နိုဝင်ဘာ ၁၀၊ ၂၀၁၅
M-Media
– ရေနံစိမ်းများကို ရေရှည်ရောင်းချနိုင်ရေးအတွက် နိုင်ငံခြားတိုင်းပြည်များတွင် ရေနံသန့်စင်စက်ရုံများ တည်ဆောက်ခြင်း၊ သို့မဟုတ် ၀ယ်ယူခြင်းတို့ကို မိမိတို့က ပြုလုပ်သွားမည်ဟု အီရန်ရေနံဝန်ကြီး အဘတ်စ် ကာဇီမီက IRNA သတင်းဌာနသို့ ယနေ့တွင် ပြောကြားလိုက်သည်။
ဇူလိုင်လက အင်အားကြီး ၆ နိုင်ငံနှင့် ရရှိခဲ့သည့် နျူအရေး သဘောတူညီချက်ကြောင့် အီရန်အပေါ် အနောက်နိုင်ငံများမှ ပိတ်ဆို့ထားမှုများ ပျက်ပြယ်တော့မည်ဖြစ်ပြီး အီရန်ကလည်း ရေနံထုတ်လုပ်မှုနှင့် တင်ပို့မှုတို့ကို တိုးမြှင့်ရန် ဆောင်ရွက်နေသည်။ အီရန်ရေနံများမှာ ကမ္ဘာ့ဈေးကွက်သို့ လာမည့်နှစ်ဆန်းပိုင်တွင် ရောက်ရှိမည်ဟု သိရသည်။
ကာဇီမီကမူ နိုင်ငံရပ်ခြားတွင် ရေနံချက်စက်ရုံများ ၀ယ်ယူခြင်းမှာ ရေနံစိမ်းတင်ပို့မှုကို တိုးမြှင့်ရန် ရေနံထုတ်လုပ်သည့် နိုင်ငံများက အသုံးပြုနေသော သမရိုးကျနည်းလမ်းဖြစ်ပြီး ထို့ကြောင့် အီရန်အနေဖြင့်လည်း မိမိတို့ ရေနံစိမ်းရောင်းချသည့် နိုင်ငံများရှိ ရေနံသန့်စင်စက်ရုံများ၌ ရင်းနှီးမြှုပ်နှံရန် စီစဉ်နေခြင်းဟု ထည့်သွင်းပြောကြားခဲ့သည်။
Ref: Press TV


Leave a Reply
You must be logged in to post a comment.