News @ M-Media

ကနေဒါက ဆီးရီးယားဒုက္ခသည် ၁၀၀၀၀ ထပ်မံ လက်ခံမည်

ဧပြီ ၃၊ ၂၀၁၆
M-Media

canada

– ကနေဒါရဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဂျွန် မက်ကော်လမ်က ပြီးခဲ့တဲ့လမှာ ဒုက္ခသည် ၂၅၀၀၀ ကျော် လက်ခံထားပြီးဖြစ်တဲ့ မိမိတို့နိုင်ငံဟာ နောက်ထပ် ဆီးရီးယားဒုက္ခသည် ၁၀၀၀၀ ထပ်မံလက်ခံသွားမယ်လို့ ပြောကြားလိုက်ပါတယ်။

ကနေဒါ အသံလွှင့်ဌာနဖြစ်တဲ့ CBC ကို အခုရက်ပိုင်းအတွင်း ပြောကြားလိုက်တာဖြစ်ပြီး ဆီးရီးယားဒုက္ခသည်တွေအတွက် ကူညီထောက်ပံ့ပေးချင်နေတဲ့ ကနေဒါအဖွဲ့အစည်းတွေရဲ့ ဝေဖန်မှုတွေကို တုန့်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

“ဒုက္ခသည်တွေကို ကူညီထောက်ပံ့ချင်နေတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေရဲ့ဆန္ဒကို အလျင်မီအောင် ဖြည့်ဆည်းပေးဖို့ အစွမ်းကုန် ကြိုးစားပြီး လုပ်ဆောင်ပေးနေပါတယ်” လို့ မက်ကောလမ်က ဆိုပါတယ်။

လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ကနေဒါမှာ မတ်လ ၂၈ ရက်အထိ ဆီးရီးယား ဒုက္ခသည် စုစုပေါင်း ၂၆၂၀၀ ကို လက်ခံထားပြီး တရားဝင်ရောက်လာကြခြင်း မရှိသေးပေမယ့် နောက်ထပ် ၁၆၀၀၀ နီးပါးလောက် စီစစ်နေကာ တစ်ချို့ကို အပြီးသတ်ပြီးပြီလို့လည်း သိရပါတယ်။

မက်ကောလမ်က ၎င်းအနေနဲ့ ဒုက္ခသည်တွေကို ကူညီထောက်ပံ့ချင်တဲ့ အဖွဲ့တွေရဲ့ လျှောက်လွှာတွေကို မတ်လ ၁ ရက်နောက်ဆုံးထား တင်သွင်းဖို့ သတ်မှတ်ထားရာကနေ မတ်လ ၃၁ ရက်နေ့အထိတိုးမြှင့်ပေးဖို့ အဆင့်ဆင့်ညွှန်ကြားထားပြီဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Ref: IINA

Comments

Leave a Reply