News @ M-Media

Tag: Chelsea

  • တစ်ကျော့ပြန်အိပ်မက်အတွက် ပါတိုက ချယ်ဆီးကို ကျေးဇူးတင်

    တစ်ကျော့ပြန်အိပ်မက်အတွက် ပါတိုက ချယ်ဆီးကို ကျေးဇူးတင်

    ဇန်န၀ါရီ ၃၀၊ ၂၀၁၆
    M-Media

    pato 1

    – ဥရောပသို့ လာရောက်ကစားလိုသည့် မိမိ၏အိပ်မက်ကို အကောင်အထည်ဖော်ပေးခဲ့သည့်အတွက် ချယ်ဆီးအား ကျေးဇူးတင်မိသည်ဟု ဘရာဇီးလ်တိုက်စစ်မှူးသစ် ပါတိုက ပြောကြားလိုက်သည်။

    ချယ်ဆီးမှာ ပါတိုအား ဘရာဇီးလ်ကလပ် ကိုရင်သီယန်အသင်းမှ ရာသီကုန်အထိ ၆ လအငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ပြီး ယမန်နေ့တွင် အပြီးသတ် စာချုပ်ချုပ်နိုင်ခဲ့သည်။ ပါတိုမှာ လူငယ်ဘ၀က အေစီမီလန်အသင်းတွင် ခြေစွမ်းကောင်းများ ပြသခဲ့သော်လည်း နောက်ပိုင်း ခြေစွမ်းကျဆင်းမှုကြောင့် ဘရာဇီးလ်သို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

    ယခုတွင်မူ ၎င်း၏ ဥရောပသို့ လာရောက်ချင်သည့်ဆန္ဒ ပြည့်ဝသွားသည့်အတွက် မိသားစုနှင့် ချယ်ဆီးအသင်းတို့အား ကျေးဇူးတင်ခဲ့သည်။

    “ကြီးကျယ်ပြီး၊ ထူးရှယ်ကလပ်က ကစားသမားတစ်ယောက် ဖြစ်လာတဲ့အတွက် ဒီနေ့ ကျွန်တော် အရမ်းပျော်ပါတယ်။ ဥရောပကိုပြန်လာပြီး ကစားဖို့အိပ်မက်ကို ကျွန်တော် ဘယ်တုန်းကမှ မစွန့်လွှတ်ခဲ့ပါဘူး။ ဒီအိပ်မက် အမှန်တကယ်ဖြစ်လာအောင် ချယ်ဆီးက ကျွန်တော့ကို ကူညီလိုက်တာပါ။ ကျွန်တော့်မိသားစု၊ ချယ်ဆီးအသင်းနဲ့ ပရိတ်သတ်တွေရဲ့ထောက်ခံအားပေးမှုကို ကျွန်တော် ကျေးဇူးအများကြီး တင်ပါတယ်။ ဒီနေ့ကတော့ ပျော်ရွှင်ဖွယ်ရာနေ့ပါပဲ” ဟု ပါတိုက ၎င်း၏ Instagram စာမျက်နှာတွင် ရေးသားခဲ့သည်။

    Ref: Goal

  • ဂွါဒီယိုလာ ချယ်ဆီးရောက်လျှင်လည်း အောင်မြင်မည်ဟု ဟစ်ဒင့်ပြော

    ဂွါဒီယိုလာ ချယ်ဆီးရောက်လျှင်လည်း အောင်မြင်မည်ဟု ဟစ်ဒင့်ပြော

    ဇန်န၀ါရီ ၁၀၊ ၂၀၁၆
    M-Media

    gua

    – ဘိုင်ယန်မှ ထွက်ခွာတော့မည့် ဂွါဒီယိုလာအနေဖြင့် စတမ်းဖို့ဘရစ်ခ်ျသို့ ရောက်ရှိလာပါကလည်း အောမြင်လိမ့်မည်ဟု ချယ်ဆီးအသင်း၏ ယာယီနည်းပြ ဂူစ်ဟစ်ဒင့်က ပြောကြားလိုက်သည်။

    ဒီဇင်ဘာတွင် မော်ရင်ဟိုထွက်သွားပြီးနောက် ဟစ်ဒင့်မှာ ရာသီကုန်အထိ ချယ်ဆီးအသင်း၏ နည်းပြ ဖြစ်လာခဲ့ခြင်းဖြစ်သည်။ ဂွါဒီယိုလာမှာမူ ဘိုင်ယန်နှင့် ထပ်မံ သက်တမ်းတိုးတော့မည်မဟုတ်ဘဲ ၎င်းကိုယ်တိုက်ကလည်း မိမိအနေဖြင့် ပရီးမီးယားလိဂ်ကို လာရောက်ချင်ကာ အသင်းတော်တော်များများကလည်း ကမ်းလှမ်းထားသည်ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖွင့်ဟပြောဆိုခဲ့သည်။

    မန်စီးတီးနှင့် မန်ယူတို့က ဂွါဒီယိုလာအား အလိုချင်ဆုံးဖြစ်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

    “သူ ဒီမှာ အံဝင်ပါ့မလားဆိုရင်တော့ – သူဟာ ကမ္ဘာပေါ်က ဘယ်ကလပ်တွေမှာမဆို အံဝင်ပါလိမ့်မယ်။ သူက နည်းပြတွေကို ဖိအားပေးနေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့က ဒါမျိုးတွေ ရိုးနေပါပြီ။ စပိန်မှာ နှစ်ပေါင်းတော်တော်ကြာကြာ ကျွန်တော်အလုပ်လုပ်ဖူးပြီး လာလီဂါဟာ လှပတဲ့ လိဂ်တစ်ခုပါ။ ပက်ပ် (ဂွါဒီယိုလာ) ကတော့ လိဂ်နှစ်ခုမှာ အလုပ်လုပ်တာကြောင့် ပရီးမီးယားလိဂ်လာဖို့ ဆန္ဒကို ဘာဖြစ်လို့ ထုတ်ပြောတယ်ဆိုတာ ကျွန်တော် စဉ်းစားလို့ ရပါတယ်” ဟု ဟစ်ဒင့်က ပြောကြားခဲ့သည်။

    Ref: Goal

  • မန်ယူ၏ လုပ်ရပ်အတွက် မော်ရင်ဟို စိတ်ပျက်နေ

    မန်ယူ၏ လုပ်ရပ်အတွက် မော်ရင်ဟို စိတ်ပျက်နေ

    ဇန်န၀ါရီ ၅၊ ၂၀၁၅
    M-Media

    man u

    – ၎င်းအား ခေါ်ယူမည့်ကိစ္စများနှင့် ပတ်သက်၍ မန်ယူအသင်း၏ လုပ်ပုံကိုင်ပုံများကို မော်ရင်ဟိုက စိတ်မရှည်တော့ဟု ESPN သတင်းဌာနက ဖော်ပြခဲ့သည်။

    ချယ်ဆီးမှ ထုတ်ပယ်ခံရပြီးနောက်ပိုင်း ၂၄ နာရီအတွင်းမှာပင် မော်ရင်ဟို၏ အေးဂျင့်အား မန်ယူက ဆက်သွယ်ခဲ့သည့်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး မော်ရင်ဟိုကလည်း ၎င်းမှာ အနားယူမည်မဟုတ်ဘဲ ပရီးမီးယားလိဂ်တွင် ဆက်လက် နည်းပြမည်ဟု ဖွင့်ဟပြောကြားခဲ့သည်။

    သို့သော်လည်း ဖိအားဒဏ်များနှင့် ရင်ဆိုင်နေရသည့် နည်းပြ လူးဝစ်ဗန်ဂါးလ်မှာ မန်ယူတွင် ယခုအချိန်အထိ ဆက်ရှိနေသေးပြီး မော်ရင်ဟိုကမူ မန်ယူ၏ တုန့်ပြန်မှုများအတွက် စိတ်ပျက်နေသည်ဟု ဆိုသည်။ ESPN ၏ အဆိုအရ မော်ရင်ဟိုအား အင်တာနှင့် ပီအက်စ်ဂျီတို့က တရားဝင် ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

    Ref: Goal

  • ချယ်ဆီးမှာ ဖလားရနိုင်ချေရှိနေသေးသည်ဟု ယာယီနည်းပြ ဟစ်ဒင့်ပြော

    ချယ်ဆီးမှာ ဖလားရနိုင်ချေရှိနေသေးသည်ဟု ယာယီနည်းပြ ဟစ်ဒင့်ပြော

    ဒီဇင်ဘာ ၂၆၊ ၂၀၁၅
    M-Media

    hidink

    – ချယ်ဆီးအသင်း၏ ယာယီနည်းပြဖြစ်သူ ဂူစ်ဟစ်ဒင့်က မိမိတို့အသင်းမှာ ရုန်းကန်ရနိုင်သော်လည်း အဆင့် ၄ နေရာရရှိရန် ရည်မှန်းထားက အသင်းမှာ ဆုဖလားများ ရရှိနိုင်ချေ ရှိနေသေးသည်ဟု ပြောကြားခဲ့သည်။

    လက်ရှိတွင် ချယ်ဆီးမှာ အဆင့် ၁၅ နေရာ၌ ရှိနေပြီး တန်းဆင်းဇုန်နှင့် ၃ မှတ်သာ ကွာဟနေသည်။ ဟစ်ဒင့်မှာ ယနေ့တွင် စတမ်းဖို့ဒ်ဘရစ်ခ်ျ၌ ကစားမည့် ၀က်ဖို့ဒ်နှင့်ပွဲတွင် အသင်းအား ပထမဆုံး တာဝန်ယူကိုင်တွယ်ရမည်ဖြစ်သည်။ ကစားသမားများနှင့် တွေ့ဆုံမှုအတွင်း ၎င်း၏ ရည်မှန်ချက်ကြီးမားမှုကို ပြောပြခဲ့သည်။

    “ယေဘူယျအဖြစ် ကျွန်တော်က ပန်းတိုင်တွေ ချမှတ်ပေးခဲ့ပါတယ်။ အဲဒီပန်းတိုင်က လက်တွေ့မှာဖြစ်နိုင်တဲ့ အဆင့် ၄ နေရာ ရရှိဖို့ပါပဲ။ ဒါကိုလုပ်နိုင်ဖို့ ကျွန်တော်တို့ဟာ ဘက်စုံကောင်းဖို့လိုတယ်။ တကယ်လို့ ဒီပစ်မှတ်ဟာ မဖြစ်နိုင်ဘူးဆိုရင် ကျွန်တော် မချမှတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် သူတို့ကို သတ်မှတ်ပေးခဲ့ပါတယ်။ ပြီးတော့ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလား ရရှိဖို့ပါ။ ရှေ့ဆက်သွားရမယ့် ကာလအတွက် ပန်းတိုင် ၃ ခုရှိပါတယ်။ အရေးကြီးဆုံးနဲ့ အခြေခံအကျဆုံးက ကစားသမားတွေဟာ ဒီပန်းတိုင်တွေဆီ ရောက်အောင်လုပ်ဖို့ တတ်နိုင်တယ်ဆိုတာ ပြသဖို့ပါပဲ” ဟု ဟစ်ဒင့်က ပြောကြားခဲ့သည်။

    Ref: Goal

  • ကြိုးစားလိုစိတ်မရှိသည့် ကစားသမားများကို မလိုအပ်ဟု ချယ်ဆီးနည်းပြသစ်ပြော

    ကြိုးစားလိုစိတ်မရှိသည့် ကစားသမားများကို မလိုအပ်ဟု ချယ်ဆီးနည်းပြသစ်ပြော

    ဒီဇင်ဘာ ၂၄၊ ၂၀၁၅
    M-Media

    hidink

    – နည်းပြတစ်ယောက်အနေဖြင့် မိမိချမှတ်သော စည်းမျဉ်းများကို ကစားသမားများက လိုက်နာရမည်ဖြစ်ပြီး လုံလောက်သည့် ကြိုးစားအားထုတ်မှု မရှိပါက ထည့်သွင်းအသုံးပြုသွားမည်မဟုတ်ဟု ချယ်ဆီးနည်းပြသစ် ဂူစ်ဟစ်ဒင့်က ပြောကြားလိုက်သည်။

    မော်ရင်ဟိုထွက်ခွာသွားပြီးနောက် ရာသီကုန်အထိ ချယ်ဆီးနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသည့် အသက် ၆၉ နှစ်အရွယ် ဟစ်ဒင့်မှာ ယခုတစ်ပတ် ၀က်ဖို့ဒ်နှင့်ကစားမည့်ပွဲတွင် အသင်းအား ပထမဆုံး ကိုင်တွယ်ရမည်ဖြစ်သည်။ ၎င်းမှာ အသင်းသားများထံမှ ချက်ချင်းပြောင်းလဲမှုကို လိုချင်နေသည်။

    “ခင်ဗျားတို့နည်းပြက ယာယီဆိုပေမယ့် ခင်ဗျားတို့ကို ကောင်းကောင်းပညာပေးလို့ရတယ်ဆိုတာ မမေ့ပါနဲ့။ ကောင်းကောင်းကစားဖို့အတွက် ကစားသမားတွေကို ကျွန်တော် ခယသွားမှာမဟုတ်ပါဘူး။ အဲဒီလိုကစားဖို့ သူတို့မှာ ၀တ္တရားကို ရှိနေတာပါ။ သူတို့ဟာ အသင်းကြီးတစ်သင်းမှာ ရှိနေတယ်။ လခလည်း ကောင်းကောင်းရထားတယ်။ စိတ်ရောကိုယ်ပါ ကစားဖို့ လိုအပ်ပါတယ်။ တကယ်လို့ သူတို့မှာ အဲဒီလိုစိတ်မျိုး မရှိဘူးဆိုရင် “တာ့တာ့ပဲကွာ။ သွားတော့လို့” ကျွန်တော်က ပြောမှာပါ။ ကစားချင်စိတ်မရှိတဲ့ ကစားသမားမျိုးကို ကျွန်တော် မလိုအပ်ပါဘူး” ဟု ဟစ်ဒင့်က ပြောကြားခဲ့သည်။

    Ref: Goal