ဖြစ်သူ ဖခင်ကလည်း နေးမာအနေဖြင့် ဘာစီလိုနာသို့ အပြောင်းအရွှေ့တွင် အခွန်ရှောင်မှုကိစ္စနှင့် ပတ်သက်၍ ကျေနပ်လောက်စရာ အဖြေကို မရခဲ့ပါက ထွက်ခွာတော့မည်ဟု ယခုလအစောပိုင်းက ပြောကြားထားသည်။

    “ကျွန်တော့်စာချုပ်မှာ နှစ်အများကြီး ကျန်ပါသေးတယ်။ ကျွန်တော့်အဖေက အနာဂတ်နဲ့ပတ်သက်ပြီး ပြေားထားပြီးပါပြီ။ ကျွန်တော်တို့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးနေပြီး ဒါဟာ ကျွန်တော်က ဆက်နေချင်တဲ့ဆန္ဒ ရှိနေတာကြောင့်ပါ” ဟု နေးမာက ပြောကြားခဲ့သည်။

    ထို့ပြင် အသင်းနှင့်ပတ်သက်၍လည်း “ကျွန်တော်တို့ လုပ်နိုင်နေတာတွေအတွက် ကျွန်တော် အရမ်း ပျော်ရွှင်ပါတယ်။ ကျွန်တော်တို့အသင်းက ကြီးကျယ်တဲ့ အဆင့်တစ်ခုမှာ ရှိပါတယ်။ အသင်းဖော်တွေကို ကျွန်တော် ကူညီချင်တယ်။ ပြီးတော့ ဂိုးတွေ ဆက်သွင်းချင်ပြီး ဖန်တီးပေးပို့မှုတွေကိုလည်း ဆက်လုပ်ချင်ပါတယ်” ဟု ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • ရီးယဲလ်နောက်တန်းက အခက်ခဲဆုံးဟု ဆွာရက်ဇ်ပြော

    ရီးယဲလ်နောက်တန်းက အခက်ခဲဆုံးဟု ဆွာရက်ဇ်ပြော

    နိုဝင်ဘာ ၁၈၊ ၂၁၀၅
    M-Media

    baca

    – မိမိတွေ့ဆုံးဖူးခဲ့သည့် နောက်တန်းများတွင် ရီးယဲလ်ခံစစ်က အခက်ခဲဆုံးဖြစ်သည်ဟု ဘာစီလိုနာတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က ပြောကြားလိုက်သည်။

    ရီးယဲလ်နှင့် ဘာစီလိုနာတို့မှာ စနေနေ့တွင် လာလီဂါပွဲ ကစားရမည်ဖြစ်ပြီး ပြီးခဲ့သည့်နှစ် နျူးကမ့်တွင် ဘာစီလိုနာက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲ၌ ဆွာရက်ဇ်က အနိုင်ဂိုး သွင်းပေးခဲ့သည်။

    “ကျွန်တော် ရင်ဆိုင်ခဲ့ဖူးခဲ့သမျှထဲမှာ ရီးယဲလ်နောက်တန်းက အခက်အခဲဆုံး နောက်တန်းပါပဲ။ အရမ်း တောင့်တင်းတယ်၊ အတွေ့အကြုံလည်း ပြည့်ဝတယ်။ ပြီးတော့ တော်တော်လေး ယှဉ်ပြိုင်နိုင်စွမ်းလည်း ရှိပါတယ်။ ဒါ့ကြောင့် မက်ဒရစ်ကို ဂိုးသွင်းဖို့အတွက် ကျွန်တော် အားကုန်ထုတ်ရပါတယ်။ ရာမို့စ်နဲ့ ပီပီတို့ကြားထဲက နေရာလွတ်ကို မြန်နိုင်သမျှမြန်မြန် ကျွန်တော် အသုံးချနိုင်အောင် ကြိုးစားတယ်။ ဒါမှသာ သူတို့ အချိန်မရမှာလေ။ ကံကောင်းစွာနဲ့ပဲ အဲဒါက အလုပ်ဖြစ်ခဲ့ပါတယ်” ဟု ဆွာရက်ဇ်က ပြောကြားခဲ့သည်။

  • ပရိတ်သတ်များကြောင့် ဘာကာမှ ထွက်ခွာခဲ့ခြင်းဟု ဖာဘရီဂက်စ် ပြော

    ပရိတ်သတ်များကြောင့် ဘာကာမှ ထွက်ခွာခဲ့ခြင်းဟု ဖာဘရီဂက်စ် ပြော

    နိုဝင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    far

    – ဘောလုံးသမားဘ၀ စတင်ရာ ဘာစီလိုနာအသင်းမှ ထွက်ခွာရခြင်း၏ အဓိကအကြောင်းအရင်းမှာ ပရိတ်သတ်များကြောင့် ဖြစ်သည်ဟု ချယ်ဆီးကွင်းလယ်လူ ဖာဘရီဂတ်စ်က ပြောကြားလိုက်သည်။

    လူငယ်ဘ၀နှင့် အာဆင်နယ်သို့ ပြောင်းရွှေ့ကာ နာမည်ကျော်ကြားလာပြီးနောက် ဖာဘရီဂက်စ်မှာ ဘာစီလိုနာသို့ ၂၀၁၁ ခုနှစ်က ပြန်လည်ရောက်ရှိခဲ့ကာ ၃ ရာသီကြာ ကစားခဲ့သည်။ သို့သော်လည်း ၂၀၁၄ ခုနှစ်တွင် ချယ်ဆီးသို့ ပေါင် သန်း ၃၀ ဖြင့် အံအားသင့်ဖွယ် ပြောင်းရွှေ့လာခဲ့သည်။

    ဘာစီလိုနာတွင် ပွဲပေါင်း ၁၅၁ ပွဲ ကစားပေးခဲ့ပြီး ၄၉ ဂိုး သွင်းယူပေးနိုင်ခဲ့သည့် ဖာဘရီဂက်စ်က မိမိ၏ စွမ်းဆောင်ရည် ဘာကာပရိတ်သတ်များအပေါ် လွှမ်းမိုးမှုမရခြင်းမှာ အသင်းမှ ထွက်ခွာရမှု၏ အဓိက အကြောင်းအရင်း ဖြစ်သည်ဟု ဆိုသည်။

    “ဘာစီလိုနာပြည်သူတွေကို ကျွန်တော် ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ပါတယ်။ ဒါပေမယ့် အဆုံးမှာ ကျွန်တော်သိလိုက်ရတာက ဘာစီလိုနာပရိတ်သတ်အများစုက ကျွန်တော့်ကို မကြိုက်ဘူး ဆိုတာပါပဲ။ ဒါ့ကြောင့်လည်း ကျွန်တော်ဟာ ထွက်ခွာဖို့ လုပ်ခဲ့တာပေါ့” ဟု ဖာဘရီဂတ်စ်က Marca သတင်းစာသို့ ပြောကြားခဲ့သည်။

    Ref: Goal

  • ကမ္ဘာ့အကောင်းဆုံးဆု မရနိုင်ဟု နေးမာဝန်ခံ

    ကမ္ဘာ့အကောင်းဆုံးဆု မရနိုင်ဟု နေးမာဝန်ခံ

    နိုဝင်ဘာ ၆၊ ၂၀၁၅
    M-Media

    neymar

    – မိမိအနေဖြင့် ကွင်းထဲ၌ ဘောလုံးမကစားရသည့် အချိန်တွင် ဘောလုံးပွဲကြည့်ရခြင်းကို မနှစ်သက်ဟု ဘာစီလိုနာတိုက်စစ်မှူး နေးမာက ပြောကြားလိုက်ပြီး ယခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ကို ရရှိရန် အခွင့်အရေးမရှိဟုလည်း ၀န်ခံခဲ့သည်။

    နေးမာမှာ ထိပ်ဆုံးမှ ရီးယဲလ်အား အမီလိုက်နေသည့် ဘာစီလိုနာအသင်း၏ နောက်ဆုံး ၆ ပွဲတွင် ၈ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ၎င်းက မိမိမှာ အသင်းတွင် ပျော်ရွှင်ကာ ပြီးခဲ့သည့်နှစ်က ဖလားသုံးလုံးရသည်ထက် ယခုနှစ်တွင် ဖလားများ ပိုရရန် အာရုံစိုက်နေသည်ဟု ဆိုသည်။

    “ဘာကာအတွက် မကစားနိုင်တဲ့အချိန်တွေမှာ ဘောလုံးပွဲကြည့်ရတာကို ကျွန်တော် မကြိုက်ပါဘူး။ ရီးယဲလ်မက်ဒရစ်ပွဲကိုလည်း ကျွန်တော် မကြည့်ချင်သလို အခြားပွဲတွေကိုလည်း မကြည့်ချင်ဘူး။ တွေးလည်း မတွေးချင်ပါဘူး။ ကျွန်တော့်အတွက် အရေးကြီးတာက ဆုဖလားတွေ ရရှိဖို့ပါ။ Ballon d’Or က အမြဲတမ်း ရော်နယ်ဒို၊ မက်ဆီတို့နဲ့ အခြားဂြိုဟ်က ကစားသမားတွေ ကြားမှာပဲ ရှိပါတယ်။ ဒီဆုကို ကျွန်တော် ထည့်မတွက်ပါဘူး။ ကျွန်တော့်ရဲ့ အသင်းဖော်တွေကို ကျွန်တော် ကူညီချင်ပါတယ်” ဟု နေးမာက ပြောကြားခဲ့သည်။

    Ref: Goal

  • ဟက်ထရစ်ရှင် ဆွာရက်ဇ်ကို ဘာကာနည်းပြ ချီးကျူး

    ဟက်ထရစ်ရှင် ဆွာရက်ဇ်ကို ဘာကာနည်းပြ ချီးကျူး

    အောက်တိုဘာ ၂၆၊ ၂၀၁၅
    M-Media

    baca

    – အသင်း၌ ပါဝင်ကစားခဲ့ရသည့် တစ်နှစ်တင်းတင်း ပြည့်သောအချိန်တွင် ဟက်ထရစ်သွင်းယူကာ အသင်းအနိုင်ရရှိရေးအတွက် ကူညီပေးခဲ့သည့် တိုက်စစ်မှူး ဆွာရက်ဇ်အား ဘာစီလိုနာနည်းပြ အန်းရစ်က ချီးကျူးပြောဆိုလိုက်သည်။

    ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၅ ရက်နေ့တွင် ဆွာရက်ဇ်မှာ အသင်းနှင့် ပွဲထွက်ခွင့်ရခဲ့ပြီး ယမန်နေ့က ကစားခဲ့သည့် အိုက်ဘာနှင့်ပွဲတွင်လည်း ဟက်ထရစ်သွင်းယူခဲ့ကာ ၁၀ ယောက်ကျန် ဘာစီလိုနာအား အနိုင် ၃ မှတ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

    “ဆွာရက်ဇ်ဟာ ကျွန်တော်တို့အတွက် အများကြီး ပေးဆပ်ခဲ့ပါတယ်။ သူပေးဆပ်ခဲ့တာတွေက တန်ဖိုးမဖြတ်နိုင်ပါဘူး။ ဂိုးစည်းထဲမှာ သူက ကျွန်တော်တို့ရဲ့ စွမ်းအားဖြစ်တယ်။ သူဟာ အစားထိုးလို့မရတဲ့ ကစားသမားတစ်ဦးပါ။ ပြီးတော့ ခံစစ်အတွက်လည်း သူက တော်တော်လေး အားကိုးရပါတယ်” ဟု အန်းရစ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Goal