News @ M-Media

Tag: Business

  • နိုင်ငံခြားတွင် အီရန်က ရေနံသန့်စင်စက်ရုံများ တည်ဆောက်မည်

    နိုင်ငံခြားတွင် အီရန်က ရေနံသန့်စင်စက်ရုံများ တည်ဆောက်မည်

    နိုဝင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    iran

    – ရေနံစိမ်းများကို ရေရှည်ရောင်းချနိုင်ရေးအတွက် နိုင်ငံခြားတိုင်းပြည်များတွင် ရေနံသန့်စင်စက်ရုံများ တည်ဆောက်ခြင်း၊ သို့မဟုတ် ၀ယ်ယူခြင်းတို့ကို မိမိတို့က ပြုလုပ်သွားမည်ဟု အီရန်ရေနံဝန်ကြီး အဘတ်စ် ကာဇီမီက IRNA သတင်းဌာနသို့ ယနေ့တွင် ပြောကြားလိုက်သည်။

    ဇူလိုင်လက အင်အားကြီး ၆ နိုင်ငံနှင့် ရရှိခဲ့သည့် နျူအရေး သဘောတူညီချက်ကြောင့် အီရန်အပေါ် အနောက်နိုင်ငံများမှ ပိတ်ဆို့ထားမှုများ ပျက်ပြယ်တော့မည်ဖြစ်ပြီး အီရန်ကလည်း ရေနံထုတ်လုပ်မှုနှင့် တင်ပို့မှုတို့ကို တိုးမြှင့်ရန် ဆောင်ရွက်နေသည်။ အီရန်ရေနံများမှာ ကမ္ဘာ့ဈေးကွက်သို့ လာမည့်နှစ်ဆန်းပိုင်တွင် ရောက်ရှိမည်ဟု သိရသည်။

    ကာဇီမီကမူ နိုင်ငံရပ်ခြားတွင် ရေနံချက်စက်ရုံများ ၀ယ်ယူခြင်းမှာ ရေနံစိမ်းတင်ပို့မှုကို တိုးမြှင့်ရန် ရေနံထုတ်လုပ်သည့် နိုင်ငံများက အသုံးပြုနေသော သမရိုးကျနည်းလမ်းဖြစ်ပြီး ထို့ကြောင့် အီရန်အနေဖြင့်လည်း မိမိတို့ ရေနံစိမ်းရောင်းချသည့် နိုင်ငံများရှိ ရေနံသန့်စင်စက်ရုံများ၌ ရင်းနှီးမြှုပ်နှံရန် စီစဉ်နေခြင်းဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Press TV

  • ဆော်ဒီရှိ သဲကန္တာရ ခရီးသွားလာမှု လူကြိုက်များလာ

    ဆော်ဒီရှိ သဲကန္တာရ ခရီးသွားလာမှု လူကြိုက်များလာ

    နိုဝင်ဘာ ၅၊ ၂၀၁၅
    M-Media

    ar

    – ပြီးခဲ့သည့် နှစ်များအတွင်း ဆော်ဒီရှိ သဲကန္တာရ ခရီးသွားခြင်းလုပ်ငန်းမှာ ပြည်တွင်းနှင့် ပြည်ပတွင် လူကြိုက်များမှု မြင့်တက်လာခဲ့ပြီး နိုင်ငံစီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနေသည်ဟု သိရသည်။

    အဆိုပါ ခရီးသွားလုပ်ငန်းကို လုပ်ကိုင်နေသော Al-Sunaidi Company for Supply Trips ကုမ္ပဏီမှ ဥက္ကဌဖြစ်သူ အဘ်ဒူလ်ရဟ်မန် အလ်-ဆူနိုင်ဒီကမူ ထိုကဏ္ဍမှာ မကြာမီကာလကပင် ကြီးထွားလာခဲ့ပြီး တစ်နှစ်လျှင် ဆော်ဒီရီယဲလ် ၂ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံမှုများ ရှိနေသည်ဟု ပြောကြားခဲ့သည်။

    ဆော်ဒီအစိုးရကလည်း ထိုလုပ်ငန်းအတွက် တစ်နှစ်လျှင် ရီယဲလ် သန်း ၈၀၀ ခန့် သုံးစွဲနေပြီး၊ ဆော်ဒီနှင့် ပင်လယ်ကွေ့နိုင်ငံများတွင် သဲကန္တာရ ခရီးသွားမှု အမြင့်ဆုံးကာလမှ နိုဝင်ဘာလမှ ဧပြီလအထိဖြစ်သည်။ ဒေသတွင်းမှ အဆိုပါလုပ်ငန်း လုပ်ကိုင်သူများမှာ ဆော်ဒီဈေးကွက်ကို မှီခိုနေရသည်။

    Ref: Arabnews

  • ကမ္ဘာကျော် Forbes မဂ္ဂဇင်း ဟောင်ကောင်မီဒီယာကုမ္ပဏီကို တရားစွဲ

    ကမ္ဘာကျော် Forbes မဂ္ဂဇင်း ဟောင်ကောင်မီဒီယာကုမ္ပဏီကို တရားစွဲ

    နိုဝင်ဘာ ၃၊ ၂၀၁၅
    M-Media

    fore

    – ချေးယူထားသော ကန်ဒေါ်လာ ၄၇၅ သန်းနှင့် ပတ်သက်၍ စာချုပ်ပါ စည်းမျဉ်းစည်ကမ်းများ ဖောက်ဖျက်မှုနှင့် ငွေကြေး ပြန်လည်ပေးဆပ်မှု မရှိခြင်းတို့အတွက် ကမ္ဘာကျော် Forbes မဂ္ဂဇင်းကို ပိုင်ဆိုင်သော မိသားစုက ဟောင်ကောင်အခြေစိုက် မီဒီယာလုပ်ငန်း Whale Media Investments အား ပြီးခဲ့သည့် တစ်ပတ်က တရားစွဲဆိုလိုက်သည်ဟု သိရသည်။

    ၎င်းတို့မဂ္ဂဇင်းကို ၀ယ်ယူမည်ဟုဆိုကာ ငွေချေးခဲ့ခြင်းဖြစ်ပြီး တရားစွဲဆိုထားမှု ဖိုင်အရ ဗြိတိန်ပိုင် ဗာဂျင်းကျွန်းတွင် စောစောပိုင်းက ပြုလုပ်ခဲ့သော အဆိုပါဟောင်ကောင်ကုမ္ပဏီအား သီးခြား တရားစွဲဆိုမှုတွင် လိမ်လည်ထွက်ဆိုခဲ့မှုကိုလည်း ထည့်သွင်းထားသည်။ Whale Media Investments ကမူ Forbes မိသားစု၏ စွပ်စွဲချက်များကို ငြင်းဆန်ခဲ့ပြီး ၎င်းတို့ဘက်ကလည်း ဥပဒေကြောင်းအရ ပြန်လည်တုန့်ပြန်သွားမည်ဟု ပြောကြားခဲ့သည်။

    ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များစာရင်းကို တစ်စိုက်မတ်မတ် ဖော်ပြမှုကြောင့် နာမည်ကြီးသည့် Forbes မဂ္ဂဇင်းမှာ စာဖတ်သူများက အွန်လိုင်းအား ပို၍ အသုံးပြုလာသောကြောင့် အခြားသော ပုံနှိပ်မီဒီယာများကဲ့သို့ပင် ရုန်းကန်နေရပြီး ၀ယ်ယူလိုသူကို ရှာဖွေနေသည်ဟု ၂၀၁၃ ခုနှစ် နိုဝင်ဘာလကတည်းကပင် ကြေငြာထားသည်။

    Ref: CNN

  • ဂရိသို့ ဥရောပ၏ ငွေကြေးအကူအညီ မူလကထက် လျော့မည်

    ဂရိသို့ ဥရောပ၏ ငွေကြေးအကူအညီ မူလကထက် လျော့မည်

    နိုဝင်ဘာ ၁၊ ၂၀၁၅
    M-Media

    eu

    – ဂရိအကြွေးပြဿနာ ဖြေရှင်းရန်အတွက် ယူရိုဇုန်မှ တတိအကြိမ်မြောက် ပေးအပ်မည့် ငွေကြေးအကူညီမှာ ကနဦး သတ်မှတ်ထားသည်ထက် လျော့နည်းမည်ဟု ဥရောပ ဗဟိုဘဏ်က ယမန်နေ့ညပိုင်းတွင် ပြောကြားလိုက်သည်။

    မူလက ယူရို ၈၆ ဘီလီယံ ပေးအပ်သွားမည်ဟု လျာထားသော်လည်း ဂရိဘဏ်များ၏ အခြေအနေကို စောင့်ကြည့်မှုအရ ၎င်းတို့မှာ ငွေကြေးအရင်းအနှီး များများစားစား မ,တည်ရန် မလိုအပ်တော့သည်ကို တွေ့ခဲ့ရသည်ဟု ဆိုသည်။

    ဂရိမှာ အကြွေးပြဿနာကြောင့် ပြီးခဲ့သည့်လများအတွင်း နိုင်ငံတကာ အကြွေးရှင်များနှင့် အကြိတ်အနယ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရပြီး ပြည်တွင်း၌လည်း မငြိမ်မသက်မှုများ ဖြစ်ပွားကာ ဥရောပသမဂ္ဂမှ ထွက်လုနီးနီး ဖြစ်ခဲ့သည်။

    Ref: Channelnewsasia

  • ဆွီဒင်ဘီလီယံနာ နှစ် ၄၀ ကျော်ကြာမှ အခွန်ဆောင်

    ဆွီဒင်ဘီလီယံနာ နှစ် ၄၀ ကျော်ကြာမှ အခွန်ဆောင်

    အောက်တိုဘာ ၃၁၊ ၂၀၁၅
    M-Media

    – အလွယ်တကူ တပ်ဆင်၍ အသုံးပြုနိုင်သည့် ပရိဘောဂများကို ထုတ်လုပ်ရောင်းချသော နာမည်ကျော် ဆွီဒင် ကုမ္ပဏီ Ikea ကို တည်ထောင်သူ ဘီလီယံနာ အင်ဂ်ဗာရ် ကမ်ပရက်မှာ ၁၉၇၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၀င်ငွေခွန်ကို ပေးဆောင်ခဲ့သည်ဟု သိရသည်။

    အသက် ၈၉ နှစ်အရွယ်ရှိ ကမ်ပရဒ်မှာ လုပ်ငန်းမှ ရရှိသည့် ၀င်ငွေ ဆွီဒင် ကရိုနာ ၁.၂ သန်းအပါအ၀င် စုစုပေါင်း ကရိုနာ ၁၇.၇ သန်း (ကန်ဒေါ်လာ ၂ သန်း) ၀င်ငွေရှိသည်ဟု ကြေငြာခဲ့ပြီး ၀င်ငွေခွန် ကရိုနာ ၆ သန်းကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ ၁၉၇၃ ခုနှစ်ကတည်းက တိုင်းပြည်မှ ထွက်ခွာကာ ဆွစ်ဇာလန်နိုင်ငံတွင် နေထိုင်နေသူဖြစ်ပြီး ၂၀၁၁ ခုနှစ် ဇနီးသေဆုံးပြီးနောက်ပိုင်း ဆွီဒင်သို့ ပြန်ရောက်လာခဲ့သည်။

    ကမ်ပရဒ်၏ မိသားစုမှာ ယူရို ဘီလီယံ ၄၀ ရှိသည့် ပိုင်ဆိုင်မှုများ ရှိနေပြီး ထိုပိုင်ဆိုင်မှုများထဲမှ ကမ်ပရဒ်မှာ ယူရို ၄ ဘီလီယံခန့် ရရှိမည်ဖြစ်သည်။ Ikea ကို ၁၉၄၃ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ကမ္ဘာပေါ်တွင် နံပါတ် ၁ နေရာရထားသော ပရိဘောဂ ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်ကာ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ၀င်ငွေ ယူရို ၃၁.၉ ဘီလီယံ ရှိခဲ့သည်။

    Ref: Alarabiya