News @ M-Media

Tag: Business

  • ထိုင်ဝမ်စီးပွားရေး ၆ နှစ်အတွင်း ပထမဆုံးအကြိမ် ကျဆင်း

    ထိုင်ဝမ်စီးပွားရေး ၆ နှစ်အတွင်း ပထမဆုံးအကြိမ် ကျဆင်း

    အောက်တိုဘာ ၃၀၊ ၂၀၁၅
    M-Media

    thaiwan

    – ယခုနှစ် တတိယ ၃ လပတ် ထိုင်ဝမ်နိုင်ငံ၏ စီးပွားရေးမှာ မျှော်မှန်းထားသည်ထက် ကျဆင်းခဲ့ပြီး လွန်ခဲ့သည့် ၆ နှစ် ကမ္ဘာ့ဘဏ္ဍာရေးပြဿနာ အမြင့်ဆုံးအချိန် ရောက်ခဲ့ပြီးနောက်ပိုင်းတွင် ပထမဆုံး ကျဆင်းခြင်းလည်း ဖြစ်သည်။

    အဓိကကုန်သွယ်ဖက်ဖြစ်သော တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှု ကျဆင်းခြင်းကြောင့် ထိုင်ဝမ်မှာ ထိုကဲ့သို့ အထိနာခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လမှ စက်တင်ဘာလအတွင်း စီးပွားရေးမှာ ၁.၀၁ ရာခိုင်နှုန်း ကျုံ့သွားခဲ့သည်။ ထိုအချက်အလက်မှာ ကမ္ဘာ့စီးပွားရေးအဖွဲ့များ၏ ခန့်မှန်းထားချက်ထက်ကို ပို၍ ဆိုးဝါးခဲ့သည်။

    ထိုင်ဝမ်နိုင်ငံ၏ ပို့ကုန်အားထားသည့် စီးပွားရေးမှာ ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းပြီးနောက် ဖြည်းဖြည်းချင်းသာ နာလန်ပြန်ထခဲ့ပြီး အဓိကလုပ်ငန်းဖြစ်သော နည်းပညာကဏ္ဍတွင်လည်း ပြိုင်ဘက်များနှင့် ရင်ဆိုင်ကာ ရုန်းကန်နေရသည်။

    Ref: Channelnewsasia

  • တတိယသုံးလပတ် အမေရိကန်စီးပွားရေး သိသိသာသာကျ

    အောက်တိုဘာ ၂၉၊ ၂၀၁၅
    M-Media

    us

    – အမေရိကန်နိုင်ငံ၏ တတိယ ၃ လပတ် စီးပွားရေးတိုးတက်မှုမှာ နှေးကွေးခဲ့ပြီး ဇူလိုင်လနှင့် စက်တင်ဘာအကြား ဂျီဒီပီတိုးတက်မှုမှာ ၁.၅ ရာခိုင်နှုန်းသာ ရှိခဲ့သည်ဟု ယနေ့တွင် ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

    ဒုတိယ ၃ လပတ်တွင် ဂျီဒီပီတိုးတက်မှုနှုန်းမှာ ၃.၉ ရာခိုင်နှုန်းရှိခဲ့သည်။ ထိုကဲ့သို့ ကျဆင်းမှုမှာ ကုမ္ပဏီများတွင် သိုလှောင်ထားသည့်ကုန်များ လျော့နည်းခြင်းကြောင့်လည်း ဖြစ်သည်။ ဗုဒ္ဓဟူးနေ့တွင် အမေရိကန်က ၎င်းတို့၏ အတိုးနှုန်းကို မပြောင်းမလဲဘဲ ထားမည်ဟု ကြေငြာခဲ့ပြီး စီးပွားရေးမှာ အလယ်အလတ်ပုံစံဖြင့် ချဲ့ထွင်နေသည်ဟု ဆိုသည်။

    ယခုနှစ်အတွင်း ရေနံဈေးနှုန်း ကျဆင်းမှုကြောင့် အမေရိကန်၏ စီးပွားရေးကို ထိခိုက်မှုများ ရှိနေပြီး၊ ပြည်သူများ၏ သုံးစွဲမှုမှာ တတိယ သုံးလပတ်တွင် ၃.၂ ရာခိုင်နှုန်း တက်လာခဲ့သော်လည်း ဒုတိယ ၃ လပတ်ထက် ၀.၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

    Ref: BBC

  • ဆော့ဖ်ဝဲအမှားဖြင့် ဗောက်စ်ဝဂွန်ကား ပိုင်ဆိုင်သူများ ကားအသစ်ကို အထူးလျှော့ဈေးဖြင့် လဲစီးနိုင်

    ဆော့ဖ်ဝဲအမှားဖြင့် ဗောက်စ်ဝဂွန်ကား ပိုင်ဆိုင်သူများ ကားအသစ်ကို အထူးလျှော့ဈေးဖြင့် လဲစီးနိုင်

    အောက်တိုဘာ ၂၅၊ ၂၀၁၅
    M-Media

    – ကာဘွန်ထုတ်လုပ်မှု စစ်ဆေးရာတွင် လျော့နည်းစေရန် ဆော့ဖ်ဝဲသွင်းကာ လိမ်လည်ထားသည့် ဒီဇယ်ကားများကို ပိုင်ဆိုင်သူ ဂျာမနီနိုင်ငံသားများအနေဖြင့် ထိုကားများအား မော်ဒယ်အသစ်ဖြင့် လဲလှယ်လိုပါက အထူးလျော့ဈေးဖြင့် လဲလှယ်ပေးသွားမည်ဟု ဗောက်စ်ဝဂွန် ကားကုမ္ပဏီက ယနေ့တွင် ကြေငြာလိုက်သည်။

    ယခုအစီအစဉ်အရ ဆောဖ်ဝဲလ်လိမ်ညာထားမှုကို ပြန်လည်ပြင်ဆင်ရန် ကုန်ကျစားရိတ်များမည့် ဒီဇယ် ၁.၆ လီတာဆန့် ကားများကို ပိုင်ဆိုင်သောသူများအနေဖြင့် ကားအသစ်လိုချင်ပါက ဗောက်စ်ဝဂွန် ကားအရောင်းဌာနများသို့ သွားရောက်ကာ ကားများကို အထူးလျှော့ဈေးဖြင့် လဲလှယ်နိုင်မည်ဖြစ်သည်။

    ဥရောပ၏ အကြီးဆုံး ကားထုတ်လုပ်သူ ဗောက်စ်ဝဂွန်၏ ထိုပြဿနာမှာ ၇၈ နှစ်တာ သမိုင်းတွင် အဆိုးရွားဆုံးလည်း ဖြစ်ခဲ့သည်။ ထိုကိစ္စကြောင့် ဥရောပတစ်ဝှမ်း ဒီဇယ်ကား ၈.၅ သန်းကို ပြန်သိမ်းကာ ပြင်ဆင်ပေးခဲ့ရပြီး ကန်ဒေါ်လာ ဘီလီယံ ၃၀ ကျော်ခန့် ဆုံးရှုံးမည်ဟု ခန့်မှန်းထားသည်။

    ဂျာမနီတွင် အဆိုပါ လိမ်လည်ထားသောကားများ ရောင်းချမှုမှာ အစီးရေ ၂.၄ သန်းရှိပြီး ယခုအစီအစဉ်မှာ ကုန်ကျစားရိတ် တစ်စိတ်တစ်ပိုင်းကို လျော့ချရန် ရည်ရွယ်ခြင်းလည်းဖြစ်သည်။

    Ref: Channelnewsasia

  • တိုရှီဘာက ရုပ်ပုံအာရုံခံစနစ်လုပ်ငန်းကို ဆိုနီသို့ ရောင်းမည်

    တိုရှီဘာက ရုပ်ပုံအာရုံခံစနစ်လုပ်ငန်းကို ဆိုနီသို့ ရောင်းမည်

    အောက်တိုဘာ ၂၅၊ ၂၀၁၅
    M-Media

    tsb

    – ယခုနှစ်အစောပိုင်းမှ စတင်ခဲ့သည့် တိုရှီဘာ၏ စီးပွားရေး ပြန်တည်ဆောက်မှု အစိတ်အပိုင်းဖြစ် ၎င်းတို့၏ ရုပ်ပုံအာရုံခံစနစ်ကို ကန်ဒေါ်လာ ၁၆၄.၆၈ သန်းဖြင့် ဆိုနီကုမ္ပဏီသို့ ရောင်းချတော့မည်ဟု ကုမ္ပဏီနှင့် နီးစပ်သည့် ရင်းမြစ်က ယမန်တွေ့င် ပြောကြားခဲ့သည်။

    ဒစ်ဂျစ်တယ်ကင်မရာများမှ စမတ်ဖုန်းများအထိ အသုံးပြုသည့် အဆိုပါ ရုပ်ပုံအာရုံခံစနစ်မှာ တိုရှီဘာ၏ LSI ဆီမီးကွန်ဒက်တာ စီးပွားရေးလုပ်ငန်းများမှ တစ်စိတ်တစ်ပိုင်းလည်းဖြစ်ပြီး မကြာမီ နောက်ဆုံး သဘောတူညီချက် ရဖွယ်ရှိနေသည်။ တိုရှီဘာမှာ ရုပ်ပုံ အာရုံခံစနစ် လုပ်ငန်းအားလုံးမှာ ထွက်ဖွယ်ရှိနေသည်ဟုလည်း အဆိုပါ ရင်းမြစ်က ဖော်ပြခဲ့သည်။

    ဆိုနီကမူ အဆိုပါ အာရုံခံစနစ် စီးပွားရေးဈေးကွက်တွင် လွှမ်းမိုးမှုရှိသော ကုမ္ပဏီတစ်ခုဖြစ်ပြီး ၎င်း၏ စနစ်ကို တရုတ်စမတ်ဖုန်းကုမ္ပဏီ Xiaomi နှင့် အိန္ဒိယ၏ Micromax Informatix Ltd တို့က အသုံးပြုနေသည်။

    Ref: Channelnewsasia

  • တရုတ်ဗဟိုဘဏ် အတိုးနှုန်းများ ထပ်မံလျော့ချ

    အောက်တိုဘာ ၂၃၊ ၂၀၁၅
    M-Media

    china

    – နိုင်ငံ၏ စီးပွားရေးနှေးကွေးမှုကို ရပ်တန့်စေရန် ဆောင်ရွက်မှုအဖြစ် တရုတ်ဗဟိုဘဏ်မှာ ယနေ့တွင် အတိုးနှုန်းကို ၂၅ ပွိုင့် လျော့ချခဲ့ပြီး ယခုနှစ်အတွင်း ၆ ကြိမ်မြောက် လျော့ချမှုလည်းဖြစ်သည်။

    ထို့ကြောင့် တရုတ်ပြည်သူ့ဘဏ်၏ တစ်နှစ်တာ ချေးငွေ အတိုးနှုန်းမှာ ၄.၃၅ ရာခိုင်နှုန်းသာ ရှိတော့ပြီး အောက်တိုဘာ ၂၄ ရက်နေ့မှစတင်၍ အကြုံးဝင်မည်ဖြစ်သည်။ အပ်ငွေအတွက် အတိုးကိုလည်း ၂၅ ပွိုင့်အထိ ချခဲ့ပြီး ၁.၅ ရာခိုင်နှုန်းသာ ရရှိတော့မည်ဖြစ်သည်။

    ၂၀၀၈-၂၀၀၉ ကမ္ဘာ့ဘဏ္ဍာရေးကပ်ဘေး ဖြစ်ပြီးကတည်းက တရုတ်နိုင်ငံမှာ ယခုနှစ်အတွင်း ၎င်းတို့၏ တင်းကျပ်သော စီးပွားရေးပေါ်လစီများကို လျော့ချပေးခဲ့ပြီး၊ ၀ယ်လိုအား နည်းလာခြင်းနှင့် စက်မှုထုတ်ကုန်များ အဆမတန် များလာခြင်းကြောင့် စီးပွားရေးတွင် ထိခိုက်မှုကို လျော့ချရန်အတွက် ပေါ်လစီရေးဆွဲသူများကလည်း နည်းလမ်းများကို ရှာဖွေခဲ့ကြသည်။

    Ref: Channelnewsasia