News @ M-Media

Tag: Champions League 2015-16

  • အဝေးဂိုးက ချန်ပီယံလိဂ်နောက်တစ်ဆင့်အတွက် မျှော်လင့်ချက်ဟု ဟစ်ဒင့်ပြော

    အဝေးဂိုးက ချန်ပီယံလိဂ်နောက်တစ်ဆင့်အတွက် မျှော်လင့်ချက်ဟု ဟစ်ဒင့်ပြော

    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၆
    M-Media

    chealsea

    – ပီအက်စ်ဂျီနှင့် ချန်ပီယံလိဂ် ရှုံးထွက် ပထမကျော့တွင် အဝေးဂိုး ၁ ဂိုး ရရှိခြင်းက မိမိတို့အတွက် နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက်ကို ဖြစ်စေခဲ့ပြီး ဒုတိယအကျော့ကို ပိုမိုအာရုံစိုက်သွားမည်ဟု ချယ်ဆီးနည်းပြ ဂူစ်ဟစ်ဒင့်က ပြောကြားလိုက်သည်။

    ပဲရစ်တွင် ယနေ့မနက်က ကစားခဲ့သည့် အဆိုပါပွဲတွင် ဇလာတန် အီဗရာဟီမိုဗစ်၏ဂိုးဖြင့် ပီအက်စ်ဂျီအသင်းက ဦးဆောင်ခဲ့ပြီး မီခေးလ်က ပြန်လည် ချေပနိုင်ခဲ့သည်။ သို့သော်လည်း ကာဗာနီက နောက်ကျဂိုးဖြင့် အိမ်ရှင်အား နောက်တစ်ဆင့်တက်ရေး အားကောင်းစေခဲ့သည်။

    “ဟုတ်ပါတယ်။ တကယ်တော့ ရလဒ်က အပြုသဘောမဆောင်တာ မှန်ပါတယ်။ ဒါပေမယ့် နောက်တစ်ဖက်မှာတော့ အဝေးဂိုး ၁ ဂိုး ရခဲ့တာကတော့ အရေးပါခဲ့ပါတယ်။ အဆုံးသတ်မှာ နည်းနည်းနာကျင်ပေမယ့် အသင်းက ပြေးလမ်းမှာ ဆက်ရှိနေပါသေးတယ်။ တန်ပြန်တိုက်စစ် ၄ လုံး ၅ လုံးလောက်မှာ နောက်ဆုံးကန်ချက်က အဆုံးအဖြတ် ဖြစ်မလာခဲ့ပါဘူး။ ဒါပေမယ့် စွမ်းဆောင်ရည် နဲ့ပတ်သက်ပြီး ကျွန်တော်တို့ ကျေနပ်ပါတယ်။ စတမ်းဖို့ဘရစ်ခ်ျမှာ ကျွန်တော့် ဒီလို ထပ်လုပ်နိုင်ပြီး ပဲရစ်ကို အနိုင်ရမယ်ဆိုရင်လည်း သိပ်တော့ အံ့သြစရာ မဟုတ်ပါဘူး” ဟု ဟစ်ဒင့်က ပြောကြားခဲ့သည်။

    Ref: Goal

  • ချယ်ဆီးနှင့်တွေ့လျှင် မော်ရင်ဟိုအား လွမ်းဆွတ်နေမည်ဟု ပီအက်စ်ဂျီတိုက်စစ်မှူး ပြော

    ချယ်ဆီးနှင့်တွေ့လျှင် မော်ရင်ဟိုအား လွမ်းဆွတ်နေမည်ဟု ပီအက်စ်ဂျီတိုက်စစ်မှူး ပြော

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၆
    M-Media

    – ချယ်ဆီးအသင်းက မိမိတို့ကွင်းကို လာရောက်၍ ချန်ပီယံလိဂ်ပွဲ ကစားသည့်အခါ မိမိအနေဖြင့် မော်ရင်ဟိုအား သတိရနေလိမ့်မည်ဟု ပီအက်စ်ဂျီအသင်း၏ တိုက်စစ်မှူး ဇလာတန် အီဗရာဟီမိုဗစ်က ပြောကြားလိုက်သည်။

    ချယ်ဆီးနှင့် ပီအက်စ်ဂျီမှာ ယခုတစ်ပတ်တွင် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက် ပထမအကျော့ကို ကစားရမည်ဖြစ်သည်။ ၎င်းတို့နှစ်သင်းမှာ ပြီးခဲ့သည့် ၂ ရာသီတွင်လည်း ချန်ပီယံလိဂ်၌ တွေ့ဆုံခဲ့ပြီး ထိုစဉ်က မော်ရင်ဟို ကိုင်တွယ်သည့်အချိန်ဖြစ်ကာ ယခု တတိယအကြိမ်မှာ ဟစ်ဒင့်နှင့် တွေ့ဆုံရမည်ဖြစ်သည်။

    အင်တာမီလန်တွင် မော်ရင်ဟို၏လက်အောက်၌ အလုပ်လုပ်ဖူးခဲ့သည့် အီဗရာဟီမိုဗစ်ကမူ မော်ရင်ဟိုမရှိသည့် ချယ်ဆီးအသင်းမှာ တစ်ခုခု လိုအပ်နေမည်ဟု ဆိုသည်။

    “ပွဲမှာ လူတိုင်းက မော်ရင်ဟိုကို လွမ်းဆွတ်နေကြမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် သူ ဘောလုံးလောကကို မကြာမီ ပြန်ရောက်လာမယ်လို့လည်း ကျွန်တော်ယုံကြည်ပါတယ်။ တစ်ကယ်လို့များ ခင်ဗျားဟာ နည်းနည်းစိတ်ရှည်မယ်ဆိုရင် အခြားကလပ်အသင်းတစ်ခုကို သူကိုယ်တွယ်တာ မကြာခင်မြင်ရမှာပါ” ဟု အီဗရာဟီမိုဗစ်က ပြောကြားခဲ့သည်။

    သို့သော်လည်း ချယ်ဆီးမှ မော်ရင်ဟိုအား ထုတ်ပယ်ပစ်မှုကိုလည်း မိမိအနေဖြင့် မအံ့သြမိဘဲ ဘောလုံးလောကတွင် အရာအားလုံးမှာ ရလဒ်အပေါ်တွင် မူတည်နေပြီး ထိုအချင်းအရာမှာ ဘောလုံးလောက၏ အဆိုးဝါးဆုံး အစိတ်အပိုင်း ဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် မဲခွဲ၊ ပြိုင်ဘက်ဟောင်းများပြန်တွေ့

    ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် မဲခွဲ၊ ပြိုင်ဘက်ဟောင်းများပြန်တွေ့

    ဒီဇင်ဘာ ၁၅၊ ၂၀၁၅
    M-Media

    cham 1

    – ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွေကို မနေ့က နီယွန်မြို့မှာ မဲခွဲခဲ့ပြီး လက်ရှိချန်ပီယံ ဘာစီလိုနာက အာဆင်နယ်နဲ့ တွေ့ဆုံရမှာဖြစ်ကာ ဒုတိယရခဲ့တဲ့ ဂျူဗင်တပ်စ်ကတော့ ဘိုင်ယန်မြူးနစ်နဲ့ တွေ့ဆုံရမှာဖြစ်ပါတယ်။

    ဘာစီလိုနာဟာ အာဆင်နယ်နဲ့ ၂၀၀၆ ချန်ပီယံလိဂ်ဖိုင်နယ်၊ ၂၀၁၀-၁၁ မှာ ၁၆ သင်းအဆင့်နဲ့ ၂၀၀၉-၁၀ မှာ ကွာတားဖိုင်နယ်တို့မှာ သုံးကြိမ်တွေ့ဆုံခဲ့ပြီး သုံးကြိမ်စလုံး ဘာစီလိုနာကသာ အနိုင်ရခဲ့ပါတယ်။ ဘိုင်ယန်ကတော့ ၂၀၁၂-၁၃ က ကွာတားဖိုင်နယ်မှာ ဂျူဗင်တပ်နဲ့တွေ့ဆုံကာ ဖြုတ်ချနိုင်ခဲ့ပြီး အဲဒီနှစ် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

    ချယ်ဆီးကတော့ ပီအက်စ်ဂျီနဲ့ တွေ့ဆုံခဲ့ပြီး ဒါဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှာ ၃ နှစ်ဆက်တိုက် တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ၂၀၁၃-၁၄ ကွာတားဖိုင်နယ်မှာ တွေ့တဲ့အချိန် ချယ်ဆီးက နိုင်ခဲ့ပေမယ့် မနှစ်က ၁၆ သင်းအဆင့်မှာတော့ ပီအက်စ်ဂျီက လက်စားပြန်ချေနိုင်ခဲ့ပါတယ်။

    ရီးယဲလ်က ရိုးမားနဲ့တွေ့ခဲ့ပြီး ချန်ပီယံလိဂ်ရှုံးထွက်အဆင့် သူတို့နှစ်သင်းရဲ့ တွေ့ဆုံမှု ၈ ကြိမ်မှာ ရိုးမားက တစ်ကြိမ်သာ အနိုင်ရှိထားပါတယ်။ အက်သလက်တီကိုနဲ့ မန်စီးတီးတို့ကတော့ ပီအက်စ်ဗီ၊ ဒိုနမိုကိဗ်တို့နဲ့ တွေ့ဆုံရမှာကြောင့် နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းနေပါတယ်။

    ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ် ပထမအကျော့ကို ဖေဖော်ဝါရီ ၁၆၊ ၁၇ နဲ့ ၂၃၊ ၂၄ တို့မှာ ကစားမှာဖြစ်ပြီး ဒုတိယအကျော့ကိုတော့ မတ်လ ၈၊ ၉ နဲ့ ၁၅၊ ၁၆ တို့မှာ ကစားမှာဖြစ်ပါတယ်။ နောက်ဆုံးဗိုလ်လုပွဲကိုတော့ မေလ ၂၈ ရက်နေ့ အီတလီနိုင်ငံ မီလန်မြို့က ဆန်စီရိုကွင်းကြီးမှာ ကစားသွားမှဖြစ်ပါတယ်။

    Ref: UEFA.com

  • ယခုနှစ်မှာ အာဆင်နယ်၏ ချန်ပီယံလိဂ် ကံကောင်းသည့်နှစ် ဖြစ်နိုင်သည်ဟု ၀င်းဂါးပြော

    ယခုနှစ်မှာ အာဆင်နယ်၏ ချန်ပီယံလိဂ် ကံကောင်းသည့်နှစ် ဖြစ်နိုင်သည်ဟု ၀င်းဂါးပြော

    ဒီဇင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    winger

    – ယခုနှစ်မှာ ချန်ပီယံလိဂ်တွင် မိမိတို့ အာဆင်နယ်အသင်းအတွက် ကံကောင်းသည့်နှစ် ဖြစ်နိုင်သည်ဟု နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    အဖွင့်ပွဲ နှစ်ပွဲစလုံး ရှုံးနိမ့်မှုနှင့်အတူ အုပ်စု F တွင် နောက်တစ်ဆင့်တက်ရန် အခွင့်အရေးအနည်းဆုံး အာဆင်နယ်မှာ ယနေ့မနက် အိုလံပီယာကော့စ်နှင့်ပွဲတွင် ဂျရူး၏ ဟက်ထရစ်ဖြင့် ၃ ဂိုးပြတ် အနိုင်ရခဲ့ပြီး အုပ်စုဒုတိယဖြင့် ရှုံးထွက်အဆင့်သို့ တက်ရောက်သွားနိုင်ခဲ့သည်။

    “ရှေ့၊ လယ်၊ နောက် ပြောစရာကိုမရှိတဲ့အတွက် ကျွန်တော် ဂုဏ်ယူပါတယ်။ နေ့စဉ်နေ့တိုင်း အားထုတ်မှုတွေကို တောင်းဆိုနေတာပါ။ အခုတော့ ကျွန်တော်တို့ အုပ်စုအဆင့်ကနေ လွတ်မြောက်ခဲ့ပြီး ဒီနှစ်ဟာ ချန်ပီယံလိဂ်မှာ ကျွန်တော်တို့အတွက် ကံကောင်းတဲ့နှစ်တစ်နှစ် ဖြစ်ကောင်းဖြစ်နိုင်မှာပါ။ ဒီနေ့ပွဲထွက်လာတဲ့ကစားသမားတွေ၊ သူတို့ရဲ့စွမ်းဆောင်ရည်တွေကိုကြည့်ရင် လက်ဖျားခါလောက်တယ်ဆိုတာ တွေ့ရမှာပါ” ဟု ၀င်းဂါးက ပွဲအပြီးတွင် BT Sport သို့ ပြောကြားခဲ့သည်။

    ဟက်ထရစ်သွင်းကာ အသင်းအား ကူညီနိုင်ခဲ့သည့် တိုက်စစ်မှူး ဂျရူးကလည်း မိမိ၏ စွမ်းဆောင်ရည်ကို ကျေနပ်သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော့်အတွက်ရော၊ အသင်းအတွက်ပါ တော်တော်လေးကောင်းခဲ့ပါတယ်။ နောက်တစ်ဆင့် တက်သွားတဲ့အတွက်လည်း ကျွန်တော်တို့ ကျေနပ်ပါတယ်”

    Ref: Goal

  • အာဆင်နယ်၊ ချယ်ဆီး၊ ရိုးမားနဲ့ ဂျန့်တို့ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ ကြာသာပတေးနေ့မနက် ချန်ပီယံလိဂ်ပွဲများ

    အာဆင်နယ်၊ ချယ်ဆီး၊ ရိုးမားနဲ့ ဂျန့်တို့ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ ကြာသာပတေးနေ့မနက် ချန်ပီယံလိဂ်ပွဲများ

    ဒီဇင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    cham

    – ဒီနေ့မနက်မှာကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်မှာတော့ အာဆင်နယ်ဟာ လိုချင်တဲ့ဂိုးတွေနဲ့ အနိုင်ရခဲ့ပြီး နောက်တစ်ဆင့်တက်နိုင်ခဲ့သလို၊ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ဘယ်လ်ဂျီယံကလပ်တွေ ၁၅ နှစ်တာ မပါဝင်နိုင်မှုကိုလည်း ဂျန့်အသင်းက အဆုံးသတ်ပေးခဲ့ပါတယ်။

    အုပ်စု E

    ရိုးမား ၀-၀ BATE
    လေဗာကူဆင် ၁-၁ ဘာစီလိုနာ

    အာဆင်နယ်ဂိုးသမားဟောင်း ရှက်ဇက်နီရဲ့ လက်စွမ်းပြမှုနဲ့အတူ ရိုးမားတို့ သရေကျပြီး အုပ်စုဒုတိယနဲ့ နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၃-၁၄ ချန်ပီယံလိဂ်မှာ ဇင်းနစ်အသင်းက အနည်းဆုံးအမှတ် ၆ မှတ်နဲ့ နောက်တစ်ဆင့်တက်ရောက်ခဲ့တဲ့ မှတ်တမ်းကို ရိုမားတို့က ထပ်မံရရှိခဲ့ပြီး ပေးဂိုး ၁၆ ဂိုးနဲ့ ရှုံးထွက်ရောက်တဲ့ အသင်းအားလုံးမှာ ဂိုးအများဆုံးပေးခဲ့ရတဲ့ အသင်းလည်း ဖြစ်ခဲ့ပါတယ်။

    လေဗာကူဆင်ကတော့ ရိုးမားနဲ့ ဆန့်ကျင်ဖက်ပါ။ ရေကုန်ရေခန်းကစားခဲ့ပေမယ့် သရေသာရခဲ့တာကြောင့် ထိပ်တိုက်တွေ့ဆုံမှုအရ အမှတ်တူနေတဲ့ ရိုးမားကို နေရာဖယ်ပေးလိုက်ရပါတယ်။ ဘာစီလိုနာရဲ့ ဂျာမနီဂိုးသမား မာ့ခ် အန်ဒရီတာ စတီဂျန်က လေဗာကူဆင်ရဲ့ အပိုင်ကန်သွင်းခွင့် ၉ လုံးလောက်ကို အကောင်းဆုံး ကာကွယ်သွားနိုင်ခဲ့တာကလည်း အိမ်ရှင်တို့ကို ကြမ္မာငင်စေခဲ့ပါတယ်။ ဘာကာအတွက် မက်ဆီက မိနစ် ၂၀ မှာ အဖွင့်ဂိုးသွင်းခဲ့ပြီး မန်ယူတိုက်စစ်မှူးဟောင်း ဟာနန်ဒက်ဇ်က ၂၃ မိနစ်မှာ လေဗာကူဆင်အတွက် ချေပဂိုး ပြန်သွင်းပေးခဲ့ပါတယ်။

    အုပ်စု F

    အိုလံပီယာကော့စ် ၀-၃ အာဆင်နယ်
    ဒိုင်နမိုဇာဂရဘ် ၀-၂ ဘိုင်ယန်

    ၃ ဂိုးပြတ် ဒါမှမဟုတ် ၃ ဂိုး ၂ ဂိုးနဲ့အထက် နိုင်မှ အိုလံပီယာကော့စ်ကိုကျော်ပြီး အုပ်စုဒုတိယနဲ့ နောက်တစ်ဆင့် တက်နိုင်မယ့် အာဆင်နယ် ဂျရူးရဲ့ ဟက်ထရစ်ဂိုးနဲ့ လိုချင်တဲ့ရလဒ်ကို ရရှိခဲ့ပါတယ်။ ပထမပိုင်း မိနစ် ၂၀ ကျော်လောက်အထိ အိမ်ရှင်ရဲ့ ဖိအားပေးမှုကို ခံခဲ့ရတဲ့ အာဆင်နယ် နောက်ပိုင်းမှာ ကစားကွက်မိလာပြီး ၂၉၊ ၄၉ မိနစ်တွေမှာ ဂျရူးက ၂ ဂိုးသွင်းပေးခဲ့ကာ ၆၇ မိနစ်မှာလည်း ပင်နယ်တီကနေ သူကပဲ တတိယမြောက်ဂိုးကို ထပ်သွင်းပေးခဲ့ပါတယ်။ ဒီပွဲအနိုင်ကြောင့် အာဆင်နယ်ဟာ ရှုံးထွက်အဆင့်ကို ၁၆ နှစ်ဆက်တိုက် တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး အိုလံပီယာကော့စ်ကတော့ ယူရိုပါတစ်နေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

    နောက်တစ်ဆင့် တက်ရောက်သွားပြီဖြစ်တဲ့ ဘိုင်ယန်က လီဝန်ဒေါ့စကီးရဲ့ ဒုတိယပိုင်းသွင်းဂိုး ၂ ဂိုးနဲ့ ဒိုင်နမိုဇာဂရက်ဘ်ကို အနိုင်ရပြီး ၆ ပွဲမှာ ငါးပွဲအနိုင်ရတဲ့မှတ်တမ်းကို ရရှိခဲ့ပါတယ်။

    အုပ်စု G

    ချယ်ဆီး ၂-၀ ပေါ်တို
    ဒိုင်နမိုကိဗ် ၁-၀ မက်ကာဘီ တဲလ်အဗီး

    စတမ်းဖို့ဒ်ဘရစ်ခ်ျမှာကစားခဲ့တဲ့ ပေါ်တိုနဲ့ပွဲမှာ ချယ်ဆီးဟာ တောက်ပခဲ့ပြီး ၁၂ မိနစ်မှာ မာကာနိုရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှု၊ ၅၂ မိနစ်မှာ ၀ီလီယံရဲ့ ဂိုးတွေနဲ့ အနိုင်ရပြီး အုပ်စုဗိုလ်အဖြစ်နဲ့ ၁၆ သင်းအဆင့်ကို တက်ရောက်သွားခဲ့ပါပြီ။ ဒါဟာ ချယ်ဆီးအနေနဲ့ ၃ နှစ်ဆက်တိုက် အုပ်စုဗိုလ်အဖြစ် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ အုပ်စု ပထမနေရာကို အချိန်အတော်ကြာ ဦးဆောင်လာနိုင်ခဲ့တဲ့ ပေါ်တိုကတော့ တတိယနေရာနဲ့ စခန်းသိမ်းခဲ့ပြီး ယူရိုပါမှာ ၀င်ရောက်ယှဉ်ပြိုင်ရပါတော့မယ်။

    ဒိုင်နမိုကိဗ်က ဒီနီစ် ဂါမက်ရှ်ရဲ့ ၁၆ မိနစ်ဂိုးနဲ့ တဲလ်အဗီးကို အနိုင်ရပြီး ၁၆ နှစ်ဆက်တိုက် ရှုံးထွက်အဆင့်ကို မတက်ရောက်နိုင်တဲ့ ကံကြမ္မာဆိုးကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ တဲလ်အဗီးကတော့ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ၁ မှတ်မှမရတဲ့ ၁၇ ခုမြောက်အသင်း ဖြစ်လာပါတယ်။

    အုပ်စု H

    ဂျန့် ၂-၁ ဇင်းနစ်
    ဗလင်စီယာ ၀-၂ လိုင်ယွန်

    အိမ်ကွင်းမှာ ဂျန့်တို့ အကောင်းဆုံး ကစားခဲ့ပြီး အုပ်စုဒုတိယနဲ့ ထိုက်ထိုက်တန်တန် နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ဘယ်လ်ဂျီယံကလပ်အသင်းတွေ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို ၁၅ နှစ်ကြာ မတက်ရောက်နိုင်တဲ့ မှတ်တမ်းကို ချိုးဖျက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဇင်းနစ်ကတော့ ချန်ပီယံလိဂ်မှာ အမှတ်အပြည့်ရတဲ့ ၇ သင်းမြောက်ဖြစ်မယ့် အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။

    ဗင်လင်စီယာနည်းပြအဖြစ် ပထမဆုံးယှဉ်ပြိုင်ရတဲ့ပွဲမှာ မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်တစ်ယောက် မျက်နှာပန်းမလှခဲ့ပါဘူး။ လိုင်ယွန်ကို ဖိအားမပေးနိုင်တဲ့အပြင် ပထမပိုင်းနဲ့ ဒုတိယပိုင်းမှာ ၁ ဂိုးစီပေးလိုက်ရပါတယ်။ လိုင်ယွန်အတွက် ဒီနိုင်ပွဲဟာ ပထမဆုံးနိုင်ပွဲဖြစ်ခဲ့ပြီး ဗလင်စီယာကတော့ ယူရိုပါနဲ့သာ ကျေနပ်ခဲ့ရပါတယ်။