အောက်တိုဘာ ၂၅၊ ၂၀၁၅
M-Media
– ယခုနှစ်အစောပိုင်းမှ စတင်ခဲ့သည့် တိုရှီဘာ၏ စီးပွားရေး ပြန်တည်ဆောက်မှု အစိတ်အပိုင်းဖြစ် ၎င်းတို့၏ ရုပ်ပုံအာရုံခံစနစ်ကို ကန်ဒေါ်လာ ၁၆၄.၆၈ သန်းဖြင့် ဆိုနီကုမ္ပဏီသို့ ရောင်းချတော့မည်ဟု ကုမ္ပဏီနှင့် နီးစပ်သည့် ရင်းမြစ်က ယမန်တွေ့င် ပြောကြားခဲ့သည်။
ဒစ်ဂျစ်တယ်ကင်မရာများမှ စမတ်ဖုန်းများအထိ အသုံးပြုသည့် အဆိုပါ ရုပ်ပုံအာရုံခံစနစ်မှာ တိုရှီဘာ၏ LSI ဆီမီးကွန်ဒက်တာ စီးပွားရေးလုပ်ငန်းများမှ တစ်စိတ်တစ်ပိုင်းလည်းဖြစ်ပြီး မကြာမီ နောက်ဆုံး သဘောတူညီချက် ရဖွယ်ရှိနေသည်။ တိုရှီဘာမှာ ရုပ်ပုံ အာရုံခံစနစ် လုပ်ငန်းအားလုံးမှာ ထွက်ဖွယ်ရှိနေသည်ဟုလည်း အဆိုပါ ရင်းမြစ်က ဖော်ပြခဲ့သည်။
ဆိုနီကမူ အဆိုပါ အာရုံခံစနစ် စီးပွားရေးဈေးကွက်တွင် လွှမ်းမိုးမှုရှိသော ကုမ္ပဏီတစ်ခုဖြစ်ပြီး ၎င်း၏ စနစ်ကို တရုတ်စမတ်ဖုန်းကုမ္ပဏီ Xiaomi နှင့် အိန္ဒိယ၏ Micromax Informatix Ltd တို့က အသုံးပြုနေသည်။
Ref: Channelnewsasia
Leave a Reply
You must be logged in to post a comment.