News @ M-Media

Tag: Champions League 2015-16

  • ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ရောက်သည့် ရီးယဲလ်အသင်းသားများကို နည်းပြ ချီးကျူး

    ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ရောက်သည့် ရီးယဲလ်အသင်းသားများကို နည်းပြ ချီးကျူး

    မတ် ၉၊ ၂၀၁၆
    M-Media

    zidane 5

    – ရိုးမားအသင်းအား အနိုင်ရရှိကာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်သို့ တက်ရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် ရီးယဲလ်ကစားသမားများကို နည်းပြ ဇီဒိန်းက ချီးကျူးပြောဆိုလိုက်သည်။

    ယနေ့မနက်က ဘာနေဗျူး၌ ကစားခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့တွင် ရော်နယ်ဒိုနှင့် ရော်ဒရီဂက်စ်တို့၏ ဒုတိယပိုင်း သွင်းဂိုးများဖြင့် ၂ ဂိုးပြတ်ခဲ့ပြီး ၂ ကျော့ပေါင်း ၄ ဂိုး ဂိုးမရှိဖြင့် ရီးယဲလ်က နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ရိုးမားအသင်း၏ တိုက်စစ်မှူများဖြစ်သော ဆာလာဟ်၊ ဇက်ကို၊ အလက်ဇန်ဒရို ဖလိုရန်ဇီတို့၏ အပိုင်ဂိုးသွင်းခွင့်များ ဂိုးမ၀င်သောကြောင့်သာ ရီးယဲလ် ကံကောင်းခဲ့ခြင်းဖြစ်သည်။

    ဇီဒိန်းကမူ အသင်းသားများ၏ စွမ်းဆောင်ရည်အတွက် ကျေနပ်နေသည်။

    “ခက်ခဲတဲ့ပွဲတစ်ပွဲပါ။ ဒါပေမယ့် နောက်ဆုံးမှာ နောက်တစ်ဆင့်တက်ရေးဆိုတဲ့ ကျွန်တော်တို့ရဲ့ရည်မှန်းချက် အောင်မြင်ပါတယ်။ ကျွန်တော်တို့ ဂိုးလည်း မပေးရပါဘူး။ မိနစ် ၉၀ အတွင်းမှာ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ဟာ သွက်လက်ပြီး ကောင်းမွန်တဲ့ကစားသမားတွေရှိတဲ့ အသင်းကို ရင်ဆိုင်ရတာမို့လို့ပါ။ ဒါပေမယ့် ကျွန်တော်တို့ လုပ်နိုင်ခဲ့တယ်။ ရည်ရွယ်ထားတဲ့အတိုင်းလည်း ဖြစ်ခဲ့တယ်။ အခုဆိုရင် ကျွန်တော်တို့ဟာ နောက်တစ်ပွဲအတွက် စဉ်းစားနေပါတယ်” ဟု ဇီဒိန်းက ပြောကြားခဲ့သည်။

    Ref: Goal

  • ချန်ပီယံလိဂ်တွင် မဖြစ်နိုင်သည်ကို လုပ်ပြရန် အသင်းကို တောင်းဆိုထားသည်ဟု ရိုးမားနည်းပြပြော

    ချန်ပီယံလိဂ်တွင် မဖြစ်နိုင်သည်ကို လုပ်ပြရန် အသင်းကို တောင်းဆိုထားသည်ဟု ရိုးမားနည်းပြပြော

    မတ် ၈၊ ၂၀၁၆
    M-Media

    roma

    – ရီးယဲလ်နှင့် ချန်ပီယံလိဂ် ဒုတိယအကျော့တွင် မဖြစ်နိုင်သည့်အရာများကို လုပ်ပြရန်အတွက် အသင်းအား တောင်းဆိုထားသည်ဟု ရိုးမားနည်းပြ လူစီယာနို စပယ်လက်တီက ပြောကြားလိုက်သည်။

    စီးရီးအေတွင် ပုံစံကောင်းများ ပြသနေသည့် ရိုးမားမှာ ၁၆ သင်းအဆင့် ရှုံးထွက် ပထမအကျော့ အိမ်ကွင်းတွင် ရီးယဲလ်အား ၂ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီး ဒုတိယအကျော့ကို ယနေ့ညတွင် ကစားရမည်ဖြစ်သည်။ စပယ်လက်တီကမူ ကစားသမားများအနေဖြင့် နောက်တစ်ဆင့်တက်ရေး မဖြစ်နိုင်ဟူသော ပြောစကားများကို ပုံစံကောင်းပြသ၍ ဖယ်ရှားပစ်ရန် ပြောကြားထားသည်ဟု ဆိုသည်။

    “မဖြစ်နိုင်တာတွေလုပ်ပြဖို့ အသင်းကို ကျွန်တော် တောင်းဆိုထားပါတယ်။ လေ့ကျင့်ကွင်းမှာလည်း ဒီမေးခွန်းအတွက် မေးမြန်းဖို့ ကျွန်တော် ခွင့်ပြုထားပါတယ်။ ကျွန်တော်တို့ စိတ်ဓာတ်ကျတာမျိုး ဖြစ်လို့မရသလို၊ ရှုံးလို့လည်း မရပါဘူး။ တကယ်လို့များ တစ်ယောက်ယောက် ဒီလိုဖြစ်မယ်ဆိုရင် လေ့ကျင့်လို့ကို ရမှာမဟုတ်ပါဘူး။ ပထမအကျော့က ရလဒ်ဟာ ကျွန်တော်တို့အတွက် ခက်ခဲခဲ့တယ်။ ကျွန်တော်တို့ ကံမကောင်းခဲ့ပါဘူး။ မနက်ဖြန်ဆိုရင် ကျွန်တော်တို့ဟာ တိုက်စစ်ဆင်ရမှာလား၊ ဒါမှမဟုတ် ခံစစ်ကစားရမလားဆိုတာ ရွေးချယ်ရမှာပါ” ဟု စပယ်လက်တီက ပြောကြားခဲ့သည်။

    Ref: Goal

  • မန်စီးတီးအသင်း၏ ချန်ပီယံလိဂ် တိုးတက်မှုအတွက် နည်းပြ ပယ်လီဂရီနီ ချီးကျူး

    မန်စီးတီးအသင်း၏ ချန်ပီယံလိဂ် တိုးတက်မှုအတွက် နည်းပြ ပယ်လီဂရီနီ ချီးကျူး

    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၆
    M-Media

    man city 3

    – ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့တွင် ဒိုနမိုကိဗ်အား အနိုင်ကစားနိုင်ပြီးနောက် အသင်း၏ တိုးတက်မှုကို မန်စီးတီးနည်းပြ ပယ်လီဂရီနီက ချီးကျူးပြောဆိုလိုက်သည်။

    ယနေ့မနက်က ကစားခဲ့သည့် အဆိုပါပွဲတွင် မန်စီးတီးမှာ အဝေးကွင်း၌ ကစားခဲ့ရသော်လည်း ဆာဂျီယိုအဂူရို၊ ဒေးဗစ်ဆေးလ်ဗားနှင့် ယာယာတိုးရေးတို့၏ ဂိုးများကြောင့် ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရပြီး နောက်တစ်ဆင့်တက်ရေးအတွက် အခြေအနေ ကောင်းလာခဲ့သည်။ ၁၆ သင်းအဆင့်ကို ကျော်ဖြတ်နိုင်ပါက မန်စီးတီးမှာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်သို့ ရောက်ရှိမည်ဖြစ်သည်။

    “ရလဒ်ကောင်းဖြစ်တဲ့အတွက် ကျွန်တော်တို့ အရမ်းပျော်ပါတယ်။ ကံသေကံမ ပြောလို့မရသေးပေမယ့် ၂ ဂိုးအသာနဲ့ အဝေးကွင်းနိုင်ပွဲဟာ ကောင်းမွန်တဲ့ ရလဒ်ပါပဲ။ ကျွန်တော်တို့ဟာ အခွင့်အရေးအများကြီး လွဲချော်ခဲ့တယ်။ ၂ ဂိုး ၁ ဂိုးနဲ့ နိုင်နေတဲ့အချိန်မှာ သံသယနည်းနည်း ရှိခဲ့ပေမယ့် နောက်ဆုံးမှာတော့ တတိယဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်” ဟု ပယ်လီဂရီနီက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အသင်းအနေဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ကြောင်း၊ ကွာတားဖိုင်နယ်သို့ ရောက်ရှိပါက ဥရောပရှိ အကောင်းဆုံး ၈ သင်းစာရင်းတွင် ပါဝင်မည်ဖြစ်ကာ မည်သည့်အရာမဆို ဖြစ်နိုင်ကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: Goal

  • ဘာကာတိုက်စစ်အား ထိန်းချုပ်ရန် နည်းလမ်းရှာမည်ဟု ၀င်းဂါးပြော

    ဘာကာတိုက်စစ်အား ထိန်းချုပ်ရန် နည်းလမ်းရှာမည်ဟု ၀င်းဂါးပြော

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၆
    M-Media

    baca

    – ဘာစီလိုနာအသင်း၏ တိုက်စစ်အတွဲဖြစ်သော မက်ဆီ၊ ဆွာရက်ဇ်နှင့် နေးမာတို့အား အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ချီးကျူးခဲ့ပြီး၊ ၎င်းတို့၏ ဂိုးသွင်းနိုင်စွမ်းအား တားဆီးရန် နည်းလမ်းရှာသွားမည်ဟု ပြောကြားလိုက်သည်။

    အာဆင်နယ်မှာ အင်္ဂါနေ့တွင် ဘာစီလိုနာအသင်းနှင့် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်ပွဲ ပထမအကျော့အဖြစ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အာဆင်နယ်မှာ ဘာစီလိုနာနှင့် တွေ့ဆုံခဲ့သည့် ၇ ကြိမ်တွင် တစ်ကြိမ်သာ အနိုင်ရရှိထားသည်။ ၀င်းဂါးကမူ ဘာစီလိုနာ၏တိုက်စစ်အား သတိပြုရမည်ဟု ၀န်ခံခဲ့သည်။

    “သူတို့တွေဟာ သိပ်ကိုလက်ဖျားခါလောက်တဲ့ ရဲဘော်ရဲဘက်တွေပါပဲ။ တစ်ဦးချင်းပါရမီသာမကဘဲ သူတို့ ၃ ယောက်စလုံးဟာ နားလည်မှုနဲ့ အစေးကပ်မှု ကောင်းကောင်းရှိတယ်လို့လည်း ကျွန်တော် ယုံကြည်ပါတယ်။ ပြီးတော့ သူတို့မှာ တော်တော်လေးကောင်းတဲ့ စည်းလုံးညီညွတ်မှုလည်း ရှိပါတယ်” ဟု ၀င်းဂါးက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် ဘာကာတိုက်စစ်အား ထိန်းချုပ်ရန်အတွက် နည်းလမ်းရှာမည်ဟုလည်း ဆိုသည်။

    “သူတို့တစ်ယောက်ချင်းစီဟာ ရပ်တန့်ဖို့ခက်ပါတယ်။ စုပေါင်းပြီးတော့ နည်းလမ်းတစ်ခု ရှာရပါလိမ့်မယ်”

    Ref: Goal

  • ရီးယဲလ်၏ ချန်ပီယံလိဂ်အနိုင်အား ဇီဒိန်းကျေနပ်

    ရီးယဲလ်၏ ချန်ပီယံလိဂ်အနိုင်အား ဇီဒိန်းကျေနပ်

    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၆
    M-Media

    Zidane

    – ရီးယဲလ်အား တာဝန်ယူပြီးကတည်းက ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်နေနိုင်သည့် နည်းပြဇီဒိန်းက အသင်းအား ချီးကျူးလိုက်ပြီး မိမိတို့မှာ အတူတကွ ဖလားဆွတ်နိုင်မည်ဟု ပြောကြားလိုက်သည်။

    ယနေ့မနက်က ရိုးမားကွင်းတွင် ကစားခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်တွင် ရီးယဲလ်မှာ ရော်နယ်ဒိုနှင့် ဂျီစီတို့၏ ဂိုးများဖြင့် အနိုင်ရရှိခဲ့ပြီး နောက်တစ်ဆင့်တက်ရေးအတွက် အခြေအနေကောင်းခဲ့သည်။ ဇီဒိန်းကမူ အသင်း၏ စွမ်းဆောင်ရည်အတွက် ကျေနပ်နေသည်။

    “ချန်ပီယံလိဂ်မှာ ကိုယ်က ဂိုးသွင်းပြီး ဂိုးမပေးရဖို့ အရေးကြီးပါတယ်။ ဒါမျိုးကို ကျွန်တော်တို့ လုပ်နိုင်ခဲ့တာပါ။ ကျွန်တော်တို့က အသင်းအဖွဲ့တစ်ခု ဖြစ်တယ်။ သိပ်မကစားရတဲ့ ကစားသမားတွေကလည်း အသင်းအတွက် အရေးပါပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ဟာ အတူတကွ အောင်နိုင်ရမှာမို့လို့ပါ။ အသင်းကောင်းတစ်သင်းနဲ့ တွေ့ဆုံရတာကြောင့် ခက်ခဲတဲ့ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ပထမပိုင်းက ကျွန်တော်တို့အတွက် ခက်ခဲခဲ့တယ်။ ဒုတိယပိုင်းမှာတော့ ပိုကောင်းခဲ့ပြီး အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပါတယ်” ဟု ဇီဒိန်းက UEFA.com သို့ ပြောကြားခဲ့သည်။

    Ref: Goal