News @ M-Media

Tag: Bercelona

  • Ballon d’Or ဆု နောက်ဆုံးစာရင်းတွင် ဘာတိုက်စစ်အတွဲ ဖြစ်သင့်သည်ဟု ဘိုင်ယန်ကွင်းလယ်လူပြော

    Ballon d’Or ဆု နောက်ဆုံးစာရင်းတွင် ဘာတိုက်စစ်အတွဲ ဖြစ်သင့်သည်ဟု ဘိုင်ယန်ကွင်းလယ်လူပြော

    ဇန်န၀ါရီ ၄၊ ၂၀၁၆
    M-Media

    thiago

    – ၂၀၁၅ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or အတွက် နောက်ဆုံး ဇကာတင် ၃ ယောက်စာရင်းတွင် မက်ဆီ၊ နေးမာနှင့် ဆွာရက်ဇ်တို့ ၃ ဦးစလုံး ပါဝင်သင့်သည်ဟု ဘိုင်ယန်မြူးနစ်ကွင်းလယ်ကစားသမား သီယာဂို အလ်ကန်တာရာက ပြောကြားလိုက်သည်။

    မက်ဆီနှင့် နေးမာမှာ လက်ရှိ နောက်ဆုံး ၃ ဦးစာရင်းတွင် ရီးယဲလ်မှ ရော်နယ်ဒိုနှင့်အတူ ပါဝင်နေသော်လည်း ဆွာရက်ဇ်မှာမူ ပါဝင်နိုင်ခြင်းမရှိချေ။ ဆွာရက်ဇ်မှာ ၂၀၁၅ ခုနှစ်ကို လာလီဂါ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် အဆုံးသတ်ခဲ့ပြီး မက်ဆီနှင့် နေးမာနှင့် ဆွာရက်ဇ်တို့ ၃ ဦး၏ စုစုပေါင်း သွင်းဂိုးမှာလည်း စံချိန်များကို ချိုးဖျက်နိုင်ခဲ့သည်။ ဘာကာကစားသမားဟောင်းဖြစ်သည့် အလ်ကန်တာရာကမူ ၎င်းတို့ သုံးဦးစလုံးကို ချီးကျူးခဲ့သည်။

    “အခုအချိန်မှာ သူတို့ ၃ ယောက်စလုံးဟာ Ballon d’Or မှာ ပါဝင်ဖို့ ထိုက်တန်ပါတယ်။ သူတို့ဟာ ပြိုင်ဘက်ကင်းတဲ့ တိုက်စစ်မှူး ၃ ဦးဖြစ်ပြီး ဇာဗီ-မက်ဆီ-အင်နီယေစတာအတွဲ၊ မက်ဆီ-အီတူး-ဟင်နရီ အတွဲတို့လိုပါပဲ။ သူတို့ ၃ ယောက်ဟာ ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံး တိုက်စစ်အတွဲ ဖြစ်လာမယ့် လမ်းကြောင်းပေါ် ရောက်ရှိနေပါပြီ” ဟု သီယာဂိုက ပြောကြားခဲ့သည်။

    Ref: Goal

  • အက်သလက်တီကိုမှာ လာလီဂါဖလားကို စိန်ခေါ်နိုင်သည်ဟု ဘာကာနည်းပြပြော

    အက်သလက်တီကိုမှာ လာလီဂါဖလားကို စိန်ခေါ်နိုင်သည်ဟု ဘာကာနည်းပြပြော

    ဇန်န၀ါရီ ၂၊ ၂၀၁၆
    M-Media

    baca

    – အနီးကပ်ဆုံးပြိုက်ဘက်ဖြစ်သော အက်သလက်တီကိုမက်ဒရစ်မှာ ယခုနှစ်တွင်လည်း လာလီဂါဆုဖလားအား စိန်ခေါ်နိုင်ချေရှိသည်ဟု ဘာစီလိုနာနည်းပြ လူးဝစ်အန်းရစ်က ပြောကြားလိုက်သည်။

    ဒီယေဂိုဆီမြွန်နီ၏ အသက်လက်တီကိုမှာ ၂၀၁၃-၁၄ ဘောလုံးရာသီက ဘာကာနှင့် ရီးယဲတို့ကို ကျော်ဖြတ်ကာ လာလီဂါချန်ပီယံဆုအား ဆွတ်ခူးနိုင်ခဲ့သည်။ ယခုနှစ်အတွင်လည်း ဘာစီလိုနာနှင့် အမှတ်တူ ဂိုးကွာခြားချက်ဖြင့် ဒုတိယနေရာတွင်ရှိနေပြီး ရီးယဲလ်အား တစ်ပွဲလျော့ဖြင့် ၂ မှတ်ဖြတ်ထားနိုင်သည်။ ဘာကာနည်းပြကမူ အက်သလက်တီကိုမှာ ယခုနှစ်တွင်လည်း ဆုဖလားအား စိန်ခေါ်နိုင်သည့်အသင်း ဖြစ်သည်ဟု မှတ်ချက်ပြုခဲ့သည်။

    ”အက်သလက်တီကိုဟာ ဆုဖလားအတွက် စာရင်းထဲမှာ ပါဝင်တယ်လို့ ကျွန်တော် အသေအချာ ပြောရဲပါတယ်။ သူတို့ဘယ်လောက်ကောင်းလဲဆိုတာကို ပြသခဲ့ပြီးပါပြီး၊ အမှတ်ပေးဖလားကို သူတို့ စိန်ခေါ်နိုင်တယ်ဆိုတာ ကျွန်တော် သေချာပါတယ်” ဟု လူးဝစ်အန်းရစ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အသင်းမှာ အောင်မြင်မှုကို ပိုမိုဆာလောင်နေသော်လည်း မနှစ်ကကဲ့သို့ ဖလား ၃ လုံး ရရှိရန်အတွက်မူ မျှော်လင့်မထားဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • လာမည့်နှစ်တွင် ဘာကာ၏ ဆုဖလားရယူလိုမှု လျော့ကျမသွားဟု မက်ဆီပြော

    လာမည့်နှစ်တွင် ဘာကာ၏ ဆုဖလားရယူလိုမှု လျော့ကျမသွားဟု မက်ဆီပြော

    ဒီဇင်ဘာ ၃၁၊ ၂၀၁၅
    M-Media

    baca

    – ၂၀၁၅ ခုနှစ်တွင် ဆုဖလား ၅ လုံးအထိ ရရှိခဲ့သော်လည်း မိမိတို့အသင်း၏ ဆုဖလားဆာလောင်မှုမှာ လာမည့်နှစ်တွင်လည်း လျော့ကျသွားမည်မဟုတ်ဟု ဘာစီလိုနာအသင်း၏ တိုက်စစ်မှူး မက်ဆီက ပြောကြားလိုက်သည်။

    ယမန်နေ့က ရီးယဲလ်ဘက်တစ်အသင်းအား ၄ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ဘာစီလိုနာမှာ လာလီဂါ၏ ရာသီဝက်ချန်ပီယံ ဖြစ်ခဲ့သည်။ မက်ဆီအတွက် ထိုပွဲမှာ ဘာစီလိုနာတွင် ပွဲပေါင်း ၅၀၀ ပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။ ၎င်းကမူ လာမည့်နှစ်တွင် ယခုထက်ပို၍ ပိုမိုအောင်မြင်ချင်နေသည်။

    “ကျွန်တော်တို့လုပ်ခဲ့သလို တိုးတက်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ကြိုးစားသွားမှာပါ။ ဆက်ပြီး နိုင်ပွဲတွေရယူချင်တဲ့ လူစာရင်း ကျွန်တော်တို့မှာ ရှိနေပါတယ်။ ၂၀၁၅ ခုနှစ်ဟာ ကြီးကျယ်တဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့ပြီး ကျွန်တော်တို့ကလည်း ဒီလိုပဲ အဆုံးသတ်ချင်ခဲ့တာပါ” ဟု မက်ဆီက ဘက်တစ်နှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Goal

  • ရော်နယ်ဒို၊ ဆွာရက်ဇ်နှင့် နေးမာတို့မှာ မက်ဆီ၏အောက်တွင်သာ ရှိသည်ဟု ဇာဗီပြော

    ရော်နယ်ဒို၊ ဆွာရက်ဇ်နှင့် နေးမာတို့မှာ မက်ဆီ၏အောက်တွင်သာ ရှိသည်ဟု ဇာဗီပြော

    ဒီဇင်ဘာ ၂၈၊ ၂၀၁၅
    M-Media

    messi

    – ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို၊ အသင်းဖော် နေးမာနှင့် ဆွာရက်ဇ်တို့မှာ လက်ဖျားခါလောက်သည့် ကစားသမားများ ဖြစ်သော်လည်း မက်ဆီထက် တစ်ဆင့်နိမ့်သော နေရာတွင်သာ ရှိသည်ဟု ဘာစီလိုနာ၏ ကွင်းလယ်ဖန်တီးရှိ ဇာဗီက ပြောကြားလိုက်သည်။

    မက်ဆီနှင့် ရော်နယ်ဒိုတို့နှစ်ဦးတွင် မည်သူက ပိုမိုကောင်းမွန်သည်ဆိုသော အငြင်းပွားမှုများမှာ မကြာခဏ ဖြစ်ပေါ်လာတတ်ပြီး လွန်ခဲ့သည့်တစ်နှစ်ခန့်မှ စ၍ ၎င်းတို့နှစ်ဦး၏ စာရင်းတွင် ဘရာဇီးလ်တိုက်စစ်မှူး နေးမာနှင့် ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်တို့ ပါဝင်လာခဲ့သည်။ ဇာဗီကမူ အဆိုပါ ကစားသမား ၄ ဦးလုံးအား ချီးကျူးခဲ့သည်။

    “ခရစ္စတီယာနိုရော်နယ်ဒို၊ နေးမာနဲ့ ဆွာရက်ဇ်တို့ဟာ တစ်မူထူးခြားပြီး လက်ဖျားခါလောက်တဲ့ ကစားသမားတွေပါ။ ဒါပေမယ့် သူတို့ဟာ မက်ဆီရဲ့အောက်မှာပဲ ရှိပါတယ်။ တိုက်စစ်ဆင်ဖို့ လိမ်ခေါက်ဖို့ဆိုတာ အခုအချိန်မှာ မခက်ခဲတော့ပါဘူး။ ကစားသမားတွေဟာ ပိုပြီး ကြံ့ခိုင်လာတယ်။ ကစားဖို့လည်း နေရာရှိလာကြပါတယ်။ လီယို (မက်ဆီ) ကတော့ ကက်သီးကတ်သတ်လုပ်တတ်တယ်၊ နေရာလွတ်တွေ ဖန်တီးပေးတယ်။ ဂိုးတွေသွင်းပေးတယ်။ ပွဲတိုင်းကို ထူးခြားအောင် လုပ်ဆောင်ပေးပါတယ်” ဟု ဇာဗီက ပေါ်တူဂီစာစောင်တစ်ခုဖြစ်သော Record သို့ ပြောကြားခဲ့သည်။

    ပြီးခဲ့သည့် ၇ နှစ်အတွင်း ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို မက်ဆီနှင့် ရော်နယ်ဒိုတို့သာ တစ်လှည့်စီ ရယူခဲ့ပြီး ယခုနှစ်တွင်လည်း ၎င်းတို့နှစ်ဦးမှ တစ်ဦးက ရရှိရန် ရေပန်းစားနေသည်။

    Ref: Goal

  • ဘာကာ၏ အောင်မြင်မှုမှာ အသင်းသားများ စည်းလုံးခြင်းကြောင့်ဟု မက်ဆီပြော

    ဘာကာ၏ အောင်မြင်မှုမှာ အသင်းသားများ စည်းလုံးခြင်းကြောင့်ဟု မက်ဆီပြော

    ဒီဇင်ဘာ ၂၁၊ ၂၀၁၅
    M-Media

    messi

    – ဘာစီလိုနာအသင်း၏ အောင်မြင်မှုမှာ အ၀တ်လဲခန်းအတွင်း အသင်းသားများ၏ စည်းလုံးညီညွတ်မှုကြောင့်ဟု တိုက်စစ်မှူး လီယွန်နယ်မက်ဆီက ယမန်နေ့ ကလပ်အသင်းများကမ္ဘာ့ဖလား ဗိုလ်လုပွဲပြီးနောက် ပြောကြားလိုက်ပြီး အသင်းသားများကိုလည်း ချီးကျူးခဲ့သည်။

    ရေးဗားပလိတ်နှင့်ကစားခဲ့သည့် ထိုပွဲတွင် ဘာစီလိုနာမှာ ၃ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့ကာ ကလပ်အသင်းများ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ဆွာရက်ဇ်က ၂ ဂိုး၊ မက်ဆီက ၁ ဂိုး သွင်းယူပေးခဲ့သည်။ မက်ဆီမှာ ထိုဖလားကို သုံးကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

    “တစ်နှစ်ထဲမှာ ဖလားငါးလုံး ရအောင်ယူနိုင်တာ သိပ်စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ပြီးတော့ အရမ်းလည်း အထင်ကြီးစရာဖြစ်သလို၊ ဒီလိုအောင်မြင်မှုရတာလည်း အရမ်းထူးခြားပါတယ်။ ဒါ့ကြောင့် နှစ်တစ်နှစ်ကို ဒီလိုအဆုံးသတ်ရတာဟာ သိပ်ကို လှပပါတယ်ဗျာ” ဟု မက်ဆီက ဆိုသည်။

    အသင်းနှင့်ပတ်သက်၍လည်း ၎င်းက “အ၀တ်လဲခန်းထဲမှာ ကျွန်တော်တို့ဟာ အင်မတန်ကောင်းမွန်တဲ့ ဆက်ဆံရေးရှိကြတယ်။ ကျွန်တော်တို့ အတူတွဲကစားလာတာဟာ တော်တော့်ကိုကြာနေပြီး ဒါကလည်း ကျွန်တော်တို့အတွက် အကူအညီဖြစ်စေပါတယ်။ ဒီလို ရင်းနှီးမှုကြောင့်ပဲ ကျွန်တော်တို့အသင်းဟာ ပိုပြီး တောင့်တင်းလာတာပါ” ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal